Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ကျောင်းသင်္ကြန်တွေမှာ သွားရောက် ဖျော်ဖြေရတဲ့ ခံစားချက်ကို ပြောပြတဲ့ G Fatt

$
0
0

ယခုနောက်ပိုင်း တက္ကသိုလ် ပေါင်းစုံမှ သင်္ကြန်ပွဲကြီ းမတိုင်ခင် ကျောင်းတွင်းသင်္ကြန်များ ပြုလုပ်တာများလာခဲ့ပြီး အဆိုပါ ကျောင်းသင်္ကြန်များမှာ သွားရောက်ဖျော်ဖြေရတဲ့ ခံစားချက်များကို အဆိုတော် G Fatt က အခုလို ပြောပြခဲ့ပါတယ်။

“ကျနော်တို့တုန်းက ကျောင်းသင်္ကြန်တွေ မရှိသေးဘူး။ တက္ကသိုလ်ဆိုတာ နယ်ပေါင်းစုံက သူငယ်ချင်းတွေ အများကြီးဆုံကြတယ်။ သင်္ကြန်နားနီးရင် သူတို့မြို့ကို ပြန်တဲ့သူက ပြန်တယ်။ ခရီးထွက်တဲ့သူက ထွက်တယ်။ သင်္ကြန်မှာသူငယ်ချင်းတွေက မဆုံဖြစ်ကြဘူး။ ကျောင်းပြန်ဖွင့်မှ ဆုံကြရတယ်။ အခု ကျောင်းသင်္ကြန်တွေ ရှိလာတော့ သင်္ကြန်မှာ မဆုံဖြစ်ကြလည်း ပြဿနာ မရှိဘူး။ ကျောင်းသင်္ကြန်မှာ သူငယ်ချင်းတွေအားလုံး ပျော်ကြရတယ်။ ကျနော်လည်း ပျော်ပါတယ်”လို့ G Fatt က ပြောပါတယ်။

“ဒါပေမဲ့ နေပူတာလေး တချက်ပဲ။ ကျနော်တို့က စင်ပေါ်မှာဆိုရတာက ကိစ္စ မရှိပေမယ့် အောက်ကကလေးတွေမှာ နေကပူ ရေကလည်း ဖျန်းမနိုင်နဲ့ဆိုတော့ သူတို့အတွက် ကျန်းမာရေးထိခိုက်မှာ စိုးရိမ်ပါတယ်။ နောက်များကျရင် ညနေပိုင်းတွေဘာတွေ လုပ်ရင်ကောင်းမလားပေါ့လေ။ ကိုယ့်အတွေးလေးနဲ့ကိုယ် တွေးပြီး အကြံပြုချင်ပါတယ်” လို့ G Fatt ကပြောပါတယ်။

မကြာခင်ရက်ပိုင်းကလည်း မန္တလေးတက္ကသိုလ်နဲ့ ဒဂုံတက္ကသိုလ် သင်္ကြန်ကို သွားရောက်ကာ ကျောင်းသား ၊ ကျောင်းသူများကို Surprise ပြုလုပ်ပေးခဲ့ပါတယ်။

“မန္တလေးကို သွားတာတော့ ကိုဖြိုးလေးရဲ့ ‘ဘာတွေဖြစ်’ အခွေအတွက် ကိုဘန်နီဖြိုးနဲ့ သွားတာ။ သူက မန္တလေး တက္ကသိုလ်ရဲ့ သင်္ကြန်သွားဖို့ရှိတယ်ဆိုပြီး ပြောရင်းနဲ့ကျနော်လိုက်သွားဖြစ်တာပေါ့။ ကျနော်ကလည်း ပွဲရှိနေမှန်း မသိဘူး။ ဘန်နီပြောလို့သိပြီးတော့ လိုက်သွားဖြစ်တယ်။ အရမ်းပျော်ဖို့ကောင်းတယ်။ ကျောင်းဝင်းထဲဝင်တော့လည်း ခေါင်းလေးတွေငုံ့ပြီးတော့ဝင်ကြတယ်”

“ ပွဲစီစဉ်တဲ့သူတွေတောင် မသိပါဘူး။ နောက်ပြီးတော့လည်း ဒဂုံတက္ကသိုလ်မှာ Surprise ထပ်လုပ်တယ်။ အဲဒါကတော့ သေချာကြံရွယ်ပြီး လုပ်ဖြစ်တာပါ။ မလာတော့ဘူးလို့ပြောထားတာ။ ကျနော်လည်း အလုပ်ရှိနေတာနဲ့။ ပွဲတခုက ပါမစ်မရဘူးဆိုပြီး ဖုန်းဆက်လာတာနဲ့ ပွဲမဆိုဖြစ်တော့ဘဲ ဒဂုံကျောင်းကို သွားဖြစ်ခဲ့တယ်” လို့ G Fatt ကပြောပါတယ်။

ယခုနှစ်ရဲ့ တက္ကသိုလ်ကျောင်း သင်္ကြန်များပြုလုပ်ခဲ့တဲ့ ပုသိမ်တက္ကသိုလ် ၊ မန္တလေးတက္ကသိုလ် ၊ ဒဂုံတက္ကသိုလ်တို့မှာ သွားရောက်ဖျော်ဖြေခဲ့ပြီး တခြားသောကျောင်းများကိုတော့ အချိန်မရတဲ့အတွက် မသွားရောက်ဖြစ်တာကို စိတ်မကောင်းပါဘူးလို့ ပြောပါတယ်။

“ဒီနှစ်မှာတော့ ပုသိမ်မှာဆိုတယ်။ မန္တလေးမှာဆိုတယ်။ ရန်ကုန်က ကျောင်းသင်္ကြန်ဆိုတယ်။ တချို့ကျောင်း သင်္ကြန်တွေကို တကယ်မလာနိုင်တာ စိတ်မကောင်းပါဘူး။ ဒဂုံတက္ကသိုလ်ကနောက်ဆုံးပဲ။ တချို့ကျောင်းတွေကိုက ကျနော့်ရဲ့အလုပ်တွေနဲ့ရက်တွေနဲ့ မအားတဲ့အတွက် အဆင်မပြေလိုက်တာပါ” လို့ G Fatt ကပြောပါတယ်။

G Fatt ကတော့ လတ်တလောမှာ သူ့ရဲ့တတိယအခွေအတွက်လည်း သီချင်းတွေလုပ်နေပြီး သင်္ကြန်မှာတော့ ရန်ကုန်မှာရှိတဲ့ MRTV 4 မဏ္ဍပ်မှာ ရှိနေမယ်လို့ သိရပါတယ်။

The post ကျောင်းသင်္ကြန်တွေမှာ သွားရောက် ဖျော်ဖြေရတဲ့ ခံစားချက်ကို ပြောပြတဲ့ G Fatt appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...