Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“အခွင့်အရေး ရမယ်ဆိုရင် အက်ရှင်ကား ရိုက်ချင်တယ်”လို့ ပြောတဲ့ ပိုးကြာဖြူခင်

$
0
0

MRTV – 4 ရုပ်သံ ဇာတ်လမ်းတွဲများမှတဆင့် ပရိသတ် သိရှိလာခဲ့တဲ့ သရုပ်ဆောင် ပိုးကြာဖြူခင်ကတော့ အခွင့်အရေးရပါက အက်ရှင်ကား ရိုက်ချင်တယ်လို့ ပြောပါတယ်။

“ဇာတ်လမ်းတွဲပဲဖြစ်ဖြစ်၊ ဗီဒီယိုပဲဖြစ်ဖြစ် ရုပ်ရှင်ကားပဲဖြစ်ဖြစ် အခွင့်အရေးရမယ်ဆိုရင် ဘယ်လို ကာရိုက်တာမျိုးပဲဖြစ်ဖြစ် ရိုက်ဖို့အတွက် အဆင့်သင့်ပါပဲ။ ငယ်ငယ်လေးကတည်းက စိတ်ကူးယဉ်တာ စပိုင်ပုံစံတွေ၊စုံထောက် ပုံစံတွေ၊ ရဲမေပုံစံတွေကို အရမ်းရိုက်ချင်ပါတယ်”လို့ ပိုးကြာဖြူခင်က ပြောပါတယ်။

“အခုရိုက်ဖြစ်နေတာတွေက ဒါရိုက်တာတွေက ညီမကိုဆိုရင် မိန်းကလေးဆန်တယ်။ မြန်မာဆန်တယ်။ ကလေးဆန်တယ်ပေါ့နော်။ အဲဒီလိုပုံစံတွေပဲ မြင်တာများတယ်။ ညီမက အဲဒီလိုမျိုးကနေ ဖောက်ထွက်ပြီးတော့ လူဆိုးပုံစံမျိုးနဲ့ ရိုက်ကြည့်ချင်ပါတယ်”လို့ သူက ဆိုပါတယ်။

ပိုးကြာဖြူခင်ကိုတော့ သူမရဲ့ရုပ်ရည်သွင်ပြင်အရ မိန်းကလေးဆန်တဲ့ ကာရိုက်တာများ၊ ကလေးဆန်တဲ့ကာရိုက်တာမျိုးသာ အခုချိန်ထိ သရုပ်ဆောင်ခွင့် ရရှိနေပြီး အဆိုပါ ကာရိုက်တာမျိုးမှ ဖောက်ထွက်ကာ ရိုက်ကြည့်ချင်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဇာတ်လမ်းတွဲများစွာ ရိုက်ကူးထားပြီး တချို့သော ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရန် ကမ်းလှမ်းမှုများရှိခဲ့ပေမယ့် ဇာတ်လမ်းတွဲ ရိုက်ကူးမှုနဲ့ တိုက်နေတာကြောင့် ငြင်းခဲ့ရတာတွေ ရှိတယ်လို့ သိရပါတယ်။

“ဇာတ်လမ်းတွဲ ရိုက်နေတဲ့ အချိန်ကျရင် အချိန်အများကြီး ပေးရတယ်။ အဲဒီအချိန်မျိုးမှာ ရုပ်ရှင်ရိုက်ဖို့ လာကမ်းလှမ်းတဲ့အခါမှာ ဇာတ်လမ်းတွဲနဲ့ တိုက်နေတော့ ငြင်းလိုက်ရတာတွေ ရှိတယ်”လို့ ပိုးကြာဖြူခင်က ပြောပါတယ်။

ဇာတ်လမ်းတွဲနဲ့ ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးရတာ သူမအတွက် ကွာခြားပုံကိုလည်း အခုလို ပြောပြခဲ့ပါတယ်။ “ရုပ်ရှင်ကားနဲ့ ဇာတ်လမ်းတွဲကတော့ ကွာတာတော့ ကွာတယ်။ ရုပ်ရှင်ကို တချို့ကျတော့ ၁၀ ရက်လောက် ရိုက်တာ ရှိတယ်။ ၁ လလောက်၊ ၃ လပေါ့။ တယောက်နဲ့ တယောက် မတူဘူးပေါ့။ ဇာတ်လမ်းတွဲကျတော့ ၅ လ၊ ၆ လလောက် ရိုက်ကြတယ်”

“ပထမဆုံးရိုက်တဲ့ “ဝင်္ကပါစံအိမ်” ဆိုရင် ၈ လလောက် ကြာတယ်။ ကာရိုက်တာတခုကို အချိန်အကြာကြီး စီးမျော ရတယ်။ အပိုင်းတွေ၊ အခန်းဆက်တွေကလည်း များတော့ တခါတလေကျရင် အစဉ်လိုက် ရိုက်တာမဟုတ်ဘူး။ ဖောက်ပြီးတော့ ရိုက်တာတွေလည်း ရှိတော့ အိုက်တင် မလွဲအောင်လည်း သတိထားရပါတယ်”လို့ ပိုးကြာဖြူခင်က ပြောပါတယ်။

သူမအနေနဲ့ ဇာတ်လမ်းတွဲ ၅ ကားခန့် သရုပ်ဆောင်ထားခဲ့ပြီး နောက်ဆုံးပြသခဲ့တဲ့ “မိုးကောင်းကင်အိပ်မက်” ဆိုတဲ့ ဇာတ်လမ်းတွဲမှာတော့ “ဆိုင်းမိုင်” ဆိုတဲ့ကာရိုက်တာနဲ့ ပရိသတ်များရဲ့ အားပေးမှုမြင့်တက်ခဲ့ပြီး နာမည်အရင်း “ပိုးကြာဖြူခင်” ထက် “ဆိုင်းမိုင်” ကိုသာ အများစုက သိကြတဲ့အတွက် ဝမ်းသာပျော်ရွှင်ရတယ်လို့ ဆိုပါတယ်။

“ကြိုးစားရကျိုး နပ်သွားတာပေါ့နော်။ ညီမရဲ့ ကာရိုက်တာပေါ်မှာ သူတို့ ဇာတ်လမ်းတွဲကို ကြည့်ပြီးတော့မှ စီးမျောပြီးမှ အပြင်မှာပါ ဒီထဲက ဇာတ်ကောင်အတိုင်း ဖြစ်သွားတာ။ ငယ်ငယ်တုန်းကဆိုရင်လည်း အွန်စောတို့ ဂျွန်စောတို့ကို ကြည့်ပြီးတော့ အခုချိန်ထိ အွန်စော၊ ဂျွန်စောပဲဖြစ်သွားတာ။ အဲဒီလောက်ထိ ဒီကာရိုက်တာပေါ်မှာ ရူးသွပ်သွားတယ်ပေါ့။ ပရိသတ်တွေအနေနဲ့လည်း ညီမကိုအားပေးကြတဲ့အတွက် အရမ်းဝမ်းသာပါတယ်” လို့ ပိုးကြာဖြူခင်က ပြောပါတယ်။

ပိုးကြာဖြူခင်ကတော့ ယခုနောက်ဆုံးအနေနဲ့ “ကြယ်ကလေးရဲ့ကောင်းကင်” ဆိုတဲ့ ဇာတ်လမ်းတွဲကို ရိုက်ကူးထားပြီး အခုချိန်ထိ ဇာတ်လမ်းတွဲ ၅ တွဲ ရိုက်ကူးထားပြီးဖြစ်တယ်လို့ သိရပါတယ်။

The post “အခွင့်အရေး ရမယ်ဆိုရင် အက်ရှင်ကား ရိုက်ချင်တယ်”လို့ ပြောတဲ့ ပိုးကြာဖြူခင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...