Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“သေဖို့အတွက် အလုပ်လုပ်နေတာ”လို့ အဆိုတော် ထူးအယ်လင်း ပြော 

$
0
0

စကားကို ပွင့်လင်းစွာ ပြောဆိုတတ်ပြီး၊ ပရဟိတ လုပ်ငန်းတွေလည်း လုပ်ကိုင်လျက်ရှိသလို Rock သီချင်းတွေကို သီဆိုတဲ့ အဆိုတော် ထူးအယ်လင်းကတော့ ကိုယ့်သီချင်းကိုယ် Cover ပြန်ဆိုပြီး အခွေထွက်ဖို့ ရှိကြောင်း ပြောပါတယ်။

“အခုက ထူးအယ်လင်း သီချင်းတွေပဲ Cover Song ပြန်ဆိုမှာပေါ့။ ကျနော့် သူငယ်ချင်းတွေနဲ့ တီးနေတယ်။ အခွေကိုလည်း ၂၀၂၀ မှာ ထွက်ဖို့ ရည်ရွယ်ထားတယ်။ သီချင်းသစ်လည်း ၃ ပုဒ်လောက် ပါမယ်။ ဟိုးအရင်တုန်းက သီချင်းတွေလည်း ပါမယ်။ ကိုယ့်သီချင်းကိုယ် Cover ပြန်ဆိုတာပေါ့။ တမျိုးတော့ တမျိုးဖြစ်မှာပေါ့။ နောင်တကလည်း ထွက်ထားတာ မကြာသေးဘူးလေ”လို့ ထူးအယ်လင်းက ပြောပါတယ်။

ထူးအယ်လင်းကတော့ အဆိုတော်ဘဝမှာ အောင်မြင်သင့်သလောက် အောင်မြင်ခဲ့ပြီး ဖြစ်တာကြောင့် ယခုအခါ ပရဟိတအလုပ်တွေ လုပ်နေတာဟာ သေဖို့အတွက် အလုပ်တွေ လုပ်နေတာလို့ ဆိုပါတယ်။

“တကယ် လိုအပ်ရင် ကျနော်တို့က လုပ်ပေးတယ်။ အခုတောင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၆၆ နှစ် သက်တမ်း ရှိတဲ့ မာန်အောင်မြင်စေတီ မြိတ်မြို့မှာ အဲဒါ တဆူ အလှူရှင် နန်းဖြူဦးက သိန်း ၅၀ မတည်တယ်။ နောက်တဆူက ပုသိမ်မှာ အဲ့မှာ တဆူ အဲ့စေတီကို မြင့်မြတ်က သိန်း ၅၀ မတည်တယ်။ ကျနော်တို့က သိန်း ၃၀ မတည်တယ်။ နောက်တဆူက ဆိုင်ကယ်ချစ်သူ ညီအစ်ကိုတွေ ပူးပေါင်းပြီးတော့ စေတီတည်ထားတယ်။ ထီးတင်ဖို့ပဲ ကျန်တော့တယ်။ တလတည်းကို တပြိုင်တည်း တည်တာ ၄ ဆူ။ နောက်သြင်္ဂိုဟ်စက်တွေလည်း ပဲခူးတိုင်းဝေါမှာ လှူတယ်”

“ဆိုင်ကယ်ချစ်သူ ညီအစ်ကိုတွေ မင်းက ဘယ်ကိုသွား၊ မင်းက ဒါလုပ်ဆိုပြီးတော့ ပြောရတယ်။ တခါတလေ ကိုယ့်အနုပညာလုပ်ငန်း အဆိုတော်လားဆိုတာတောင် မေ့နေတယ်။ ငါအဆိုတော်လား မသိဘူးလို့ စဉ်းစားနေရတယ်။ သီချင်းတွေလည်း ဆိုခဲ့ပြီးပြီ၊ အောင်လည်း အောင်မြင်ခဲ့တယ်။ ကိုယ့်အတွက် ဘာမှမထူးဆန်းတော့ဘူး။ အရင်တုန်းကတော့ အလုပ်လုပ်တာက ရှင်ရင် ရွှေထီး၊ သေရင်မြေကြီး။ အခု ကျနော်လုပ်နေတာက ကျနော် သေဖို့အတွက် အလုပ်လုပ်နေတာ။ ကောင်းတာတွေ လုပ်ရင် ငါ့စိတ်တွေလည်း ဖြူစင်တယ်ဆိုပြီး လုပ်နေတယ်။ အလှူရှင်တွေကိုလည်း ကျေးဇူးတင်တယ်။ သူတို့ကြောင့် အလုပ် ပိုလုပ်ဖြစ်တယ်”လို့ ထူးအယ်လင်းက ပြောပါတယ်။

ထူးအယ်လင်းဟာ လက်ရှိမှာ ဂီတအလုပ်တွေထက် ပရဟိတအလုပ်တွေကို စွမ်းစွမ်းတမံ လုပ်နေပြီး၊ သူ့ အနေနဲ့ မီးဘေးသင့်ဒေသတွေ၊ ရေဘေးသင့်ဒေသတွေ၊ မီးသြင်္ဂိုဟ်စက် လိုအပ်တဲ့ နေရာတွေ၊ လူနာတင်ယာဉ် လိုအပ်တဲ့ နေရာတွေမှာလည်း လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။ နောက်ထပ်လည်း ပြုပြင်ဖို့လိုအပ်နေတဲ့ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ ဘုရားစေတီပုထိုးတွေမှာလည်း ပါဝင် ကုသိုလ်ယူနေတာ တွေ့ရပါတယ်။

You may also like these stories:

“မရွှေသော်” နာမည်နဲ့ Food Service လုပ်ငန်း လုပ်ကိုင်နေတဲ့ အဆိုတော် ရှင်ဖုန်း

မွေးနေ့ မတိုင်ခင် သက်သတ်လွတ် စားနေတဲ့ အဆိုတော် X Box

“အခမ်းနားဆုံးမေတ္တာ” ရုပ်ရှင်အကြောင်း ပြောပြတဲ့ နေခြည်ဦး

“Star Awards မှာ ပရိသတ်နဲ့ ကျနော်တို့ကြား ပွင့်ပွင့်လင်းလင်း အသိပေးသင့်တယ်”လို့ နေတိုး ပြော

The post “သေဖို့အတွက် အလုပ်လုပ်နေတာ”လို့ အဆိုတော် ထူးအယ်လင်း ပြော  appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...