အဆိုတော် လေဒီဂါဂါဟာ ကိုယ်ဝန်လွယ်ထားရပြီဆိုတဲ့ ကောလာဟလသတင်းတွေကို ငြင်းဆိုလိုက်ပြီး နောက် အယ်လ်ဘမ်သစ်အတွက် ပြင်ဆင်နေပြီဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။
ပြီးခဲ့တဲ့လမှာ ချစ်သူ Christian Carino နဲ့ လမ်းခွဲခဲ့တဲ့ ဂါဂါဟာ ကိုယ်ဝန်လွယ်ထားရပြီလို့ဆိုတဲ့ အတင်းအဖျင်း သတင်းတွေကို Twitter မှာ ပယ်ချပြောဆိုခဲ့ပြီး ၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “Joanne” နောက်ပိုင်း ပထမဆုံးပြန်လည် ထွက်ရှိလာမယ့် ဆဋ္ဌမမြောက် အယ်လ်ဘမ်အတွက် ပြင်ဆင်နေပြီလို့် ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။
ဂါဂါက “ကျမ ကိုဝန်ရှိနေပြီဆိုတဲ့ ကောလာဟလတွေလား။ ဟုတ်တယ် ကျမ ဆဋ္ဌမမြောက် အယ်လ်ဘမ်ကို လွယ်ထားရပါပြီ” လို့ Twitter မှာ ရေးသားခဲ့ပါတယ်။
အသက် ၃၂ နှစ်အရွယ် အဆိုတော်၊ မင်းသမီး လေဒီဂါဂါ ဟာ လူတွေကို သတင်းအမှားတွေ လွယ်ကူစွာ ဖြန့်ပေးနိုင်တဲ့ ဆိုရှယ်မီဒီယာတွေအပေါ် ရှုတ်ချပြောဆိုခဲ့ပြီး ချစ်သူရှိနေတဲ့ မင်းသား Bradley Cooper နဲ့ မေတ္တာမျှနေပြီလို့ ဆိုတဲ့ ကောလာဟလတွေကို ငြင်းဆိုသွားခဲ့ပါတယ်။ ပြီးတော့ ဆိုရှယ်မီဒီယာဆိုတာ အင်တာနက်ရဲ့ အများဆုံး သန့်စင်ခန်းလို့ ထင်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။
အော်စကာဆုပေးပွဲမှာတုန်းက “Shallow” သီချင်းကို မင်းသား Bradley နဲ့အတူတွဲပြီး ဖျော်ဖြေခဲ့ပြီးတဲ့နောက် အဲဒီလိုမျိုး အချစ်ရေး ကောလာဟလသတင်းတွေ ထွက်ပေါ်ခဲ့တာပါ။
သူက “လူတွေက အချစ်ကို မြင်ကြတယ်။ အဲဒီတော့ ဘာဖြစ်လဲ။ ကျမတို့ ပရိသတ်ကို မြင်စေချင်တာအဲဒါပဲ။ အဲဒါဟာ အချစ် သီချင်းတပုဒ်ဖြစ်တယ်။ A Star Is Born ရုပ်ရှင်ဖြစ်တယ်။ အချစ်ဇာတ်လမ်းဖြစ်တယ်” လု့ိ ပြောဆိုခဲ့ပါတယ်။
“Million Reasons” သီချင်းအဆိုတော် ဂါဂါဟာ အကောင်းဆုံး ဖျော်ဖြေမှုကို ပေးချင်ခဲ့တဲ့ အနုပညာရှင်တွေ ဖြစ်ကြတာကြောင့် ရုပ်ရှင်ထဲက ဇာတ်ကောင်တွေအဖြစ် သီချင်းကို ဖျော်ဖြေခဲ့တာသာ ဖြစ်တဲ့အကြောင်း ဝန်ခံပြောဆိုခဲ့ပါတယ်။
သူက “ဖျော်ဖြေရေးအမြင်ကနေကြည့်မယ်ဆိုရင် တချိန်လုံး ကျမတို့ ဆက်နွယ်နေဖို့ရာက ကျမတို့နှစ်ယောက်လုံးအတွက် အရမ်းကို အရေးကြီးခဲ့ပါတယ်။ အချစ်သီချင်းတွေ ဆိုတံ့အခါမှာ ပရိသတ်တွေကို ဒီလိုမျိုးခံစားစေချင်တာပါ။ ကျမက အနုပညာရှင်တယောက်ဖြစ်ပါတယ်။ ကောင်းမွန်တဲ့အလုပ်တခုကိုလုပ်နိုင်ခဲ့တယ်လို့ ကျမထင်ပါတယ်” လို့ ဆိုခဲ့ပါတယ်။ အသက် ၄၄ နှစ်အရွယ် မင်းသား Bradley ဟာ ချစ်သူ Irina နဲ့ ဆက်ဆံရေးခိုင်မြဲနေဆဲဖြစ်တဲ့အကြောင်း အချစ်ရေး ကောလာဟလတွေကို ပယ်ချပြောဆိုသွားခဲ့ပါတယ်။
Ref : asiaone
The post ကိုယ်ဝန်ရှိနေပြီဆိုတဲ့ ကောလာဟလ သတင်းတွေကို လေဒီဂါဂါ ငြင်းဆို appeared first on ဧရာဝတီ.