Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အရိုးရဲ့ ၈ နှစ်ကြာဖန်တီးခဲ့တဲ့ ရုပ်စုံလက်ရာ စီးရီးထွက်ရှိ

$
0
0

တေးရေး၊ တေးဆို အရိုးရဲ့ “ရုပ်စုံလက်ရာ”လို့ အမည်ပေးထားတဲ့ တကိုယ်တော်တေးအယ်လ်ဘမ်ကို ဇန်နဝါရီ ၁၈ ရက်နေ့မှာ ဖြန့်ချိလိုက်ပြီလို့ သိရပါတယ်။ ဒီ တေးစီးရီးဟာ အရိုးရဲ့ ဒုတိယမြောက် တကိုယ်တော်တေးစီးရီးဖြစ်ပြီး အချိန် ၈ နှစ်ကြာပေးပြီး ဖန်တီးထားတဲ့ Audio CD လည်းဖြစ်ပါတယ်။

ဒီ တေးအယ်လ်ဘမ်ထဲမှာ မြန်မာတူရိယာများအပြင် လေမှုတ်တူရိယာများနဲ့ပါ ဖန်တီးထားတဲ့ တေးသီချင်းများလည်း ပါဝင်တယ်လို့ သိရပါတယ်။

“ရုပ်စုံလက်ရာ”ထဲမှာ ပါဝင်တဲ့ တေးသီချင်းများနဲ့ ပတ်သက်ပြီး တေးရေး၊ တေးဆို အရိုးက “ဒီ အခွေထဲမှာ ပြောင်းလဲ လာတဲ့ သီချင်းပုံစံတွေ၊ ကျနော်တို့ အသစ်လုပ်ကြည့်လို့ရလာတဲ့ ပုံစံတွေပါတယ်။ သီချင်းအမျိုးစုံတယ် ဆိုတဲ့အတွက် ရုပ်စုံလက်ရာ ဆိုပြီး နာမည်ပေးထားတာပါ။ ဒီအခွေထဲမှာ အသံဖမ်းတာက ဂျပန်ပညာရှင်ဆိုတော့ ဂျပန်ရိုးရာ တူရိယာလေးတွေလည်း သုံးခွင့်ရတယ်။ အဲ့ဒီအတွက်တော့ ကုန်ကျစရိတ်က များတယ်ပေါ့နော်။ ဒါပေမယ့် အသံထွက်က ကြီးကြီးမားမားပြောင်းလဲမှုကို ကျနော်တို့ကြုံရတယ်။ အရမ်းကောင်းလာတယ်” လို့ ဧရာဝတီကို ပြောပါတယ်။

တေးသီချင်းစာသား ဖန်တီးမှုအပိုင်းနဲ့ပတ်သက်ပြီး အရိုးက “သီချင်းတွေက စတိုရီပုံစံတွေပါမယ်။ နောက်ပြီး ဒီတခေါက် ကျနော်တို့ရဲ့အားသာချက်က ဆင်ဆာမရှိတော့တဲ့အတွက် ကျနော်တို့ရဲ့ အတွေးတွေ အကုန်လုံးကို ရေးလို့ရတဲ့အတွက် တခြားသောပုံစံအသစ်တွေ ၄ ပုဒ်လောက်ပါလာမယ်။ နောက်တခုက ပျော်ပျော်ကြီး ဆိုတီးခဲ့ပြီး ဘယ်တုန်းကမှ ဆင်ဆာမကျခဲ့တဲ့ သီချင်းတပုဒ်ပါလာတယ်။ ကျနော်တို့ရဲ့အသိုင်းအဝိုင်း ထဲမှာ အဲ့ဒီသီချင်းက ဆိုနေကျသီချင်း ကျားပေါက်နဲ့ကျနော် ဆိုထားတာပါ။ နောက်တပုဒ်က စိစစ်ရေးမကျခင်က အဲ့ဒီ သီချင်း ရေးရကောင်းလားဆိုပြီး ပြဿနာတက်ခဲ့ဖူးတယ်။ သီချင်းနာမည်က 19.6.2007 ဆိုတဲ့သီချင်းပါ။ အမေစုမွေးနေ့ကို သူအကျယ်ချုပ်ကျစဉ်တုန်းက အကြောင်းအရာကို ရေးထားတဲ့တပုဒ်ပါ” လို့ ဆိုပါတယ်။

ယခုထွက်ရှိထားတဲ့ ရုပ်စုံလက်ရာထဲမှာ သီချင်းစုစုပေါင်း ၁၂ ပုဒ် ပါဝင်ပြီး ရုပ်စုံလက်ရာ၊ တရက်ချင်းပဲသွား၊ ယိုင်တိုင်ယိုင်တိုင်မဟာပုရိသ၊ ညစာ၊ ဘယ်ညာတစုံ၊ သမီးလေး၊ ပြေး၊ ပန်းချီ၊ လုံမတွေ၊ လေမုန်တိုင်းထဲ၊ 19.6.2007 ၊ ခေတ်ပညာတတ် အစရှိတဲ့ တေးသီချင်းတွေ ပါဝင်ပါတယ်။

ဇန်နဝါရီ ၁၈ ရက်နေ့မှာ The Sun Music ကနေ ဖြန့်ချိထားခဲ့ပြီး စီးရီးတချပ်ကို မြန်မာကျပ်ငွေ ၃၀၀၀ ကျပ်နဲ့ ရောင်းချ ပေးသွားမှာဖြစ်ပါတယ်။

The post အရိုးရဲ့ ၈ နှစ်ကြာဖန်တီးခဲ့တဲ့ ရုပ်စုံလက်ရာ စီးရီးထွက်ရှိ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...