Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

သားဖြစ်သူနဲ့ G-Dragon တွဲရိုက်ထားတဲ့ ပုံတင်လိုက်တဲ့ YG Entertainment ပိုင်ရှင် ယန်းဟွန်ဆော့

$
0
0

YG Entertainment ပိုင်ရှင် ယန်းဟွန်ဆော့ရဲ့ ကိုယ်ရေးကိုယ်တာသုံး Instagram အကောင့်မှာ တင်လိုက်တဲ့ ပုံတွေကြောင့် ပရိသတ်ရဲ့ စိတ်ဝင်စားမှုကို ခံနေရပါတယ်။ အကြောင်းကတော့ တင်လိုက်တဲ့ဓာတ်ပုံတွေထဲမှာ သားဖြစ်သူနဲ့ G-Dragon အတူ တွဲရိုက်ထားတဲ့ ချစ်စရာကောင်းတဲ့ပုံလေး ပါနေလို့ပါပဲ။

ယန်းဟွန်ဆော့ဟာ ဖေဖော်ဝါရီလ ၂၅ ရက်က သူ့ရဲ့ Instagram အကောင့်မှာ ဓာတ်ပုံ ၃ ပုံ တင်ခဲ့ပါတယ်။ ပထမပုံမှာ ယန်းဟွန်ဆော့က သားဖြစ်သူနဲ့အတူတူ Sinsa-dong မှာရှိတဲ့ Baskin Robbins Brown ရေခဲမုန့် ဆိုင်ထဲဝင်လာတဲ့ ပုံဖြစ်ပြီး၊ ဒုတိယပုံကတော့ သားဖြစ်သူ ရေခဲမုန့်စားနေတဲ့ ပုံလေးပါ။

နောက်ဆုံးပုံကတော့ သားဖြစ်သူရဲ့ အကြိုက်ဆုံး အဆိုတော် GD နဲ့အတူ တွဲရိုက်ထားတဲ့ Selfie ပုံလေးပဲဖြစ်ပါ တယ်။ သားဖြစ်သူရဲ့ တဦးတည်းသော အကြိုက်ဆုံးအဆိုတော်ဖြစ်တယ်ဆိုပြီး ဓာတ်ပုံအောက်မှာ “သူငယ် ချင်းရယ်…သားရဲ့တဦးတည်းသော အကြိုက်ဆုံးအဆိုတော် GD” လို့ ခေါင်းစဉ်တပ်ပြီး တင်ခဲ့တာပါ။

BigBang အဖွဲ့ခေါင်းဆောင် G-Dragon ဟာ ကိုရီးယားနိုင်ငံရဲ့ စစ်မှုမထမ်းမနေရ ဥပဒေကြောင့် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်ကစတင် စစ်မှုထမ်းတာဝန်ထမ်းဆောင်နေတာဖြစ်ပြီး ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်မှာတော့ စစ်မှုထမ်းတာဝန်ပြီးဆုံးမယ်လို့ သိရပါတယ်။

စစ်မှုထမ်းတာဝန်တွေထမ်းဆောင်နေတာကြောင့် BigBang အဖွဲ့ခေါင်းဆောင် G-Dragon ရဲ့ သတင်းတွေဟာ ပရိသတ်တွေနဲ့ ထိတွေ့မှု သိပ်မရှိခဲ့ပါဘူး။ သူကိုယ်တိုင်အသုံးပြုခဲ့တဲ့ Instagram အကောင့်မှာတောင် အသစ် မတင်တာ တနှစ်နီးပါးလောက် ကြာခဲ့တဲ့အထိ ပရိသတ်တွေနဲ့ ထိတွေ့မှု မရှိခဲ့တာပါ။

အရင်ပတ်က နာမည်ကျော်ဒီဇိုင်းနာ Karl Lagerfeld ကွယ်လွန်သွားခြင်း ဝမ်းနည်းမှုအထိမ်းအမှတ်အနေနဲ့ စစ်မှုထမ်းကာလအတွင်း သူ့ရဲ့ပထမဆုံး Instagram ပို့စ်အသစ်ကို တင်ခဲ့တာတွေ့ရပါတယ်။

စစ်မှုထမ်းကာလ အတွင်း ကိုယ်တိုင်အကောင့်မှာ ပုံတွေမတင်ပေမယ့် ပရိသတ်တွေအတွက် G-Dragon ရဲ့ အစ်မဖြစ်သူက သူ ကျန်းကျန်းမာမာနဲ့ အဆင်ပြေနေတဲ့အကြောင်းသိအောင် Instagram မှာတင်ပေးခဲ့ဖူးသလို၊ အပြင်မှာ တွေ့ခဲ့တဲ့ ပရိသတ်တွေကလည်း အမှတ်တရ ဓာတ်ပုံ ရိုက်ယူပြီး ဆိုရှယ် မီဒီယာတွေပေါ် တင်ပေးခဲ့တဲ့ ပုံလေးတွေနဲ့ ပရိသတ်တွေ အလွမ်းဖြေခဲ့ရတာပါ။

Ref: Soompi

The post သားဖြစ်သူနဲ့ G-Dragon တွဲရိုက်ထားတဲ့ ပုံတင်လိုက်တဲ့ YG Entertainment ပိုင်ရှင် ယန်းဟွန်ဆော့ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...