Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“မိန်းမလျာတွေကို အရင်လို မဟုတ်ဘဲ ချစ်ခင်တဲ့စိတ်နဲ့ ကြည့်လာကြတယ်”လို ခင်စန်းဝင်း ပြော

$
0
0

မိတ်ကပ် ခင်စန်းဝင်းက မိန်းမလျာတွေကို အများပြည်သူက အရင်ကလို ဆက်ဆံတာမျိုး မဟုတ်ဘဲ ချစ်ခင်တဲ့စိတ်နဲ့ ကြည့်ပေးလာကြတယ်လို့ ဆိုပါတယ်။

“ဒီဇာတ်ကားကို ကြည့်ပြီး ဝေဖန်နေကြတယ်ဆိုတာ သူ့တို့မျက်လုံးထဲမှာ အဆင်မပြေတာတွေ စိတ်တိုင်းမကျတာတွေ တွေ့လို့ပြောတာ ဖြစ်ပါလိမ့်မယ်။ မကြီးကတော့ မကြည့်ရသေးတော့ မပြောတတ်သေးပါဘူး။ ဟာသအနေနဲ့ ရယ်မာစရာ ပျော်ရွှင်စရာတွေ ပရိသတ်ကိုပေးဖို့ပဲ သူတို့ရိုက်တယ်လို့ထင်ပါတယ်။ အခုခေတ်မှာ မိန်းမလျာတော်တော်များများကို လူတွေက လက်တွဲပြီး ယှဉ်ဘောင်တန်းတွေတာတွေ အများကြီးပါ”

“အရင်ကလို တမျိုးအမြင်နဲ့ ကြည့်နေတာတွေ မရှိတော့ပါဘူး။ ဖက်လည်းတကင်းနဲ့ ချစ်ခင်တဲ့ စိတ်နဲ့ကြည့်ကြပါတယ်။ အခုနောက်ပိုင်း ကလေးတွေကအစ ကြောက်စရာ လန့်စရာလို့ မမြင်တော့ဘဲ လူကို လူလို့ပဲမြင်လာတာတွေ အများကြီးတွေ့ရပါတယ်။ မိန်းမလျာတွေကို အခုနောက်ပိုင်း လက်ခံလာတာက မြန်မာလူမျိုးတွေ စာတတ်လာကြတယ်။ ပညာတတ်လာတယ်”လို့ မိတ်ကပ် ခင်စန်းဝင်းက ပြောပါတယ်။

“နိုင်ငံခြားတိုင်းပြည်တွေကို အသွားအလာ များတယ်။ နိုင်ငံတကာနဲ့ ဆက်ဆံရေးကို သိမြင်လာကြတဲ့အခါ မကြီးတို့လို လူမျိုးတွေကို ဖယ်ကျဉ်ထားစရာ လူမျိုး မဟုတ်တော့ဘူးလို့ မြင်လာကြတယ်။ အဲ့လို လူမျိုးတွေမှာပဲ အရာရှိ အရာခံတွေ ရှိတယ်။ ပညာတတ်တွေ ရှိတယ်။ လုပ်ငန်းရှင်တွေ ရှိတယ်။ မိန်းမလျာဆိုတာလည်း အလွှာအသီးသီးမှာ ရှိကြပါတယ်”လို့ ခင်စန်းဝင်းက ဆိုပါတယ်။

မိန်းမလျာတယောက်ဖြစ်ကြောင်း အမှန်တိုင်း ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့တဲ့ သရုပ်ဆောင် ဥက္ကာမင်းမောင်ကို ကြိုဆိုတယ်လို့ ခင်စန်းဝင်းက ပြောပါတယ်။

“ကိုယ်ဖြစ်တည်နေတဲ့ ဘဝတခုကို အရိုးသားဆုံး အပွင့်လင်းဆုံး လက်ခံလိုက်တာ အကောင်းဆုံးပါပဲ။ ဘာလို့လဲဆို ရေရှည် ဟန်ဆောင်ပြီး နေဖို့ဆိုတာလည်း မဖြစ်နိုင်ဘူးလေ။ လူဆိုတာကတော့ တချိန်ချိန်မှာ ကိုယ့်ရဲ့ စိတ်ဆန္ဒအတိုင်း နောက်ကျမှဖြစ်လာတဲ့ အခါမှာတော့ လူတွေအနေနဲ့ အရင်တုန်းကတော့ ဘယ်လိုကြီး အခုကျမှ ဒီလိုဖြစ်သွားတာလားပေါ့။ ဥက္ကာအနေနဲ့ ပွင့်ပွင့်လင်းလင်း ပြောလိုက်တာ မကြီးတို့ကတော့ ကြိုဆိုပါတယ်”

“လူဆိုတာ ကိုယ့်ဘဝအမှန်ကို အမှန်တိုင်း နေတာတော့ အကောင်းဆုံးပါပဲ။ မကြီး ခရီးတွေ သွားတယ်။ “ကျားကျားကြိုက်ကြိုက်” ဇာတ်ကား ဟာသကားကိုလည်းရိုက်ဖို့ စိတ်ကူးမရှိဘူး။ ဒရာမာ လိုင်းကလာတာဆိုတော့ ဟာသ မရိုက်ချင်ဖူး။ လူတွေ ကိုယ့်ကို မရယ်စေချင်ဘူး။ အစကတည်းကမှ မကြီးတို့ကို တွေကအထင်ကြီး လေးစားတဲ့ထဲမှာ မပါတဲ့ အခါကျတော့ ကိုယ်တွေကို ပေါတောတော ဖြစ်မှာ စိုးတယ်။ မကင်းရာ မကင်းကြောင်းမို့လို့ ရိုက်ပေးရတာပေါ့”လို့ ခင်စန်းဝင်းက ပြောပါတယ်။

မိတ်ကပ် ခင်စန်းဝင်းဟာ မိတ်ကပ်လောကမှာ ၂၅ နှစ် ရှိပြီဖြစ်ပြီး ပထမဆုံးအကြိမ် ရိုက်ကူးလိုက်တဲ့ “မကြီးစန်းနှင့် သူ၏ ချစ်သူများ” ဗီဒီယို ဇာတ်ကားကနေစပြီး ပရိသတ်အရှေ့ကို သရုပ်ဆောင်တယောက်အဖြစ် ရောက်ရှိလာတာ ဖြစ်ပါတယ်။ နောက်ထပ်လည်း “တနေ့မှ မောင့်ကို ဒီအကြောင်းတွေ ပြောပြရဦးမယ်” ဆိုတဲ့ ဗီဒီယို ဇာတ်ကားတွေလည်း ထွက်ရှိခဲ့ပါတယ်။

The post “မိန်းမလျာတွေကို အရင်လို မဟုတ်ဘဲ ချစ်ခင်တဲ့စိတ်နဲ့ ကြည့်လာကြတယ်”လို ခင်စန်းဝင်း ပြော appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...