Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

မင်းသား Ben Affleck သာ အကောင်းဆုံး လင်းနို့လူသားလို့ Zack Snyder ချီးကျူး

$
0
0

“Man of Steel” ရုပ်ရှင် ပဲ့ကိုင်ရှင် ဒါရိုက်တာ Zack Snyder က မင်းသား Ben Affleck ဟာ အကောင်းဆုံး လင်းနို့လူသား ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ မင်းသား Ben ဟာ ၂၀၂၁ ခုနှစ်မှာ ထွက်ရှိမယ့် ဒါရိုက်တာ Matt Reeves ရဲ့ “The Batman” ရုပ်ရှင်မှာ ပါဝင်တော့မှာ မဟုတ်တော့ဘူးလို့ ပြောဆိုထားပါတယ်။

အဲဒီရုပ်ရှင်မှာတော့ လင်းနို့လူသားကို ငယ်ရွယ်တဲ့ပုံစံမျိုးနဲ့ တွေ့ရမှာဖြစ်ပါတယ်။ ပထမတုန်းကတော့ မင်းသား Ben က အဲဒီ့ရုပ်ရှင်ကို ကိုယ်တိုင်ရိုက်ကူးပြီး သရုပ်ဆောင်ဖို့ စီစဉ်ထားခဲ့တာပါ။

အခုအချိန်မှာတော့ မင်းသား Ben ရဲ့ထံကနေ လင်းနို့လူသား ဇာတ်ရုပ် ဘယ်သူ့ဆီကို လွှဲပေးမယ်ဆိုတာ မကြေညာသေးပေမယ့် ဒါရိုက်တာ Reeves ကတော့ ဇာတ်လမ်းအကြောင်းအရာဟာ ထောက်လှမ်းရေး ပုံစံ ဖြစ်မယ်လို့ဆိုထားပါတယ်။

“War for the Planet of the Apes” ဒါရိုက်တာ Reeves က “လင်းနို့လူသား ဇာတ်လမ်းနဲ့ နည်းနည်းကွဲလွဲပြီး အမြင်တမျိုးပြောင်းထားပါတယ်။ သည်းထိတ်ရင်ဖို စိတ်လှုပ်ရှားစရာဖြစ်ပြီး ခံစားချက်တွေလည်း ပြင်းထန်မယ့် ဇာတ်လမ်းဖြစ်မယ်လို့ ကျနော် မျှော်လင့်ပါတယ်”လို့ ဆိုပါတယ်။

သူက “ရုပ်ရှင်တွေထဲမှာ ကျနော်တို့ မြင်တွေ့နေရတဲ့ ထောက်လှမ်းရေး ပုံစံထက်တော့ ပိုပါမယ်။ ကာတွန်းမှာတော့ အဲဒီ ဇာတ်လမ်း ရှိပါတယ်။ သူဟာ ကမ္ဘာပေါ်မှာ အတော်ဆုံး ထောက်လှမ်းရေးသမားဖြစ်ပါတယ်။ ရာဇဝတ်ကောင်တွေကို ခြေရာခံပြီး ရာဇဝတ်မှုတွေကို ဖြေရှင်းဖို့ ကြိုးစားတဲ့ လမ်းကို သွားကြတဲ့အခါ သူ့ရဲ့ ဇာတ်ကောင်မှာတော့ အပြောင်းအလဲတွေ ဖြစ်ပေါ်စေဖို့ကိုတော့ ခွင့်ပြုပေးရမှာပါ”လို့ ဆိုပါတယ်။

“Batman v Superman: Dawn of Justice” နဲ့ “Justice League” ရုပ်ရှင်တွေမှာ Bruce Wayne အဖြစ် မင်းသား Ben ကို ရိုက်ကူးစေခဲ့တဲ့ အသက် ၅၂ နှစ်အရွယ် ဒါရိုက်တာက ပြီးခဲ့တဲ့လမှာပဲ လင်းနို့လူသားအဖြစ် သရုပ်ဆောင်တော့မှာ မဟုတ်ဘူးလို့ ပြောလိုက်တဲ့ မင်းသား Ben ကို ချီးကျူးပြောဆိုခဲ့ပါတယ်။ မေးစေ့မောက်မောက်နဲ့ အံ့သြဖို့ကောင်းတဲ့ နှလုံးသားပိုင်ရှင် ဖြစ်တယ်လို့ဆိုပြီး သူ့သူငယ်ချင်း မင်းသား Ben ကို ကျေးဇူးတင်စကား ဆိုခဲ့ပါတယ်။

Ref: asiaone

The post မင်းသား Ben Affleck သာ အကောင်းဆုံး လင်းနို့လူသားလို့ Zack Snyder ချီးကျူး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...