Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အကယ်ဒမီရဖို့ မမျှော်လင့်ထားပေမယ့် ခင်ပွန်းဖြစ်သူ ဒါရိုက်တာ ဏကြီးကို ရစေချင်တဲ့ ပိုင်ဖြိုးသု

$
0
0

မကြာခင် ကျင်းပတော့မယ့် ၂၀၁၈ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆုပေးပွဲကြီးမှာ “အမျိုးသမီး ဇာတ်ဆောင်ဆု” အတွက် “မီ” ရုပ်ရှင်နဲ့ ပရိသတ် ထင်ကြးပေးခြင်း ခံနေရတဲ့ အကယ်ဒမီ ပိုင်ဖြိုးသုက အကယ်ဒမီနဲ့ ပတ်သက်ပြီး အများကြီး မမျှော်လင့်ထားဘူးလို့ ဆိုပါတယ်။

“အကယ်ဒမီကို အများကြီး မမျှော်လင့်ထားရဲဘူး။ ဒီနှစ်က ကားကောင်းတွေ အရမ်းများတယ်။ တော်တဲ့ ကောင်းတဲ့ သူတွေချည်းပဲ။ သုဘာမှ ကြိုပြီး မမျှော်လင့်ထားဘူး။ သု Type ကလည်း အရင်ကတည်းက ဘဝမှာ ဘာကြီး ဖြစ်ချင်တယ်တို့ ဘာကြီးလိုချင်တယ်တို့ အကြီးကြီးတွေ မမျှော်လင့်တတ်ဘူး။ ရလာမှ ဖြစ်လာမှ ပျော်စရာရှိတာဆိုပျော်တယ်။ သုက အဲ့လို လူမျိုး”

“သုအတွက် အရမ်း အရေးကြီးတာက ပရိသတ် အသိအမှတ်ပြုဖို့ပေါ့နော်။ ကိုယ်ကြိုးစားထားတဲ့ အလုပ်ကလေးတခုကို ပရိသတ်က အသိအမှတ် ပြုပေးတယ်၊ လက်ခံပေးတယ်။ အကယ်ဒမီဆိုလည်း ရပါစေဆုတောင်းပေးကြတယ်ဆိုတာ ဒါဘာပဲပြောပြော ကိုယ့်အပေါ် သစ္စာရှိလို့ ကြိုးစားမှုကို အသိအမှတ်ပြုပေးလို့ အဲ့အတွက် ပရိသတ်တွေကို ကျေးဇူးလည်းအရမ်းတင်တယ်။ အရမ်းလည်းပျော်တယ်”လို့ ပိုင်ဖြိုးသုက ပြောပါတယ်။

“ မီနဲ့ ပတ်သက်ရင် ပရိသတ်ကို အရမ်းကျေးဇူးတင်တယ်။ မမျှော်လင့်ရဲခဲ့ဘူး။ ပရိသတ်က အားပေးတယ်။ ကားတင်တုန်းကလည်း အားပေးကြတယ်။ ကြားမှာ ပြဿနာလေးရှိတော့လည်း သုဘက်က ရပ်တည်ပေးခဲ့ကြတယ်။ အဲ့တော့ မီနဲ့ ပတ်သက်ရင် အနုပညာ လုပ်ဖော်ကိုင်ဖက်တွေရော ပရိသတ်တွေရောက ကျေးဇူးရှိတယ်လို့ သု ခံယူတယ် ”လို့ ပိုင်ဖြိုးသုက ဆိုပါတယ်။

ပိုင်ဖြိုးသုက “မီ”ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူး ပုံဖော်ပေးခဲ့တဲ့ ခင်ပွန်းဖြစ်တဲ့ ဒါရိုက်တာ ဏကြီးကိုလည်း အကယ်ဒမီဆုကို ရစေချင်တဲ့အကြောင်း ဆိုပါတယ်။

“ကိုဏကြီးအတွက် အမှန်တိုင်း ဝန်ခံရရင်တော့ ရစေချင်တာပေါ့။ ကိုယ့်ချစ်တဲ့သူမို့ ကိုယ်ပြောတာပေါ့နော်။ ဒါပေမဲ့လည်း ကားကောင်းတွေ အရမ်းများတော့ သူ့အတွက်လည်း အရမ်း မမျှော်လင့်ထားရဲဘူး။ ကိုဏကြီးကတော့ သုကို ရစေချင်တယ်။ ဒါက ဘယ်သူမဆို ကိုယ်ချစ်တဲ့သူကို အကောင်းပဲမြင်ကြတယ်။ အဆိုးလည်း မမြင်ကြဘူး။ လိုအပ်ချက်တွေ ရှိလည်းကိုယ်ချစ်တဲ့ သူကို ဖြည့်ပြီး တွေးပေးကြတယ်”

“အဲ့တော့ သူတို့က သူတို့ချစ်တဲ့သူကို ရစေချင်ကြမှာပေါ့။ ပွဲတက်ဖက်ရှင်ကတော့ ဒီဇိုင်နာ မိုးကုတ်ပေါက်ပေါက်ပါ။ အန်တီပေါက် ချုပ်ပေးတာပဲ ဝတ်မှာ ဘယ်လို ဒီဇိုင်းဆိုတော့ သု မသိသေးဘူး။ အရောင်လေးကတော့ အဝါရောင် ဝတ်မှာပါ။ ဒီနှစ် အကယ်ဒမီပေးပွဲကို ကိုဏကြီးနဲ့ နှစ်ယောက်တွဲ တက်ရမှာ။ ပြီးတော့ သုတို့ နှစ်ယောက် အတူတူ တွဲရိုက်တဲ့ ကားကလည်း အကယ်ဒမီ စာရင်းထဲမှာ ပါတော့ အမှတ်တရတွေ ဖြစ်တာပေါ့။ ပျော်ဖို့လည်း ကောင်းပါတယ်”လို့ ပိုင်ဖြိုးသုက ပြောပါတယ်။

အကယ်ဒမီ ပိုင်ဖြိုးသုကိုတော့ ယခုနှစ်အတွက် “မီ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကယ်ဒမီတစ် ကြိုပေးခြင်း ခံထားရပြီး ပိုင်ဖြိုးသုက သရုပ်ဆောင်နဲ့ ပတ်သက်ပြီး အမြဲတမ်းကြိုးစားနေတဲ့ သရုပ်ဆောင် တယောက်အဖြစ် အနုပညာလောကမှာသာမက ပရိသတ်များက ချစ်ခင်ကြရတဲ့ သူတယောက်လည်း ဖြစ်ပါတယ်။

The post အကယ်ဒမီရဖို့ မမျှော်လင့်ထားပေမယ့် ခင်ပွန်းဖြစ်သူ ဒါရိုက်တာ ဏကြီးကို ရစေချင်တဲ့ ပိုင်ဖြိုးသု appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...