Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဂီတလောကကနေ အနားယူတော့မယ့် BigBang အဖွဲ့ဝင် ဆွန်းလီ

$
0
0

Burning Sun ပြဿနာတွေနဲ့ ပါဝင် ပတ်သက်နေတာကြောင့် စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခံရပြီးနောက် Big Bang အဖွဲ့ဝင် ဆွန်းလီဟာ ပရိသတ်ရှေ့ကို ထွက်ပေါ်လာခဲ့ပါတယ်။ မတ်လ ၁၁ ရက်မှာ သူ့ရဲ့ကိုယ်ပိုင် Instagram အကောင့်ကတဆင့် ပရိသတ်တွေ မထင်မှတ်ထားတဲ့ စာတစောင်ကို တင်ခဲ့ပါတယ်။

Instagram မှာ တင်လိုက်တဲ့အကြောင်းရာကတော့ BigBang ပရိသတ်တွေအတွက် လုံးဝကို ရှော့ခ်ရသွားစေမယ့် အကြောင်းရာပါ။ ဒီနှစ်အစောပိုင်းတည်းက ဆွန်းလီကို Burning Sun အမှုမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ အကြောင်းအရာတွေနဲ့ စွပ်စွဲမှုတွေထွက်ပေါ်ခဲ့သလို ပြည့်တန်ဆာ ငှားရမ်းပေးတယ်ဆိုတဲ့သတင်းတွေလည်း ထွက်ခဲ့ပါတယ်။ ဒါကြောင့်လည်း ဆွန်းလီကိုယ်တိုင်က အများထင်သလို မဟုတ်တဲ့အကြောင်းကို သက်သေပြတဲ့အနေနဲ့ ရဲစခန်းမှာ စစ်ဆေးခံခဲ့ပါတယ်။

နောက်ဆုံး စစ်မှုထမ်းမယ့်ရက်ကိုပါ မတ်လ ၂၅ ရက်လို့ ကြေညာခဲ့သလို ထွက်ပေါ်နေတဲ့ အကြောင်းအရာတွေကလည်း မဟုတ်မှန်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။ ဒီသတင်းကြောင့် ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော်အေဂျင် စီတခုဖြစ်တဲ့ YG Entertainment ရဲ့ ရှယ်ယာတွေ ထိုးကျသွားခဲ့ပါတယ်။ အခုနောက်ဆုံး ထွက်ပေါ်လာတဲ့ သတင်းမှာတော့ ဆွန်းလီအပြင် တခြားအေဂျင်စီတွေရဲ့သူတွေပါ ပါဝင်ပတ်သက်နေတယ်လို့ အသံတွေထွက် ပေါ်လာခဲ့ပြန်ပါတယ်။

ဒါကြောင့် ဆွန်းလီတယောက် သူ့ကိုယ်ပိုင် instagram အကောင့်ကတဆင့် ပရိသတ်တွေထံ စာရေးသားခဲ့ပါတယ်။ ‘“အားလုံးပဲ ကျနော် ဆွန်းလီပါ။ ဒီအချိန်က ကျနော် အနုပညာလောကကနေ အနားယူလိုက်တာ အကောင်းဆုံးလို့ ထင်ပါတယ်။ လူမှုရေးပြဿနာတွေ အခုလိုထွက်ပေါ်လာတဲ့နောက်မှာတော့ အနုပညာလောက ကနေ အနားယူဖို့ ဆုံးဖြတ်လိုက်ပါတယ်”လို့ ရေးသားထားပါတယ်။

ဆက်လက်ပြီး “အခုလောလောဆယ်လည်း အစစ်ဆေးခံရနေတဲ့အချိန်ဖြစ်လို့ နောက်ပိုင်းတော့ ထွက်ပေါ်နေတဲ့ သံသယတွေကို ဖော်ထုတ်နိုင်မယ်ထင်ပါတယ်။ အရင်လဝက်လောက်က စပြီး ပြည်သူတွေဆီက ထွက်ပေါ်လာတဲ့ စွပ်စွဲချက်တွေကြောင့် ဒီနိုင်ငံမှာရှိတဲ့ စုံးစမ်းစစ်ဆေးရေးအားလုံးက ကျနော့်ကို နိုင်ငံတော်သစ္စာဖောက်တယောက်လို ချောင်ပိတ် စစ်ဆေးမေးမြန်းခဲ့ကြတာပါ။ ကျနော့်ဘေးကသူတွေကို ထိခိုက်နာကျင်မှာမျိုးကို သည်းမခံနိုင်တော့ပါဘူး”

“ဒါကြောင့် ကျနော့်ကို ၁၀ နှစ်လုံး ချစ်ခင်အားပေးခဲ့ကြတဲ့ ကိုရီးယားနိုင်ငံတွင်းကရော၊ နိုင်ငံတကာပရိသတ် တွေကိုပါ လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ပါတယ်။ ကျနော်အနားယူလိုက်တာဟာ အနည်းဆုံးတော့ BigBang အဖွဲ့နဲ့ YG ရဲ့ပုံရိပ်တွေ နောက်ထပ်မထိခိုက်အောင် ရပ်တန့်နိုင်မယ်ထင်ပါတယ်။ နောက်ထပ်တခါ ကျနော့်ကို ခွင့်လွှတ်ပေးဖို့ တောင်းပန်ချင်ပါတယ်။ ဒီနေ့ထိ အားပေးခဲ့ကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်”လို့ ရေးသားခဲ့ပါတယ်။

ရဲဌာနကလည်း ဆွန်းလီကို နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေနဲ့ ဆက်စပ်နေတဲ့ ပြဿနာတွေကြောင့် နိုင်ငံတကာ ထွက်ခွာခွင့် ပိတ်ပင်ထားကြောင်း မတ်လ ၁၁ ရက်နေ့က ကြေညာခဲ့ပါတယ်။

ဆက်စပ် သတင်းလင့်ခ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအတွက် ပြည့်တန်ဆာ ရှာဖွေပေးမှုဖြင့် Seungri တရားစွဲခံရ

Ref: Soompi

The post ဂီတလောကကနေ အနားယူတော့မယ့် BigBang အဖွဲ့ဝင် ဆွန်းလီ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...