Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

၂၀၁၈ အကယ်ဒမီ “အမျိုးသမီး ဇာတ်ဆောင်ဆု”အတွက် တစ်ပြေးနေတဲ့ မင်းသမီးများ

$
0
0

မကြာခင် ကျင်းပတော့မယ့် ၂၀၁၈ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆုပေးပွဲကြီး မတိုင်ခင် “အမျိုးသမီး ဇာတ်ဆောင်ဆု”အတွက် ပရိသတ်တွေကြား ရေပန်းစားနေတဲ့ သရုပ်ဆောင်တွေက ဖွေးဖွေး၊ ဝတ်မှုံရွှေရည်၊ ရွှေမှုံရတီ၊ ပိုင်ဖြိုးသုတို့ ဖြစ်ပါတယ်။

သူတို့တွေ ပါဝင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေဟာလည်း ဆန်ခါတင် ၂၅ ကား စာရင်းထဲ ပါဝင်ပြီး အဲဒီ ၂၅ ကားမှာ ဖွေးဖွေးက ၆ ကား ၊ ဝတ်မှုံရွှေရည်က ၂ ကား၊ ရွှေမှုံရတီက ၂ ကားနဲ့ ပိုင်ဖြိုးသုက ၁ ကား အသီးသီး ပါဝင်ထားကြပါတယ်။

အဲဒီ ရုပ်ရှင်ဇာတ်ကား ၂၅ ကားကတော့ —

(၁) မိုးပန်းပွင့်တို့ရဲ့ သင်္ကေတ
(၂) ကာဗွန်ဒိုင် အောက်ဆိုဒ်
(၃) ဝိညာဉ်စိမ်း
(၄) ဒုဋ္ဌဝတီကို လွန်၍
(၅) ငါ့ကို နမ်းတဲ့ မုန်တိုင်း
(၆) ငယ်ကျွန်
(၇) ဥပါဒါန်
(၈) မုန်းစွဲ
(၉) ရွှေကြာ
(၁၀) သမ္မတကြီးထံ ပေးစာ
(၁၁) ပြည်ထောင်စု သစ္စာ
(၁၂) ဇာတိမြေ
(၁၃) မှော်ဝင်သမန်းကျား
(၁၄) လရောင်ဖြာတဲ့ အင်းလေးမှာ
(၁၅) ဥပါယ်တံမျဉ်
(၁၆) မုဒြာရဲ့ ခေါ်သံ
(၁၇) ကြတ်ဂူ
(၁၈) နောင်တွင် ဥဒါန်း တွင်စေသတည်း
(၁၉) ငဒူ
(၂၀) မျက်နှာပြင်များ
(၂၁) မီ
(၂၂) တိမ်တိုက်တံတား
(၂၃) ရန်သူ
(၂၄) သတို့သမီး
(၂၅) ကိုယ်စောင့်နတ် စတဲ့ ရုပ်ရှင် ဇာတ်ကားများ ဖြစ်ပါတယ်။

ဖွေးဖွေး ပါဝင်ထားတဲ့ ၆ ကားလုံးဟာ ကာရိုက်တာတိုင်းမှာ ဟာကွက် မရှိအောင် သရုပ်ဆောင် ပိုင်နိုင်လွန်းတဲ့ အတွက် အကယ်ဒမီက တကားမဟုတ် တကားနဲ့ ရရှိနိုင်တယ်လို့ ထင်ကြေးပေးခံနေရပါတယ်။ ဖွေးဖွေးကို အဓိက “မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားနဲ့ အကယ်ဒမီရနိုင်ကြောင်း ပရိသတ်တွေက ထင်ကြေးပေးထားကြပါတယ်။

ထပ်ဆင့်အကယ်ဒမီ သရုပ်ဆောင် ဖွေးဖွေးဟာ ၂၀၁၂ခုနှစ်မှာ “လက်ပံ” ၊ ၂၀၁၅ ခုနှစ်မှာ“ကျွန်မက နှင်းဆီပါမောင်” ရုပ်ရှင်ဇာတ်ကားတို့နဲ့ “အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆု”တို့ကို ပိုင်ဆိုင်ထားပြီး ယခုနှစ်မှာ ထပ်မံရရှိခဲ့ရင် ဒါဟာ ဖွေးဖွေးအတွက် တတိယမြောက် အကယ်ဒမီဆု ဖြစ်လာမှာပါ။

ဝတ်မှုံရွှေရည် ပါဝင်ထားတဲ့ ဇာတ်ကား ၂ ကားဟာလည်း ကာရိုက်တာကို ထိထိမိမိနဲ့ သရုပ်ဆောင်တာ တွေ့မြင်ရပါတယ်။ ထူးထူးခြားခြား “ရန်သူ”ဇာတ်ကားမှာတော့ Tom Boy ကာရိုက်တာမှာ အကောင်းဆုံးသရုပ်ဆောင်ထားတာကြောင့် ဝတ်မှုံရွှေရည်ကို အကယ်ဒမီ ရနိုင်ကြောင်း ပရိသတ်အချို့က ထင်ကြေးပေးထားကြပါတယ်။

အကယ်ဒမီ ၂ ဆုရှင် ဝတ်မှုံရွှေရည်ကတော့ ၂၀၁၃ ခုနှစ်မှာ “နင်စေရင်” ရုပ်ရှင်နဲ့ “အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆု” ရရှိခဲ့သလို ၂၀၁၄ ခုနှစ်က “နှလုံးသားဖြင့် ပြုလုပ်သည်” ဇာတ်ကားနဲ့ “အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆု” တို့ကို ရရှိခဲ့ပါတယ်။

ပိုင်ဖြိုးသု သရုပ်ဆောင်ထားတဲ့ “မီ” ဇာတ်ကားကတော့ သူမအတွက် စိန်ခေါ်တွေလည်း များခဲ့သလို ဝေဖန်မှုတွေလည်း များခဲ့တဲ့ ဇာတ်ကားပါ။ ပိုင်ဖြိုးသုကိုတော့ မီ ကာရိုက်တာ ပီပြင်တာကြောင့် အကယ်ဒမီ ရနိုင်ကြောင်း ထင်ကြေးပေးထားကြပါတယ်။ အကယ်ဒမီ ပိုင်ဖြိုးသုက ၂၀၁၇ ခုနှစ်မှာ “3Girls” ရုပ်ရှင်နဲ့ “အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆု”ကို ရရှိထားပါတယ်။

သရုပ်ဆောင် မင်းသမီးချောလေး ရွှေမှုံရတီကတော့ အကယ်ဒမီဆုကို မပိုင်ဆိုင်ရသေးပါဘူး။ ရွှေမှုံရတီကိုတော့ “ငယ်ကျွန်” ဇာတ်ကား နဲ့ “ငဒူ” ဇာတ်ကားမှာ သရုပ်ဆောင်ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်တာကြောင့် သူမကို ချစ်တဲ့ ပရိသတ်တွေကလည်း အကယ်ဒမီကို မထင်မှတ်ဘဲ ရရှိနိုင်တယ်လို့ ပြောဆိုနေကြပါတယ်။

၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီပေးပွဲကြီးကို မတ်လ ၂၃ ရက်နေ့ ရန်ကုန်မြို့၊ The One Entertainment Park မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဒီနှစ် အကယ်ဒမီပေးပွဲမှာ ဘယ်သူက “အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု”ကို ပိုင်ဆိုင်နိုင်မလဲဆိုတာကိုတော့ ရင်ခုန်စွာနဲ့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ။

The post ၂၀၁၈ အကယ်ဒမီ “အမျိုးသမီး ဇာတ်ဆောင်ဆု”အတွက် တစ်ပြေးနေတဲ့ မင်းသမီးများ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...