Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ပရိသတ်နဲ့ အဆက်အသွယ် မပြတ်အောင် Tik Tok ရိုက်တဲ့ ယဉ်လက်

$
0
0

အနုပညာလုပ်ငန်းတွေ ရပ်တန့်နေချိန်မှာ ပရိသတ်တွေနဲ့ အဆက်အသွယ် မပြတ်အောင် Tik Tok ဗီဒီယိုတွေ ရိုက်ပြီး ဆိုရှယ်မီဒီယာမှာ တင်ဖြစ်တယ်လို့ ယဉ်လက်က ဆိုပါတယ်။

“Tik Tok ဗီဒီယိုတွေ ရိုက်ဖြစ်တာက အိမ်မှာ Stay home နေရတော့ ပရိသတ်တွေနဲ့ အဆက်အသွယ် ပြတ်သွားတယ်။ အနုပညာလုပ်ငန်းတွေကလည်း ရပ်တန့်နေတယ်။ တရားဝင် ရိုက်ကူးခွင့် မပေးသေးဘူးဆိုတဲ့အခါကျတော့ ပရိသတ်နဲ့ ရင်းနှီးအောင် Tik Tok တွေ ရိုက်ဖြစ်တာပါ”

“နောက်ပိုင်း ဒီ Tik Tok ကနေ အနုပညာလမ်းကြောင်းပေါ် ရောက်လာကြတဲ့သူတွေ ရှိတယ်။ အမြင်ပြောဖို့ကျတော့လည်း ကိုယ်တိုင်က အနုပညာသက်တမ်း နုသေးတော့ သမီးလည်း ကြိုးစားနေဆဲသူပါ။ ဆရာမကြီးလည်း မဟုတ်ပါဘူး။ အမြင်ပြောရရင် အများကြီးလည်း မပြောတတ်ပါဘူး။ အနုပညာလမ်းပေါ် ရောက်လာတာက အရမ်းလွယ်လာတယ်လို့တော့ ထင်တာပေါ့”လို့ ယဉ်လက်က ပြောပါတယ်။

ဆက်ပြီး ယဉ်လက်က အနုပညာလောကထဲ ရောက်ဖို့ သူတို့ ကြိုးစားခဲ့စဉ်က အချိန်နဲ့ အခုလက်ရှိ Tik Tok ရိုက်ပြီး လူသိများလာကြတဲ့သူတွေ ရှိတဲ့အပေါ်လည်း အခုလို ဆိုပါတယ်။

“ယဉ်လက်တို့ စပြီး ကြိုးစား ရုန်းကန်ရတဲ့အချိန်နဲ့ အခုချိန်မှာ ကြိုးစားရုန်းကန် ရတာတော့ ကွာတာပေါ့။ အချိန်တွေရော၊ လေ့ကျင့်မှုတွေရော ကွာတာပေါ့။ အက်ရှင်ရိုက်ဖို့ အက်ရှင်နဲ့ ပတ်သက်တဲ့ ပညာရပ်တွေကို နှစ်နဲ့ချီပြီး သင်ယူ လေ့လာဆည်းပူးပြီးမှ ဒီအနုပညာလောကထဲ ရောက်တာပေါ့”

“အဲ့တော့ ခက်ခဲမှုတွေက အများကြီးပေါ့။ အခုကျတော့ Tik Tok တွေ ရိုက်ရင်း လူသိများလာတော့ ပိုမြန်တယ်လို့ ထင်တယ်။ အများကြီးတော့ မပြောတတ်ဘူး။ အောင်မြင်လာသူတိုင်းတော့ မုဒိတာပွားပါတယ်”လို့ ယဉ်လက်က ပြောပါတယ်။

Stay home ကာလမှာ ဝိတ်မတက်အောင် အားကစား လုပ်ဖြစ်နေပြီး ခန္ဓာကိုယ်ကို ထိန်းနေရတယ်လို့လည်း ယဉ်လက်က ဆိုပါတယ်။

“လှလာတယ်လို့ ပြောကြတယ်။ မလှပါဘူး။ ဒီတိုင်းပဲ။ လှတယ်၊ ချစ်ဖို့ကောင်းတယ်ဆိုတာ ကြည့်တဲ့သူနဲ့ပဲ ဆိုင်တာပေါ့။ ချစ်တဲ့သူက ချစ်တဲ့ မျက်စိနဲ့ ကြည့်ရင် ချစ်တာလေး မြင်မယ်။ မုန်းတဲ့ မျက်စိနဲ့ ကြည့်ရင် မုန်းတာလေး မြင်မှာပေါ့။ ဝိတ်အရမ်းမတက်အောင် ထိန်းရတယ်”

“သမီးက အရင်ကတည်းက ပြည့်ပြည့်ဖောင်းဖောင်းလေး ဆိုတော့ အားကစား လုပ်နေလို့ သေးသေးပြည့်ပြည့်လေးဖြစ်နေတာ။ အခုချိန် Stay home ကာလမှာ ဝိတ်မတက်အောင်၊ နောက် အကြောပျော့အောင် ဖေဖေက လေ့ကျင့်ပေးတယ်။ ညနေဆို ကန်တော်ကြီး ပတ်ပြေးတယ်”လို့ ယဉ်လက်က ပြောပါတယ်။

သရုပ်ဆောင် ယဉ်လက်ကိုတော့ “သရာစောထိ” ရုပ်ရှင်ဇာတ်ကားကြီးကနေ ပရိသတ်တွေ စတင် သိရှိခဲ့တာဖြစ်ပြီး နိုင်ငံတော် ဂုဏ်ပြု ဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

You may also like these stories:

အရင်ခေတ်က ရုပ်ရှင် အမှတ်တရတွေအကြောင်း ပြောပြတဲ့ ထွန်းထွန်းဝင်း

ကောလာဟလ ဖြန့်နေသူတွေကို မင်းသား ဆောင်ဂျွန်ကီ တရားစွဲမည်

The post ပရိသတ်နဲ့ အဆက်အသွယ် မပြတ်အောင် Tik Tok ရိုက်တဲ့ ယဉ်လက် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...