Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“နောက်တက်မယ့် ဥက္ကဋ္ဌကို ပြတ်ပြတ်သားသား လုပ်တဲ့သူမျိုး ဖြစ်စေချင်တယ်”

$
0
0

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌဟောင်းဖြစ်သူ လူမင်းက အစည်းအရုံး ဥက္ကဋ္ဌအနေနဲ့ ပြန်လည် လုပ်ကိုင်သွားမှာ မဟုတ်ဘူးလို့ မီဒီယာတွေကို ပြောပါတယ်။

“ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ပြန်လုပ်ဖို့တော့ အစီအစဉ် မရှိပါဘူး။ ကျနော် ဥက္ကဋ္ဌ လုပ်တုန်းက ၄ နှစ်တောင် လုပ်ခဲ့တာ။ တချို့ ဥက္ကဋ္ဌတွေဆို ၁ နှစ်၊ ၂ နှစ်ပဲ။ ၄ နှစ်ဆိုတဲ့ အချိန်မှာ ကျနော် ရိုက်နေရတဲ့ ကားတွေကို လျှော့ဖြတ်ပြီးတော့ လုပ်ခဲ့ပြီးပြီ။ လုပ်မယ်လို့ ဆုံးဖြတ်ချက်ချခဲ့တဲ့ အချိန်တုန်းကတော့ ဆုံးခန်းတိုင်အောင် ကျနော် လုပ်ခဲ့ပါတယ်”

“ကျနော်တို့ ခံယူတာကိုက ဒီအနုပညာလောကကနေ ကြွယ်ဝမှုတွေ အောင်မြင်မှုတွေ ရတာဆိုတော့ ဒီလောကကိုလည်း ပြန်ပြီး ဝိုင်းဝန်း ပံ့ပိုးရမယ်ဆိုတဲ့စိတ်မျိုး ခံယူထားတယ်။ အဲ့ဒါကြောင့် ကြုံရင် ကြုံသလိုတော့ ကူညီပေးဖြစ်တယ်”လို့ လူမင်းက ပြောပါတယ်။

နောက်တက်လာမယ့် ဥက္ကဋ္ဌနေရာကိုလည်း ရဲရဲတင်းတင်း ပြတ်ပြတ်သားသား လုပ်တဲ့သူမျိုးကို လုပ်စေချင်တယ်လို့ လူမင်းက ဆိုပါတယ်။

“ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ နေရာက တာဝန်ကြီးပြီးတော့ စိတ်ဖိစီးမှု အင်မတန်များတဲ့ နေရာ၊ လုပ်ရကိုင်ရတာ တကယ်ခက်တဲ့ နေရာပါ။ နောက်တက်မယ့် ဥက္ကဋ္ဌကို ပြတ်ပြတ်သားသားလုပ်တဲ့သူမျိုး လုပ်စေချင်တယ်။ ကျနော့်တုန်းကလည်း အဲ့လို ကြွေးကြော်ပြီး လုပ်ခဲ့ပေမယ့် လုပ်လို့မရ လုပ်လို့ ခက်ခဲတဲ့ အပိုင်းတွေ အများကြီး ကိုယ်တိုင် ရင်ဆိုင်ခဲ့ရတာတွေ ရှိတယ်။ အဲ့ဒါတွေ အကုန် ကျော်လွှားပြီး ကျနော်တို့ထက် ပြတ်သားနိုင်တဲ့ ဥက္ကဋ္ဌမျိုး တက်စေချင်တယ်”

“ရဲရဲတင်းတင်း ပြတ်ပြတ်သားသား လုပ်တဲ့သူကိုလည်း လုပ်စေချင်တယ်။ အဲ့လို လူမျိုးကိုလည်း ဝိုင်းထောက်ခံသင့်တယ်။ ကျနော်တို့ လောကသားတချို့က အမုန်းမခံဘူး။ ကောင်းမယ်မှန်းသိပေမယ့် လူမုန်းများမယ် မပြောနဲ့နေ ဆိုတာမျိုးတွေ ရှိတော့ အဲ့လိုမျိုး မဖြစ်စေချင်ဘူး။ ဥက္ကဋ္ဌလုပ်မယ့်သူကတော့ အမုန်းခံရမှာပဲ။ ကျနော်တို့လည်း အရင်က အကောင်း၊ ဥက္ကဋ္ဌလုပ်မှ မုန်းသွားတဲ့ ထုတ်လုပ်သူတွေ မိတ်တွေရော ရှိတယ်”လို့ လူမင်းက ပြောပါတယ်။

သရုပ်ဆောင် လူမင်းဟာ ၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၇ ခုနှစ်အတွင်းမှာ နုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။ လူမင်းက လက်ရှိအချိန်မှာ “အောင်ဆန်း” ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ အနေနဲ့ တာဝန်ယူ ရိုက်ကူးနေတာ ဖြစ်ပါတယ်။

You may also like these stories:

“မင်းသား၊ မင်းသမီးတွေရဲ့ ပါရမီဖြည့်ဖက်တွေက ပိုပြီးတော့ ခံနိုင်ရည်ရှိရမယ်”လို့ လူမင်း ပြော

အိမ်မပြန်ဖြစ်ဘဲ ပရဟိတတွေ လုပ်ကိုင်နေတဲ့ ထွန်းကိုကို

The post “နောက်တက်မယ့် ဥက္ကဋ္ဌကို ပြတ်ပြတ်သားသား လုပ်တဲ့သူမျိုး ဖြစ်စေချင်တယ်” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...