Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ကျန်းမာရေးဝန်ထမ်းတွေကို အသက်အာမခံ စုပေါင်း လှူဒါန်းပေးမယ့် ဝတ်မှုံရွှေရည်

$
0
0

သရုပ်ဆောင် ဝတ်မှုံရွှေရည်က ကိုဗစ်ကာလအတွင်း အားလုံးရဲ့အရှေ့မှာ မားမားမတ်မတ် ရပ်တည်ပေးကြတဲ့ ကျန်းမာရေးဝန်ထမ်းများအတွက် အသက်အာမခံ အလှူလုပ်ဖို့အတွက် လုပ်မယ့်အကြောင်းပြောခဲ့ပါတယ်။

“အခု COVID – 19 ကာလအတွင်းမှာ အလှူလေးလည်း လုပ်ချင်တယ်။ လှူတဲ့အရာကလည်း တကယ့်ကို အကျိုးရှိစေချင်တာကြောင့် အားလုံးရဲ့အရှေ့မှာ မားမားမတ်မတ် ရပ်တည်ပေးနေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဆေးရုံမှ လုပ်အားပေးပြည်သူတွေအတွက် အလှူလေး ပေးချင်တယ်ဆိုတော့ သူတို့အတွက် အသက်အာမခံလေးကို ကစ်တို့ သူငယ်ချင်းတွေ စုပေါင်းပြီး လှူဒါန်းချင်လို့ပါ” လို့ ဝတ်မှုံရွှေရည်က ပြောပါတယ်။

ကိုဗစ်လူနာများကို အဓိကထားမယ့် ဖောင်ကြီးဆေးရုံမှာရှိတဲ့ ကျန်းမာရေးဝန်ထမ်း အယောက် ၄၀၀ အတွက် လိုအပ်တဲ့ အာမခံကို ဝန်ထမ်း ၁ ဦးအတွက်ငွေကျပ် ၁ သောင်း ကျသင့်မှာဖြစ်ပြီး ကျန်းမာရေးဝန်ထမ်းအနေနဲ့ တစုံတရာဖြစ်ပေါ်ပါက ငွေကျပ် ၁၀ သိန်း ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။

“ကစ်တို့ အခုလှူမယ့်ဆေးရုံကတော့ COVID-19 လူနာတွေကို အဓိကထားမယ့် ဖောင်ကြီးဆေးရုံမှာ ရှိတဲ့ ကျန်းမာရေး ဝန်ထမ်းအယောက် ၄၀၀ အတွက် လိုအပ်တဲ့ အသက်အာမခံ ကျန်းမာရေး ဝန်ထမ်း ၁ ဦးအတွက် ငွေကျပ် ၁၀,၀၀၀ ကျပ်ကျသင့်မှာဖြစ်ပြီး အကယ်လို့ အဲဒီ ကျန်းမာရေးဝန်ထမ်းမှာ တစုံတရာ ဖြစ်သွားခဲ့ရင် ၁၀ သိန်းရရှိမှာဖြစ်တဲ့အတွက် အားလုံးလှူရတာပိုပြီး ထောက်ပံ့ရာ ရောက်ပါတယ်” လို့ ဝတ်မှုံရွှေရည်က ပြောထားပါတယ်။

အဆိုပါ လှူဒါန်းမှုအတွက် စိတ်ပါဝင်စားတဲ့ သူများအနေနဲ့ လှူဒါန်းနိုင်ဖို့လည်း ဝတ်မှုံရွှေရည်က သူ့ရဲ့ Facebook Page မှာ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်များကိုလည်း ပေးထားပါတယ်။

“ကိုယ်နိုင်သလောက် ဝန်လေးကို မျှထမ်းကြဖို့ ရည်ရွယ်ရင်း ဒီ Post လေးကို တင်လိုက်တာပါ။ ကျန်းမာရေးဝန်ထမ်းများ အားလုံးကို လေးစားလျက်” လို့ ဝတ်မှုံရွှရည်က ဆိုပါတယ်။

သရုပ်ဆောင် ဝတ်မှုံရွှေရည်ကတော့ ကိုဗစ်ကာလအတွင်းမှာ လှူဒါန်းမှုများစွာ ပြုလုပ်ခဲ့ပြီး အခုလည်း လိုအပ်တဲ့နေရာတွေမှာ ထပ်မံ လှူဒါန်းဖို့ ပြုလုပ်နေတာ ဖြစ်ပါတယ်။

You may also like these stories:

သရုပ်ဆောင်ပိုင်းအပြင် ခန္ဓာကိုယ် အလှအပကိုပါ ထိန်းသိမ်း ဂရုစိုက်တဲ့ ဝတ်မှုံရွှေရည်

The post ကျန်းမာရေးဝန်ထမ်းတွေကို အသက်အာမခံ စုပေါင်း လှူဒါန်းပေးမယ့် ဝတ်မှုံရွှေရည် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...