Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

Myanmar Idol Season 4 ရဲ့ အကဲဖြတ်ဒိုင်အဖြစ် ပါဝင်မယ့် ဒါရိုက်တာ အောင်ကိုလတ်

$
0
0

ပရိသတ်အများစုက ဒါရိုက်တာ တယောက်အနေနဲ့ သိထားကြတဲ့ ဒါရိုက်တာ အောင်ကိုလတ်ကတော့ မကြာခင် ပြုလုပ်မယ့် Myanmar Idol Season 4 သီချင်းဆိုပြိုင်ပွဲမှာ ဒိုင်တဦးအနေနဲ့ ပါဝင်မှာဖြစ်ပြီး သူ သိကျွမ်းတဲ့ အနုပညာနဲ့ ပရိသတ်ချစ်တဲ့ Idol ကို ဆွဲခေါ်သွားမယ်လို့ ပြောပါတယ်။

“ကျနော်တို့ သိကျွမ်းတဲ့ အနုပညာနဲ့ လက်ရှိ ပရိသတ်ချစ်တဲ့ Idol ကို ဘယ်လို ဆွဲခေါ်ပေးရမလဲ။ ဒါကို ရွေးလိုက်တာပေါ့။ အသစ် အသစ်တွေကို Promote လုပ်ပေးချင်ပါတယ်။ Myanmar Idol မှာလည်း အကောင်းဆုံး၊ အဆိုနိုင်ဆုံး မိန်းကလေးသော် လည်းကောင်း၊ ယောကျာ်းလေးသော် လည်းကောင်း မျှော်လင့်နေပါတယ်။ ဒါကြောင့် ကျနော်လည်း အလုပ်မအားတဲ့ကြားက ရအောင် ရွေးပေးမှာပါ” လို့ အောင်ကိုလတ်က ပြောပါတယ်။

မြန်မာနိုင်ငံမှ တခြားသော သီချင်းဆိုပြိုင်ပွဲများနဲ့ မတူညီတဲ့အတွက် ဒီပွဲမှာ ဘယ်လို အကဲဖြတ်ပေးသွား မလဲ ဆိုတာကိုလည်း အခုလို ပြောပြခဲ့ပါတယ်။

“အခုချိန်မှာတော့ ပြောလို့ မရသေးဘူး။ ကျနော်တို့ကတော့ ဘယ်သူပဲဖြစ်ဖြစ်၊ လမ်းဘေးမှာ တီးနေတဲ့ ဘယ်သူပဲဖြစ်ဖြစ် အရမ်းကောင်းရင် ဝင်နားထောင်တာပဲ။ ကျနော်တို့က Music ချစ်တဲ့သူ၊ အဆိုချစ်တဲ့သူ ဆိုတော့ ဘယ်သူပဲဖြစ်ဖြစ် အားပေးရမှာပါ။ ဘယ်သူမဆို လာခဲ့၊ တယောက်ယောက်ကတော့ Idol ဖြစ်မှာပဲ” လို့ ဒါရိုက်တာ အောင်ကိုလတ်က ပြောပါတယ်။

လာရောက် ယှဉ်ပြိုင်တဲ့ ဘယ်လို ဂီတ အမျိုးအစားမဆို အကဲဖြတ် နားထောင်ပေးသွားမှာဖြစ်ပြီး ဆိုနိုင်တဲ့အပေါ်မှာသာ မူတည်ပြီး အကဲဖြတ်ပေးသွားမှာလို့ သူက ဆိုပါတယ်။

“သီချင်းက သီချင်းပဲ။ အရေးကြီးတာ မင်းဆိုနိုင်သလား။ ကျနော်ကတော့ အေးဆေးပဲ။ ကြိုက်တဲ့ဟာ လာပြိုင်ခွင့် ရှိတယ်။ မပြိုင်ရဘူးလို့ ပြောတဲ့သူ လာခဲ့။ ကျနော်လည်း ထွက်သွားမယ်။ Hip Hop မို့လို့ မပြိုင်ရဘူးဆို ကျနော် Myanmar Idol ကနေ ဒိုးသွားပြီ။ အကုန်လုံးက တန်းတူပဲ။ စောင်းနဲ့ လာလည်း Welcome ပဲ။ မယ်ဒလင်နဲ့လာလည်း Welcome ပဲ။ မြန်မာသံနဲ့ လာလည်း အေးဆေးပဲ” လို့ ဒါရိုက်တာ အောင်ကိုလတ်က ပြောပါတယ်။

ယခုနှစ်အတွက် ဒိုင်လူကြီးများအဖြစ် ဒါရိုက်တာ အောင်ကိုလတ်နဲ့အတူ အဆိုတော် တင်ဇာမော်၊ အဆိုတော် ဖြူဖြူကျော်သိန်းတို့က ပါဝင်သွားမှာ ဖြစ်ပါတယ်။ Myanmar Idol ဆိုရင် ပရိသတ်များက ဒိုင်လူကြီးများရဲ့ ဖက်ရှင်ကိုပါ တွဲမြင်ကြတဲ့အတွက် သူ့အနေနဲ့ရော ဘယ်လိုပြင်ဆင်ထားလဲဆိုတာကိုလည်း အခုလို ပြောပါတယ်။

“ကိုသိန်းတန်ရဲ့ ဖက်ရှင်ကတော့ လန်းတယ်။ သူကတော့ သူ့ပုံစံနဲ့သူပေါ့။ သူ့ မဟေသီကလည်း ဒီဇိုင်းလုပ်ပေးတယ် ကြားတယ်။ ကျနော့်မှာတော့ မဟေသီက မရှိတော့ဘူး။ နိဗ္ဗာန် ရောက်သွားပါပြီ။ ကျနော်ကတော့ ကျနော့်ပုံစံ အတိုင်းပါပဲ။ No Design Nothing။ ဦးလတ်ကို မြင်နေကျပုံစံပါပဲ။ တခါတလေကျရင် ဂျင်းနဲ့ လာရင်လည်း လာမှာပဲ”လို့ ဒါရိုက်တာ အောင်ကိုလတ်က ပြောပါတယ်။

ဒါရိုက်တာ အောင်ကိုလတ်ကိုတော့ ယနေ့ခေတ် ပရိသတ်အများစုက ဒါရိုက်တာအဖြစ် သိရှိကြသော်လည်း ၁၉၇၀ ခုနှစ်က စတင်ကာ အဆိုတော် တယောက်အနေနဲ့ ပွဲဦးထွက်ခဲ့သူ တဦးလည်း ဖြစ်ပါတယ်။

You May Also Like These Stories:

Myanmar Idol အဆိုပြိုင်ပွဲမှာ ပြိုင်ပွဲဝင်တွေကို အရင်ထက်ပိုပြီး ကြိုးစားသင်ပေးမယ့် ထရေဇီ

“Myanmar Idol သီချင်းဆိုပြိုင်ပွဲကို ပိုကောင်းအောင် တင်ဆက်မယ်”လို့ ကျော်ထက်အောင် ပြော

The post Myanmar Idol Season 4 ရဲ့ အကဲဖြတ်ဒိုင်အဖြစ် ပါဝင်မယ့် ဒါရိုက်တာ အောင်ကိုလတ် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...