၂၀၁၈ ခုနှစ်အတွက် အော်စကာဆုပေးပွဲဟာ ပြီးဆုံးခဲ့ပြီဖြစ်ပေမယ့် ဆန်ခါတင်စာရင်းမှာ ပါဝင်လာတဲ့ ရုပ်ရှင်ပေါင်းများစွာကတော့ ကြည့်ရှုဖို့ ကျန်ရှိနေသေးတာပဲ ဖြစ်ပါတယ်။ အခုဖော်ပြပေးမယ့် ရုပ်ရှင်တွေဟာ ၂၀၁၈ ခုနှစ်ကုန်ခါနီးမှာ ထွက်ရှိခဲ့တာဖြစ်ပြီး အော်စကာဆုကို မရရှိခဲ့ပေမယ့် ရရှိဖို့ အကောင်းဆုံး အခွင့်အရေးကို ပိုင်ဆိုင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။
(၁) Vox Lux
မင်းသမီး Natalie Portman ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီ Vox Lux ရုပ်ရှင်ဇာတ်ကားမှာဆိုရင်တော့ သူမကို တခြားသော ရုပ်ရှင်တွေထဲနဲ့ မတူခြားနားတဲ့ပုံစံနဲ့ တွေ့မြင်ကြရမှာဖြစ်ပါတယ်။ ကျော်ကြားတဲ့အဆိုတော်တယောက်၊ စိတ်ရောဂါရဲ့ဖိနှိပ်မှုတွေကို ခံစားနေရတဲ့ အမျိုးသမီးတယောက်၊ ၂၁ ရာစုရဲ့လူမှုအခြေအနေတွေနဲ့ ရုပ်ရှင်ကို အသက်သွင်းထားတာပဲဖြစ်ပါတယ်။
(၂) Ben Is Back
ပြဿနာမရှိရင် မနေတတ်သူဟာ မူးယစ်ဆေးသုံးစွဲသူ Ben ပဲဖြစ်ပါတယ်။ ပြန်လည်ထူထောင်ရေးစင်တာကနေ ထွက်ပြေးလာခဲ့တဲ့ Ben ဟာ သူ့ရဲ့လိမ်လည်လှည့်ဖြားမှုတွေကို စိတ်ကုန်နေပြီဖြစ်တဲ့ မိခင်ဆီ ပြန်လာခဲ့ပြီး စိတ်ဓာတ်ကြံ့ခိုင်တဲ့ မိခင်ဖြစ်သူဟာ သူ့သားကို ဘယ်လိုကယ်တင်မလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ဇာတ်ကားကောင်းတကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ မင်းသမီး Julia Roberts ကို တွေ့မြင်ကြရမှာဖြစ်ပြီး IMDB rating 6.8 ရရှိထားတဲ့ ဇာတ်ကားကောင်းတကားလည်း ဖြစ်ပါတယ်။
(၃) Widows
ပျော်ရွှင်တဲ့အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားကြတဲ့ အမျိုးသမီးလေးယောက်ဟာ တညတည်းမှာပဲ မုဆိုးမဆိုတဲ့ ဂုဏ်ပုဒ်ကို တပြိုင်တည်း ရရှိခဲ့ကြရတာပဲဖြစ်ပါတယ်။ သူမတို့ရဲ့ ခင်ပွန်းတွေဟာ ဓားပြမှုတခုမှာပါဝင်ခဲ့ပြီး မိသားစုရဲ့တာဝန်တွေကို သူတို့လေးယောက်ဟာ ကိုယ်စီထမ်းဆောင်ကြရတော့မှာလည်း ဖြစ်ပါတယ်။ မှုခင်းဒရာမာ ရုပ်ရှင်အမျိုးအစားဖြစ်ပြီး အော်စကာဆုပေးပွဲအတွက် အကောင်းဆုံးဒါရိုက်တာဆုနဲ့ အကောင်းဆုံး သရုပ်ဆောင်ဆု တွေကို လျာထားခြင်းခံခဲ့ရသူတွေလည်း ဖြစ်ပါတယ်။
(၄) Beautiful Boy
မင်းသမီးကြီး Steve Carell နဲ့ မင်းသား Timothee Chalamet တို့ရဲ့ သရုပ်ဆောင်မှုတွေနဲ့ ကြည့်ရှုကြရမယ့် ဒီဇာတ်ကားမှာတော့ အိမ်တွင်းရေးပြဿနာတွေလည်းမရှိသလို ငွေကြေးအခက်အခဲလည်းမရှိတဲ့ မိသားစုတခုမှာ စိတ်ဓာတ်ကျပြီးဆေးစွဲနေတဲ့ သားတယောက်နဲ့ မိဘဖြစ်သူတွေရဲ့ အကြောင်းကို Family Drama ဆန်ဆန် ရိုက်ကူးထားတာကြောင့် ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတခုလည်း ဖြစ်ပါတယ်။
Ref. brightside.me
The post အော်စကာဆုနဲ့ လွဲချော်ခဲ့ပေမယ့် ကြည့်ရှုသင့်တဲ့ ၂၀၁၈ ခုနှစ်ထွက် ဇာတ်ကားကောင်းများ appeared first on ဧရာဝတီ.