ဝါရင့် လူရွှင်တော်၊ သရုပ်ဆောင်တဦး ဖြစ်တဲ့ ဇာဂနာကတော့ မြန်မာ့ရုပ်ရှင် တိုးတက်ပြီး ပရိသတ်များ ရုပ်ရှင်ပိုကြည့်ဖို့အတွက် ရုပ်ရှင်ရုံများ ပိုဆောက်ပေးဖို့ လိုတယ်လို့ ပြောပါတယ်။
“ရုပ်ရှင် ပိုကြည့်ဖို့အတွက် ရုံတွေ ပိုဆောက်ပေးဖို့ လိုတယ်။ အခုဆိုရင် ရန်ကင်းမှာ ရုပ်ရှင်ရုံ မရှိဘူး။ တောင်ဥက္ကလာမှာ ရုပ်ရှင်ရုံ မရှိဘူး။ စမ်းချောင်း ၊ ကြည့်မြင်တိုင်မှာ မရှိဘူး။ မရှိဘဲနဲ့ ရုပ်ရှင်အောင်မြင်တယ်ဆိုတာ ရယ်စရာကြီး။ အဲဒီလို သဘောပေါ့။ ရုပ်ရှင်ရုံ မရှိဘဲ ရုပ်ရှင်လောက တိုးတက်တယ်ဆိုတာ ဟာသကြီး။ အဲဒါကြောင့် ကျနော် မပြောချင်ပါဘူး။ ကြိုးစားရမှာပေါ့”လို့ ဇာဂနာက ပြောပါတယ်။
ရုပ်ရှင်ရုံ မရှိဘဲ ရုပ်ရှင်လောက တိုးတက်နေတယ်လို့ ပြောတာဟာ ရယ်စရာ ဟာသတခု ဖြစ်နေပြီး ရုပ်ရှင်ကြည့်တဲ့ ပရိသတ် များများပေါ်လာမှ တိုးတက် အောင်မြင်တယ် ပြောပါရစေလို့ ဇာဂနာက ပြောပါတယ်။
“ရုပ်ရှင်ရုံ များများပေါ်လာမှ ရုပ်ရှင်ကြည့်တဲ့ ပရိသတ်များများပေါ်လာမှ ရုပ်ရှင်လောကကြီး တိုးတက်တယ်၊ အောင်မြင်တယ်လို့ ပြောပါရစေ။ အခုကတော့ တိုးတက်တယ်၊ အောင်မြင်တယ်ဆိုတာ ဟာသကြီး။ ၅၄ သန်းနဲ့ ၆ သိန်းနဲ့သာ ယှဉ်ကြည့်လိုက်တော့။ အဲဒါ အများဆုံးပဲ”လို့ ဇာဂနာက ပြောပါတယ်။
မြန်မာနိုင်ငံမှာရှိတဲ့ လူဦးရေနဲ့ ရုပ်ရှင်ကြည့်တဲ့ လူဦးရေကို ယှဉ်ကြည့်ပါက များစွာ ကွာဟနေပြီး ရုပ်ရှင်ကြည့်တဲ့ လူဦးရေ ၆ သိန်း မပြည့်တဲ့ တိုင်းပြည်ဟာ ဝမ်းသာစရာ မကောင်းဘူးလို့လည်း သူက ဆိုပါတယ်။
“မြန်မာ့ရုပ်ရှင်လောကက ကြည့်တဲ့ ပရိသတ် ၆ သိန်းထက် ပိုမများသေးဘူး။ မြန်မာပြည်မှာ လူဦးရေ ၅၄ သန်း ပြည့်တော့မယ်။ ရွှေ့ပြောင်းလုပ်သားတောင် ၂ ဒဿမ ၂ သန်း ရှိတယ်။ ရုပ်ရှင်ကြည့်တာ ၆ သိန်း မပြည့်သေးတဲ့ တိုင်းပြည်မှာ ဝမ်းသာစရာ မကောင်းသေးပါဘူး။ ကျနော်က အဲဒီလို တိတကျကျ ပြောချင်တာ” လို့ ဇာဂနာက ပြောပါတယ်။
ရုပ်ရှင်လောက တိုးတက်ဖို့အတွက် လူငယ်မျိုးဆက်သစ်များကို မွေးထုတ်ရမှာဖြစ်ပြီး နောက် တက်လာမယ့် လူငယ်မျိုးဆက်ရောက်မှသာ ရုပ်ရှင်လောက တိုးတက်တာကို မြင်တွေ့မှာဖြစ်တယ်လို့ ဇာဂနာက သုံးသပ်လိုက်ပါတယ်။ လူရွှင်တော်၊ သရုပ်ဆောင် ဇာဂနာကတော့ နိုင်ငံရေးပြက်လုံးများကြောင့် ထောင်ကျခဲ့ပြီးနောက်ပိုင်း သရုပ်ဆောင်အနေနဲ့ ရုပ်ရှင်ကား ၂ကားသာ လက်ခံ ရိုက်ကူးခဲ့တယ်လို့ သိရပါတယ်။
You may also like these stories:
မွေးရပ်မြေ မာန်အောင်မှာ ရုပ်ရှင်ရုံဆောက်ဖို့ ကြိုးစားနေတဲ့ သရုပ်ဆောင် နေတိုး
မွေးနေ့ မတိုင်ခင် သက်သတ်လွတ် စားနေတဲ့ အဆိုတော် X Box
အဆိုတော် အစ္စဏီအမှု နောက်ထပ် ရုံးချိန်းတွင် မှုခင်းဆရာဝန်ကို စစ်ဆေးမည်
ဘေဘီမောင်နဲ့ ဗမာလိုရော၊ ထားဝယ်လိုရော မင်္ဂလာဆောင်မယ်လို့ ပြောတဲ့ သားဂန်
The post “ပရိသတ်တွေ ရုပ်ရှင် ပိုကြည့်ဖို့ ရုပ်ရှင်ရုံတွေ ပိုဆောက်ပေးဖို့ လိုတယ်”လို့ ဇာဂနာ ပြော appeared first on ဧရာဝတီ.