Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

US Vogue မဂ္ဂဇင်းမျက်နှာဖုံးမှာ ပါဝင်တဲ့ ပထမဆုံး ကိုရီးယားလူမျိုး မင်းသမီး Bae Doona

$
0
0

မင်းသမီး Bae Doona ဟာ US Vogue မဂ္ဂဇင်းမျက်နှာဖုံးမှာ ပါဝင်လာတဲ့ ပထမဆုံးကိုရီးယားလူမျိုး ဖြစ်လာပါတယ်။ ဧပြီလထုတ် Vogue မဂ္ဂဇင်းထဲမှာဆိုရင်တော့ “14 countries, 14 superstars: The global actors who know no limits” (နိုင်ငံ ၁၄ ခု၊ စူပါစတား ၁၄ယောက်၊ ကန့်သတ်ချက်မသိသော ကမ္ဘာ့သရုပ်ဆောင်များ) ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ အမျိုးသမီး ၁၄ ဦးနဲ့သူတို့ရဲ့ ကျွမ်းကျင်ပိုင်နိုင်မှုကို ချပြမယ့်အကြောင်းအရာတွေ ပါဝင်ပါတယ်။

မင်းသမီး Bae ဟာ ဟောလိဝုဒ်မင်းသမီး Scarlett Johansson နဲ့ ဘောလိဝုဒ်မင်းသမိး Deepika Padukone တို့နဲ့အတူ မဂ္ဂဇင်းမျက်နှာဖုံးမှာ ပါဝင်လာတာဖြစ်ပါတယ်။ မဂ္ဂဇင်းထုတ်ဝေခဲ့တဲ့ သက်တမ်း ၁၂၇ နှစ်မှာ မျက်နှာဖုံးမှာ ပထမဆုံးပါဝင်လာတဲ့ ကိုရီးယားလူမျိုး ဖြစ်လာခဲ့ပါတယ်။

မင်းသမီး Bae ဟာ “Cloud Atlas” နဲ့ “Jupiter Ascending” ရုပ်ရှင်တို့လိုမျိုး အမေရိကန်ရုပ်ရှင်တွေမှာ ပါဝင်ခဲ့ပြီး ဟောလိဝုဒ်အထိ နယ်ပယ်ချဲ့ထွင်ခဲ့သူလည်း ဖြစ်ပါတယ်။

သူဟာ Netflix ကနေထုတ်လွှင့်ခဲ့တဲ့ “Sense 8” ဆိုတဲ့ စီးရီးမှာ ပါဝင်ခဲ့ပြီး ကမ္ဘာတဝန်းနာမည်ကျော်ကြားခဲ့ သူလည်းဖြစ်ပါတယ်။ ဒါ့အပြင် ကိုရီးယား ရုပ်ရှင် “The Host” မှာပါဝင်ခဲ့ပြီး အထူးနာမည်ကျော်ကြားခဲ့သူ လည်းဖြစ်ပါတယ်။

“Kingdom” ဆိုတဲ့ Netflox ကနေ ထုတ်လွှင့်ခဲ့တဲ့ ဒရာမာမှာလည်း မကြာသေးခင်တုန်းက ပါဝင်ခဲ့ပါတယ်။ လက်ရှိမှာတော့ “Kingdom” ရဲ့ ဒုတိယမြောက် Season ကို ရိုက်ကူးနေပြီဖြစ်ပါတယ်။ အဲဒီ စီးရီးကိုတော့ ဒီနှစ်ကုန်ပိုင်း Netflix မှာ မြင်တွေ့ရဖို့ ရှိနေပါတယ်။

Ref : soompi

The post US Vogue မဂ္ဂဇင်းမျက်နှာဖုံးမှာ ပါဝင်တဲ့ ပထမဆုံး ကိုရီးယားလူမျိုး မင်းသမီး Bae Doona appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...