Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

သီချင်းဟောင်းတွေနဲ့ Remix အခွေထွက်ရှိဖို့ရှိတဲ့ အဆိုတော်ဖြူဖြူကျော်သိန်း

$
0
0

အဆိုတော်ဖြူဖြူကျော်သိန်းဟာ မကြာခင်မှာ Remix 2019 ဆိုတဲ့ တကိုယ်တော်တေးစီးရီးကို ဖြန့်ချိတော့မှာ ဖြစ်ပြီး ဒီအခွေနဲ့ ပတ်သက်လို့ အခုလိုဆိုပါတယ်။

“ဖြူဖြူတို့ အခွေတခွေထွက်ရတာ အရမ်းပင်ပန်းတယ်။ အချိန်တွေလည်းပေးရတယ်။ အခု ဈေးကွက်အနေအထားလည်း သိကြတဲ့ အတိုင်းပဲပေါ့။ အဲ့တော့ ဖြူဖြူက “Storm” ခွေကိုလည်းထွက်ထားတာ ၅လလောက်ပဲရှိသေးတယ်။ ပြီးခဲ့တဲ့ ၁၄ရက် ၁၅ရက်ကလည်း အဆိုတော် Cobra နဲ့ “လမ်း” သီချင်းလည်းထွက်ထားတာ မကြာသေးတဲ့ အချိန်မှာ နောက်ထပ် အခွေတခွေ ကောက်ထုတ်လိုက်ဖို့ ဆိုတာ အခက်အခဲအရမ်းရှိပါတယ်။ အဲ့အချိန်မှာ DJ ကိုသော်က အစအဆုံးကူညီပေး ခဲ့တယ်” လို့ အဆိုတော်ဖြူဖြူကျော်သိန်းက ပြောပါတယ်။

ဒီအခွေက သီချင်းဟောင်းတွေကို Remix လုပ်ထားတာဖြစ်ပြီး သီချင်းတွေကို ဗားရှင်းပြောင်းပြီး လုပ်ဖြစ်တဲ့ အကြောင်း ကိုလည်း အခုလိုပဲ ဆိုပါတယ်။

“DJ ကိုသော်က ဖြူဖြူ ရေ သီချင်းလေးတွေ ဗားရှင်းပြောင်းပြီး လုပ်ကြည့်ရအောင်ဆိုတော့ အိုကေလုပ်မယ်ဆိုပြီး ပြောလိုက်တယ်။ ဖြူဖြူတို့ပွဲတွေမှာလည် ဒီသီချင်းတွကို စမ်းပြီးဆိုတော့ တော်တော်လေးအားပေးကြတယ်။ ပြီးရင် လာမေးကြတယ်။ အဲ့ ဗားရှင်းအသစ်လေးက ဘယ်အခွေမှာ ပါတာလဲ။ မေးကြတော့ ပရိသတ်က အခွေအနေနဲ့ ထွက်လာရင် သဘောကျဖို့ရှိတယ်ပေါ့”

“ကိုသော်ကလည်း အားပေးတယ်။ အားလုံးရဲ့ အားပေးမှုနဲ့ လုပ်ချင်စိတ်ရှိတယ်။ ကိုယ်ပိုင်သီချင်းတွေကို ဗားရှင်း ပြန်ပြောင်းတာပါ။ အဲ့ဒါကို အဆိုတော်ကိုယ်တိုင်ကတောင်ကြိုက်တာ ပရိသတ်တွေလည်းကြိုက်ကြမှာပါ”လို့ ဖြူဖြူကျော်သိန်းက ပြောပါတယ်။

“ ဒီအခွေထဲမှာတော့ သီချင်း၆ပုဒ်ပါဝင်ပါတယ်။ “ဝါးတားပါတီ ရေပါတီ” ကိုပုံစံအသစ်လေးနဲ့ ပြန်ထည့်ထားတယ်။ “ငှက်ကလေးလို”၊”အန္တရာယ်ကြောင်မလေး”၊ “အရှုံးထက်ပိုသော”၊ “အသည်းကွဲဘုရင်မ”၊ “လှည့်စားလိုက်” အဲ့သီချင်းတွေကို ပုံစံအသစ်လေးနဲ့ ပြန်ပြီး Remixလုပ်ထားတာပါ။ ကိုယ့်သီချင်းတွေ အကုန်လုံးကိုပဲ ဗားရှင်းပြန်ပြောင်းတာပါ” လို့ ဖြူဖြူကျော်သိန်းက ပြောပါတယ်။

ဆက်လက်ပြီး သူက “ဝါးတားပါတီက အရမ်းအောင်မြင်ခဲ့တာ ပရိသတ်တွေထပ်ပြီး အားပေးကြရင် ပိုပြီး ပျော်ရမှာပေါ့။ သြင်္ကန်မဏ္ဍပ်တွေမှာလည်း ဖွင့်ဖို့ အခွေတအခွေထပ်တိုးတာပေါ့။ ဒီအခွေလေးက သြင်္ကန်မှာ ပရိသတ်တွေ ဒွန့်လို့ရပြီလေ” လို့ ဖြူဖြူကျော်သိန်း ကပြောပါတယ်။

ဖြူဖြူကျော်သိန်းဟာ ဂီတသက်တမ်း ၁၅ နှစ်ကိုရောက်ရှိနေပါပြီ။ ဂီတလောကကို စတင်ဝင်ရောက်လာကတည်းက ဆန်းသစ်တဲ့ ဖက်ရှင်များ၊ အသံပါဝါကောင်းကောင်းနဲ့ ဖြူဖြူကျော်သိန်းဟာ ပရိသတ်အခိုင်အမာ ရရှိထားသူတဦး လည်းဖြစ်ပါတယ်။

The post သီချင်းဟောင်းတွေနဲ့ Remix အခွေထွက်ရှိဖို့ရှိတဲ့ အဆိုတော်ဖြူဖြူကျော်သိန်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...