Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ရုပ်ရှင်အစည်းအရုံးမှ အကယ်ဒမီပွဲတက်ခွင့် ပိတ်လိုက်တဲ့ ဖိတ်စာပိုင်ရှင်ဟာ ကျော်ကျော်နန္ဒလို့ ဆို

$
0
0

အွန်လိုင်းမှာ မကြာသေးခင်ကပဲ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ထုတ်ပြန်ချက် စာတစောင်ကို ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်မှာတော့ မတ်လ ၂၃ ရက်နေ့မှာ ကျင်းပမယ့် အကယ်ဒမီပေးပွဲ အခမ်းအနားကို ဖိတ်ကြားထားတဲ့ အနုပညာရှင်တဦးကို ချမှတ်ထားတဲ့ မူဝါဒနဲ့ မကိုက်ညီတဲ့အတွက် ခုံနံပါတ်ကို ဖော်ပြပြီး ပွဲတက်ခွင့် ရုတ်သိမ်းထားတာ ဖြစ်ပါတယ်။

ဖော်ပြထားတဲ့ ခုံအမှတ်ဟာ အွန်လိုင်းမှာ နာမည်ကြီးနေတဲ့ “ကျော်ကျော်နန္ဒ”ဆိုသူလို့ အများက မှတ်ချက်ပေးပြီး ရေးသားထားကြပါတယ်။ ဒါနဲ့ ပတ်သက်လို့ ကျော်ကျော်နန္ဒကို ဧရာဝတီက ဆက်သွယ်မေးမြန်းရာ ကျော်ကျော်နန္ဒက အခုလိုဆိုပါတယ်။ “ကျနော် အကယ်ဒမီပေးပွဲ တက်မှာပါ။ ကျနော့်ကို သိချင်တာများရှိရင် အဲ့ပွဲရောက်မှ မေးမြန်းပေးပါ”လို့ ကျော်ကျော်နန္ဒက ဧရာဝတီကို ပြောပါတယ်။

“ဆက်ပက် သင်္ကြန်” သီချင်းနဲ့ ပရိသတ်တွေကြားမှာ ဝေဖန်စရာဖြစ်ခဲ့တဲ့ ကျော်ကျော်နန္ဒဟာ ဖက်ရှင် ဆန်းဆန်းပြားပြားတွေကြောင့် ဆိုရှယ်မီဒီယာမှာ ဝေဖန်မှုများ ရှိနေသလို အကယ်ဒမီ ပေးပွဲကိုလည်း သိန်း ၅၀၀၀ တန် စိန်လက်စွပ်ဝတ်ပြီး တက်ရောက်ဖြစ်မယ်လို့ ပရိသတ်တွေကို အသိပေးလိုက်ပြီးမှ ဒီလိုဖြစ်ရပ်တွေ ဖြစ်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

ဒီလို ဖိတ်စာကို ရုတ်သိမ်းတဲ့အပေါ်မှာ အနုပညာရှင် အချို့က ထောက်ခံခဲ့ကြပြီး အွန်လိုင်း အသုံးပြုသူ အချို့ကလည်း ဂုဏ်သိက္ခာကြောင့် စာထုတ်ပြီး မထုတ်ပြန်သင့်ဘူးလို့ ပြောဆိုထားကြပါတယ်။ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးကို ဆက်သွယ်မေးမြန်းရာမှာတော့ နာမည်ကို ထုတ်ဖော် ပြောကြားလိုခြင်း မရှိကြောင်း တာဝန်ရှိသူတဦးမှ ပြောပါတယ်။

The post ရုပ်ရှင်အစည်းအရုံးမှ အကယ်ဒမီပွဲတက်ခွင့် ပိတ်လိုက်တဲ့ ဖိတ်စာပိုင်ရှင်ဟာ ကျော်ကျော်နန္ဒလို့ ဆို appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...