Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အဖွင့် သီတင်းပတ်မှာတင် ဒေါ်လာ ၁ ဒဿမ ၂ ဘီလီယံ ရရှိခဲ့တဲ့ “Avengers: Endgame”ရုပ်ရှင်

$
0
0

“Avengers: Endgame” ရုပ်ရှင်ဟာ ကမ္ဘာအရပ်ရပ်မှာရှိတဲ့ ရုပ်ရှင် ရုံဝင်ငွေတိုင်းမှာ စံချိန်အသစ်တွေ ဆက်တိုက် ရရှိနေတာ တွေ့ရပါတယ်။ Marvel Cinematic Universe ရဲ့ ပထမအပိုင်း နောက်ဆုံးရုပ်ရှင်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းရဲ့ ဝင်ငွေအကောင်းဆုံး စံချိန်သစ်တခု တင်သွားပြီ ဖြစ်ပါတယ်။

အဲဒီစံချိန်ကို တင်ထားတဲ့ ရုပ်ရှင်ကတော့ တခြား မဟုတ်ပါဘူး။ ပြီးခဲ့တဲ့နှစ်မှာ ရုံတင်ခဲ့တဲ့ “Avengers: Infinity War” ရုပ်ရှင်ဟာ ပထမဆုံးရုံတင်ပြီး သီတင်းပတ်ကုန်ပိုင်းမှာ ဒေါ်လာ သန်း ၆၃၀ ဒဿမ ၅ သန်း ရရှိခဲ့ပါတယ်။ အခု “Avengers: Endgame” ရုပ်ရှင်က ဝင်ငွေ ဒေါ်လာ ၁ ဒဿမ ၂ ဘီလီယံရရှိထားတာ ဖြစ်တဲ့အတွက် နှစ်ဆလောက် ပိုများတာကို တွေ့ရပါတယ်။

မြောက်အမေရိက ရုံဝင်ငွေစာရင်းမှာလည်း တကယ့်ကိုပဲ စံချိန်တင်ခဲ့တာ တွေ့ရပါတယ်။ အမေရိကန်နိုင်ငံတခုမှာတင် ဒေါ်လာ ၃၅၀ သန်း ရရှိထားပါတယ်။ ကမ္ဘာ့အကြီးဆုံး ရုပ်ရှင်ဈေးကွက်ကြီးလို့ ဆိုနိုင်တဲ့ တရုတ်နိုင်ငံမှာ ဒေါ်လာ ၃၂၉ သန်း၊ ကနေဒါနိုင်ငံမှာကတော့ ဒေါ်လာ ၂၈ ဒဿမ ၅ သန်း ရရှိထားပြီးဖြစ်ပါတယ်။

ဒီရုပ်ရှင်ကိုထုတ်လုပ်တဲ့ Disney အနေနဲ့ ကြည့်မယ်ဆိုရင်တော့ သူတို့ကုမ္ပဏီကြီးဟာ တကယ့်ကို အထူးဝင်ငွေကောင်းတဲ့ ရုပ်ရှင်ထုတ်စက်ကြီး တခုအနေနဲ့ တင်စားရမှာ ဖြစ်ပါတယ်။ ကနေဒါနိုင်ငံသမိုင်းမှာ ဝင်ငွေအကောင်းဆုံးရုပ်ရှင် ၅ ကား ဖြစ်တဲ့ “Avengers Endgame”, “Avengers: Infinity War”, “Star Wars: The Force Awakens”, “Star Wars: The Last Jedi” နဲ့ “Marvel’s the Avengers” တို့ကို Disney ကထုတ်လုပ်တာဖြစ်ပါတယ်။

၂၀၀၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “Iron Man” ကနေ ယခုနှစ်မှာ ထွက်ရှိတဲ့ “Endgame” အထိ ရေတွက်မယ်ဆိုရင် ဒေါ်လာ ၁၉ ဘီလီယံ ရရှိထားပြီးဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၄ နှစ်အတွင်းမှာ ရုံတင်ခဲ့တဲ့ ရုပ်ရှင် ၁၀ ကားထဲက ၉ ကားဟာဆိုရင် အဖွင့်သီတင်းပတ်မှာပဲ ကိုယ်ပိုင်စံချိန်တွေကို အသီးသီးတင်ထားခဲ့တာ ဖြစ်ပါတယ်။

Ref: etcanada

The post အဖွင့် သီတင်းပတ်မှာတင် ဒေါ်လာ ၁ ဒဿမ ၂ ဘီလီယံ ရရှိခဲ့တဲ့ “Avengers: Endgame” ရုပ်ရှင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...