Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ချစ်သူနဲ့အတူ အမှတ်တရ ဗီဒီယို ရိုက်ပြီး တင်ခဲ့တဲ့ ဥက္ကာမင်းမောင်

$
0
0

သရုပ်ဆောင် ဥက္ကာမင်းမောင်ဟာ အမေရိကားက သူရဲ့ချစ်သူနဲ့ အမှတ်တရ တွေကို ဗီဒီယို အဖြစ် ဖန်တီးပြီး သူရဲ့ ဆိုရှယ်မီဒီယာ Facebook မှာ တင်ခဲ့ပါတယ်။ အမျိုးသားချင်း လိင်တူ ချစ်ကြိုက်နေသူလို့ သူ့ကို အများက ဝေဖန်မှုတွေ၊ ချစ်သူနဲ့ ပတ်သက်လို့ အတိုက်အခိုက်တွေ ခံနေရပေမယ့် ဘယ်သူ ဘာဆဲဆဲ ဘာမှ တုန့်ပြန်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

“ချစ်သူနဲ့ လေယာဉ်မောင်တဲ့ လေယာဉ်ကို စီးချင်တာကြာပြီ၊ Anniversary မှာ အမှတ်တရဖြစ်အောင် စီးလိုက်ကြတာပါ။ 1st anniversary အမှတ်တရတော့ ဖြစ်ခဲ့တာပေါ့။ ဗီဒီယိုလေးထဲမှာလည်း အမှတ်တရလေးဖြစ်အောင် ထည့်ထားတယ်။ နှစ်ယောက် အချစ်ဇာတ်လမ်းလေးတခုရဲ့ အတူတူ ဖြတ်သန်းခဲ့တဲ့ အမှတ်တရတွေကို ဗီဒီယိုအဖြစ် ဖန်တီးပြီး အမှတ်တရ တင်လိုက်တာပါ”

“နှစ်ယောက်ရဲ့ မေ့မရတဲ့ အမှတ်တရလေးတွေ ကျနော်တို့ကို ချစ်တဲ့သူတွေဆီ အပျော်လေးတွေ ကူးစက်ရင် ကျေနပ်ပါတယ်။ တချို့တွေ ဆဲကြမယ်မှန်း သိပေမယ့် ကိုယ့်ဘဝနဲ့ ကိုယ် ဘာအမုန်းတရားမှ မရှိ အေးချမ်းစွာပဲ ဖြတ်သန်းနေတာမို့ ဘယ်သူ ဘာဆဲဆဲ ကျနော်ဘာမှ တုန့်ပြန်မှာ မဟုတ်ပါဘူး ခင်ဗျာ”လို့ ဥက္ကာမင်းမောင်က ပြောပါတယ်။

ဥက္ကာမင်းမောင် တင်ထားတဲ့ ဗီဒီယိုဖိုင်

“သူ့အလုပ်အကိုင်ပေါ်မှာလည်း ဂုဏ်ယူပါတယ်။ သူဘာပဲ လုပ်နေလုပ်နေ သူ့အတွက် ဂုဏ်ယူနေမှာ။ သူဘယ်လို အလုပ်ကိုင်ပဲ လုပ်လုပ်ပေါ့။ ကျနော်က ချစ်လို့ ချစ်တာပေါ့။ ဝေဖန် ပြောဆိုကြတာတွေကိုလည်း အပြစ်မမြင်ပါဘူး။ အားလုံးကို မေတ္တာပဲ ထားပါတယ်။ အားပေးကြတဲ့ ပရိသတ်တွေလည်း ရှိတယ်။ အဲ့အတွက် ကျေးဇူးတင်ပါတယ်”လို့ ဥက္ကာမင်းမောင်က ပြောပါတယ်။

ဥက္ကာမင်းမောင်ကောတ့ နိုင်ငံခြားမှာလည်း အနုပညာတွေ လုပ်ကိုင်တွေလုပ်ကိုင်နေသလို မြန်မာပြည်ပြန်လာပြီးတော့ အနုပညာတွေ လုပ်ဖို့ အစီအစဉ် ရှိပါတယ်လို့ ဆိုပါတယ်။

သရုပ်ဆောင် ဥက္ကာမင်းမောင်နဲ့ သူ့ရဲ့ ချစ်သူ (ဓာတ်ပုံ – Ye Htoo Win’s Facebook)

“ကျနော် မြန်မာပြည်ပြန်လာပြီးတော့ အနုပညာတွေ လုပ်ဖို့ အစီအစဉ်ကတော့ ရှိပါတယ်။ ဒီမှာလည်း အလုပ်တွေ ရှုပ်နေတော့ ပြန်လာနိုင်အောင်တော့ ကြိုးစားနေပါတယ်။ ဒီမှာ အနုပညာအနေနဲ့ ဇာတ်လမ်းတိုလေးတွေရိုက်တယ်။ Photo မော်ဒယ်အနေနဲ့လည်း ရံဖန်ရန်ခါ ရိုက်တယ်။ လိင်တူချစ်သူတွေကို အားပေးကြတာရှိသလို အားမပေးကြတာလည်း ရှိတယ်။ နိုင်ငံ အခြေအနေအရရောပေါ့”

“မြန်မာနိုင်ငံက Developing Ccountry ။အခြားနိုင်ငံတွေမှာက Develop ဖြစ်ပြီးသား ဆိုတော့ လူတွေရဲ့ အတွေးအခေါ်တွေ ပတ်ဝန်းကျင် ပညာရေးရော အစစအရာရာ အဲ့ဒါတွေက စကားပြောသွားတာပေါ့။ ဘယ်သူ့ကိုမှ ဘာမှ မပြောလိုဘူး။ သူတို့တွေ လက်ခံနိုင်ရင် လက်မခံခွင့် ရှိတယ်။ Gay တွေက သူ့ဘာသာကြိုက်လို့ ပေါင်းတာပဲ ”လို့ ဥက္ကာမင်းမောင်က ပြောပါတယ်။

ဥက္ကာမင်းမောင်ကိုယ်တိုင် လိင်တူချစ်သူဆိုတာ ဝန်ခံလိုက်ပြီးနောက်ပိုင်းမှာလည်း သူ့ကို ဝန်းရံပေးတဲ့ ပရိသတ်တွေလည်း ရှိလာခဲ့ပါတယ်။ မရှက်မကြောက် ဝန်ခံရဲတဲ့ သူ့ရဲ့ စိတ်ဓာတ်ကြောင့် ပရိသတ်တွေကော အနုပညာအသိုင်းအဝိုင်းထဲက သူတွေရောပဲ သူ့ကို ဝန်းရံ ပေးနေကြတာ တွေ့ရပါတယ်။

ဥက္ကာမင်းမောင်အနေနဲ့ Mister Tourism World 2016 Winner ဆုကို ရရှိပိုင်ဆိုင်ထားတဲ့ သူတယောက် ဖြစ်ပါတယ်။ အနုပညာလှုပ်ရှားမှု အနေနဲ့ သရုပ်ဆောင် ဘက်မှာရော၊ ဂီတဘက်မှာပါ အားသွန်ခွန်စိုက် ကြိုးစား ဆောင်ရွက်ခဲ့သူဖြစ်ပြီး “18 Album” ကိုလည်း ထွက်ရှိထားပါသေးတယ်။

The post ချစ်သူနဲ့အတူ အမှတ်တရ ဗီဒီယို ရိုက်ပြီး တင်ခဲ့တဲ့ ဥက္ကာမင်းမောင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...