Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

မြေးဖြစ်သူကို ပညာရေး အဓိက လုပ်စေချင်တဲ့ ဒေါ်နွဲ့နွဲ့စမ်း

$
0
0

ဝါရင့်သရုပ်ဆောင် ဒေါ်နွဲ့နွဲ့စမ်းကတော့ အနုပညာကို ဝါသနာပါပြီး ပညာရေးမှာလည်း တော်တဲ့ သူ့ရဲ့ မြေးလေး ရာဇဝင်မင်းကို အနုပညာထက် ပညာရေးကို အဓိက လုပ်စေချင်တယ်လို့ ဆိုပါတယ်။

“မြေးလေးက အနုပညာ အရမ်းဝါသနာပါတယ်။ စာလည်း သိပ်တော်တော့ အမေတို့က အနုပညာလုပ်ဖို့ ခွင့်မပြုနိုင်သေးတာ။ အသက်ကလည်း ၁၆ နှစ်ပဲ ရှိသေးတော့ ငယ်သေးလို့ အနုပညာ မလုပ်စေချင်သေးဘူး။ ရွှေကြိုတောင် အမေ ပထမအဆင့် ထည့်ပေးတယ်။ နောက်အဆင့်တွေ အမေ မထည့်ပေးတော့ဘူး။ စာဘက် ပေါ့သွားမှာစိုးလို့”

“အနုပညာက နာမည် ကြီးလာမှလေ။ မကြီးရင် အာမခံချက် မရှိဘူး။ ပညာကိုပဲ ဦးစားပေးတယ်။ သူကတော့ သီချင်းတွေလည်း ဆိုတယ်။ Facebook မှာလည်း တင်တယ် ပြောတယ်။ သူ့အဘိုးကလည်း ဂီတကောင်စီ ဥက္ကဋ္ဌ ဦးတင်ဦးလေး၊ အဘွားကလည်း မင်းသမီး၊ သူ့အဖေကလည်း မင်းသားတြီကို အခုတော့ ဆုံးသွားပြီ” လို့ ဒေါ်နွဲ့နွဲ့စမ်းက ဆိုပါတယ်။

ဆက်ပြီး “အဲ့တော့ မြေးလေးကလည်း ဝါသနာပါတာပေါ့။ ၁၀ တန်း ပြီးရင်တော့ ဇာတ်ကား ရိုက်ပေးမယ် ပြောထားတယ်။ သူအပျော်တော့ လုပ်ရမယ်။ ပညာတော့ ဦးစားပေးရမယ်။ သူ့လည်း သင်တန်းတွေ တက်ခိုင်းမယ်။ အမေက အခုတော့ အနုပညာနဲ့ ပတ်သက်တာ ဘာမှ မပြောပြသေးဘူး။ စာပဲ လုပ်ခိုင်းသေးတယ်”

“မြေးလေးက ဝါသနာတော့ကြီးတယ်။ ဝါသနာကြီးတိုင်းလည်း မဖြစ်ဘူး။ ကြိုးစားအားထုတ်မှုတော့ လုံ့လ၊ ဝိရီယရော၊ သည်းခံမှု ၊ ပါရမီရော အကုန်လုံးရှိမှ ဖြစ်တဲ့လောက၊ အနုပညာတန်ဖိုးကိုတော့ နားလည်စေချင်တယ်။ အခုချိန်က ကလေးတွေက အနုပညာတန်ဖိုး နားမလည်ကြဘူး”လို့ ဒေါ်နွဲ့နွဲ့စမ်းက ပြောပါတယ်။

ဒေါ်နွဲ့နွဲ့စန်းရဲ့မြေးဖြစ်သူ ရာဇဝင်မင်းကလည်း အဘွားပြောသမျှ စကားကို နားထောင်ပါတယ်လို့ ဆိုပါတယ်။

“ကျနော့် နာမည်က ရာဇဝင်မင်းပါ။ အောင်အကယ်ဒမီမှာ ၁၀ တန်း တက်မှာပါ။ အဘွား ပြောသမျှနားထောင်တယ်။ အနုပညာကို အဘွားက ၁၀ တန်းပြီးရင် လုပ်ပေးမယ် ပြောတာပဲ။ ဘွားဘွားရုပ်ရှင်တွေ ကြည့်ပြီး လေ့လာဖြစ်တယ်။ သီချင်းတပုဒ်တော့ Facebook မှာ ဆိုထားတယ်။ အဲ့ထဲမှာ သရုပ်လည်း ဆောင်ထားတယ်။ ဆိုလည်း ဆိုထားတယ်”

“အဲ့သီချင်းက ရေးမြို့က ကျနော် သူငယ်ချင်း တယောက်နဲ့ နှစ်ယောက် အတူတူ ရေးဆိုဖြစ်ကြတာ။ ကျနော် အနုပညာရော၊ စာရော မျှမျှတတ လုပ်ချင်တယ်။ အနုပညာလောကထဲမှာတော့ ကိုစိုင်းစိုင်းကို ကြိုက်တယ်။ သူ့အားကျတယ်”လို့ ဒေါ်နွဲ့နွဲ့စမ်းရဲ့မြေး ရာဇဝင်မင်းက ပြောပါတယ်။

You may also like these stories:

“နောက်တက်မယ့် ဥက္ကဋ္ဌကို ပြတ်ပြတ်သားသား လုပ်တဲ့သူမျိုး ဖြစ်စေချင်တယ်”

“ကိုဗစ်ကာလမှာ အနုပညာရှင်တွေလည်း လှုပ်ရှားရုန်းကန်နေကြတာပါ”

ရုပ်ရှင်သမိုင်းပြတိုက်မှာ မိသားစုလိုက် မှတ်တမ်းတင်ခံရတဲ့ ခင်သီတာထွန်း

The post မြေးဖြစ်သူကို ပညာရေး အဓိက လုပ်စေချင်တဲ့ ဒေါ်နွဲ့နွဲ့စမ်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...