Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ကောလာဟလ ဖြန့်နေသူတွေကို မင်းသား ဆောင်ဂျွန်ကီ တရားစွဲမည်

$
0
0

မင်းသား ဆောင်ဂျွန်ကီဟာ ရှေ့နေ အမျိုးသမီး တဦးနဲ့ တွဲနေတယ်ဆိုတဲ့ ကောလဟလသတင်းတွေ ထွက်ပေါ်လာခဲ့ပြီးနောက် သတင်းဖြန့်သူတွေကို တရားဥပဒေအရ အရေးယူသွားမယ်လို့ ပြောဆိုလိုက်ပါတယ်။ မင်းသားဟာ သူ့အကြောင်းကို မဟုတ်မမှန် ဖွနေတဲ့သူတွေကို တရားစွဲဆိုသွားမယ်လို့ ဆိုပါတယ်။

ထွက်ပေါ်လာတဲ့ သတင်းတွေကို ဆောင်ဂျွန်ကီရဲ့ အေဂျင်စီဘက်ကလည်း တရားဝင် ငြင်းဆိုထားပါတယ်။ ဒါပေမဲ့ အင်တာနက်ပေါ်က သတင်းတွေကို စောင့်ကြည့်နေကြတဲ့ netizens တွေကတော့ ဒီသတင်းကို အခိုင်အမာ ယုံကြည်နေကြတုန်းပါ။

“ဘယ်ကမှန်းမသိတဲ့ အခြေအမြစ် မရှိတဲ့ သတင်းတွေ ထွက်လာတာပါ။ ကျနော်တို့ မင်းသားကိုလည်း မေးကြည့် ပြီးပါပြီ။ ကောလာဟလ သက်သက်ပါ” လို့ ဆောင်ဂျွန်ကီရဲ့အေဂျင်စီ History D&C က ပြောဆိုလိုက်ပါတယ်။ ကိုရီးယား သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ မင်းသားဟာ ကောလာဟလ သတင်းဖွသူတွေကို ဥပဒေနဲ့အညီ အရေးယူဖို့ လုပ်ဆောင်နေပါတယ်။

မင်းသား ဆောင်ဂျွန်ကီနဲ့ ရှေ့နေ အမျိုးသမီးတို့ဟာ မိတ်ဆွေဆက်ဆံရေးသာဖြစ်ပြီး ထွက်ပေါ်နေတဲ့ ကောလာဟလ သတင်းတွေလို မဟုတ်ဘူးလို့ ဆိုပါတယ်။

“သူအရင်ကလည်း ဆောင်းဟေဂိုနဲ့ တွဲနေတာ မဟုတ်ဘူးလို့ မင်္ဂလာမဆောင်ခင်ထိကို ငြင်းနေတာပဲလေ။ အဲ့တုန်းကလည်း အရေးယူမယ်ပြောခဲ့ပြီး မင်္ဂလာဆောင်ခါနီးမှ အတည်ပြုခဲ့တာပဲ။ သူပြောတာတွေကို မယုံကြည်တော့ဘူး” လို့ netizen တယောက်က ရေးသားထားပါတယ်။

ဒါ့အပြင် “သူ (ဆောင်းဂျွန်ကီ) မင်္ဂလာ မဆောင်ခင်တုန်းကလည်း အရေးယူမယ် လုပ်ခဲ့သေးတယ်။ ကွာရှင်းတော့တခါ အရေးယူမယ် ပြောပြန်တယ်။ အခုလည်း ရှေ့နေနဲ့ တွဲနေတဲ့ သတင်းတွေကြောင့် အရေးယူမယ်ဖြစ်ပြန်ပြီ” လို့ နောက်ထပ် netizen တယောက်က ရေးသားထားပါတယ်။

အေဂျင်စီကတော့ သတင်းမှားတွေ ဆက်ဖြန့်နေဦးမယ်ဆိုရင် အဖြစ်မှန် မဟုတ်တာမို့ ဒါဟာ ဥပဒေကို ချိုးဖောက်တာဖြစ်လို့ ဥပဒေအရ အရေးယူသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

မီဒီယာတခုရဲ့ ညနေခင်း သတင်း ထုတ်လွှင့်နေချိန်မှာ မင်းသား ဆောင်ဂျွန်ကီနဲ့ သတင်းတွေ ထွက်နေတဲ့ ရှေ့နေ အမျိုးသမီးရဲ့ အချက်အလက် တချို့ကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အဆိုပါ ရှေ့နေဟာ မင်းသမီး ဆောင်ဟေဂိုနဲ့ ကွာရှင်းဖို့အတွက် စီစဉ်ဆောင်ရွက်ပေးနေတဲ့ ဥပဒေအကျိုးဆောင်ကြီးတခုကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။

Ref: CAN Lifestyle

You may also like these stories:

ဂဠုန်ဦးစော ဇာတ်ရုပ် လူပြောင်းတဲ့အကြောင်း ပြောပြတဲ့ လူမင်း

ချစ်သူထားရင် ကိုယ်ချင်းစာစိတ် ရှိတဲ့သူကို ရွေးမယ့် ချယ်ရီသင်း

“မြန်မာရုပ်ရှင်တွေမှာ သဘင်က ကူးလာတဲ့ အိုက်တင်တွေ များနေတယ်”

The post ကောလာဟလ ဖြန့်နေသူတွေကို မင်းသား ဆောင်ဂျွန်ကီ တရားစွဲမည် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...