Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အလုပ်အကြိုးစားဆုံး မင်းသားအဖြစ် Nicolas Cage မှတ်တမ်းဝင်

$
0
0

ဟောလိဝုဒ်မင်းသား Nicolas Cage ဟာ အလုပ်အကြိုးစားဆုံး မင်းသားဖြစ်တယ်ဆိုတာ အခုတော့ သက်သေ ပြသနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ IMDb, Fandango နဲ့ Business Insider တို့လို ရုပ်ရှင်သုံးသပ်ချက်တွေ ရေးနေတဲ့ မီဒီယာတွေကို ကိုးကားပြီး PartyCasino မီဒီယာက လွန်ခဲ့တဲ့ ၅ နှစ်အတွင်း အနုပညာလုပ်ငန်းရဲ့ ထိပ်တန်းမင်းသား ၁၀၀ ပါဝင်ခဲ့တဲ့ ရုပ်ရှင်တွေကို လေ့လာခဲ့ပါတယ်။

အဲ့ဒီလို သုတေသန ပြုချက်အရ မင်းသား Cage ဟာ ထိပ်ဆုံးမှာရှိနေပြီး မင်းသား Samuel L. Jackson က ဒုတိယနေရာမှာ ရောက်ရှိခဲ့တာ တွေ့ရပါတယ်။ အဲ့ဒီသုတေသနပြုချက်မှာ ၂၀၁၅ ခုနှစ်ကစလို့ ကိုရိုနာဗိုင်းရပ်စ် မဖြစ်မီ ၂၀၂၀ ပြည့်နှစ် အစောပိုင်းကာလအထိ ထွက်ရှိခဲ့တဲ့ ရုပ်ရှင်တွေမှာ ပါဝင်သရုပ်ဆောင်မှုကို လေ့လာထားတာလည်း ဖြစ်ပါတယ်။

ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်တာ၊ Credit အနေနဲ့ သရုပ်ဆောင်၊ ရေးသားသူ၊ ရိုက်ကူးသူလို့ ဖော်ပြခဲ့ရတဲ့ ဇာတ်လမ်းတို၊ မှတ်တမ်းရုပ်ရှင်တွေမှာ ပါဝင်ခဲ့ကြတဲ့ သရုပ်ဆောင်အားလုံးကို ထည့်သွင်းတွက်ချက်ထားတာလည်း ဖြစ်ပါတယ်။

ရုပ်သံစီးရီးတွေကိုတော့ အခုစာရင်းထဲကနေ ဖယ်ထုတ်ထားပါတယ်။ အဲ့ဒီလိုမျိုး စာရင်းပြုစုလိုက်တဲ့အခါမှာ “Dog Eat Dog” နဲ့ “Mandy” တို့လို အင်ဒီရုပ်ရှင်တွေကနေ အစပြုလို့ “Snowden” ရုပ်ရှင်အထိ အဓိကရုပ်ရှင်တွေမှာ ပါဝင်ခဲ့တဲ့ မင်းသား Cage ဟာ ရုပ်ရှင် ၂၇ ကားမှာ ပါဝင်ခဲ့ပါတယ်။

ဒါ့အပြင် မင်းသား Cage ဟာ “Spider-Man: Into The Spider-Verse” နဲ့ “Teen Titans Go! To The Movies” တို့လို အန်နီမေးရှင်းရုပ်ရှင် တော်တော်များများမှာလည်း အသံသရုပ်ဆောင်ခဲ့ပါတယ်။

သူ့ရဲ့နောက်မှာရှိတဲ့ မင်းသား Jackon ကတော့ MCU ရုပ်ရှင်တွေ၊ “The Hateful Eight”၊ “Kong: Skull Island” နဲ့ တခြားဧည့်သည်သရုပ်ဆောင် ၃ ခုအပါအဝင် ရုပ်ရှင် ၂၂ ကားမှာ ပါဝင်ခဲ့ပါတယ်။ နံပါတ် ၃ နေရာမှာ ရှိနေသူက မင်းသား ဘရက်ပစ်ဖြစ်ပြီး သရုပ်ဆောင်တဦးထက် “Vice” နဲ့ “Moonlight” တို့လို ရုပ်ရှင်တွေမှာ ထုတ်လုပ်သူအဖြစ် ပါဝင်ခဲ့တာကို တွေ့ရပါတယ်။

မင်းသမီးတွေဘက်မှာတော့ မင်းသမီး Margot Robbie က ထိပ်တန်း ၁၀၀ စာရင်းမှာ နံပါတ် ၅ နေရာကနေ ရပ်တည်ပါတယ်။ “Focus” နဲ့ “I, Tonya” တို့လိုရုပ်ရှင်တွေအပြင် ထုတ်လုပ်သူအဖြစ်လည်း ပါဝင်ခဲ့တဲ့ ရုပ်ရှင်က ၁၅ ကားတောင် ရှိပါတယ်။ မင်းသမီး Nicole Kidman က နံပါတ် ၉ နေရာကနေ ရပ်တည်ပါတယ်။

လွန်ခဲ့တဲ့ ၅ နှစ်အတွင်းမှာ သူဟာ “The Beguiled” ၊ “Bombshell” နဲ့ “Aquaman” ရုပ်ရှင်တွေမှာ ပါဝင်ခဲ့ပါတယ်။ အလုပ်အကြိုးစားဆုံး ကနေဒါ မင်းသားတွေထဲ မင်းသား Ryan Reynolds က ရုပ်ရှင် ၁၂ ကားနဲ့ နံပါတ် ၄၂ နေရာမှာ ရပ်တည်နေပါတယ်။

နောက်ထပ် ကနေဒါမင်းသား Ryan Gosling ကတော့ ရုပ်ရှင် ၆ ကားနဲ့ နံပါတ် ၈၆ မှာ ရှိပါတယ်။ အလုပ်အကြိုးစားဆုံး ဗြိတိသျှမင်းသားက Idris Elba ဖြစ်ပြီး ၅ နှစ်အတွင်း ရုပ်ရှင် ၁၇ ကားမှာ ပါဝင်ခဲ့လို့ နံပါတ် ၆ နေရာမှာ ရပ်တည်ခဲ့ပါတယ်။

Ref: etcanada

The post အလုပ်အကြိုးစားဆုံး မင်းသားအဖြစ် Nicolas Cage မှတ်တမ်းဝင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...