Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အကယ်ဒမီပေးပွဲမှာ Star Award ဆုပေးမယ့်အပေါ် ခရစ္စတီးနာခီရဲ့ အမြင်

$
0
0

ယခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲအတွက် ဆန်ခါတင်ရုပ်ရှင်ကားများထဲမှာ ဒါရိုက်တာ ခရစ္စတီးနားခီ ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကား ၂ကားဟာ ဆန်ခါတင်စာရင်းထဲမှာ ပါလာခဲ့တဲ့အပေါ်မှာ ခရစ္စတီးနားခီက ဝမ်းသာပေမယ့် တတိယမြောက်ကားကိုပဲ ခေါင်းထဲမှ ာရှိနေတယ်လို့ ပြောပါတယ်။

“အသိအမှတ်ပြုခံရတဲ့အတွက် ဝမ်းသာပါတယ်။ အရမ်းအရေးကြီးတာတခုက လက်ရှိအနေအထားမှာ “ထာဝရနှောင်ကြိုး”က ကိုယ့်အတွက် ရင်ခုန်စိတ်လှုပ်ရှားတယ်။ ဒီဟာကို စိတ်လှုပ်ရှားနေတုန်း ဟိုဟာကို အသိအမှတ်ပြုခံရတဲ့အတွက် လုပ်ဖော်ကိုင်ဖက်တွေအတွက် ခွန်အားရှိတာပေါ့။ ကျမအနေနဲ့လည်း ပြောရဆိုတာလည်း ကောင်းကောင်းဖြစ်တာပေါ့”

“ကျမကားဆိုရင် လူတွေကကောင်းကောင်း Review ရေးကြတယ်ဆိုတော့ သေချာလုပ်မှရမယ်ဆိုတာလည်း အများကြီးပေါ်လာတယ်ဆိုတော့ ဒီကြိုးစားအားထုတ်မှုကို မြင်ရတဲ့အတွက် ဝမ်းသာတယ်။ ဒီလို ဆန်ခါတင် ဝင်တယ်ဆိုတော့ ကျမရဲ့ တတိယကားကို အထောက်အကူပြုချင်တယ်ပေါ့။ အမှန်အတိုင်းပြောရရင်တော့ ခေါင်းထဲမှာ ထာဝရနှောင်ကြိုးပဲရှိတယ်။ မြန်မြန်ပြီးချင်တယ်။ အဲဒီဝန်ကြီးကို ကျမက ထမ်းထားရတာ” လို့ ဒါရိုက်တာ ခရစ္စတီးနားခီကပြောပါတယ်။

“ဥပါယ်တံမျဉ်” ၊ “မုဒြာရဲ့ခေါ်သ”ံ ရုပ်ရှင်ဇာတ်ကားများက အကယ်ဒမီ စာရင်းဝင်သွားတဲ့အတွက် နောက်ထပ် ရိုက်ကူးမယ့်ဇာတ်ကားများ ရိုက်ကူးရာမှာ အထောက်အကူပြုသွားတယ်လို့ ဆိုပါတယ်။

ယခုနှစ်မှာတော့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအပြင် သတင်းစာဆရာများက ဦးဆောင်ပြီးပေးအပ်မယ့် Star Awards ဆုရွေးချယ်ပွဲမှာလည်း ဒါရိုက်တာ ခရစ္စတီးနားခီရဲ့ ရုပ်ရှင်ဇာတ်ကားများပါဝင်လာတဲ့အပေါ်မှာလည်း အခုလိုပြောပြခဲ့ပါတယ်။

“ဆုပွဲလေးတွေကျင်းပပေးတာတော့ ကောင်းတာပေါ့။ Artist တွေကြိုးစားချင်စိတ်ဖြစ်လာအောင် ပြီးတော့ ခွန်အားလည်းဖြစ်အောင် လူငယ်တွေက ဒီဟာကိုကြည့်ပြီးတော့ သူ့လိုမျိုးလေး တနေ့ကျရင် စင်ပေါ်ကို ရောက်ချင်လိုက်တာဆိုပြီး ကျမတို့ ငယ်ငယ်ကလည်း အကယ်ဒမီပေးပွဲတွေ ကြည့်ဖြစ်ခဲ့တာပဲလေ။ ဒါကကောင်းတယ်ပေါ့။ နောက်ပြီးတော့ ဒီဟာရဲ့ လမ်းကြောင်းကလည်း အရေးကြီးတယ်” လို့ ဒါရိုက်တာ ခရစ္စတီးနားခီက ပြောပါတယ်။

“လမ်းကြောင်းတခုကို ဖွင့်ပေးလိုက်တဲ့အခါမှာ နောင် ၁၀ နှစ်လောက်ထိ အဲဒီလမ်းကြောင်းပေါ်မှာ သွားကြတာများတယ်။ ဒီဟာကမှန်တယ်။ ဆုရတယ်ဆိုရင် နောက်ထပ် သရုပ်ဆောင်တွေ ၊ ဒါရိုက်တာတွေက အဲဒီအတိုင်းလိုက်ရိုက်ကြတယ်။ အဲဒီတော့ အဲဒါရဲ့ ဦးတည်ချက်ဟာ ကျမတို့ရုပ်ရှင်ရဲ့ ပြုပြင်ပြောင်းလဲမှုမှာ ဘယ်လောက်ထိအရေးပါလဲဆိုတာ သိချင်မှသိမှာ”

“နောက်တခုကကျတော့ ဆုပွဲတခုကိုလုပ်လိုက်ရင် အခုနောက်ပိုင်းလူငယ်တွေက Facebook ပေါ်ပဲသိကြတယ်။ များသောအားဖြင့် ကျမတို့ နိုင်ငံခြားသူငယ်ချင်းတွေဆိုရင် Google ကနေပြီးတော့ ကြည့်ကြတာ။ Google မှာ စုံစမ်းလိုက်လို့ ဒီနှစ် အကယ်ဒမီပိုင်ရှင်ဆိုရင် အကယ်ဒမီပိုင်ရှင်ရဲ့ ရုပ်ရှင်ကို နိုင်ငံခြားတယောက်ကကြည့်ပြီး ကျမတို့ကိုဆုံးဖြတ်လိုက်တာ။ ကျမတို့လူမျိုးရဲ့အနုပညာ Level ကအဲဒီလိုပါလားဆိုပြီး ဆုံးဖြတ်မှာ။ အဲဒီတော့ အရမ်းအရေးကြီးတယ်လို့ ကျမက သတ်မှတ်တယ်” လို့ ဒါရိုက်တာ ခရစ္စတီးနားခီက ပြောပါတယ်။

ဒါရိုက်တာ ခရစ္စတီးနားခီက သူမရဲ့ တတိယမြောက်ဇာတ်ကားဖြစ်တဲ့ “ထာဝရနှောင်ကြိုး” ရုပ်ရှင်ဇာတ်ကား ကြီးကိုတော့ ၄ပုံ ၁ပုံခန့်ရိုက်ကူးပြီးစီးသွားပြီး ကျန်ရှိနေတာတွေကို ဆက်လက်ရိုက်ကူးနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ သရုပ်ဆောင် ဇဏ်ခီနဲ့ ဒါရိုက်တာ ခရစ္စတီးနားခီ တို့ဇနီးမောင်နှံ ၂ဦးကို မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေးအသင်းရဲ့ သံတမန်အဖြစ်လည်း ခန့်အပ်ထားခြင်းခံထားရပါတယ်။

The post အကယ်ဒမီပေးပွဲမှာ Star Award ဆုပေးမယ့်အပေါ် ခရစ္စတီးနာခီရဲ့ အမြင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...