Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“Myanmar Idol မှာ အန်ကယ် မပါတော့ အန်ကယ့်ကို လွမ်းနေပါတယ်”လို့ တင်ဇာမော် ပြော

$
0
0

Myanmar Idol သီချင်းဆိုပြိုင်ပွဲကို မကြာခင် ပြုလုပ်တော့မှာဖြစ်ပြီး ဒီနှစ်မှာတော့ ဒိုင်အဖြစ် ၂ နှစ်ဆက်တိုက် ပါဝင်ခဲ့တဲ့ အဆိုတော် မြန်မာပြည်သိန်းတန်ကတော့ Season 4 မှာ ပါဝင်လာခြင်း မရှိပါဘူး။ မြန်မာပြည်သိန်းတန် မပါဝင်တဲ့အတွက် ၂ နှစ်ဆက်တိုက် အတူတကွ ဒိုင်အဖြစ် ပါဝင်ခဲ့တဲ့ အဆိုတော် တင်ဇာမော်က အန်ကယ့်ကို လွမ်းနေတယ်လို့ ပြောပါတယ်။

“အန်ကယ် မပါတော့ဘူး။ အန်ကယ့်ကို လွမ်းနေပါတယ်။ အန်ကယ်က တုတ်ထိုးအိုးပေါက် ပြောတတ်တဲ့ ဒိုင်တဦးပေါ့။ ဒါလည်း အားလုံးက သိပြီးသားပါ။ အန်ကယ်က တကယ့် သဘာရင့်၊ ဝါရင့် ဂီတမှူးကြီးလေ။ သီချင်းလည်း ရေးနိုင်တယ်၊ ဆိုနိုင်တယ်၊ တီးနိုင်တယ်။ တကယ့်ကို တန်ဖိုးကြီးတဲ့ ဂီတပညာရှင်ပေါ့။ လွမ်းနေပါတယ်။ ဒိုင်တဦးအနေနဲ့ သတိရနေပါတယ်”လို့ အဆိုတော် တင်ဇာမော်က ပြောပါတယ်။

ဒီနှစ်မှာတော့ တင်ဇာမော်နဲ့အတူ ဒါရိုက်တာ အောင်ကိုလတ်၊ အဆိုတော် ဖြူဖြူကျော်သိန်းတို့က ဒိုင်အဖြစ်ပါဝင်သွားမှာ ဖြစ်ပါတယ်။

“အခု ပြောင်းလာတဲ့ ဒိုင် နှစ်ဦးမှာလည်း ဆရာ ဦးအောင်ကိုလတ်ဆိုရင်လည်း ဂီတမှူးပါပဲ။ သီချင်းရေးနိုင်တယ်၊ ဆိုနိုင်တယ်။ ဒါရိုက်တာလည်း ဖြစ်တယ်။ အရမ်း တော်ပါတယ်။ ကျမအနေနဲ့ သူနဲ့ အလုပ်အတူ လုပ်ရမယ်ဆိုတော့ သူ့ဆီက ဘာပညာတွေ သင်ယူရမလဲ။ အဲဒါကို ရင်ခုန်စွာနဲ့ စိတ်ဝင်စားနေပါတယ်။ သူနဲ့အတူ အလုပ်လုပ်ရင် သူက ဘယ်လိုမျိုး ခံယူချက်နဲ့ အလုပ်လုပ်မှာလဲ။ စိတ်ဝင်စားနေပါတယ်” လို့ တင်ဇာမော်က ပြောပါတယ်။

ဒီနှစ်မှာ အကဲဖြတ်ဒိုင်အဖြစ် ပါဝင်လာတဲ့ အဆိုတော် ဖြူဖြူကျော်သိန်းအပေါ် အမြင်ကိုလည်း တင်ဇာမော်က အခုလို ပြောပြခဲ့ပါတယ်။

“ဖြူဖြူဆိုလည်း ကျမရဲ့ ညီမလေးပါပဲ။ သူဆိုရင်လည်း သူ့ပုံစံနဲ့ တသီးတသန့်ကို ထူထောင်ထားတာလေ။ ပညာတွေ ရှိတယ်၊ အသိတွေ ရှိတယ်။ ဉာဏ်တွေ ရှိတယ်။ အတုယူရမယ့် အချက်တွေ အများကြီး ရှိတယ်ဆိုတော့ တကယ် အရည်အချင်းရှိတဲ့ ဒိုင် နှစ်ဦးနဲ့ အလုပ်တွဲ လုပ်ရတော့မှာဆိုတော့ ကလေးတွေကို ရွေးချယ်ပေးရင်းနဲ့ သင်ယူစရာရှိတာကို သင်ယူဖို့ ကြိုးစားနေပါတယ်”လို့ တင်ဇာမော်က ဆိုပါတယ်။

တင်ဇာမော်ကတော့ Myanmar Idol 2 မှ စတင်ကာ ယခုနှစ် Season 4 အထိ ပါဝင်လာခဲ့ပြီး ပြိုင်ပွဲဝင်ကြတဲ့ ဝါသနာရှင်များကို မြင်ရတာဟာ သူ့ကိုယ်သူ မြင်နေရသလို ခံစားရတယ်လို့ ဆိုပါတယ်။

“ကျမက သီချင်းဆိုချင်တဲ့ ဝါသနာရှင် ကလေးတယောက်ကနေ အခု ဒီနေ့၊ ဒီချိန်ထိ လျှောက်လှမ်းလာတဲ့အခါကျတော့ ကျမလိုပဲ လာရောက် ပြိုင်ပွဲဝင်တဲ့ ကလေးတွေကို မြင်လိုက်ရရင် ကိုယ့်ကိုယ်ကိုယ် ပြန်မြင်လိုက်ရသလိုပဲ ခံစားရတယ်။ အဲဒီအခါကျတော့ မွေးကတည်းက တတ်လာတဲ့သူက အရမ်းရှားတယ်။ မွေးကတည်းက ပါလာတဲ့ Talent ရှိတဲ့သူက အရမ်းတန်ဖိုးရှိတယ်။ အဲ့လို Talent ရှိတဲ့သူတောင် မသိတဲ့ အချက်တွေ ရှိတယ်။ အဲ့တော့ ဒီကလေးတွေက ဒီလောကကို အခုမှ လျှောက်လှမ်းလာကြတာ။ သူတို့မှာ အတွေ့အကြုံတွေ နည်းမယ်”လို့ တင်ဇာမော်က ပြောပါတယ်။

တင်ဇာမော်ကိုတော့ ပရိသတ်များက မျှတစွာ မှတ်ချက်ပေးနိုင်တဲ့ ဒိုင်တဦးအဖြစ် မှတ်ချက်ပေးကြပြီး သူမအနေနဲ့လည်း ဘယ်လိုမျိုး မှတ်ချက်ပေးဖြစ်လဲ ဆိုတာကို အခုလိုပဲ ပြောပါတယ်။

“ပြိုင်ပွဲတခုမှာ ဘယ်လိုကစားရမလဲ ဆိုတာကို စဉ်းစားနိုင်ဖို့က သိပ်ခက်ပါတယ်။ ကျမဆို ဒိုင်တဦးအနေနဲ့ သူတို့ရဲ့ကောင်းတဲ့ အချက်ကို သိအောင် သေချာပြောပြတယ်။ ပြီးရင် လိုနေတဲ့အချက်ကိုလည်း ပြောပြတယ်။ အဲဒါမှလည်း တဖြည်းဖြည်းနဲ့ ပြည့်စုံလာမှာလေ။ သူတို့ကြိုးစားဖို့တော့ လိုတာပေါ့။ မကြိုးစားရင် ဘာမှမတတ်နိုင်ဘူး။ အမုန်းခံပြီးလည်း သတိပေးရတယ်”လို့ တင်ဇာမော်က ပြောပါတယ်။

တင်ဇာမော်ကတော့ သီချင်းဆိုပြိုင်ပွဲမှတဆင့် ဝါရင့် အဆိုတော်တယောက်ဖြစ်လာခဲ့ပြီး ယနေ့တိုင် အောင်မြင်မှုများစွာ ရရှိနေတဲ့ သူတယောက်ပဲ ဖြစ်ပါတယ်။

You may also like these stories:

Myanmar Idol Season အသစ်မှာ ဒိုင်လုပ်ဖို့ မသေချာသေးဘူးလို့ ပြောတဲ့ တင်ဇာမော်

Myanmar Idol Season 4 ရဲ့ အကဲဖြတ်ဒိုင်အဖြစ် ပါဝင်မယ့် ဒါရိုက်တာ အောင်ကိုလတ်

Myanmar Idol အဆိုပြိုင်ပွဲမှာ ပြိုင်ပွဲဝင်တွေကို အရင်ထက်ပိုပြီး ကြိုးစားသင်ပေးမယ့် ထရေဇီ

“Myanmar Idol သီချင်းဆိုပြိုင်ပွဲကို ပိုကောင်းအောင် တင်ဆက်မယ်”လို့ ကျော်ထက်အောင် ပြော

The post “Myanmar Idol မှာ အန်ကယ် မပါတော့ အန်ကယ့်ကို လွမ်းနေပါတယ်”လို့ တင်ဇာမော် ပြော appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...