Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အသက် ၅၀ ကျော်တဲ့အထိ ခွဲစိတ်မှုမလုပ်ဘဲ နုပျိုလှပနေကြဆဲ မင်းသမီးများ

$
0
0

နာမည်ကျော် မင်းသား၊ မင်းသမီးနဲ့ အဆိုတော်တွေဟာ သူတို့ရဲ့အောင်မြင်မှုကို ရေရှည်ထိန်းထားနိုင်ဖို့အတွက် ခွဲစိတ်ပြုပြင်မှုတွေကို ပြုလုပ်လေ့ရှိကြပါတယ်။ ဒါပေမယ့် အခုဖော်ပြပေးမယ့်သူတွေကတော့ အသက် ၅၀ ကျော်အရွယ်အထိ ဘယ်လိုခွဲစိတ်ပြုပြင်မှုမျိုးကိုမှ မလုပ်ဘဲ နုပျိုလှပနေကြတဲ့ နာမည်ကျော်မင်းသမီး တွေပဲဖြစ်ပါတယ်။

(၁) Isabella Rossellini

သူမရဲ့ယခုအသက်အရွယ်အထိ မျက်နှာခွဲစိတ်ပြုပြင်မှုတွေမလုပ်ဘဲ နုပျိုလှပနေရတဲ့ လျှို့ဝှက်ချက်တခုကတော့ သဘာဝ Organic အသီးအနှံတွေကိုသာ စားသုံးခြင်းကြောင့်ဖြစ်တယ်လို့ အင်တာဗျူးတခုမှာ ဖြေဆိုသွားခဲ့ဖူးပါတယ်။

(၂) Sharon Stone

သူမဟာ တပတ်မှာ ၄-၅ ကြိမ်ခန့် လေ့ကျင့်ခန်းပြုလုပ်သူတဦးဖြစ်ပြီး အလှကုန်ဝယ်ယူတဲ့အခါမှာ အစိုဓာတ်ထိန်း ခရင်မ်ကိုသာ ဦးစားပေးဝယ်ယူလေ့ရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သူမအနေနဲ့ အခုအသက်အရွယ်အထိ ဘယ်လို ခွဲစိတ်ပြုပြင်မှုမျိုးကိုမှ မလုပ်ခဲ့ဖူးဘူးလို့လည်း ဆိုပါတယ်။

(၃) Jodie Foster

အသက် ၅၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Jodie Foster ကတော့ သူမအနေနဲ့ မျက်နှာခွဲစိတ်ပြုပြင်ရမှာကို အလွန်ပဲ ကြောက်ရွံ့ပြီး ကိုယ့်မျက်နှာကို ပုံမှန်အတိုင်းမခံစားရမှာကို စိုးရွံ့မိတယ်ဆိုတဲ့အကြောင်းကို အင်တာဗျူးတခုမှာ ဖြေဆိုသွားခဲ့ပါတယ်။

(၄) Cindy Crawford

ထိပ်တန်းမော်ဒယ်တဦးဖြစ်တဲ့ Cindy Crawford ကတော့ အခုအချိန်မှာ အသက် ၅၂ နှစ်ရှိနေပြီ ဖြစ်ပြီး အသားအရေနဲ့ လေ့ကျင့်ခန်းပြုလုပ်ဖို့ကို အထူးဂရုစိုက်သူတဦးလည်း ဖြစ်ပါတယ်။ မျက်နှာအသားအရေ ထိန်းသိမ်းမှုအတွက် Mask, Sunscreen နဲ့ ရေဓာတ်ထိန်းသိမ်းပေးတဲ့ အလှကုန်ပစ္စည်းတွေကို အဓိကထား အသုံးပြုသူတဦးလည်း ဖြစ်ပါတယ်။

(၅) Julianne Moore

အသက်အရွယ်ကြီးရင့်လာမှုကို ထိတ်လန့်စရာမလိုပါဘူးလို့ ပြောလာခဲ့တဲ့ မင်းသမီးကတော့ Julianne Morre ပဲဖြစ်ပါတယ်။ အခုအချိန်မှာ သူမဟာ အသက် ၅၈ နှစ်ရှိနေပြီဖြစ်ပြီး သူမရဲ့နုပျိုလှပတဲ့ လျှို့ဝှက်ချက်ကတော့ ယောဂကို ပုံမှန်ပြုလုပ်ပေးခြင်းပဲဖြစ်ပါတယ်။

Ref. brightside.me

The post အသက် ၅၀ ကျော်တဲ့အထိ ခွဲစိတ်မှုမလုပ်ဘဲ နုပျိုလှပနေကြဆဲ မင်းသမီးများ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...