Quantcast
Viewing all articles
Browse latest Browse all 7343

မိသားစု သမိုင်းဖြစ်မယ့် “ခေတ်သစ်”ဖောင်ဒေးရှင်းကို အလေးထားတဲ့ လင်းလင်းနဲ့ ချစ်သုဝေ

အဆိုတော် လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံက ခေတ်သစ် ဖောင်ဒေးရှင်းကို တည်ထောင်လိုက်ပြီး ဒီလိုတည်ထောင်လိုက်တာဟာ ကိုယ့်မှာရှိတဲ့ ငွေကြေးကို တခြားသူကို Share ပြီး သုံးချင်တဲ့အတွက်ကြောင့်ဖြစ်တယ်လို့ ချစ်သုဝေက ဧရာဝတီကို ပြောပါတယ်။

“လူတိုင်းက ပြေလည်ချင်တယ်။ ချမ်းသာချင်တယ်။ ကြွယ်ဝချင်တယ်။ ထရီဇာလည်း အနည်းနဲ့ အများတော့ ရှိမှာပေါ့။ ဒါပေမဲ့ အိတ်အကောင်းစားကြီးတွေလည်း ကိုင်ဖို့ စိတ်မဝင်စားခဲ့ဖူးဘူး။ စိတ်ဝင်စားလောက်တဲ့ ကြွယ်ဝမှုမျိုးလည်း ထရီဇာ့မှာ မရှိဘူး။ လက်ဝတ်လက်စားတွေ ဝတ်ချင်တဲ့ စိတ်ဝင်စားမှုမျိုးလည်း ထရီဇာ့မှာ မရှိခဲ့ဘူး။ အဲဒီလောက်ကြွယ်ဝမှု မျိုးရှိရင်လည်း စိတ်ဝင်စားချင်စားမှာပေါ့”

“ဒါပေမဲ့ ထရီဇာ့မှာ အခုရှိနေတဲ့ ကြွယ်ဝမှုအတိုင်းအတာလေးမှာ ထရီဇာ စိတ်အဝင်စားဆုံးက ထရီဇာ့ ပိုက်ဆံတွေကို share လုပ်ပြီးသုံးချင်တယ်။ ဒါကြောင့်လည်း ဒီဖောင်ဒေးရှင်းကို ထရီဇာ စခဲ့လိုက်တာပေါ့နော်”လို့ ချစ်သုဝေက ဖောင်ဒေးရှင်း စဖြစ်တဲ့အကြောင်း ဧရာဝတီကို ပြောပါတယ်။

အဆိုတော် လင်းလင်းနဲ့ ချစ်သုဝေတို့က သမီးအမြွှာနှစ်ဦးဖြစ်တဲ့ မေမြန်မာခေတ်နဲ့ မေမြန်မာသစ်တို့ရဲ့ “ခေတ်သစ်”ဖောင်ဒေးရှင်းစတင်မယ့် အကြောင်း သတင်းစာရှင်းလင်းပွဲကို ဇန်နဝါရီလ ၁၇ ရက်နေ့က ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဖောင်ဒေးရှင်း တည်ထောင်ခဲ့တဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီးလည်း ချစ်သုဝေက အခုလို ဆိုပါတယ်။

Image may be NSFW.
Clik here to view.

“ဖောင်ဒေးရှင်းအတွက်ကို ခွန်အားတွေ တော်တော် တည်ဆောက်ရပါတယ်။ အဲဒီဖောင်ဒေးရှင်းမှာမှ ကိုယ်အရမ်းချစ်ပြီး အထိခိုက်မခံနိုင်၊ အလွဲမခံနိုင်တဲ့ သမီးလေးတွေရဲ့နာမည်ပေါ့။ သမီးလေးတွေရဲ့ သမိုင်းဖြစ်နေတာပေါ့။ အရမ်းတာဝန်ကြီးပြီး အရမ်းကို တုန့်ဆိုင်းနေခဲ့တာလည်း သူတို့ကြောင့်။ ထရီဇာရဲ့ အချိန်တွေ၊ ထရီဇာ ပိုက်ဆံရှာရမယ့် အချိန်တွေထဲက တော်တော်များများကို သမီးက ဖောင်ဒေးရှင်းအတွက် အချိန်တွေခွဲပေးရမယ်”လို့ ချစ်သုဝေက ပြောပါတယ်။

“ဒါသည် ထရီဇာအလေးထားရဆုံးဖြစ်မယ့် အရာတခု၊ ဒါသည် ထရီဇာတို့ရဲ့ မိသားစုရဲ့ သမိုင်း၊ ထရီဇာ့ သမီးလေးတွေရဲ့ သမိုင်းဖြစ်တော့မှာ။ ဒါကြောင့် ဒီဖောင်ဒေးရှင်းကို တာဝန်အရမ်းကြီးတယ်လို့ ခံစားရသလို အရမ်းလည်း အလေးထားဖို့ ဆုံးဖြတ်ထားပါတယ်”လို့ ချစ်သုဝေက ဆိုပါတယ်။

ခေတ်နဲ့သစ်ရဲ့ အသက်တနှစ်ပြည့် မွေးနေ့ကတည်းက သမီးလေးတွေအတွက် ဖောင်ဒေးရှင်းတခု တည်ထောင်ဖို့ စိတ်ကူးရှိတယ်လို့ဆိုတဲ့အတိုင်း ယခုနှစ်၂ နှစ်ပြည့် မွေးနေ့ရက် ဇန်နဝါရီ ၁၉ ရက်နေ့မှစတင်ကာ ဖွဲ့စည်းထူထောင်မှာဖြစ်ပြီး လုပ်ငန်းစဉ်များကို ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှာ စတင်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

“ခေတ်သစ်”ဖောင်ဒေးရှင်းကို လင်းလင်း၊ ချစ်သုဝေနဲ့ မေမြန်မာခေတ်၊ မေမြန်မာသစ်တို့က ငွေကျပ်သိန်း ၂၀၀ မတည် တည်ထောင်လိုက်တာဖြစ်ပါတယ်။ ဖောင်ဒေးရှင်းကို ၁၄ နှစ်တာကာလ သတ်မှတ်ထားပြီး အဲဒီကာာလတွေမှာ လင်းလင်းက ဥက္ကဋ္ဌအနေနဲ့ ဆောင်ရွက်ကာ ချစ်သုဝေက အလုပ်အမှုဆောင်ချုပ်အဖြစ် ဆောင်ရွက်မှာ ဖြစ်ပါတယ်။

ခေတ်နဲ့သစ် အရွယ် မရောက်ခင်အထိ ထိန်းသိမ်းပြီး လက်လွှဲတာဝန်ပေးဖို့အထိ ရည်ရွယ်ချက်ကြီးကြီးနဲ့ တည်ထောင်လိုက်တဲ့ဖောင်ဒေးရှင်းလည်းဖြစ်ပါတယ်။ ဥက္ကဋ္ဌဆိုတဲ့နေရာကနေ ဆောင်ရွက်ရမှာဖြစ်တဲ့အတွက် ဖခင်တယောက်အနေနဲ့ တာဝန်ပိုကြီးတယ်လို့ ခံစားမိလားဆိုတဲ့အပေါ်ကိုလည်း လင်းလင်းက အခုလိုဆိုပါတယ်။

“အဲဒီလိုတော့ မခံစားရဘူး။ ဘာဖြစ်လို့လဲဆိုတော့ မခံစားရတဲ့အကြောင်းရင်းက ထရီဇာနဲ့ ကျနော်က သူလုပ်၊ ကိုယ်လုပ်ပြောရင်းနဲ့မှ ကျနော် ဥက္ကဋ္ဌဖြစ်တာ။ ဒီရည်ရွယ်ချက်ကို စ၊ လယ်၊ ဆုံး တကယ့်ကို စိတ်နှစ်၊ ကိုယ်နှစ် အတွင်းကျကျ အကောင်အထည်ဖော်တာက သူ(ချစ်သုဝေ)၊ ကျနော်ကျတော့ ဘယ်နေရာမှာပါလဲဆိုတော့ ဘာလုပ်ရမလဲ လုပ်မယ်။ ချဆို ချမယ်။ ဘယ်သူ့ချိတ်ပေးရမလဲ ချိတ်မယ်”

“ပြောမယ်ဆိုရင်တော့ Hardware , Software ပေါ့။ Hardware ပိုင်းကို ကျနော်က ပါတယ်ဆိုတဲ့ သဘော၊ တကယ့် Software ပိုင်းကသူ”လို့ လင်းလင်းက ဖြေပါတယ်။

Image may be NSFW.
Clik here to view.

ဖောင်ဒေးရှင်းကို Phase ၇ ခုခွဲကာ ဆောင်ရွက်မှာဖြစ်ပြီး ပထမဆုံး Phase (၂၀၁၉-၂၀၂၀) အတွက် အသက် ၅ နှစ်အောက် ကလေးများရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ရည်ရွယ်ကာ အမှန်တကယ်ခွဲစိပ်စားရိတ် လိုအပ်နေတဲ့ မွေးရာပါ နှလုံးအပေါက်ပါ ရောဂါရှင်များအတွက် လှူဒါန်းသွားမှာဖြစ်ပါတယ်။

ဖောင်ဒေးရှင်းအတွက် ရန်ပုံငွေရှာဖွေရေးအနေနဲ့ “ခေတ်နဲ့ သစ်တို့ကမ္ဘာ”ရိုက်ကူးရေးအစီအစဉ်ကို Forever Group ကထုတ်လုပ်ကုန်ကျမှု စားရိတ်၊ ငွေကြေးလုံးဝ မယူဘဲ ရရှိလာမယ့် ဝင်ငွေများကိုလည်း ဖောင်ဒေးရှင်းကို လှူဒါန်းမယ်လို့ သိရပါတယ်။ မတ်လ ၉ ရက်နေ့ကစပြီး အပတ်စဉ် စနေနေ့ ည ၈ နာရီ Channel 7 ရုပ်သံလိုင်းကနေ တင်ဆက်မှာ ဖြစ်ပါတယ်။

“ခေတ်နဲ့ သစ်တို့ကမ္ဘာ” ရိုက်ကူးရေး နဲ့ပတ်သက်ပြီး ပါဝင်ရမယ့် လင်းလင်းကလည်း “ဒီခေါင်းစဉ်ကလည်း လိပ်ပြာသန့်တယ်။ ၁၀၀ ရာခိုင်နှုန်း အလှူဖြစ်တာကိုး။ ဒီမှာပါဝင်တဲ့ Forever Group ဘက်ကရော တကယ့်ကို ဇီးရိုးနဲ့ ၁၀၀ ရာခိုင်နှုန်းအလှူအဖြစ်နဲ့ သွားမယ့်ခေါင်းစဉ်။ ဒီခေါင်းစဉ်အောက်မှာဘာပဲလုပ်ရ၊လုပ်ရ ကျနော်တို့က လုပ်ဖို့ကတော့ အဆင်သင့်ပဲ”လို့ ဆိုပါတယ်။

“ခေတ်နဲ့သစ်တို့ကမ္ဘာ”ရိုက်ကူးရေးကို အချိန်တနှစ်ပဲပေးထားပြီး အများဆုံးအနေနဲ့ ၂ နှစ်လောက်ပဲ ရိုက်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ “ခေတ်သစ်”ဖောင်ဒေးရှင်း စာနယ်ဇင်းပွဲ တက်ရောက်လာတဲ့ ဧည့်သည်များ၊ လုပ်ငန်းရှင်များထဲမှ အလှူရှင်များပေါ်ထွက်ခဲ့ပြီး အလှူငွေကျပ် သိန်း ၄၃၀ ကျော်ကောက်ခံ ရရှိခဲ့ပါတယ်။

The post မိသားစု သမိုင်းဖြစ်မယ့် “ခေတ်သစ်”ဖောင်ဒေးရှင်းကို အလေးထားတဲ့ လင်းလင်းနဲ့ ချစ်သုဝေ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...