Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ခင်ပွန်းသည်နဲ့ ကွာရှင်းထားတယ်လို့ သတင်းထွက်နေတဲ့ မင်းသမီး ပတ်ချေရင်း

$
0
0

၂၀၀၀ ပြည့်နှစ်က ထုတ်လွှင့်ခဲ့တဲ့ “All About Eve” ဇာတ်ကားမှာ “ဆန်းမီ”လို့ မြန်မာ ပရိသတ်တွေ သိကြတဲ့ မင်းသမီး ပတ်ချေရင်းဟာ ခင်ပွန်းသည် တရုတ်မင်းသား Gao Zi Qi နဲ့ ကွာရှင်းလိုက်ပြီဆိုတဲ့ သတင်းတွေ ထွက်နေပါတယ်။ မင်းသမီး ချေရင်းရဲ့ အေဂျင်စီကတော့ အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး ပြန်လည်ဖြေရှင်းထားပါတယ်။

တရုတ်သတင်းဌာနအချို့မှာ ဖော်ပြချက်အရ မင်းသမီးနဲ့ ခင်ပွန်းသည်တို့ဟာ မနှစ်တည်းက ကွာရှင်းထားခဲ့ တယ်လို့ ဖော်ပြနေကြပါတယ်။ အကြောင်းရင်းကတော့ ချေရင်းက သူ့ရဲ့ Weibo အကောင့်မှာ တင်ထားတဲ့ ဓာတ်ပုံတွေအကုန် ဖျက်ထားသလို တခြားသူတွေ အကုန်လုံးကိုလည်း Unfollow လုပ်ထားပါတယ်။

နောက်ပြီး ခင်ပွန်းသည် Gao Zi Qi ဘက်ကလည်း သူ့ရဲ့ Weibo အကောင့်မှာ “မနှစ်က အဖြစ်အပျက်တော်တော်များများ ဖြစ်ပျက်ခဲ့ပြီး အများကြီး ဖြတ်ကျော်ခဲ့ရတယ်”လို့ ရေးသားထားပါတယ်။ မတ်လ ၁၁ ရက်နေ့မှာတော့ မင်းသမီး ပတ်ချေရင်းရဲ့ အေဂျင်စီ Hunus Entertainment က ကောလာဟလတွေကို ငြင်းဆိုသွားပါတယ်။

“Hunus Entertainment အေဂျင်စီကပါ။ လတ်တလော တရုတ်သတင်းတွေ ဖော်ပြနေတဲ့ သတင်းတွေက မမှန်ကန်ပါဘူး။ ကျနော်တို့ မင်းသမီး ချေရင်းကို မေးပြီးသွားပါပြီ။ အမှန်တော့ ဒီအခြေအမြစ် မရှိတဲ့ သတင်းတွေကို ကျနော်တို့ ပြန်တုံ့ပြန်နေစရာ မလိုပေမယ့် ကိုရီးယားမှာရှိတဲ့ သတင်းဌာနတွေကပါ ဒါတွေကို အမှန်လိုလုပ်ပြီး ဖော်ပြနေကြလို့ အခုလို တရားဝင် ပြန်လည် ဖြေရှင်းရတာပါ။ မင်းသမီးနဲ့လည်း နောက်ထပ်အလုပ်သစ်တွေလုပ်ဖို့ အစီအစဉ်တွေလည်း ရှိပါတယ်။ စိတ်ဝင်တစား အာရုံစိုက်ပေးကြလို့ ကျေးဇူးတင်ပါတယ်”လို့ ဖော်ပြထားပါတယ်။

မင်းသမီးချေရင်းနဲ့ ခင်ပွန်းသည် Gao Zi Qi တို့ဟာ ၂၀၁၃ ခုနှစ်မှာ “The Lee Family” တရုတ်ဇာတ်လမ်းတွဲ မှာ ဇနီးမောင်နှံအဖြစ် အတူ သရုပ်ဆောင်ရင်း ချစ်ကျွမ်းဝင်ကာ ၂၀၁၄ မှာ လက်ထပ်ခဲ့ကြပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ သူတို့ဇနီးမောင်နှံအတွက် ပထမဆုံး သားယောက်ျားလေးကို မွေးဖွားခဲ့ပါတယ်။

ချေရင်းဟာ ၂၀၀၃ ခုနှစ်တုန်းကလည်း သူမရဲ့ ပထမအိမ်ထောင် အသက် ၁၄ နှစ်ကွာတဲ့ အဆိုတော် လီဆောင်ဟွမ်နဲ့ လက်ထပ်ခဲ့ကြပြီး နှစ်ယောက်ကြားမှာ မတူညီတဲ့ အကျင့်စရိုက်တွေနဲ့ ကွာဟချက်တွေကြောင့် ၂၀၀၅ ခုနှစ် ဒီဇင်ဘာလမှာ ကွာရှင်းခဲ့ဖူးသူပါ။

Ref: Soompi

The post ခင်ပွန်းသည်နဲ့ ကွာရှင်းထားတယ်လို့ သတင်းထွက်နေတဲ့ မင်းသမီး ပတ်ချေရင်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...