Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အိမ်သာသွားနေတဲ့ ပရိသတ်ကို စောင့်ပြီးမှ ဖျော်ဖြေပွဲ ဆက်လုပ်ခဲ့တဲ့ စလင်းဒီယွန်

$
0
0

ကမ္ဘာကျော် အဆိုတော် စလင်းဒီယွန် (Celine Dion) ဟာ ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့တုန်းက အမေရိကန် ပြည်ထောင်စု၊ လတ်စ်ဗေးဂတ်မြို့မှာ ပြုလုပ်ခဲ့တဲ့ သူ့ရဲ့ နောက်ဆုံး ဖျော်ဖြေပွဲမှာ အများက မထင်မှတ်ထားတဲ့ ကိစ္စတခုကို ပြုလုပ်ခဲ့ပြီး အဲဒီအကြောင်းနဲ့ ပတ်သက်လို့ ပရိသတ်တွေရဲ့ ချီးကျူးမှုကို ခံခဲ့ရတာ တွေ့ရပါတယ်။

အဲဒီပွဲဟာ လတ်စ်ဗေးဂတ်မြို့မှာ ၁၆ နှစ်တာ ပြုလုပ်ခဲ့တဲ့ ဖျော်ဖြေပွဲတွေရဲ့ အဆုံးသတ်ဖြစ်တာကြောင့် ပရိသတ်အားလုံးအတွက် အမှတ်တရ ဖြစ်စေချင်ခဲ့တယ်လို့ စလင်းဒီယွန်က ဆိုပါတယ်။ ဒီပွဲဟာ သူ့အတွက် ၁,၁၄၁ ပွဲမြောက်ဖြစ်ပြီး ဖျော်ဖြေပွဲ အရပ်ရပ်ကနေ ရရှိခဲ့တဲ့ ဝင်ငွေဟာ ဒေါ်လာ သန်း ၄၀၀ ကျော် ရှိပြီလို့ သိရပါတယ်။

အဲဒီပွဲမှာ အသက် ၅၁ နှစ်အရွယ်၊ ကမ္ဘာကျော် အဆိုတော် စီလင်းဒီယွန်ဟာ သီချင်းအသစ် တပုဒ်ကို သီဆို ဖျော်ဖြေခဲ့ပြီး အဲဒီအချိန်မှာပဲ ရှေ့ဆုံးတန်းမှာ ထိုင်နေတဲ့ ပရိသတ်တယောက်က အိမ်သာ ထသွားခဲ့တာကို မြင်တွေ့လိုက်ရတာကြောင့် သူဟာ ဖျော်ဖြေပွဲကို ခဏနားပြီး အဲဒီ ပရိသတ်ကို စောင့်ဆိုင်းခဲ့ပါတယ်။

အဆိုပါ ပရိသတ် နေရာကို ပြန်မရောက်ခင်အထိ စောင့်ဆိုင်းခဲ့တာလည်း ဖြစ်ပါတယ်။ ပရိသတ်ပြန်ရောက်လာတဲ့အခါ စလင်းဒီယွန်က “ကျမ ရှင့်ကိုချစ်ပါတယ်” လို့ ပြောပါတယ်။ အဲ့ဒီနောက် “ဒါပေမဲ့ ကျမ ရှင့်လက်ကို ဆွဲပြီးနှုတ်ဆက်မှာတော့ မဟုတ်ဘူး။ အဲ့ဒါ ကျမ ရှင့်ကို မယုံဘူးဆိုတဲ့ အဓိပ္ပါယ်တော့ မဟုတ်ဘူးနော်” လို့ အရွှန်းဖောက် ပြောဆိုခဲ့ပါတယ်။

အဲဒီနောက်မှာတော့ “ကျမတို့အားလုံး ရှင့်ကို စောင့်နေကြတာ” လို့ စလင်းဒီယွန်က ပြောဆိုခဲ့ပါတယ်။ အဲဒီ ပရိသတ်က သူ့ကို ကျေးဇူးတင်စကားဆိုခဲ့ပြီးနောက် စလင်းက “ဒါပေါ့ သူက ကြေကွဲနေတာ။ ကျမ ပြောချင်တာက ဒီနောက်ဆုံး ဖျော်ဖြေပွဲကို လက်မှတ်နှစ်စောင်နဲ့ လာကြည့်ခဲ့တယ်။ သူကြေကွဲနေတယ်။ အဲ့ဒါကြောင့် ရှင်ပြန်လာဖို့ ကျမစောင့်နေခဲ့တာ”လို့လည်း ဆိုပါတယ်။

အခုလိုမျိုး အပြုအမူကိုတော့ အင်တာနက် အသုံးပြုသူတွေက ချီးကျူးခဲ့ကြတာကိုတွေ့ရပါတယ်။ စလင်းကတော့ စတိတ်စင်ပေါ်ဆီ သူ့ရဲ့ သား ၃ ယောက်ကို ခေါ်လာခဲ့ပြီး ၂၀၁၆ ခုနှစ်မှာ ကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့တဲ့ ခင်ပွန်း Rene Angelil အတွက် အမှတ်တရ အစီအစဉ်ကိုလည်း ပြုလုပ်ခဲ့ပါတယ်။

အဆိုတော် စလင်းဒီယွန်ဟာ မကြာခင် ထွက်ရှိလာတော့မယ့် “Courage” အယ်လ်ဘမ်ထဲက “Flying On My Own” သီချင်းအသစ်ကိုလည်း မိတ်ဆက် ဖျော်ဖြေခဲ့ပါတယ်။

Ref: etcanada

You may also like these stories:

ကွယ်လွန်သူ ခင်ပွန်းသည်အတွက် ဂုဏ်ပြုတေးသီဆိုခဲ့တဲ့ စလင်းဒီယွန်

အချမ်းသာဆုံး အမျိုးသမီး အဆိုတော်ဖြစ်လာတဲ့ ရီဟားနား

ပထမဆုံး ဘီလီယံနာ Hip-hop အဆိုတော် ဖြစ်လာတဲ့ Jay-Z

The post အိမ်သာသွားနေတဲ့ ပရိသတ်ကို စောင့်ပြီးမှ ဖျော်ဖြေပွဲ ဆက်လုပ်ခဲ့တဲ့ စလင်းဒီယွန် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...