Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ပရိသတ်တွေဆီကနေ မျက်ရည်ချူမယ့် “Dumbo”ရုပ်ရှင်

$
0
0

ကမ္ဘာတဝန်းမှာ ရုံတင်ပြသနေပြီဖြစ်တဲ့ Disney ရဲ့ ပျံသန်းနိုင်တဲ့ ဆင်လေးတကောင် အကြောင်း ရိုက်ကူးထားတဲ့ “Dumbo” ရုပ်ရှင်ဟာ ပရိသတ်အချို့အတွက်တော့ တကယ့်ကို လေးလေးနက်နက် ခံစားရနိုင်တယ်လို့ ဆိုပါတယ်။

၁၉၄၁ ခုနှစ်မှာ အထူးနာမည်ကျော်ကြားခဲ့တဲ့ Disney ရဲ့ ဂန္တဝင်ကာတွန်းရုပ်ရှင်ကို လူသားသရုပ်ဆောင်တွေနဲ့ ပြန်လည်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဟာ မိခင်နဲ့ ဝေးကွာခဲ့ရပြီး ကြီးမားတဲ့ နားရွက်တွေရှိလို့ အများရဲ့ လှောင်ပြောင်မှုကို ခံခဲ့ရတဲ့ ဆက်ကပ်ထဲက ဆင်လေး တကောင်အကြောင်းကို ဇာတ်အိမ်တည်ထားတာပါ။

အဲဒီ ရုပ်ရှင်ထဲမှာ Dumbo ဆင်လေးကို မွေးစားခဲ့တဲ့ ကလေးနှစ်ဦးရဲ့ ဖခင်အဖြစ် သရုပ်ဆောင်ထားတဲ့ Colin Farrell “ကျနော်တို့ရဲ့ဇာတ်လမ်းကို မိတ်ဆက်တဲ့အကြောင်းအရာတွေ တော်တော်များများ ရှိနေဆဲဖြစ်ပါတယ်” လို့ မတ်လ ၂၁ ရက်နေ့၊ လန်ဒန်မြို့မှာ ပြုလုပ်ခဲ့တဲ့ ရုပ်ရှင်အထူးပွဲမှာ ပြောသွားခဲ့ပါတယ်။

မင်းသား Farrell က “နေ့တိုင်း ကမ္ဘာပေါ်မှာ ကြုံတွေ့နေရတဲ့ ကလေးတွေနဲ့ မိသားစုတွေကြားက အကြောင်းအရာနဲ့ အဖြစ်အပျက်တွေ ဥပမာ ဆုံးရှုံးမှု၊ ဝမ်းနည်းမှု၊ အပြစ်ရှိမှု၊ ရှက်ရွံ့မှုတွေနဲ့ အခြားအရာတွေနဲ့လည်း ဇာတ်ကောင်တွေက ဆက်စပ်နေပါတယ်။ ဒါပေမယ့် တချိန်တည်းမှာ ကလေးတွေကို ဆက်သွယ်ဆက်ဆံနိုင် တဲ့အကြောင်းအရာတွေကိုလည်း ဖန်တီးထားပါတယ်”လို့ ဆိုပါတယ်။

ရုပ်ရှင်ထဲမှာ ဆက်ကပ်ပိုင်ရှင် Max Medici အဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသားကြီး Danny DeVito ကတော့ အခုရုပ်ရှင်ဟာ မျက်ရည်ချူမယ့် ရုပ်ရှင်ဖြစ်တယ်လို့ သတိပေးခဲ့ပါတယ်။ သူက “ခင်ဗျားတို့ အဲဒီဆင်ပေါက်လေးကို ကြည့်မယ်ဆိုရင် အရည်ပျော်ကျသွားလိမ့်မယ်။ ခင်ဗျားတို့ အဲဒီ ရုပ်ရှင်ကို ကြည့်တဲ့အချိန်မှာ တစ်သျှူးဘူးသာ ယူလာခဲ့ပါ။ တကယ့်ကိုကောင်းတဲ့ ရုပ်ရှင်ပါ။ ရယ်ရပါတယ်။ ပျော်ရွှင်ရပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

ဒါရိုက်တာ Tim Burton ရိုက်ကူးထားတဲ့ “Dumbo” ရုပ်ရှင်ကို ကမ္ဘာတဝန်းမှ ရုပ်ရှင်ရုံတွေမှာ မတ်လ ၂၀ ရက်နေ့ကနေစလို့ ပြသနေပြီဖြစ်ပါတယ်။

Ref : Reuters

The post ပရိသတ်တွေဆီကနေ မျက်ရည်ချူမယ့် “Dumbo” ရုပ်ရှင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


မင်းဆက်ဝေ-တတိယ(ဘလော့စုစည်းမူ)


လူ့ဘဝ၏ အနှစ်သာရ တန်ဖိုး


အမျိုးသားများနဲ့ ပါတီတက်ပြီး အရက်သောက်လို့ ကြိမ်ဒဏ်အချက် ၈၀ အပြစ်ပေးခံရတဲ့...