Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

မြန်မာ့ရုပ်ရှင် နိုင်ငံတကာ အထိရောက်အောင် ကြိုးစားဖို့လိုကြောင်း ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

$
0
0

၂၀၁၈ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု အကယ်ဒမီပေးပွဲ အခမ်းအနားကို ယနေ့၊ မတ်လ ၂၃ ရက်နေ့၊ ရန်ကုန်မြို့၊ The One Entertainment Park မှာ ပြုလုပ်လျက်ရှိပါတယ်။ အဆိုပါ အကယ်ဒမီဆုပေးပွဲ အခမ်းအနားကို နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပြီး အခုလိုမျိုး အမှာစကား ပြောကြားခဲ့ပါတယ်။

“ကျမအနေနဲ့ ရုပ်ရှင်ပညာကော အနုပညာ၊ အတတ်ပညာများကို တန်ဖိုးထားပါတယ်။ ရုပ်ရှင်ပညာဆိုတာ အမြဲတီထွင်နေမှသာ အများရဲ့ ထောက်ခံမှကို ရမှာပါ။ ရုပ်ရှင်လောကသားတွေ အနေနဲ့ ရုပ်ရှင်ကို ခမ်းနားအောင် တင်ဆက်ကြသလို အကယ်ဒမီ တင်ဆက်ကြတယ်။ ရုပ်ရှင်လောကသားတွေ စည်းလုံး ညီညွှတ်ကြသလို မြန်မာနိုင်ငံ တိုင်းရင်းသားတွေ အားလုံး စည်းလုံး ညီညွတ်စေချင်တယ်”

“ကျမတို့ နိုင်ငံမှာ ဘက်ပေါင်းစုံက စိန်ခေါ်မှုတွေ ရှိတယ်။ အနုပညာဖန်တီးမှုများရဲ့ သိမ်မွေ့တဲ့ စွမ်းအားကလည်း အကျိုးရှိရှိ ဘယ်လို အသုံးချမလဲဆိုတာရယ်၊ အနုပညာဆိုတာ လူအများရဲ့ စိတ်နှလုံးကို လွှမ်းမိုးနိုင်တယ်။ ကျမပြောတဲ့ Soft Power ပေါ့။ အနုပညာရှင်တွေရဲ့ ဖန်တီးမှုကို ပြောင်းလဲရုံမက တိုးတက်စေချင်တယ်။ နေပြည်တော်ကို ရုပ်ရှင်မြို့တော်အဖြစ် တည်ဆောက်စေချင်တယ်”လို့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်က လက်ရှိရောက်နေတဲ့နေရာကို တိမ်းတိမ် မနေဘဲ နိုင်ငံတကာ အထိရောက်အောင် ကြိုးစားဖို့လိုကြောင်း၊ နိုင်ငံယဉ်ကျေးမှု၊ သမိုင်းကို ကမ္ဘာကို ချပြနိုင်အောင်၊ တမူထူးခြားအောင် ရိုက်ပြသင့်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဟောင်ကောင်ရုပ်ရှင် “Line Walker -2″ ကို လာရောက် ရိုက်ကူးတဲ့အတွက် မြန်မာနိုင်ငံ အကြောင်းကို ဒီရုပ်ရှင်ကနေ ကမ္ဘာက သိရှိနိုင်တဲ့အကြောင်း၊ မြန်မာနိုင်ငံက ဝိုင်းပြီး ကူညီပေးတဲ့အတွက် ဝမ်းသာကြောင်းကို ဒေါ်အောင်ဆန်းစုကြည်က အမှာစကားမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

“မြန်မာ့ရုပ်ရှင်ကားများ နိုင်ငံတကာ ရုပ်ရှင်နဲ့ အဆင့်တန်းမှီအောင် လုပ်သင့်ပါတယ်လို့ ကျမ တိုက်တွန်းချင်ပါတယ်။ ရုပ်ရှင်အပါအဝင် ဖျော်ဖြေရေးကနေတဆင့် ကမ္ဘာကသိအောင် လုပ်နိုင်တယ်။ အာရှမှာ ရုပ်ရှင်ဇာတ်ကားတွေက ယဉ်ကျေးမှု၊ သမိုင်းတွေနဲ့ ထင်ရှား ကျော်ကြားပါတယ်။ ရုပ်ရှင်လောကသားတွေကို ကြိုးစားတဲ့စိတ်၊ ရိုးသားတဲ့စိတ်၊ တီထွင်စွမ်းအားတို့နဲ့ ရုပ်ရှင်တွေကို ပြန်လည် ခေတ်ဆန်းသစ်မှီအောင် ကြိုးစားစေလိုပါတယ်”

“ရုပ်ရှင်လောကရဲ့ ပရဟိတ အင်အားတွေကို ဖော်ပြပေးစေလိုပါတယ်။ ရုပ်ရှင်ကနေတဆင့် ကမ္ဘာကို သိအောင် လုပ်နိုင်ပါတယ်။ နေပြည်တော်ဟာ ဖျော်ဖြေရေးနဲ့ ပတ်သက်တဲ့ မြို့တော်အသွင် စတင်လာတာ တွေ့ရပါတယ်။ ရုပ်ရှင်ကကဏ္ဍအပေါ် စိတ်ဝင်စားလို့ နေပြည်တော်ကို ရုပ်ရှင်မြို့တော် တည်ဆောက်ရေး တိုးတက်ပါစေ၊ အောင်မြင်ပါစေ” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

The post မြန်မာ့ရုပ်ရှင် နိုင်ငံတကာ အထိရောက်အောင် ကြိုးစားဖို့လိုကြောင်း ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


အမျိုးသားများနဲ့ ပါတီတက်ပြီး အရက်သောက်လို့ ကြိမ်ဒဏ်အချက် ၈၀ အပြစ်ပေးခံရတဲ့...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


“ကမ္ဘာ့ကိုးကွယ်ရာဘာသာကြီးများ၏ နိဒါန်း” စာအုပ် ထွက်ပြီ


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


ကျမသာလျှင် ဗိုလ်ချုပ်နေ၀င်း၏မယားကြီးပါ(ပိတ်စေ အမိန့်မှ သတင်းအစများ)


TTA Oreo Gapp Installer


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...