Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ကိုယ်ဝန်လွယ်ထားရပြီဆိုတဲ့ ကောလာဟလတွေကို ပြန်ငြင်းလိုက်တဲ့ Miley Cyrus

$
0
0

အဆိုတော် Miley Cyrus ဟာ သူကိုယ်ဝန်ရှိနေပြီဆိုတဲ့ ကောလာဟလတွေကို ဟာသပုံစံလေးနဲ့ ငြင်းဆိုသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက်မှာ “Miley Cyrus နဲ့ Liam Hemsworth တို့ဟာ ကလေးရရှိတော့မှာဖြစ်ပါတယ်” ဆိုတဲ့ Daily Mail ရဲ့ သတင်းကို Miley က ပြန်တုံ့ပြန်ထားပါတယ်။

သူက “ကျမက ဥတလုံးကို မျှော်လင့်နေပါတယ်။ ဒါပေမဲ့ အဲဒီ ဥရမယ်ဆိုတဲ့သတင်းကို လူတိုင်းကြားနေရတယ်ဆိုတာက ကျမကို ပျော်ရွှင်ရစေပါတယ်။ ဥရဖို့ဆိုတာ ကျမတို့ဘဝရဲ့ နောက်ထပ် ဘဝစာမျက်နှာတခုပါ” လို့ ပြန်လည်ရေးသားခဲ့ပါတယ်။ သူစာထဲမှာဖော်ပြခဲ့တဲ့ ဥ ဆိုတာက ရင်သွေးလွယ်ထားရတာကို ရည်ညွှန်းပြောဆိုတာ ဖြစ်ပါတယ်။

သူ့ရဲ့ ရယ်ဖို့ကောင်းတဲ့ Twitter ပို့စ်မှာ Instagram မှာ Like အများဆုံးဓာတ်ပုံဖြစ်တဲ့ Kylie Jenner ရဲ့ သမီးလေး Stormi ရဲ့ ပုံကိုကျော်တက်သွားတဲ့ နာမည်ကျော် ကြက်ဥပုံလေးနဲ့ ပြန်လည်နောက်ပြောင် ပြောဆိုခဲ့တာဖြစ်ပါတယ်။

ပြီးတော့သူက “အခုတော့ လူတိုင်းက ကျမကို တယောက်တည်း ထားခဲ့လို့ရပါပြီ။ ကြက်ဥကိုပဲ ပြန်သွားကြည့်ကြပါတော့” လို့ ရေးသားထားပါတယ်။ သူဟာ ကြက်ဥပုံပေါ်မှာ သူ့ရဲ့ လျှာထုတ်ပြီး ပြောင်ပြနေတဲ့ပုံကို ပြန်လည်တည်းဖြတ်ပြင်ဆင်ပြီး သူ့ပုံပေါ်မှာ ပြန်လာကပ်ထားခဲ့တာပါ။

အဆိုတော် Miley နဲ့ မင်းသား Liam Hemsworth တို့ဟာ ပြီးခဲ့တဲ့နှစ်၊ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ လက်ထပ်ခဲ့ကြတာပါ။ သူတို့နှစ်ဦးဟာ ၂၀၀၉ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ “The Last Song” ရုပ်ရှင်ရိုက်ကွင်းမှာ တွေ့ဆုံခဲ့ကြတာပါ။

အဲဒီနောက် ချစ်သူတွေဖြစ်ခဲ့ကြပြီး ကာလအတန်ကြာ လမ်းခွဲခဲ့ကြပါသေးတယ်။ လမ်းခွဲပြီး ၂ နှစ်နီးပါးလောက်အကြာမှာပဲ ချစ်ဇာတ်လမ်းတဖန် ပြန်ဆက်ပြီးတဲ့ နောက် အခုလိုမျိုး လက်ထပ်ခဲ့တဲ့အဆင့်အထိ ရောက်ခဲ့ကြတာဖြစ်ပါတယ်။

Ref: asiaone

The post ကိုယ်ဝန်လွယ်ထားရပြီဆိုတဲ့ ကောလာဟလတွေကို ပြန်ငြင်းလိုက်တဲ့ Miley Cyrus appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...