Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

Forrest Gump ရုပ်ရှင်ကို ပြန်ရိုက်ကူးဖို့ ကိုယ်အလေးချိန် ၂၀ ကီလို လျှော့ချမယ့် Aamir Khan

$
0
0

ဘောလိဝုဒ်စတား Aamir Khan က ကမ္ဘာကျော်အမေရိကန်ရုပ်ရှင် Forrest Gump ကို ဟင်ဒီစကားပြောနဲ့ ပြန် ရိုက်ကူးမယ့် ရုပ်ရှင်မှ ာပါဝင်မယ်လို့ မတ်လ ၁၄ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ သူဟာ ၁၉၉၄ ခုနှစ်တုန်းက နာမည်ကျော်ခဲ့တဲ့ ဂန္တဝင်ရုပ်ရှင်ထဲက မင်းသားကြီး Tom Hanks ရဲ့ ဇာတ်ကောင်ကို အခြေခံထားတဲ့ ဇာတ်ကောင် Laal Singh Chaddha အဖြစ် ပါဝင်မှာလည်း ဖြစ်ပါတယ်။

သူ့ရဲ့ အသက် ၅၄ နှစ်ပြည့် မွေးနေ့ဖြစ်တဲ့ မတ်လ ၁၄ ရက်နေ့တုန်းက မွမ်ဘိုင်းမြို့မှ သတင်းထောက်တွေကို မင်းသား Khan က “ကျနော်က Forrest Gump ကို ဇာတ်ညွှန်းတခုအနေနဲ့ အမြဲတမ်းသဘောကျခဲ့တာပါ။ တော်တော်လေးကို ဘဝနဲ့ချီတဲ့ ဇာတ်လမ်းလည်း ဖြစ်ပါတယ်။ ခံစားလို့ တကယ်ကောင်းတဲ့ ရုပ်ရှင်တခုလည်း ဖြစ်ပါတယ်။ မိသားစု တခုလုံးအတွက် ရုပ်ရှင်တကားလည်း ဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

Forrest Gump ရုပ်ရှင်ဟာ “အကောင်းဆုံး ဇာတ်ကားဆု”၊ “အကောင်းဆုံး ဒါရိုက်တာဆု”နဲ့ မင်းသားကြီး Hanks အတွက် “အကောင်းဆုံး သရုပ်ဆောင် မင်းသားဆု” အပါအဝင် အော်စကာ ဆု ၆ ခု ရရှိခဲ့တာပါ။

အဲဒီရုပ်ရှင်ကို စာရေးဆရာ Winston Groom ရဲ့ ၁၉၈၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ နာမည်တူ ဝတ္ထုကို အခြေခံပြီးတော့ ဒါရိုက်တာ Robert Zemeckis က ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ၂၀ ရာစုနှစ်၊ အမေရိကန်နိုင်ငံမှာ ကျင်လည်ခဲ့ရတဲ့ ခန္ဓာကိုယ် ချို့ယွင်းချက်ရှိနေတဲ့ အမျိုးသားတဦးရဲ့ဘဝအားမာန်တွေကို ဇာတ်အိမ်တည် ရိုက်ကူးထားတာဖြစ်ပါတယ်။

မင်းသား Khan ရဲ့ မကြာသေးခင်က ထွက်ရှိခဲ့တဲ့ “Thugs Of Hindostan” ရုပ်ရှင်ဟာ ရုံဝင်ငွေ ထင်သလောက် မရရှိခဲ့ပါဘူး။ ပြီးတော့ အခုဇာတ်ရုပ်အတွက် သူဟာ ကိုယ်အလေးချိန် ၂၀ ကီလိုဂရမ်လောက် လျှော့ချမယ်လို့ဆိုပါတယ်။ မင်းသား Khan က “ကျနော် ကျစ်ကျစ်လစ်လစ်နဲ့ ပိန်သွယ်ရပါမယ်” လို့ ဆိုပါတယ်။ ရိုက်ကူးရေးကိုတော့ လာမယ့် အောက်တိုဘာလမှာ စတင်မယ်လို့ သိရပါတယ်။

Ref : asiaone

The post Forrest Gump ရုပ်ရှင်ကို ပြန်ရိုက်ကူးဖို့ ကိုယ်အလေးချိန် ၂၀ ကီလို လျှော့ချမယ့် Aamir Khan appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...