Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဆိုရှယ်မီဒီယာပေါ်မှာ ပျော်စရာ မရှိကြောင်း ဆိုလိုက်တဲ့ မင်းသမီး Alicia Vikander

$
0
0

မင်းသမီး Alicia Vikander က ဆိုရှယ်မီဒီယာပေါ်မှာ ပျော်စရာ ရှာဖွေမတွေ့ကြောင်း ပြောဆိုလိုက်ပါ တယ်။ အသက် ၃၀ အရွယ်မင်းသမီး Alicia ဟာ ဓာတ်ပုံဝေမျှတဲ့ Instagram ကနေ နုတ်ထွက်ခဲ့ပြီးတဲ့နောက် လူမှုကွန်ရက် မီဒီယာပေါ်မှာ ပျော်စရာရှာတွေ့နိုင်တော့ဘူးလို့ သဘောပေါက်လာတဲ့အတွက် အခုလိုမျိုး ဆုံးဖြတ်ချက်ချခဲ့ရတာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

သူက “ဆိုရှယ်မီဒီယာဆိုတာက ကျမအတွက် မကောင်းဘူးလို့ စောစောစီးစီး သဘောပေါက်ခဲ့ပါတယ်။ ကျမ အနေနဲ့တော့ အဲဒီမှာ ပျော်စရာ ရှာမတွေ့ပါဘူး”လို့ ပြောဆိုခဲ့ပါတယ်။

Alicia က အွန်လိုင်းပေါ်မှာ Like ပေးထာထက် အပြင်မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို တွေ့ရှိကြောင်း၊ သူစိတ်ရှုပ်နေရတဲ့အချိန်မှာ တခြားသူများကိုလည်း အသိမပေးချင်တဲ့အတွက် အခုလိုမျိုး ဆုံးဖြတ်လိုက်ရတာ ဖြစ်တယ်လို့ဆိုပါတယ်။

သူက “အနုပညာလောကမှာ ကိုယ်ပျော်ရမယ်လို့ ထင်နေတဲ့ နေရာကို အရောက်သွားရပါမယ်။ ကျမက စိတ်ထဲမှာ ရှုပ်ထွေးစရာတွေကို ဖုံးကွယ်ထားတဲ့ နေရာမှာ တော်ပါတယ်။ ကျမဘဝက တော်တော်လေး ကြမ်းတာပဲဆိုပြီး ပြောနေတာတွေကိုလည်း ကြားပါတယ်။ ကျမ ဘာဖြစ်နေတယ်ဆိုတာကို မပြသတတ်တာ၊ ကျမကောင်းကောင်း လုပ်နိုင်တဲ့ အလုပ်တခုလို့ ထင်ပါတယ်” လို့ Harper’s Bazaar မဂ္ဂဇင်းကို ပြောဆိုခဲ့ပါတယ်။

“Tomb Raider” မင်းသမီး Alicia ကို အားကျပြီး လူမှုကွန်ရက် ပလက်ဖောင်းကနေ နုတ်ထွက်သွားတဲ့ နောက် မင်းသမီးတယောက်ကတော့ Elizabeth Olsen ဖြစ်ပါတယ်။ အကြောင်းကတော့ ဆိုရှယ်မီဒီယာပေါ်မှာ ပို့စ်တွေမတင်တဲ့ မင်းသမီးတွေရဲ့ အနုပညာလုပ်ငန်းအပေါ် အင်တာနက် မရှိခြင်းက အကျိုး သက်ရောက်မှုရှိတယ်လို့ မထင်ဘူးလို့လည်း မင်းသမီး Elizabeth က ဆိုပါတယ်။

Elizabeth က “ကျမမှာ ခပ်တုံးတုံး စိတ်ထားတခု ရှိပါတယ်။ Jennifer Lawrence, Rooney Mara နဲ့ Alicia Vikander တို့လိုမျိုးပဲ ဆိုရှယ်မီဒီယာ မရှိပါဘူး။ အဲဒါကလည်း သူတို့တွေရဲ့ အနုပညာလုပ်ငန်းတွေကို အကျိုးမသက်ရောက်စေပါဘူး။ ကျမ တတ်နိုင်သလောက် သီးသန့်ဆန်တဲ့ဘဝမှာ နေချင်ပါတယ်။ ကျမက ထူးဆန်းတဲ့ သူတယောက်ဖြစ်အောင် မကြိုးစားချင်ပါဘူး။ ဒါပေမယ့် ကျမကို သရုပ်ဆောင်တယောက်လို့ပဲ မြင်စေချင်ပါတယ်”

“လူတွေကို လွှမ်းမိုးနိုင်တဲ့ သူတယောက်ဖြစ်အောင် ကြိုးစားပြီး ကျမဘဝကို ဘယ်တုန်းကမှ မနေထိုင်ခဲ့ပါဘူး။ ညစာစားချိန်မှာ အမြင်ချင်းဖလှယ် ရတာကိုပဲ သဘောကျနေပါတယ်။ ကျမဘဝရဲ့ အချိန်တော်တော်များများမှာ နေရာလွတ် မထားချင်ပါဘူး။ ပျော်ကွယ်ပြီး နေချင်တာပါ။ ကျမ ယုံကြည်မှုရှိတဲ့သူတွေနဲ့အတူ ရှိနေတဲ့အခါ ကျမ လွတ်လွတ်လပ်လပ် ပိုဖြစ်အောင်နေမှာပါ” လို့ ပြောဆိုခဲ့ဖူးပါတယ်။

Ref : contactmusic

The post ဆိုရှယ်မီဒီယာပေါ်မှာ ပျော်စရာ မရှိကြောင်း ဆိုလိုက်တဲ့ မင်းသမီး Alicia Vikander appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


နောင်တော်ကြီးမင်း၏ နောက်ဆုံးည


ပြည်မင်းသား၏ သားတော် ပြည်ထိပ်တင်တုတ် အကြောင်း


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


သီးမခံနိုင်တဲ့အဆုံး လင်ယောက်ျားရဲ့ ငယ်ပါကို ညှစ်ပြီးသတ်လိုက်တဲ့ ဇနီး


မိန်းကလေး အပျိုစစ်ပါတယ်လို့ သက်သေပြဘို့ရာ အသုံးပြုနိုင်တဲ့အချက် (၈) ချက်


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ