Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ကြွက်သားတွေနဲ့ မက်မောဖွယ် ခန္ဓာကိုယ်ကောက်ကြောင်းကို လှစ်ဟပြလိုက်တဲ့ Jennifer Lopez

$
0
0

အဆိုတော်၊ မင်းသမီး Jennifer Lopez ကတော့ သူ့ရဲ့ နောက်ဆုံးတင်ထားတဲ့ Instagram ပို့စ်မှာတော့ ကြည့်ရှုသူတွေကို နှလုံးခုန်မြန်စေမယ့် ဓာတ်ပုံ တပုံကို တင်ခဲ့ပါတယ်။ အသက် ၄၉ နှစ်အရွယ် Jennifer ဟာ အခုလက်ရှိမှာ ရိုက်ကူးနေတဲ့ “Hustlers” ရုပ်ရှင်ထဲမှာပါဝင်မယ့် ဇာတ်ဝင်ခန်းတခုထဲက ရေကူးဝတ်စုံနဲ့ ရိုက်ကူးထားတဲ့ပုံကို လှစ်ဟပြခဲ့တာလည်း ဖြစ်ပါတယ်။

အဲဒီ Sexy ကျကျ ဓာတ်ပုံမှာတော့ “American Idol” ဒိုင်လူကြီးဟောင်း Jennifer ဟာ ပန်းရောင် ဘစ်ကနီ ရေကူးဝတ်စုံနဲ့အတူ ကြည့်တဲ့သူကို ရင်သက်ရှုမော ဖြစ်သွားစေလောက်တဲ့ ဝမ်းဗိုက်ကြွက်သားတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ကြီးမားတဲ့ နေကာမျက်မှန်၊ နာကွင်း၊ လည်ဆွဲနဲ့ လက်စွပ်တွေကို ဆင်မြန်းထားတဲ့ အပြင် ချက်မှာတပ်ထားတဲ့ စိန်အရောင်ကလည်း တလက်လက်နဲ့ တောက်ပနေပါတယ်။

အဲဒီ ဓာတ်ပုံမှာတော့ သူက ရုပ်ရှင်ရိုက်ကူးရေး နောက်ကွယ်ကနေ ရိုက်ကူးထားတဲ့အကြောင်း ဖော်ပြရေးသားထားပါတယ်။ ရိုက်ကွင်းမှာ Ramona ဆိုတဲ့ ဇာတ်ကောင်နေရာကနေ ပါဝင်ထားတဲ့အကြောင်း အရိပ်အမြွက်ပြောဆို သွားခဲ့ပါတယ်။

သူ့ရဲ့ Follower တွေကတော့ အထူးအံ့သြတဲ့ ခံစားချက်တွေနဲ့ မှတ်ချက်တွေ ပေးသွားတာကိုလည်း မြင်တွေ့ရပါတယ်။ အဆိုတော် Lenny Kravitz က “ဗွမ်းခနဲပဲ။ ဒါပဲလေ” လို့ရေးခဲ့ပါတယ်။ စူပါမော်ဒယ် Naomi Campbell ကတော့ “ဟုတ်တယ်” လို့ မီးတောက်နဲ့ အသည်းပုံ emoji နဲ့ မှတ်ချက်ပေးထားပါတယ်။

ရုပ်သံအစီအစဉ် တင်ဆက်သူနဲ့ စာရေးဆရာ Danielle Bennett ကတော့ J.Lo ရဲ့ မာကျောတဲ့ ဝမ်းဗိုက်ကြွက်သား တွေဟာ သူ့ကို ကျန်းမာတဲ့ဘဝမှာ နေထိုင်ဖို့ ခွန်အားတွေ ပေးနေတယ်လို့ ဆိုပါတယ်။ သူက “ညစာကို ခေါက်ဆွဲတွေ စားတော့မယ်။ ပြီးတော့ J.Lo နဲ့ သူ့ရဲ့ ခက်ခက်ခဲခဲ ရထားတဲ့ ဝမ်းဗိုက် ကြွက်သား တွေကို ကြည့်လိုက်တယ်။ ဟုတ်ပြီလေ။ ကျမ ဒီည Gym ကိုသွားတော့မယ်” လို့ မှတ်ချက်ပေးထားပါတယ်။

အဆိုတော် Jennifer ဟာ လက်ရှိမှာ ဒရာမာ ရုပ်ရှင်တကားကို ရိုက်ကူးနေတဲ့အပြင် မိသားစုအတွက်လည်း အချိန်ပေးနေပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်နေ့တုန်းကတော့ သူနဲ့ ခင်ပွန်းလောင်း Alex Rodriguez တို့က နယူးယောက်မှာရှိတဲ့ Yankee Stadium မှာလုပ်ခဲ့တဲ့ Yankees ပြိုင်ပွဲမှာ ရိုက်ကူးထားတဲ့ ဓာတ်ပုံ တပုံကို ဝေမျှထားပါတယ်။

Ref:aceshowbiz

The post ကြွက်သားတွေနဲ့ မက်မောဖွယ် ခန္ဓာကိုယ်ကောက်ကြောင်းကို လှစ်ဟပြလိုက်တဲ့ Jennifer Lopez appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...