Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ရွှေ့ပြောင်းလုပ်သားတွေ နေရပ်ပြန်ဖို့ လေယာဉ် စီစဉ်ပေးခဲ့တဲ့ အမီတာဘဂျမ်း

$
0
0

ဘောလိဝုဒ်မင်းသားကြီး အမီတာဘဂျမ်းဟာ မွမ်ဘိုင်းမှာ ပိတ်မိနေကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို သူတို့ရဲ့ နေရပ် ကျေးရွာတွေဆီ ပြန်ရောက်စေဖို့ ကူညီတဲ့အနေနဲ့ Uttar Pradesh ပြည်နယ်မှာရှိတဲ့ သူတို့ရဲ့ အိမ်တွေဆီ ပြန်နိုင်ဖို့ လူပေါင်း ၇၀၀ လောက်အတွက် အထူးလေယာဉ် ၄ စင်းကို ဇွန်လ ၁၀ ရက်နေ့မှာ စီစဉ်ပေးခဲ့တယ်လို့ သိရပါတယ်။

မင်းသားကြီးဟာ ရွှေ့ပြောင်းလုပ်သားတွေအတွက် ရထားတစင်း စီစဉ်ပေးချင်ခဲ့ပေမယ့် ပို့ဆောင်ရေး အစီအစဉ်က အလုပ်မဖြစ်ခဲ့ဘူးလို့ မင်းသားကြီးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တခုက ပြောပါတယ်။ အခုလို လေယာဉ် အစီအစဉ်တွေကို မင်းသားကြီး ဘဂျမ်းရဲ့ လမ်းညွှန်မှုနဲ့အတူ သူ့ရဲ့ သူငယ်ချင်းဖြစ်တဲ့ AB Corp Ltd ရဲ့ မန်နေဂျင်းဒါရိုက်တာ Rajesh Yadav က ဦးစီး စီစဉ်ပေးခဲ့တာလည်း ဖြစ်ပါတယ်။

လေယာဉ်တကြောင်းစီမှာ ခရီးသည် ၁၈၀ ခန့် လိုက်ပါခဲ့ပြီး ဇွန်လ ၁၀ ရက်မနက်ပိုင်းမှာ Allahabad ၊ Gorakhpur နဲ့ Varanasi မြို့တွေဆီ မွမ်ဘိုင်းမြို့ကနေ ထွက်ခွာခဲ့တယ်လို့ ဆိုပါတယ်။ အလုပ်သမားတွေ ပါဝင်မယ့် နောက်ထပ် လေယာဉ်ခရီးစဉ် ၂ ကြောင်းကတော့ ဇွန်လ ၁၁ ရက်နေ့မှာ ထွက်ခွာခဲ့ပါတယ်။

မင်းသားကြီးရဲ့ ကိုယ်စား မန်နေဂျင်းဒါရိုက်တာ Yadav က Lucknow၊ Allahabad ၊ Bhadohi နဲ့ Uttar Pradesh ပြည်နယ်က တခြားနေရာတွေမှာရှိတဲ့ ကျေးရွာတွေဆီရောက်နိုင်ဖို့ နယ်မြေရွှေ့ပြောင်းသူ ၃၀၀ လောက်အတွက် ဘတ်စ်ကား ၁၀ စီးကိုလည်း စီစဉ်ပေးခဲ့ပြီး ဖြစ်ပါတယ်။ အခုသီတင်းပတ် အစောပိုင်းမှာ မင်းသား Sonu Sood ဟာ အာသံပြည်နယ်က နယ်မြေရွှေ့ပြောင်းသူ ၁၈၀ လောက်ကို သူတို့ရဲ့ အိမ်တွေထံ ရောက်နိုင်ဖို့ အထူးလေယာဉ်တစင်းကိုလည်း စီစဉ်ပေးခဲ့ပါတယ်။

အလုပ်သမားတွေနဲ့ သူတို့ရဲ့ မိသားစုတွေ အိမ်ပြန်နိုင်ကြစေဖို့ ဘတ်စ်ကားတွေ စီစဉ်ပေးခဲ့တဲ့ မင်းသား Sood က Odisha, Bihar, Uttar Pradesh နဲ့ Jharkhan တို့လိုမျိုး ပြည်နယ်တွေက သူတို့ရဲ့ အိမ်တွေဆီ ပြန်နိုင်ဖို့ အလုပ်သမား ၂ သောင်းလောက်ကို ကူညီပေးခဲ့တယ်လို့လည်း ပြောဆိုထားပါတယ်။

အိန္ဒိယနိုင်ငံမှာ မတ်လ ၂၅ ရက်နေ့ကစလို့ ချမှတ်ခဲ့တဲ့ အသွားအလာ ကန့်သတ်ရေး အစီအစဉ်ကြောင့် နိုင်ငံတဝန်းလုံးမှာရှိတဲ့ ဒေသအသီးသီးမှာ သိန်းနဲ့ချီတဲ့ နယ်မြေရွှေ့ပြောင်းသူတွေဟာ ပိတ်မိခဲ့ကြပါတယ်။ အလုပ်နဲ့ ပိုက်ဆံ မရှိတာကြောင့် ကီလိုမီတာ ရာချီ၊ ထောင်ချီမှာရှိနေတဲ့ အိမ်တွေဆီ ပြန်ရောက်နိုင်ဖို့ လမ်းလျှောက်တာ၊ စက်ဘီးစီးတာ၊ ကားလမ်းကြုံစီးတာတွေကို လုပ်ဆောင်ခဲ့ကြပါတယ်။

Ref: PTInews

You may also like these stories:

“ကျန်းမာရေးဌာနရဲ့ စည်းကမ်းတွေအတိုင်း နေကြပါ”လို့ ဟိန်းဝေယံ ပြော

တကိုယ်တည်းသမားဖြစ်တဲ့အတွက် မိဘကို စောင့်ရှောက်နေတဲ့ ခန့်စည်သူ

The post ရွှေ့ပြောင်းလုပ်သားတွေ နေရပ်ပြန်ဖို့ လေယာဉ် စီစဉ်ပေးခဲ့တဲ့ အမီတာဘဂျမ်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...