Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

၄ နှစ်ကြာ တွဲခဲ့တဲ့ ချစ်သူနဲ့ တိတ်တဆိတ် လက်ထပ်လိုက်တဲ့ မင်းသားကြီး Jude Law

$
0
0

အသက် ၄၆ နှစ်ရှိပြီ ဖြစ်တဲ့ မင်းသားကြီး Jude Law ဟာ သူရဲ့ ၄ နှစ်တာ တွဲခဲ့တဲ့ ချစ်သူ Phillipa Coan နဲ့ ဧပြီလ ၃၀ ရက်နေ့က တိတ်တဆိတ် လက်ထပ်လိုက်ပြီလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ အသက် ၃၂ နှစ် ရှိပြီ ဖြစ်တဲ့ စီးပွားရေး လုပ်ငန်းရှင်တဦးနဲ့ Jude Law တို့ရဲ့ လက်ထပ်ပွဲမှာ ရင်းနှီးတဲ့ မိတ်ဆွေ အနည်းငယ်ကိုသာ ဖိတ်ကြားခဲ့တယ်လို့ သိရပါတယ်။

မင်းသားကြီး Jude Law က မင်္ဂလာဆောင်တဲ့နေ့မှာ အပြာရောင် အနောက်တိုင်း ဝတ်စုံကို ဝတ်ထားပြီး သတို့သမီး ဖြစ်သူကတော့ ပန်းစည်းကို ကိုင်ထားတယ်လို့ ဆိုပါတယ်။ သူတို့ နှစ်ဦးဟာ အချစ်ရေးကို လျှို့ဝှက်ထားတာကြောင့် အတိအကျ မပြောနိုင်ပေမယ့် လန်ဒန်မြို့မှာ ကျင်းပတဲ့ အားကစားပွဲတခုမှာ သတင်းထောက်တယောက်က မေးတဲ့အချိန် လက်မ ထောင်ပြခဲ့တယ်လို့ သိရပါတယ်။

မင်းသား Jude Law ဟာ ယခင်က လက်ထပ်ခဲ့ဖူးပြီး ကလေး ၃ ယောက်ရဲ့ ဖခင်လည်း ဖြစ်ပါတယ်။ သူ့ရဲ့ ပြီးခဲ့တဲ့ အိမ်ထောင်ရေးဟာ ၂၀၀၃ ခုနှစ်မှာ အဆုံးသတ်ခဲ့တာပါ။ ယခင်က နာမည်ကျော်မင်းသမီးတွေနဲ့ ဒိတ်လုပ်ဖူးတဲ့ မင်းသား Jude Law ဟာ အခုလက်ထပ်လိုက်တဲ့ အမျိုးသမီးနဲ့ ၄ နှစ်တာ တွဲခဲ့ပြီး တွဲနေတဲ့ ကာလအတွင်း အချစ်ရေးကို လုံးဝ လျှို့ဝှက်ထားခဲ့ပါတယ်။

လွန်ခဲ့တဲ့ တနှစ်ခန့်က စတင်ပြီး သူ့ချစ်သူအကြောင်းကို အင်တာဗျူးတွေမှာ စတင် ပြောခဲ့တယ်လို့ သိရပါတယ်။ မဂ္ဂဇင်းတခုက ပြုလုပ်တဲ့ အင်တာဗျူးတခုမှာ သူက “သူမကို ပိုင်ဆိုင်ရတာ အရမ်း ကံကောင်းတယ်။ ကျနော် အရမ်း ပျော်ရွှင်နေပါတယ်။ အချစ်ရေးကို လျှို့ဝှက်ထားတာကလည်း ကျနော်တို့ နှစ်ယောက် လွတ်လွတ်လပ်လပ် ချစ်ချင်လို့ပါ”လို့ ဖြေကြားခဲ့ပါတယ်။

မင်းသား Jude Law ဟာ မကြာသေးခင်ကမှ ထွက်ရှိထားတဲ့ “Captain Marvel” ရုပ်ရှင်ဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်ထားပြီး ၂၀၂၁ မှာ ထွက်ရှိမယ့် “Fantastic Beasts” ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးနေတယ်လို့ သိရပါတယ်။ Robert Downey Jr. နဲ့ ရိုက်ကူးထားတဲ့ “Sherlock Holmes” ဇာတ်ကားကိုလည်း ထပ်မံ ရိုက်ကူးဖို့ ရှိတယ်လို့ ကောလာဟလတွေ ထွက်ပေါ်နေပါတယ်။

Ref;Mirror

The post ၄ နှစ်ကြာ တွဲခဲ့တဲ့ ချစ်သူနဲ့ တိတ်တဆိတ် လက်ထပ်လိုက်တဲ့ မင်းသားကြီး Jude Law appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...