Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ရန်ကုန်ဘူတာကြီးမှာ အမှိုက်ကောက်ပြီး ရှင်းလင်းရေးလုပ်ခဲ့တဲ့ အဆိုတော် ဇွဲပြည့်

$
0
0

အဆိုတော် ဇွဲပြည့်က မတ်လ ၁၃ ရက်နေ့ ညနေပိုင်းက ရန်ကုန်ဘူတာကြီး အနီးနားမှာရှိတဲ့ အမှိုက်တွေကို သူငယ်ချင်းများနဲ့အတူ စုပေါင်းရှင်းလင်းခဲ့ကြပါတယ်။ အမှိုက်ကောက်တာနဲ့ ပတ်သက်လို့ ဇွဲပြည့်က ကိုယ့်နိုင်ငံကို နိုင်ငံခြားသားများ လာရောက်လည်ပတ်တဲ့အခါ သန့်ရှင်းစွာ မြင်နေစေချင်တဲ့အတွက်လို့ ဧရာဝတီကို ပြောပါတယ်။

“ကျနော့် ဦးလေးနဲ့ အဒေါ်မန္တလေးပြန်တော့ ဘူတာရုံကို လိုက်ပို့တယ်။ အဲဒီမှာ အမှိုက်တွေ ပွနေတာတွေ့တယ်။ တွေ့တော့ တရက်လောက် အားရင် လိုက်ကောက်ပေးမယ်ဆိုပြီး လုပ်ထားတာ။ အခုအားေတော့ ကောက်ဖြစ်သွားတယ်။ နောက် ကျနော်က ဟိုတလောက သန့်မြန်မာက ခန့်အပ်ထားတဲ့ Ambassador ကို ရတယ်။ ဒီဟာ ရခြင်း၊ မရခြင်းက အဓိက မဟုတ်ဘူးပေါ့။ တကယ်တော့ ကိုယ့်ရန်ကုမြို့ကို ရထားစီးပြီး လာတဲ့ နယ်ကလူတွေ ရှိတယ်။ နောက် နိုင်ငံခြားသားတွေ ရှိတယ်။ ဒီလူတွေ အမြင်မှာ ကိုယ့်နိုင်ငံက သန့်ရှင်းပါလားဆိုတာကို ဖြစ်ချင်တာပေါ့”

“ကျနော့် ဘဝမှာ ပထမဦးဆုံး အမှိုက်ကောက်တာပေါ့။ ကျနော် နောက်ထပ်လည်း ဘယ်နေရာတွေမှာ အမှိုက် ရှိမလဲ။ လိုက်ကောက်မယ်။ အခုနောက်ပိုင်းလည်း အမှိုက်တွေ ရှင်းလာတာတွေ့ရတယ်။ ကျနော်တို့ မြန်မာနိုင်ငံက လူတွေလည်း စိတ်ဓာတ်ပိုပြီး တိုးတက်လာတယ်ဆိုတာကို ပြချင်တယ်” လို့ အဆိုတော် ဇွဲပြည့်က ပြောပါတယ်။

အမှိုက်ကောက်တဲ့ Challenge တွေလည်းရှိနေတော့ ပေါ်ပင်လုပ်တယ်ဆိုပြီး ဝေဖန်ပြောဆိုမှာတွေကို စိုးရိမ်မှုရှိပေမယ့် ဝေဖန်မှု သိပ်မရှိဘဲ အကောင်းပြောပေးကြလို့ အရမ်းကျေးဇူးတင်တယ်လို့ ဇွဲပြည့်က ပြောပါတယ်။

“အခုချိန်မှာ အမှိုက်ကောက်တဲ့ Challenge တွေလည်း ရှိနေတော့ ဝေဖန်ပြောဆိုမှာတွေကို အရမ်းစိုးရိမ်တယ်။ ကြောက်လို့ ဘယ်သတင်းဌာနမှတောင် မခေါ်ဘူး။ ကျနော် Challenge ကြောင့် ပေါ်ပင်လိုက်လုပ်တယ်ထင်မှာ စိုးလို့။ ကျနော့် Facebook မှာပဲ ကျနော် Fan တွေနဲ့ သူငယ်ချင်းတွေကို ခေါ်လိုက်တာပဲ ရှိတယ်။ ပုံတောင် မတင်ဘူပေါ့။ လုပ်ထားတာ။ အခုလည်း သူငယ်ချင်းတွေရော Fan တွေရော လာကောက်ပေးကြတယ်”

“နောက် ဒီ မီးရထားက တာဝန်ရှိတဲ့သူတွေကပါ ဝင်ပြီးတော့ ကူလုပ်ပေးတဲ့အတွက် အချိန်စောစောလေးလည်းပြီးတယ်။ အခုလို ဝိုင်းပြီးကောက်ပေးကြတာ အရမ်းပီတိဖြစိမိတယ်။ အစက ဒီထဲမှာ အမှိုက်တွေနဲ့ ပွနေတာ ကျနော် သန့်သန့်ရှင်းရှင်းလေး ဖြစ်စေချင်တယ်။ Facebook မှာ ဝေဖန်မှု သိပ်မရှိဘဲ အကောင်းပြောပေးကြလို့ အရမ်းကျေးဇူးတင်တယ်” လို့ ဇွဲပြည့်က ပြောပါတယ်။

ဇွဲပြည့်ကတော့ “အပြည်ပြည်ဆိုင်ရာ အသဲကွဲသောနေ့”၊ “ခိုလှုံရာ” နှင့် “အားကိုးပါ” ဆိုတဲ့ တကိုယ်တော်အခွေများ ထွက်ရှိထားပြီး အဲ့ဒီနောက် သရုပ်ဆောင်အဖြစ် ဇာတ်ကားတွေလည်း ရိုက်ကူးထားတာ အများကြီးရှိပါတယ်။ ဇွဲပြည့်ဟာ သန့်မြန်မာက ခန့်အပ်ထားတဲ့ Ambassador တဦးလည်း ဖြစ်ပါတယ်။

The post ရန်ကုန်ဘူတာကြီးမှာ အမှိုက်ကောက်ပြီး ရှင်းလင်းရေးလုပ်ခဲ့တဲ့ အဆိုတော် ဇွဲပြည့် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...