Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဂဠုန်ဦးစော ဇာတ်ရုပ် လူပြောင်းတဲ့အကြောင်း ပြောပြတဲ့ လူမင်း

$
0
0

“အောင်ဆန်း” ရုပ်ရှင်မှာ ဂဠုန်ဦးစော နေရာက သရုပ်ဆောင်မယ့် ဦးစောရဲ့ မြစ်ဖြစ်သူ ဇော်ဇော်ပိုင် ပါဝင် သရုပ်ဆောင် မဖြစ်တော့တဲ့အကြောင်း လူမင်းက အခုလိုပဲ ပြောပါတယ်။

“ဗိုလ်ချုပ်ရုပ်ရှင်နဲ့ ပတ်သက်ပြီး ဂဠုန်ဦးစော နေရာမှာ ပထမတုန်းက သရုပ်ဆောင်မယ့်သူက ဂဠုန်ဦးစောရဲ့ မြစ်အရင်းဖြစ်တဲ့ ကိုဇော်ဇော်ပိုင်က သူ့ရဲ့ အုပ်ထိန်းသူ ဖခင်နဲ့အတူ ဒီနေရာမှာ သရုပ်ဆောင်ချင်တယ်ဆိုပြီး ကမ်းလှမ်းလာတာပါ။ မိသားစုကိုယ်တိုင် စဉ်းစားပြီးမှ ပါပါပြောခဲ့ပါတယ်။ သူကိုယ်တိုင်ကလည်း အဘိုး၊ အဘေး လက်ထက်က ကျေးဇူးကို သူ့လက်ထက်မှာ ကျေးဇူးပြန်ဆပ်ချင်တယ်လို့ ပြောတာနဲ့ ပါဝင်ဖို့ ကမ်းလှမ်းလာတာပါ”လို့ လူမင်းက ပြောပါတယ်။

“အရှေ့မှာလည်း အကြိမ်ကြိမ် ဆွေးနွေးပြီးပါပြီ။ ပြင်ဆင်မှုအပိုင်းတွေလည်း လုပ်ပြီးပါပြီ။ ဒါပေမဲ့ တကယ် ရိုက်တော့မယ့်အချိန်မှာ မိဘအုပ်ထိန်းသူတွေရဲ့ သဘောဆန္ဒနဲ့ သရုပ်ဆောင်ဖို့ မဖြစ်နိုင်တော့ဘူးဆိုတာ အကြောင်းကြားလာလို့ ကျနော်တို့ကလည်း Urgent (အလျင်စလို) သရုပ်ဆောင်အသစ်ကို ခေါ်ရတာပါ။ အဓိကကတော့ ရုပ်အခြေခံလေး တူရင် ပိုကောင်းတာပေါ့”လို့ လူမင်းက ဆိုပါတယ်။

ဂဠုန်ဦးစောနဲ့ အခြေခံအားဖြင့် ရုပ်တူရုံတင်မကဘဲ သရုပ်ဆောင်နိုင်ဖို့လည်း လိုအပ်တယ်လို့ လူမင်းက ပြောပါတယ်။

“ဒါ့အပြင် သရုပ်ဆောင်မှုပေါ့။ လုံးဝ သရုပ်မဆောင်နိုင်တာမျိုးကျတော့လည်း မဖြစ်ဘူး။ ကျနော်တို့ Casting ဒါရိုက်တာက ပန်းချီစိုးမိုးပါ။ အဆင့်ဆင့် ရွေးချယ်မယ်။ ရုပ်အခြေခံကို အရင်ရွေးမယ်။ အသက်အရွယ်၊ အရပ်အမောင်း၊ သရုပ်ဆောင်နိုင်မှု ရှိ၊ မရှိ စစ်ဆေးမယ်။ ပြီးတော့မှ နောက်ဆုံးအနေနဲ့ ရွေးချယ်မယ်”လို့ လူမင်းက ပြောပါတယ်။

ဂဠုန်ဦးစောနေရာမှာ သရုပ်ဆောင် ဆုပန်ထွာရဲ့ အမျိုးသား ကိုဥက္ကာကျော်က လျှောက်လွှာတင်ထားပေမယ့် တခြားလျှောက်လွှာတင်ထားကြသူတွေနဲ့အတူ တန်းတူရွေးချယ်သွားမယ်လို့ ဆိုပါတယ်။

ဂဠုန်ဦးစော နေရာမှာ ပါဝင်သရုပ်ဆောင်ချင်တဲ့ ကိုဥက္ကာကျော်

“အဲဒီနေ့က Post တင်ပြီးတော့ Mention တွေ အများဆုံး အခေါ်ခံရတယ်ဆိုပြီးတော့ ကိုဥက္ကာကျော်ကလည်း ပြောတယ်။ ဆုပန်ထွာ ကိုယ်တိုင်ကလည်း ကျနော့်ကို ဖုန်းဆက်တယ်။ ရုပ်အခြေခံကလည်း တူတယ်။ သူကိုယ်တိုင်ကလည်း တကယ် ဝါသနာပါတယ်။ ဆန္ဒရှိတယ်ဆိုရင် လျှောက်လွှာတင်ဖို့ ကျနော်တို့က ကြိုဆိုတယ်လို့ ပြောထားတယ်။ အခုလည်း လျှောက်လွှာ လာတင်ပြီးပါပြီ”

“တခြားသူတွေကလည်း လျှောက်လွှာတင်ထားကြတယ်ဆိုတော့ တဦးတည်းအပေါ်မှာ Focus လုပ်လို့ မကောင်းဘူး။ အခုချိန်မှာ ဒါရိုက်တာလုပ်တဲ့သူက တယောက်တည်းကိုပဲ Focus လုပ်နေမယ်ဆိုရင် လျှောက်လွှာ တင်ထားတဲ့သူတွေအတွက် မမျှတရာ ကျမယ်လေ။ ဒါကြောင့် တခြားလျှောက်လွှာတင်ထားကြသူတွေနဲ့အတူ တန်းတူ ရွေးချယ်သွားမှာပါ။ ဗြိတိသျှ သရုပ်ဆောင်တွေတော့ လိုသေးတယ်။ ကျန်တာ အကုန်ရပါပြီ”လို့လူမင်းက ပြောပါတယ်။

“အောင်ဆန်း” ရုပ်ရှင် ရိုက်ကူးမှု အခြေအနေကတော့ ၈၀ ရာခိုင်နှုန်း ပြီးသွားပြီလို့ သိရပြီး ရိုက်ထားသလောက်ထိ အားရကျေနပ်တယ်လို့ လူမင်းက ဆိုပါတယ်။

“ရိုက်ကူးမှုကတော့ ၈၀ ရာခိုင်နှုန်း ပြီးသွားပြီ။ ၂၀ ရာခိုင်နှုန်းလောက်ပဲ ကျန်တော့တယ်။ ကျန်တဲ့ အခန်းတွေ ဘယ်တော့ ရိုက်ခွင့်ရမလဲ။ ရိုက်ခွင့်ရရင်လည်း ကျန်းမာရေးဌာနရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ အညီ ဘယ်လို ရိုက်လို့ရမလဲ ပြန်စီစဉ်ရမှာဆိုတော့ ဘယ်တော့ ရုံတင်မလဲတော့ ပြောမရသေးဘူး။ ရိုက်ပြီးသလောက်တော့ အားလုံး အားရကျေနပ်ပါတယ်”

“အခုလို အချိန်မှာလည်း လုပ်လို့ ရတာတွေ လုပ်ထားတယ်။ ဆင်ဆာ Pass ဖြစ်ပြီးမှ ပြရမယ်ဆိုလည်း ဆင်ဆာပြရမှာပေါ့။ ဆေးလိပ်သောက်တဲ့ အခန်းတွေ ဘယ်လိုလုပ်ရမလဲ စဉ်းစားနေတယ်။ ဒီတိုင်းပြည်မှာနေရင် ဒီတိုင်းပြည် ဥပဒေတိုင်းတော့ သွားရမှာပေါ့”လို့ လူမင်းက ပြောပါတယ်။

You may also like these stories:

ကိုဗစ်ပြီးရင် ဘာတွေ ပြင်ဆင်ရမလဲ တွေးထားတဲ့ အောင်ရေချမ်း

“နောက်တက်မယ့် ဥက္ကဋ္ဌကို ပြတ်ပြတ်သားသား လုပ်တဲ့သူမျိုး ဖြစ်စေချင်တယ်”

“ကိုဗစ်ကာလမှာ အနုပညာရှင်တွေလည်း လှုပ်ရှားရုန်းကန်နေကြတာပါ”

The post ဂဠုန်ဦးစော ဇာတ်ရုပ် လူပြောင်းတဲ့အကြောင်း ပြောပြတဲ့ လူမင်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...