Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အကယ်ဒမီအတွက် ရွှေကြိုမောင်မယ် ၁၀ ဦး ရွေးချယ်ထား

$
0
0

နှစ်စဉ်နှစ်တိုင်း အကယ်ဒမီဆု ချီးမြှင့်တဲ့ အခမ်းအနားမှာ မပါမဖြစ် ပါဝင်လေ့ရှိတာက ရွှေကြိုမောင်မယ်များပဲ ဖြစ်ပါတယ်။ ရွှေကြိုမောင်မယ်များကို နှစ်စဉ်နှစ်တိုင်း အနုပညာရှင်တွေရဲ့ မျိုးဆက်တွေသာမက အနုပညာကို ဝါသနာပါတဲ့ မျိုးဆက်သစ် လူငယ်များထဲက ရွေးချယ်လေ့ရှိပြီး ၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီဆုချီးမြှင့်ခြင်း အခမ်းအနားမှာတော့ ရွှေကြိုအဖြစ် အနုပညာရှင်များရဲ့ မျိုးဆက်သစ် သားသမီးတွေကို ရွေးချယ်ခဲ့ကြပါတယ်။

မကြာခင်ပြုလုပ်မယ့် ၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီ ပေးပွဲမှာတော့ ရွှေကြို ယောကျ်ားလေး ၅ ယောက်၊ မိန်းကလေး ၅ ယောက် ရွေးချယ်ခဲ့ပါတယ်။

ရွှေကြို အမျိုးသားတွေအနေနဲ့ သရုပ်ဆောင် နေထက်လင်းရဲ့သား ထက်လင်းအောင်၊ နေမင်းရဲ့တူ အုပ်သာကျော်၊ သရုပ်ဆောင် ခင်ဇာခြည်ကျော်ရဲ့သား ဘုန်းမင်းနေလ၊ သရုပ်ဆောင် မင်းသူရဲ့သား မင်းခန့်ကိုကို၊ သရုပ်ဆောင် ကိုကိုဦးရဲ့သား သီဟအောင်တို့ ပါဝင်မှာ ဖြစ်ပါတယ်။

ရွှေကြို အမျိုးသမီးတွေအနေနဲ့ သရုပ်ဆောင် အိန္ဒြာကျော်ဇင်ရဲ့ တူမ မေတိုးခိုင်၊ သရုပ်ဆောင် ခင်လှိုင်ရဲ့ သမီး သဇင်ထူးမြင့်၊ သရုပ်ဆောင် မြင့်မြင့်ခင်ရဲ့မြေး ဝတ်မှုံသန့်နဲ့ မျိုးဆက်သစ် သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ နန်းရွှေရည်နဲ့ ဆောင်းယွန်းစံတို့ ဖြစ်ပါတယ်။

ရွှေကြိုမှာ ပါဝင်ခွင့်ရတဲ့ သားရှင်တွေ ဖြစ်တဲ့ သရုပ်ဆောင် နေထက်လင်းနဲ့ မင်းသူကလည်း ဝမ်းသာစကားများကို အခုလိုပဲ ဧရာဝတီကို ပြောပါတယ်။

“သားတယောက်ကတော့ ဒီနှစ်တော့ ရွှေကြိုမှာ ပါပါမယ်။ အခုတော့ သားလည်း ပျော်နေပါတယ်။ ကျနော်သားလေးကို ရွေးချယ်ပေးတဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ကျနော်လည်း သားလေးပါလို့ ဝမ်းသာပါတယ်။ သားကိုလည်း ကျနော်ကို အားပေးခဲ့သလို အားပေးကြပါလို့။ အကယ်ဒမီပေးပွဲကိုတော့ သားပါလို့မပါလို့ ဆိုတာထက်၊ ဖိတ်ရင်တော့ တက်မှာပါ”လို့ သရုပ်ဆောင် နေထက်လင်းက ပြောပါတယ်။

သရုပ်ဆောင် မင်းသူကလည်း သားဖြစ်သူ ရွှေကြိုမောင်အဖြစ် ရွေးချယ်ခံရတာနဲ့ ပတ်သက်ပြီး “သားလေးက ဝါသနာ မပါပေမယ့် ကိုရန်အောင်တို့ ခေါ်တာကြောင့် ပါဖြစ်သွားတယ်။ အရင်က ရွှေကြိုတွေ ဘာတွေလည်း ဝင်မလျှောက်ဖူးဘူး။ ဒါ ပထဆုံးပဲ။ အခုလို ရွေးချယ်ခံရတော့ ဝမ်းသာပါတယ်။ ဒီနှစ်တော့ သားပါတော့ အကယ်ဒမီပေးပွဲ တက်ဖြစ်မှာပါ။ ဒီနှစ်ပွဲကတော့ ကျနော့်အတွက် ပိုပြီးတော့ ဂုဏ်တွေ တက်စေသလို ပိုပြီးပျော်တဲ့နှစ်၊ အနုပညာသက်တမ်း ၂၀ နှစ်မှာ အဓိပ္ပါယ်ရှိတဲ့ နှစ်ပါ”လို့ ပြောပါတယ်။

အနုပညာ လောကသားတွေသာမက ပရိသတ်တွေပါ စောင့်မျှော်နေကြတဲ့ အကယ်ဒမီ ပေးပွဲကြီးကို ၂၀၁၉ ခုနှစ် မတ်လ ၂၃ ရက်နေ့၊ ရန်ကုန်မြို့၊ ရွှေထွဋ်တင်ကွင်းမှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်မှာ ပြုလုပ်မယ့် ၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီ ထူးချွန်ဆုပေးပွဲမှာ ရုပ်ရှင်ထူးချွန်ဆု ၁၁ ဆုကနေ ၁၃ ဆုကြား ပေးအပ်သွားမယ်လို့လည်း သိရပါတယ်။

The post အကယ်ဒမီအတွက် ရွှေကြိုမောင်မယ် ၁၀ ဦး ရွေးချယ်ထား appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...