Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“ကျန်းမာရေးဌာနရဲ့ စည်းကမ်းတွေအတိုင်း နေကြပါ”လို့ ဟိန်းဝေယံ ပြော

$
0
0

သရုပ်ဆောင် ဟိန်းဝေယံက Stay Home ကာလမှာ အိမ်မှာနေရင်း လေ့လာချင်တဲ့ အကြောင်းအရာတွေကို အွန်လိုင်းကနေ လေ့လာဖြစ်တယ်လို့ ဆိုပါတယ်။

“Stay Home ကာလမှာ အိမ်ထဲမှာ နေဖြစ်တယ်။ လေ့လာချင်တာတွေ လေ့လာတယ်။ စာတွေ ဖတ်ဖြစ်တယ်။ ကျနော့်ကို Motivate ဖြစ်စေမယ့် အကြောင်းအရာမျိုးတွေ အွန်လိုင်းကနေ ကြည့်ဖြစ်တယ်။ အတွေးခေါ်ပိုင်းဆိုင်ရာတွေ လေ့လာဖြစ်ပါတယ်”

“ကျနော်က အပြင်ထွက်လည်း ပျော်တယ်။ အပြင်မထွက်လည်း ပျော်တယ်။ အိမ်မှာနေရလို့ ပျင်းနေတာမျိုးတော့ မရှိပါဘူး။ ကျနော်တို့ ရောဂါကြီးပြီးသွားရင် အနုပညာနဲ့ ပတ်သက်ပြီး အကောင်းဆုံးဖြစ်အောင်ကြိုးစားပြီး လုပ်သွားမှာပါ” လို့ ဟိန်းဝေယံက ပြောပါတယ်။

အနုပညာနဲ့ ပတ်သက်ပြီးလည်း ဟိန်းဝေယံက “ကျနော် အနုပညာလုပ်တိုင်း လုပ်တိုင်းလည်း အကောင်းဆုံး ဖြစ်အောင်ကြိုးစားသွားမှာပါ။ မျှော်လင့်ထားတာမျိုးလည်း မရှိဘူး။ အကောင်းဆုံးဖြစ်အောင်တော့ ကြိုးစားနေမှာပါ”လို့ ဆိုပါတယ်။

ဆက်လက်ပြီး ဒီလို COVID-19 ကာလမှာ တကမ္ဘာလုံးနီးပါး ရုပ်ရှင်ရိုက်ကူးရေးတွေ ရပ်နားထားရတဲ့ အပေါ်လည်း ဟိန်းဝေယံက အခုလိုပဲ ပြောပါတယ်။

“အခုလိုအချိန်မှာ တကမ္ဘာလုံး ကြုံနေရတဲ့ကာလမို့ ကျနော့် အနေနဲ့ ဇာတ်ကား ရိုက်ရတာ၊ မရိုက်ရတာနဲ့ ပတ်သက်ပြီး ထွေထွေထူးထူး ပြောချင်တာမျိုး မရှိပါဘူး။ ဇာတ်ကားတွေ ပြန်ရိုက်ကြရရင်လည်း ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ စည်းကမ်းတွေနဲ့အညီ ရိုက်သင့်တယ် ထင်ပါတယ်”လို့ ဟိန်းဝေယံက ပြောပါတယ်။

ကိုဗစ်ကာလအတွင်းမှာ ကျရောက်ခဲ့တဲ့ မွေးနေ့မှာလည်း လက်လှမ်းမီသလောက် အလှူအတန်းတွေ လုပ်ဖြစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

“ကျနော့် မွေးနေ့တုန်းက ကိုဗစ်ကာလမှာ ဖြစ်သွားတော့ ဘာမှတော့ ထွေထွေထူးထူး မလုပ်ဖြစ်ပေမယ့် လက်လှမ်းမီသလောက်တော့ အလှူတွေ လုပ်ဖြစ်ခဲ့ပါတယ်။ လောလောဆယ်တော့ ကိုဗစ်ကာလကြီးက ဘယ်လောက်ထိသွားမှန်း မသိသေးတော့ ရောဂါကြီးပြီးရင် မွေးနေ့ပြန်လုပ်ဖြစ်မလားဆိုတာတော့ မသိသေးပါဘူး။ အသက်တနှစ် ကြီးသွားပြီဆိုတော့ အမှားကင်းအောင် နေထိုင်နေပါတယ်။ လူက အမှားနဲ့ မကင်းတာမို့ ကိုယ်ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုပဲ လုပ်သွားမယ်”လို့ ဟိန်းဝေယံက ပြောပါတယ်။

COVID-19 ရောဂါဆိုးကြီးကိုလည်း အမြန်ဆုံး ပျောက်ကင်းအောင် ဆုတောင်းပေးနေတယ်လို့လည်း ဟိန်းဝေယံက ဆိုပါတယ်။

“အခုတော့ ဒီရောဂါကြီး အမြန်ဆုံး ပျောက်ကင်းစေဖို့တော့ ဆုတောင်းပေးတယ်။ နောက်အားလုံးအခက်အခဲတွေ ဖြစ်နေကြတော့ အာလုံး အခက်အခဲတွေ အဆင်ပြေချောမွေ့ကြဖို့ ဆုတောင်းပေးနေပါတယ်။ ဘယ်လိုအချိန်မျိုးမှာပဲဖြစ်ဖြစ် စည်းစနစ်လေးနဲ့ အသုံးပြုရင်တော့ အကောင်းဆုံးပါပဲ။ ကျနော်က အရင်ကတည်းက ချင့်ချိန်ပြီးသုံး တယ်။ တခါတလေလည်း လူငယ်သဘာဝ ဖြုန်းတဲ့သဘောမျိုးလည်း ရှိတာပေါ့။ အရာရာတော့ ချင့်ချိန်ပြီး နေဖြစ်ပါတယ်”

“ဒီရောဂါက မမြင်နိုင်တဲ့ အန္တရာယ်ရှိတဲ့ ရောဂါပိုး၊ တကမ္ဘာလုံး ကြုံနေရတဲ့ ရောဂါပိုး ဖြစ်တာကြောင့် အသိ၊ သတိနဲ့ အကောင်းဆုံး ကျော်လွှားသင့်တယ်လို့ ထင်တယ်။ စိုးရိမ်စိတ် တအား များနေလို့လည်း အဆင်မပြေဘူး။ အဲ့အတွက် ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ စည်းကမ်းအတိုင်း နေကြပါ” လို့ ဟိန်းဝေယံက ပြောပါတယ်။

You may also like these stories:

အချစ်ရေးသတင်းတွေကို စိတ်မပူကြဖို့ အုပ်စိုးခန့် ပြော

တကိုယ်တည်းသမားဖြစ်တဲ့အတွက် မိဘကို စောင့်ရှောက်နေတဲ့ ခန့်စည်သူ

“အင်တာနက်မှာ နေရာ တနေရာရဖို့ မလွယ်ဘူး”လို့ အမွန်း ပြော

The post “ကျန်းမာရေးဌာနရဲ့ စည်းကမ်းတွေအတိုင်း နေကြပါ”လို့ ဟိန်းဝေယံ ပြော appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...