Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all 7343 articles
Browse latest View live

ဗီလိန်ဇာတ်ရုပ်ကို အားပေးလို့ အားရှိတယ် ဆိုတဲ့ “မေပန်းချီ”

$
0
0

ဗီလိန်ဇာတ်ရုပ်ကို ပီပီပြင်ပြင်သရုပ်ဆောင်နိုင်တဲ့ မေပန်းချီက “ နေရယ်၊ လရယ်၊ အမှန်တရားရယ်” ကားထဲမှာလည်း အခွန်ရုံးက ဝန်ထမ်းနေရာမှ သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

“ပန်းချီအတွက် “နေရယ်၊ လရယ်၊ အမှန်တရားရယ်” ဇာတ်ကားမှာ နည်းနည်းခက်ခဲတယ်။ စကားတွေကို တသွေမတိမ်း မှားလို့မရဘူး။ နိုင်ငံတရားဥပဒေမျှတတဲ့ ဟာတွေနဲ့ဆိုတော့ ဒိုင်ယာလော့ခ်တွေက ခက်တယ်။ ပီပီသသပြောရတယ် ပန်းချီက မွန်မဆိုတော့ စကားသိပ်မပီတာလည်း ခက်ခဲတယ်”

“ဒီကားထဲမှာ အခွန်ရုံးက ဝန်ထမ်းနေရာက သရုပ်ဆောင်ရမှာပါ။ အရင်ခေတ်တုန်း ဗီလိန်နေရာမျိုးဆို အရမ်းမုန်းမှာပဲ။ ဒီဘက်ခေတ်မှာကတော့ အဲ့တာတွေမရှိတော့ဘူး။ ဗီလိန်ဆိုတော့ အားပေးကြတယ်။ အဲ့အတွက် အားနည်းနည်း ရှိတယ်။ ပန်းချီ ဒီကားမှာ ဗီလိန်သရုပ်ဆောင်ရမှာ တကယ်ဖြစ်နေတဲ့ အမှန်တရားတွေကို ရိုက်ပြထားတာဖြစ်တယ်။ ပန်းချီရိုက်ခဲ့တဲ့ ကားတွေထဲမှာ ဒီကားက ပန်းချီအတွက် အနှစ်သာရ အရမ်းရှိတယ်လို့ ထင်တယ်”

” အစချိတ်တုန်းကတော့ ငြင်းဖို့စဉ်းစားသေးတယ်။ ဗီလိန်မလုပ်ချင်ဘူးပေါ့။ ဆိုင်ကလည်း တဖက်ဆိုတော့ ငြင်းခဲ့တဲ့တယ်။ သေချာဇာတ်ကို ဖတ်လိုက်တော့မှ ပြည်သူအတွက် ပညာရမယ့် စီးရီးတွဲလေးမလို့ ရိုက်ဖြစ်ခဲ့တယ်။ ပန်းချီတို့ အခု Facebook တွေမှာလည်းတွေ့တယ်” လို့ မေပန်းချီ ဆိုပါတယ်။

ဆက်လက်ပြီး မေပန်းချီက မန္တလေးမြို့မှာဒုစရိုက်မှုများဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီးလည်း မေပန်းချီက သူရဲ့ အမြင်ကို အခုလိုဆိုပါတယ်။

“မန္တလေးက သူငယ်ချင်းတွေကိုလည်း ဖုန်းဆက်တော့ ညဘက်ဆို လူတွေမရှိတော့ဘူး ပြောတယ်။ လွတ်လွတ်လပ်လပ်မရှိတော့ဘူးပေါ့။ ပြီးတော့ ဘာမဟုတ်တာလေးနဲ့ ဖြစ်နေကြတော့ မဖြစ်စေချင်ဘူးပေါ့။ မန္တလေးမှာဆိုရင်လည်း သီချင်းသွားဆိုရတော့ ညသန်းခေါင်မှ ပြန်ရတော့ ကြောက်တယ်” လို့ ဆိုပါတယ်။

လတ်တလောမှာတော့ မေပန်းချီ ရဲ့ ခွေးလေးက ကားတိုက်ခံရပြီးသေဆုံးသွားတယ်လို့ဆိုပြီး သူ့ရဲ့ခွေးလေးနဲ့ ပတ်သက်တဲ့ခံစားချက်ကို အခုလိုဆိုပါတယ်။

“ပန်းချီ ခွေးလေးကို စမွေးတည်းက သူများတော့ ယုံတာမယုံတာမသိဘူး။ ပန်းချီသူ့ကိုအရမ်းချစ်တယ်။ သူ့ကို မွေးလိုက်ချိန်မှာ ပန်းချီဘဝအရမ်းပြောင်းလဲသွားတယ်လို့ ခံစားရတယ်။ သူ့ကိုမွေးတဲ့အချိန်မှာ ကားတွေရိုက်ရတယ်။ ကားတွေဝယ်နိုင်တယ်။ စီးပွားတက်တယ်။ အိမ်ရာထဲမှာ ကားတိုက်သွားတယ်”

“ပန်းချီ အထီးကျန်တုန်းက ရည်းစားမရှိတဲ့ အချိန်တုန်းက ခွေးလေးမွေးဖြစ်တယ်။ နောက်ထပ်လည်း ခွေးလေးတွေ မဝယ်ချင်တော့ဘူး၊ မမွေးချင်တော့ဘူး။ ဘာလို့လဲဆို ပန်းချီတို့ ချစ်လို့ဆိုပြီးဝယ်တယ်။ ကိုယ်ကခရီးတွေ သွားနေရတော့ အိမ်ကမိဘတွေကပဲ လုပ်ပေးနေရတယ်။ ကိုယ်ကမိဘကိုမပြုစုရဘူး။ မိဘတွေကပဲ ပိုပင်ပန်းတယ်။ ဒါကြောင့် မမွေးဖြစ်တော့ဘူး။ အိမ်မှာတော့ ခုတော့ အဲ့ခွေးလေးရဲ့ မိန်းမနဲ့ ကလေးကျန်နေပါသေးတယ်’’ လို့ ပြောပါတယ်။

The post ဗီလိန်ဇာတ်ရုပ်ကို အားပေးလို့ အားရှိတယ် ဆိုတဲ့ “မေပန်းချီ” appeared first on ဧရာဝတီ.


ကမ္ဘာကျော်ဟာသရုပ်ရှင် “Police Academy” ဇာတ်လမ်းအသစ် မကြာမီလာမည်

$
0
0

မင်းသား Steve Guttenberg က ကမ္ဘာကျော် “Police Academy” ရုပ်ရှင်အသစ်ကို မကြာမီ မြင်တွေ့ရမှာ ဖြစ်တယ်လို့ လူမှုကွန်ရက်မီဒီယာပေါ်မှာ ကြေညာခဲ့ပါတယ်။

“Police Academy” အတွဲလိုက် ရုပ်ရှင်ဟာ ၁၉၈၄ ခုနှစ်က ဒါရိုက်တာ Hugh Wilson ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်နဲ့ အစပြုခဲ့တာလည်း ဖြစ်ပါတယ်။ အဲဒီပထမဆုံး ရုပ်ရှင်မှာတော့ Guttenberg, Kim Cattral နဲ့ G.W. Bailey တို့အပြင် အခြားဟာသသရုပ်ဆောင်တွေလည်း ပါဝင်ခဲ့ပါတယ်။

ရုံဝင်ငွေစာရင်းမှာတော့ အဲဒီရုပ်ရှင်ဟာ ထင်မှတ်မထားရလောက်အောင်ကို အောင်မြင်ခဲ့ပြီး ၁၉၈၀ နဲ့ ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ နောက်ဆက်တွဲ ရုပ်ရှင်တွေ ဆက်တိုက် ရိုက်ကူးခဲ့ရတဲ့အထိ အောင်မြင်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂၀၀၀ ပြည့်နှစ်အစောပိုင်းကာလများမှာတော့ အဋ္ဌမမြောက် “Police Academy” ရုပ်ရှင် ရိုက်ကူးတော့မှာ ဖြစ်တဲ့အကြောင်း ကောလာဟလတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။ ကံမကောင်းချင်တော့ အဲဒီရုပ်ရှင်ကို ၂၀၀၆ ခုနှစ် အထိ ရွှေ့ဆိုင်းခဲ့ပြီး ဆယ်စုနှစ်တခုကျော်ကြာ ရိုက်ကူးရေး လုပ်ငန်းကို ရပ်နားခဲ့ရပါတယ်။

ရုပ်ရှင်နဲ့ ပတ်သက်လို့ နောက်ဆုံးသတင်းကတော့ ဇာတ်ညွှန်းရေးဆရာ Jeremy Garelick ကို ဇာတ်ညွှန်းရေးသားဖို့ ငှားရမ်းလိုက်တာပဲ ဖြစ်ပါတယ်။

Twitter မှာ ပရိသတ်တဦးရဲ့ မေးခွန်းကို တုံ့ပြန်ဖြေကြားရာမှာတော့ ရုပ်ရှင်မှာ တပ်ကြပ် Mahoney အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသား Steve Guttenberg က “Police Academy 8” ရုပ်ရှင်ကို ဖန်တီးနေပြီ ဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။ သူက “နောက်ထပ် Police Academy ရုပ်ရှင်လာတော့မှာပါ။ အသေးစိတ်ကိုတော့ မသိရသေးပေမယ့် လက်ဆောင်အနေနဲ့ အသင့်ဖြစ်နေပါပြီ” လို့ ရေးသားခဲ့တာ ဖြစ်ပါတယ်။

Police Acadamy ရုပ်ရှင်တွေဟာ တူညီတဲ့အကြောင်းအရာတခုအပေါ်မှာပဲ အခြေခံထားတဲ့ ဟာသရုပ်ရှင် ဖြစ်ပါတယ်။ ရဲအကယ်ဒမီတခုမှာ တပ်သားအသစ်တွေဖြစ် သင်တန်းတက်ရောက်နေသူတွေနဲ့ နည်းပြတွေ အကြားက အခက်အခဲ၊ အလွဲအချော်တွေကို ဟာသနှောပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။

ရဲအရာရှိတွေအဖြစ် ပါဝင်သရုပ်ဆောင်ကြတဲ့သူတဦးချင်းထံမှာလည်း မတူညီတဲ့ စွမ်းရည်တွေနဲ့ ပြည်သူတွေအပေါ် အကာအကွယ်ပေးဖို့ အမြဲအဆင်သင့်ရှိနေကြတဲ့အကြောင်း ဇာတ်အိမ်တည်ထားတာ ဖြစ်ပါတယ်။

Ref: screenrant

The post ကမ္ဘာကျော်ဟာသရုပ်ရှင် “Police Academy” ဇာတ်လမ်းအသစ် မကြာမီလာမည် appeared first on ဧရာဝတီ.

xXx ရုပ်ရှင်အသစ်မှာမြင်တွေ့ရဦးမယ့် ဘောလိဝုဒ်မင်းသမီး Deepika Padukone

$
0
0

ကမ္ဘာကျော် မင်းသား Vin Diesel နဲ့အတူ “xXx: Return of Xander Cage” ရုပ်ရှင်မှာ အတူတွဲပြီး သရုပ်ဆောင်ခဲ့တဲ့ နာမည်ကျော်ဘောလိဝုဒ်မင်းသမီး Deepika Padukone ဟာ xXx ရဲ့ စတုတ္ထမြောက် နောက်ဆက်တွဲ ရုပ်ရှင်မှာ ပါဝင်မယ့်အကြောင်း အဲဒီရုပ်ရှင် ဒါရိုက်တာ DJ Caruso က အတည်ပြု ပြောကြားလိုက်ပါတယ်။

Twitter မှာ ဒါရိုက်တာ Caruso က တရုတ်အဆိုတော်၊ သရုပ်ဆောင် Roy Wang ကိုလည်း အခုလိုမျိုး xXx မိသားစုမှာ ပါဝင်လာတဲ့အတွက် ကြိုဆိုတဲ့အကြောင်း ပြီးခဲ့တဲ့ စက်တင်ဘာလ ၃ ရက်နေ့က ရေးသားပြောဆို ခဲ့ပါတယ်။

အဲဒီအကြောင်းအရာမှာ လူမှုကွန်ရက်မီဒီယာ အသုံးပြုသူတဦးက “Deepika Padukone ကရောဘယ်လိုလဲ။ သူရော ရုပ်ရှင်မှာပါဝင်လာမှာလား” လို့ မေးမြန်းခဲ့ပါတယ်။ အဲဒီအခါ ဒါရိုက်တာ Caruso က “ဟုတ်ပါတယ်” လို့ အက်ရှင်အခြေခံရုပ်ရှင်မှာ နာမည်ကျော် မင်းသမီးပါဝင်လာမယ့်အကြောင်း အတည်ပြုခဲ့ပါတယ်။

မင်းသမီး Deepika ရဲ့ ရုပ်ရှင်ရိုက်ကူးရေး အချိန်ဇယားနဲ့ ပတ်သက်လို့ မေးမြန်းရာမှာတော့ Caruso က “ဇာတ်ညွှန်းကိုရေးသားနေဆဲမလို့ အချိန်ဇယားရေးဆွဲနေတုန်းပါ” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

မင်းသမီး Deepika ဟာ’xXx: Return of Xander Cage’ ရုပ်ရှင်နဲ့ ဟောလိဝုဒ် ရုပ်ရှင်လောကထဲ ဝင်ရောက်လာခဲ့ သူဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့နှစ်မှာ မင်းသား Diesel ဟာ အိန္ဒိယနိုင်ငံကို ရောက်ရှိလာခဲ့ပြီး ဒါရိုက်တာ Caruso နဲ့ မင်းသမီး Deepika တို့နဲ့အတူ xXx ရုပ်ရှင်မြှင့်တင်ရေး ပြုလုပ်ခဲ့ပါတယ်။

xXx ရုပ်ရှင်အတွဲရဲ့ ပထမဆုံးအစ ရုပ်ရှင်က xXx ဖြစ်ပြီး ၂၀၀၂ ခုနှစ်မှာဖြန့်ချိခဲ့တာဖြစ်ပါတယ်။ ဒုတိယရုပ်ရှင်ကတော့ ၂၀၀၅ ခုနှစ်မှာ ရုံတင်တဲ့ ‘xXx: State of the Union’ ရုပ်ရှင်ဖြစ်ပါတယ်။ တတိယမြောက် ‘xXx’ ရုပ်ရှင်မှာတော့ မင်းသမီး Deepika က Serena Unger အဖြစ် ပါဝင်ထားပြီး ကမ္ဘာတဝန်း ရုံဝင်ငွေ ဒေါ်လာ သန်း ၃၀၀ ကျော် ရရှိခဲ့ပါတယ်။

အိန္ဒိယနိုင်ငံရဲ့ အနုပညာကြေး အများဆုံး မင်းသမီးတဦးဖြစ်တဲ့ Deepika ဟာ ထိပ်တန်း Filmfare Award ဆု ၃ ခုအပါအဝင် ဆုများစွာ ရရှိထားသူဖြစ်ပါတယ်။

Ref:timesofindia

The post xXx ရုပ်ရှင်အသစ်မှာမြင်တွေ့ရဦးမယ့် ဘောလိဝုဒ်မင်းသမီး Deepika Padukone appeared first on ဧရာဝတီ.

ကမ္ဘာကျော်တွေရဲ့ ထူးဆန်းတဲ့ ကြောက်စိတ်လွန်ကဲမှု ရောဂါများ

$
0
0

လူတိုင်းမှာ ကြောက်စိတ်ဆိုတာ ရှိပါတယ်။ တချု့ိက အမှောင်ကို ကြောက်တယ်။ တချို့က အမြင့်ကို ကြောက်တယ် စသဖြင့် အမျိုးမျိုးပါပဲ။ ဒီတခါပြောပြပေးမှာကတော့ ကမ္ဘာကျော်တွေရဲ့ ထူးဆန်းတဲ့ ကြောက်စိတ်လွန်ကဲတဲ့ ရောဂါတွေ ဖြစ်ပါတယ်။

တချို့တွေက တကယ်ကို ထူးထူးဆန်းဆန်းတွေ ကြောက်တတ်ကြတာဖြစ်လို့ ရီရသလို စိတ်ဝင်စားဖို့လည်း ကောင်းပါတယ်။

(၁) Scarlatt Johansson

 

 

အမျိုးသားထုကြီးရဲ့ အချစ်တော်ဖြစ်တဲ့ စကားလက်ကတော့ ငှက်တွေကို ကြောက်တာပါ။ သူမဟာ ငှက်တွေ တောင်ပံခတ်ပြီး ပျံသန်းနေတာကို ကြောက်တတ်တာဖြစ်ပါတယ်။ သူမရဲ့ ပြောကြားချက်အရတော့ သူမရဲ့ ဦးလေးမှာလည်း အလားတူ ကြောက်စိတ်ရှိတာကြောင့် မျိုးရိုးလိုက်တာဖြစ်မယ်လို့ ဆိုပါတယ်။

(၂) Adele

 

 

ငယ်ငယ်ရွယ်ရွယ်နဲ့ အမိုက်စားသီချင်းတွေကို သီဆိုရင်း နာမည်ကြီးလာတဲ့ Adele ကတော့ စင်ရော်ငှက်ကို ကြောက်တဲ့ ရောဂါရှိပါတယ်။ သူမဟာ ငယ်ငယ်က စင်ရော်ငှက်ကုပ်တာ ခံရပြီးနောက် ဒီကြောက်စိတ်ဖြစ်လာ တာဖြစ်ပြီး အမာရွတ်တောင် ကျန်သေးတယ်လို့ အင်တာဗျူးတခုမှာ ဖြေဆိုခဲ့ပါတယ်။

(၃) David Beckham

 

 

ကမ္ဘာကျော် ဘောလုံးသမားဖြစ်တဲ့ David Beckham ကတော့ ဖားကို ကြောက်ပါတယ်လို့ BBC က လုပ်တဲ့ အင်တာဗျူးတခုမှာ ဖြေခဲ့ဖူးပါတယ်။

(၄) Taylor Swift

 

 

အောင်မြင်မှုတွေ အရွယ်နဲ့ မလိုက်အောင်ရရှိထားတဲ့ အဆိုတော် Taylor Swift ကတော့ သံပခြုပ်ကို ကြောက်တာ ဖြစ်ပါတယ်။ သူမက အင်တာဗျူးမှာ သံပခြုပ်ဆိုတဲ့ နာမည်ကိုကြားတာနဲ့ ကြောက်နေပြီဖြစ်ကြောင်းနဲ့ အဲ့ဒါကြောင့် ပင်လယ်ဖက်ကို ခရီးတွေသွားရင် ရေထဲကို သိပ်မဆင်းဖြစ်ကြောင်းပါ ထည့်သွင်းပြောကြားခဲ့ပါသေးတယ်။

(၅) Matt Damon

 

 

“We Bought a Zoo” ဆိုတဲ့ ဇာတ်ကားမှာ Matt Damon ဟာ ဇာတ်ကားကို ရိုက်ရတာ ကျေနပ်မှု ရှိပါတယ်လို့ ပြောကြားခဲ့ပေမယ့် သူဟာ မြွေကို အရမ်းကြောက်တဲ့သူ ဖြစ်ပါတယ်။ အဲ့ဒီဇာတ်ကားမှာ တိရိစ္ဆာန်ရုံကို ဝယ်ခဲ့တဲ့ အမျိုးသားအဖြစ်သရုပ်ဆောင်ခဲ့တာပါ။

သူနဲ့ တွဲဖက်ပြီး ရိုက်ကူးခဲ့တဲ့ မင်းသမီး Scarlatt Johansson ကတော့ Matt Damon ဟာ မြွေကို ကြောက်ပြီး ကလေးလေးတယောက်လို ငိုနေတာပါ လို့ အင်တာဗျူးတခုမှာ ဖြေကြားခဲ့ပါတယ်။

Ref;ranker.com

The post ကမ္ဘာကျော်တွေရဲ့ ထူးဆန်းတဲ့ ကြောက်စိတ်လွန်ကဲမှု ရောဂါများ appeared first on ဧရာဝတီ.

BTS အဖွဲ့ရဲ့ ဒုတိယအကြိမ် Billboard အောင်မြင်မှုအတွက် ကိုရီးယားသမ္မတရုံး ဂုဏ်ပြု

$
0
0

တောင်ကိုရီးယားသမ္မတ Moon Jae In ရဲ့ ရုံးကနေ ကမ္ဘာကျော် BTS အဖွဲ့ရဲ့ Billboard မှာ ဒုတိယမြောက် အောင်မြင်မှုအတွက် ဂုဏ်ပြုစကားဆိုခဲ့တယ်လို့ သိရပါတယ်။

သမ္မတအိမ်ပြာတော်ရဲ့ အင်္ဂလိပ်ဘာသာနဲ့ ရေးသားတဲ့ Twitter အကောင့်မှာ “Billboard 200 မှာ ဒုတိယအကြိမ် မြောက်အဖြစ် ထိပ်ဆုံးမှာ ရပ်တည်နိုင်တာကို အထူးဂုဏ်ပြုပါကြောင်း” ရေးသားဖော်ပြခဲ့တာလည်း ဖြစ်ပါတယ်။

အဲဒီ့ပို့စ်မှာတော့ BTS အဖွဲ့ရဲ့ ပရိသတ် “ARMY” ၊ အဖွဲ့ရဲ့ နောက်ဆုံးထွက်သီချင်းဖြစ်တဲ့ “Idol” ထဲမှာ စာသားတချို့ကိုလည်း တွဲဖက်ဖော်ခဲ့ပါတယ်။

တောင်ကိုရီးယားဝန်ကြီးချုပ် Lee Nak-yon ကတော့ သူ့ရဲ့ Twitter အကောင့်မှာ ဂုဏ်ပြုသတင်းစကားတခုကို တင်ခဲ့ပါတယ်။ ဝန်ကြီးချုပ် Lee က “BTS၊ ငါမင်းတို့အတွက် ဂုဏ်ယူပါတယ်။ BTS အဖွဲ့ဟာ ဒီနှစ်ရဲ့ Billboard မှာ ဒုတိယအကြိမ်မြောက် နံပါတ် ၁ ရရှိပြန်ပါပြီ။ The Beatles, Elvis Presley နဲ့ Frank Sinatra တို့လိုမျိုး စူပါစတား တွေသာ တနှစ်တည်း Billboard မှာ နှစ်ကြိမ် ထိပ်ဆုံးရောက်ခဲ့တာပါ” လို့ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၃ ရက်နေ့မှာတော့ အမေရိကန်ဂီတဇယား Billboard က သူ့ရဲ့ ဝက်ဘ်ဆိုက်မှာ BTS အဖွဲ့ဟာ Billboard 200 အယ်လ်ဘမ်ဇယားမှာ ဒုတိယအကြိမ်မြောက်အဖြစ် နံပါတ် ၁ နေရာကို ရရှိခဲ့တဲ့ အကြောင်း ပြောကြားခဲ့ပါတယ်။

Billboard ရဲ့ အဆိုအရ BTS အဖွဲ့ရဲ့ နောက်ဆုံးထွက် တေးအယ်လ်ဘမ် “Love Yourself: Answer” ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၃၀ ရက်နေ့မှာ အဆုံးသတ်ခဲ့တဲ့ သီတင်းပတ်တုန်းက နံပါတ် ၁ နေရာနဲ့ ပွဲဦးထွက်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါဟာ ဒီနှစ် မေလအတွင်းမှာပဲ ထွက်ရှိခဲ့တဲ့ “Love Yourself: Tear” အယ်လ်ဘမ်ပြီးတဲ့နောက် ယှဉ်ပြိုင်မှုများတဲ့ Billboard မှာ ဒုတိယအကြိမ်မြောက် အောင်မြင်မှုရရှိတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလတုန်းက Billboard Hot 100 ဇယားမှာ နံပါတ် ၁၀ နေရာအထိ တက်ရောက်နိုင်ခဲ့တဲ့ အဖွဲ့ရဲ့ “Fake Love” သီချင်းပြီးတဲ့နောက် အခုအယ်လ်ဘမ်သစ်အထဲက “Idol” သီချင်းဟာလည်း အောင်မြင်မှု ရဖို့ လမ်းစပွင့်သွား ခဲ့ပြီဖြစ်ပါတယ်။

Ref:yonhap

The post BTS အဖွဲ့ရဲ့ ဒုတိယအကြိမ် Billboard အောင်မြင်မှုအတွက် ကိုရီးယားသမ္မတရုံး ဂုဏ်ပြု appeared first on ဧရာဝတီ.

“ကြိုးစားတဲ့ အနုပညာကိုပဲ ပရိသတ်ကို ချပြချင်တာပါ”

$
0
0

ကက်ဆက်ခွေ ဇာတ်လမ်းများ ရိုက်ကူးရာမှ ပရိသတ်တွေသတိထားမိလာကြတဲ့ မော်ဒယ်သရုပ်ဆောင် ဧငြိမ်းဖြူက သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အကဗီဒီယိုဖိုင်လေးတွေ တင်လေ့ရှိပါတယ်။ မကြာခင်က တင်ခဲ့တဲ့ အကဗီဒီယိုဖိုင်နဲ့ ပတ်သက်ပြီး သူမကို Body Shaming ပြုလုပ်ကြတာတွေကို ဘယ်လိုမှမခံစားရပါဘူးလို့ ပြောပါတယ်။

“သီချင်းပေါ်မှာ မူတည်ပြီးကရတဲ့ အကဖြစ်တဲ့အတွက် ပရိသတ်တွေအတွက် ရသမတူဘဲ တမျိုးပြီး တမျိုး အမြင်ဆန်း အောင် ပေးချင်တာပါ။ ညီမ ကတယ်ဆိုတာက ကကွက်က အဓိကပါ။ တခြားနိုင်ငံက အနုပညာရှင်တွေလည်း ခန္ဓာကိုယ်မလှတဲ့ သူတွေလည်းရှိတာပဲ။ အဓိကကတော့ ညီမက ညီမကြိုးစားတဲ့အနုပညာကိုပဲ ပရိသတ်ကိုပြချင်တာပေါ့။ Body Shaming လုပ်တာတွေကိုလည်း ညီမဘယ်လိုမှမခံစားရပါဘူး” လို့ ဧငြိမ်းဖြူက ပြောပါတယ်။

ဧငြိမ်းဖြူက မကြာခင်မှာလည်း အကနဲ့ ပတ်သက်တဲ့ရုပ်ရှင်ကားကြီးတကား ရိုက်ဖို့ရှိတဲ့အတွက် အကတွေလေ့ကျင့်နေရပြီး အဆိုပါရုပ်ရှင်ကားမတိုင်ခင် Music ဒရမ်မာအကဇာတ်လမ်းတွဲ ရိုက်ကူးမှာဖြစ်တယ်လို့ သိရပါတယ်။

“အက ကားရိုက်မယ်။ အကတွေစပြီး လေ့ကျင့်နေပြီ။ အဲဒီအက ရုပ်ရှင်ကားကြီးမတိုင်ခင်မှာလည်း Music ဒရမ်မာအက ဇာတ်လမ်းတွဲရိုက်ဖို့ရှိပါတယ်” လို့ ဆိုပါတယ်။

ဧငြိမ်းဖြူရဲ့ လွန်ခဲ့တဲရက်ပိုင်းက ကျင်းပခဲ့တဲ့ တောင်ပြုန်းပွဲတော်မှာ “မိရိုးဖလာ” ဆိုတဲ့ ရုပ်ရှင်ကားကြီးသွားရောက် ရိုက်ကူးစဉ်က ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေကိုလည်း တော်တော်များများ ကြိုက်နှစ်သက်ခဲ့ကြပါသေးတယ်။

“အဲဒီပုံတွေက တောင်ပြုန်းမှာ မိရိုးဖလာရုပ်ရှင်ကားကြီး သွားရိုက်တုန်းက ရိုက်ထားတာပါ။ တောင်ပြုန်းရဲ့ နတ်တွေအကြောင်းကို အဓိကအခြေခံပြီး ရိုက်ကူးထားတဲ့ကားလေးပါ။ နိုင်ငံခြားကနေ စာတန်းပြုစုပြီး ပြန်လာတဲ့ နတ်တွေကို စိတ်ဝင်စားတဲ့ လူငယ်တယောက်ပါ” လို့ဧငြိမ်းဖြူက ပြောပါတယ်။

ဧငြိမ်းဖြူကတော့ ကက်ဆက်ခွေဇာတ်လမ်းများမှာ ပါဝင်သရုပ်ဆောင်ရင်း လူသိများလာသူဖြစ်တဲ့အတွက် သူမမှာ နယ်ပရိသတ်များ ၊ လူငယ်ပရိသတ်များသာမက လူကြီးများကလည်း အားပေးကြတဲ့အတွက် ဝမ်းသာမိတယ်လို့ ပြောပါတယ်။

“ညီမတို့က နယ်ပရိသတ်တွေပိုများတယ်။ ကက်ဆက်ခွေဇာတ်လမ်းနဲ့ လူသိလာတဲ့အခါကျတော့ အရမ်းဝမ်းသာတယ်။ အားပေးကြသူတွေမှာ လူငယ်လူကြီးမရွေး အားပေးကြတာကို မြင်ရတာ ဝမ်းသာတယ်။ တခေတ်တခါက နာမည်ကြီးခဲ့တဲ့ သူတို့ကြိုက်ခဲ့တဲ့ ဇာတ်ကားတွေကို ရုပ်နဲ့ပြန်ကြည့်ရတဲ့အတွက် လူကြီးတွေက အားပေးတာပါ။ နောက်ထပ်လည်း ပရိသတ်အခိုင်အမာရအောင် ကြိုးစားရမှာပါ” လို့ ဧငြိမ်းဖြူက ပြောပါတယ်။

The post “ကြိုးစားတဲ့ အနုပညာကိုပဲ ပရိသတ်ကို ချပြချင်တာပါ” appeared first on ဧရာဝတီ.

မွေးနေ့ကို အလှူလုပ်ရင်းဖြတ်သန်းခဲ့တဲ့ သရုပ်ဆောင်စည်ဖြိုး

$
0
0

ဒီနေ့ စက်တင်ဘာလ ၄ ရက်နေ့ဟာဆိုရင် သရုပ်ဆောင်စည်ဖြိုးရဲ့ မွေးနေ့ ဖြစ်ပါတယ်။ ဒီနေ့ကျရောက်တဲ့ မွေးနေ့မှာ သရုပ်ဆောင်စည်ဖြိုးက ရှူတင်မှာ ရှူတင်ကသူများကို ဒံပေါက်နဲ့ ဖာလူဒါကျွေးပြီး ကုသိုလ်ယူခဲ့တယ်လို့ ဆိုပါတယ်။

“ဒီကနေ့မနက် ၁ နာရီမှာ လူ့လောကထဲ အသက်လုခေါ်ဆောင်ပေးခဲ့ပြီး စည်ဖြိုးဆိုတဲ့ ဒီရုပ်နာမ်ကို ပြုစုပျိုးထောင်ပေး ခဲ့တယ်။ အမှားတွေကို အတွေ့ကြုံအဖြစ် သင်ခန်းစာအကြိမ်ကြိမ် ယူခဲ့တဲ့အချိန်တွေမှာလည်း သားဆိုး၊ သမီးဆိုး ပြစ်ရိုးထုံးစံမရှိတဲ့အတိုင်း ညီအကိုနှစ်ယောက်လုံး မလိမ္မာ၊ အခါခါမိုက်ခဲ့ကြတုန်းကလည်း လက်ဖျားနဲ့ တောင်မထိခဲ့ဘဲ အကြောင်းအကျိုး နိယာမတွေနဲ့ တရားရေအေးတိုက်ကျွေးရင်း တချိန်က ဆန်ကုန်မြေလေးကို ပြုပြင်ပြောင်းလဲပေးခဲ့တယ်”

“ဒီကနေ့ မွေးနေ့ကစလို့ တချိန်က ဒီဆန်ကုန်မြေလေးဟာ မွေးရကျိုးနပ်အောင် အကြောင်းအကျိုးကိုကောင်းကောင်းသိပြီး အများကောင်းကျိုးသယ်ပိုးသွားရင်း ကောင်းနိုင်သမျှကောင်းအောင်ကြိုးစားသွားမယ်လို့ ကတိပေးရင်း ရှိခိုးဦးချကန်တော့လိုက်ရပါတယ်” ဆိုပြီး သူ့ရဲ့ Facebook မှာ ရေးသားထားတာ တွေ့ရပါတယ်။

 

 

မွေးနေ့ကို ရှုတင်မှာ အလှူလုပ်ရင်း ရိုးရိုးရှင်းရှင်း ဖြတ်သန်းခဲ့တယ်လို့ ဆိုထားပြီး “အလင်းထဲကလူ” ရှုတင်မှာ ဒံပေါက်ဗူး ၈၀ နှင့် ဖာလူဒါ ဗူး ၈၀ကို ကိုယ်တိုင်လိုက်ဝေပြီး ဒါနပြုရင်းမွေးနေ့ကို ဖြတ်သန်းခဲ့တယ်လို့ ဆိုပါတယ်။

စည်ဖြိုးဟာ ရုပ်ရှင်ဇာတ်ကားရိုက်ကူးမှု ပြုုလုပ်နေပေမယ့်လည်း ဇာတ်လမ်းတွေကို ရွေးချယ်ရိုက်ကူးလျက်ရှိတယ်လို့ ဆိုပါတယ်။ လက်ရှိမှာ စည်ဖြိုးဟာ “အလင်းထဲကလူ “အက်ရှင်ဇာတ်လမ်းတွဲရိုက်ကူးနေတယ်လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့လပိုင်းလောက်ကလည်း ဒါရိုက်တာ စတီးရိုက်ကူးခဲ့တဲ့ “နိုင်ငံကြီးသား” ရုပ်ရှင်ဇာတ်မှာ ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။ သရုပ်ဆောင်စည်ဖြိုးဟာ အကြားအမြင်ဆရာမ ET ရဲ့ တူတော်စပ်သူလည်းဖြစ်ပါတယ်။

The post မွေးနေ့ကို အလှူလုပ်ရင်းဖြတ်သန်းခဲ့တဲ့ သရုပ်ဆောင်စည်ဖြိုး appeared first on ဧရာဝတီ.

“တကိုယ်တော်အခွေမှာ ရဲရင့်အောင်ကဘာလဲ ဆိုတာ သိအောင်ချပြဖို့ရှိတယ်”

$
0
0

တကိုယ်တော်သီချင်းခွေမထွက်တာ ကြာပြီဖြစ်တဲ့ အဆိုတော်ရဲရင့်အောင်ကတော့ အမြန်ဆုံးထွက်နိုင်အောင် ကြိုးစားနေပြီး လောလောဆယ်မှာတော့ အခွေလုပ်နေရင်း သီချင်းတွေနဲ့တိုင်ပတ်နေတယ်လို့ ပြောပါတယ်။

“သီချင်းအသစ်တွေ လုပ်နေတယ်။ ပရိသတ်တွေဆီ မရောက်သေးတာပေါ့။ အခွေလုပ်ရင်းနဲ့ သီချင်းတွေနဲ့ တိုင်ပတ်နေတယ်။ အခွေက ထွက်ချင်နေပြီ။ အချိန်ကောင်းဆိုတာထက် သီချင်းတွေပေါ်မှာ စိတ်ကျေနပ်မှု ကောင်းကောင်းရမယ့် အချိန်ကိုစောင့်နေတာပါ” လို့ ရဲရင့်အောင်က ပြောပါတယ်။

နောက်ထပ်ထွက်ရှိလာမယ့် သူ့ရဲ့တကိုယ်တော်အခွေမှာတော့ “ရဲရင့်အောင်ဘာလဲ” ဆိုတာကို တွေ့ရမှာဖြစ်ပြီး သူ့ရဲ့အတွေးနဲ့ နေတတ်တဲ့ပုံစံတွေ မြင်ရမယ်လို့ ပြောပါတယ်။

“ဒီအခွေဖန်တီးနေစဉ်အတွင်း ရဲရင့်အောင်ဘာလဲဆိုတာ သိရမှာပါ။ ဘာဖြစ်လို့လဲဆိုရင် အဲဒီအခွေထဲက သီချင်းတွေက ကျနော်ပဲ။ ကျနော်တွေးတတ်တဲ့အတွေး ၊ ကျနော်နေတတ်တဲ့ပုံစံတွေပဲ လုပ်ထားတာဆိုတော့ ကျနော့်ကို မြင်ရမှာပေါ့” လို့ ရဲရင့်အောင်က ပြောပါတယ်။

ချစ်သူဖြစ်တဲ့ ဧငြိမ်းဖြူနဲ့ အကြောင်းတွေလည်း ရဲရင့််အောင်က အခုလိုပြောပြခဲ့ပါသေးတယ်။

“ကျနော်တို့ ၂ ယောက်မှာ ကျနော်က အမြဲတမ်း လူကြီးမဆန်ဘူး။ ပြဿနာတခုခုဖြစ်သွားရင် ကျနော်ကလူကြီးဆန်သွားတယ်။ ကျန်တဲ့အချိန်တွေဆို ကျနော်က ငပေါကြီး။ သူ့ကပြောစကား နားမထောင်ဘူး။ အစားအစာတခုကို စားလိုက်လို့ မကောင်းမှန်း သူသိပေမယ့် ဒါပေမယ့်သူစားတယ်။ ပြောလို့မရဘူး။ ပြီးရင်ဖြစ်ပြီ။ စိတ်တော့ပူတာပေါ့။ မတတ်နိုင်ဘူး။ တချို့ကိစ္စတွေက လျော်လို့ရပေမယ့် သူနားမထောင်ဘူးဆိုရင် တချို့ဟာတွေက ပြဿနာတက်တာပေါ့” လို့ရဲရင့်အောင်က ပြောပါတယ်။

ရဲရင့်အောင်ကတော့ သူ့ရဲ့ တကိုယ်တော်အခွေအတွက်လည်း အာရုံစိုက်ပြီးလုပ်နေပြီး ၁၀ လပိုင်းမှာတော့ ရုပ်ရှင်ဇာတ်ကားရိုက်ကူးဖို့ ရှိတယ်လို့ သိရပါတယ်။

The post “တကိုယ်တော်အခွေမှာ ရဲရင့်အောင်ကဘာလဲ ဆိုတာ သိအောင်ချပြဖို့ရှိတယ်” appeared first on ဧရာဝတီ.


လတ်တလော အောင်မြင်မှုတွေရနေတဲ့ Crazy Rich Asians ရုပ်ရှင်

$
0
0

Box Office ရဲ့ဇယားမှာ နံပါတ် ၁ အဖြစ် အချစ်ဇာတ်မြူးကား Crazy Rich Asians ကရပ်တည်နေပါတယ်။ အမေရိကမှာ စတင်ပြသတဲ့အချိန်ကစပြီး ၃ ပတ်မြောက်အထိ နံပါတ် ၁ အဖြစ် ရှိနေပြီး ဝင်ငွေ ဒေါ်လာသန်း ၁၀၀ ကိုကျော်ပြီးခန့်မှန်းငွေ ဒေါ်လာ ၁၁၇ သန်းအထိ ရရှိနေပြီလို့ သိရပါတယ်။

ကမ္ဘာတဝန်းလုံးအတိုင်းအတာနဲ့ဆိုရင် ဒေါ်လာ ၁၃၇ သန်းထိရရှိနေပါတယ်။ ဒီဇာတ်ကားကို ဒါရိုက်တာ Jon M.Chu က ရိုက်ကူးထားပြီး ထုတ်လုပ်စရိတ်ကုန်ကျငွေက ဒေါ်လာ သန်း ၃၀ သာရှိတာကြောင့် အမြတ်များတဲ့ ဇာတ်ကားတကား ပဲဖြစ်ပါတယ်။

ဇာတ်လမ်းက နယူးယောခ့်သူဖြစ်တဲ့ Rachel Chou ဟာ သူမရဲ့ချစ်သူ Nick Yang နဲ့အတူ အာရှနိုင်ငံဖြစ်တဲ့ စင်္ကာပူကို သွားလည်တာကနေ ဇာတ်တည်ထားတာဖြစ်ပါတယ်။ အာရှလူမျိုးတွေရဲ့ချမ်းသာကြွယ်ဝမှုကို ပုံဖော်ထားပြီး မင်းသမီးကြီး Michelle Yeoh ကိုယ်တိုင်ကလည်း ပါဝင်အားဖြည့်ထားပါတယ်။

ဇာတ်ကားမှာ စင်္ကာပူက တရုတ်သူဌေးတွေရဲ့ခမ်းနားမှုကို ထင်ဟပ်ပြထားပါတယ်။ အဝတ်အစားဒီဇိုင်းတွေ၊ အခင်းအကျင်းတွေကို ခမ်းခမ်းနားနားနဲ့ တွေ့မြင်ရမှာပါ။

ဟောလိဝုဒ်က တွေ့နေကျ အက်ရှင်၊ သရဲ ဇာတ်လမ်းမျိုးမဟုတ်ဘဲ ပေါ့ပါ့ပါးပါးနဲ့အချစ်ဇာတ်မြူးကား ပဲဖြစ်ပါတယ်။ သြဂုတ်လ ၇ ရက်ကနေ စတင်ပြသနေတာဖြစ်ပြီး Warner Bros ကနေ ဖြန့်ချိထားပါတယ်။

၂၀၀၉ ခုနှစ်မှာ Sandra Bullock နဲ့ Ryan Reynolds တို့သရုပ်ဆောင်ထားတဲ့ The proposal ပြီးရင် ဟောလိဝုဒ်ရုပ်ရှင် သမိုင်းတလျှောက်မှာ ၉ နှစ်ကြာ မှ အောင်မြင်မှုရရှိလာတဲ့ အချစ်ဇာတ်မြူးကားပဲဖြစ်ပါတယ်။

Crazy Rich Asians ရဲ့ ပဲ့ကိုင်သူဖြစ်တဲ့ ဒါရိုက်တာ Jon M.Chu က ဒီရုပ်ရှင်နဲ့ပတ်သက်ပြီး “ဒါကရုပ်ရှင်သပ်သပ် မဟုတ်ပါ ဘူး။ အပြောင်းအလဲတခုလည်းဖြစ်ပါတယ်။ ဟောလိဝုဒ်မှာ အာရှရဲ့ခမ်းနားမှုကို ဖော်ပြနိုင်တဲ့ အခင်းအကျင်းတခု” လို့ ဆိုပါတယ်။

အခုလက်ရှိ အမေရိက Box Office ဇယားမှာ Crazy Rich Asians ပြီးရင် The Meg နဲ့ Mission Impossible: Fallout တို့က အစဉ်လိုက်ရပ်တည်နေပါတယ်။

www.gamespot.com

The post လတ်တလော အောင်မြင်မှုတွေရနေတဲ့ Crazy Rich Asians ရုပ်ရှင် appeared first on ဧရာဝတီ.

အနုပညာနဲ့ ခေတ္တဝေးကွာနေတဲ့ မင်းသား Hrithik Roshan ရဲ့ ရုပ်ရှင်သစ် “Super 30”

$
0
0

စက်တင်ဘာလ ၅ ရက်နေ့မှာ ကျရောက်တဲ့ အိန္ဒိယနိုင်ငံရဲ့ ဆရာများနေ့ အထိမ်းအမှတ် အဖြစ် ဘောလိဝုဒ် မင်းသား Hrithik Roshan ဟာ မကြာမီ ရုံတင်ပြသတော့မယ့် “Super 30” ရဲ့ ပိုစတာတွေကို ဖြန့်ချိခဲ့ပါတယ်။

မင်းသားဟာ သူ့ရဲ့ ဆိုရှယ်မီဒီယာအကောင့်မှာ ပိုစတာ ၃ ခုကို ဝေမျှခဲ့တာဖြစ်ပြီး အဲဒီ ပိုစတာတွေထဲမှာ IIT ဝင်ခွင့်စာမေးပွဲဖြေဆိုနိုင်ဖို့အတွက် ဆင်းရဲချို့တဲ့တဲ့ ကျောင်းသားတွေကို လေ့ကျင့်ပေးခဲ့တဲ့ သင်္ချာပညာရှင် Anand Kumar အဖြစ် မင်းသားကို မြင်တွေ့ရပါတယ်။

အဲဒီပိုစတာတွေကို မဖြန့်ချိမီမှာတော့ မင်းသား Hrithik ဟာ “အခုတော့ ဘုရင့်ရဲ့သားက ဘုရင်ဖြစ်လာခဲ့ပါပြီ” ဆိုတဲ့ စာသားကို တင်ပြီး ပရိသတ်တွေကို သတင်းပေးခဲ့ပါတယ်။ သူ့ရဲ့ဇာတ်ကောင်ပိုစတာထဲမှာဆိုရင် သင်္ချာ ညီမျှခြင်းတွေပါဝင်တဲ့အပြင် ဒါရိုက်တာ Vikas Bahl နဲ့အတူ တွဲဖက်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်တဲ့အတွက် ပရိသတ်စိတ်ဝင်စားမှု မြင့်တက်နေတာလည်း ဖြစ်ပါတယ်။

အခုနှစ်အစောပိုင်းမှာ ရုပ်ရှင်ဖန်တီးသူတွေဟာ မုတ်ဆိတ်မွှေးထူထူ၊ ကြမ်းတမ်းတဲ့ ဆံပင်ပုံစံ ရှိနေတဲ့ မင်းသားရဲ့ ပထမဆုံး ပုံရိပ်ကို ဝေမျှခဲ့ပါတယ်။

ဗီဟာပြည်နယ်မှာ နေထိုင်ခဲ့တဲ့ သင်္ချာပညာရှင် Anand Kumar ကတော့ မင်းသား Hrithik ဟာ သူ့နေရာမှာ သရုပ်ဆောင်ဖို့အကောင်းဆုံးမင်းသားဖြစ်တယ်လို့ထင်တဲ့အကြောင်း ကနဦးမှာ ပြောကြားခဲ့ပါတယ်။

မင်းသမီး Mrunal Thakur နဲ့အတူ ပါဝင် သရုပ်ဆောင် ထားတဲ့ Super 30 ရုပ်ရှင်ကို Sajid Nadiadwala နဲ့ Phantom Films တို့က ထုတ်လုပ်ပေးထားတာ ဖြစ်ပါတယ်။

သင်္ချာပညာရှင် Anand Kumar နဲ့ သူ့ရဲ့ ပညာရေး အစီအစဉ် “Super 30” အကြောင်း ဇာတ်အိမ်တည် ရိုက်ကူးထားတဲ့ အဲဒီရုပ်ရှင်ကို ရာဂျစ်စတန်ပြည်နယ်၊ ကိုတာမြို့ အနေနဲ့ ပြသမယ့် Sambhar Lake Town မြို့မှာ ၁၀ ရက်ကြာ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

ရုပ်ရှင်လောကနဲ့ ၂ နှစ်ကြာ ဝေးကွာနေခဲ့တဲ့ မင်းသား Hrithik အတွက် တကျော့ပြန် အနုပညာလှုပ်ရှားမှု ဖြစ်ပြီး တချိန်က ဘောလိဝုဒ်ရုပ်ရှင်လောကမှာ ဟုန်းဟုန်းတောက် အောင်မြင်ခဲ့တဲ့ မင်းသားကို ပရိသတ်အများစုက မျှော်လင့်နေကြတာပါ။

အခုရုပ်ရှင်ရဲ့ ဖြန့်ချိမယ့်ရက်ကို အကြိမ်ကြိမ်ရွှေ့ဆိုင်းခဲ့ပြီးတော့မှ လာမယ့် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်နေ့မှာ ရုံတင်ဖို့ စီစဉ်ထားခဲ့ပါတယ်။ အဲဒီရုပ်ရှင် ရုံတင်ချိန်မှာတော့ မင်းသမီး Kangana Ranaut ပါဝင်သရုပ်ဆောင်ထားတဲ့ “Manikarnika” ရုပ်ရှင်နဲ့ ရုံဝင်ငွေ စာရင်းမှာ ယှဉ်ပြိုင်ရဦးမှာ ဖြစ်ပါတယ်။

Ref: indianexpress

The post အနုပညာနဲ့ ခေတ္တဝေးကွာနေတဲ့ မင်းသား Hrithik Roshan ရဲ့ ရုပ်ရှင်သစ် “Super 30” appeared first on ဧရာဝတီ.

သီချင်းဆိုတာအပြင် အိမ်မှုကိစ္စပါ နိုင်နင်းတဲ့ အဆိုတော် ပိုပို

$
0
0

မကြာခင်မှာ ထွက်ရှိတော့မယ့် Masterpiece အခွေထွက်ဖို့လုပ်နေတဲ့ အဆိုတော်ပိုပိုက အခုလတ်တလောမှာတော့ သီချင်းဆိုတဲ့ အလုပ်နဲ့ အခွေပဲ လုပ်ဖြစ်နေတယ်လို့ ဆိုပါတယ်။

“ပိုပို စက်တင်ဘာ ၉ ရက်နေ့မှာ Masterpiece အခွေလေးထွက်ပါမယ်။ ၁၃ ရက်နေ့ မှာလည်း မုံရွာမှာရှိပါမယ်။ ၁၆ ရက်နေ့မှာ မန္တလေးမှာ ရှိပါမယ်။ ပရိုမိုးရှင်းလုပ်သွားပါမယ်။ ပိုပရိသတ်ကြီးလည်းလာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။ ပို အခုလတ်တလောမှာတော့ သီချင်းဆိုတဲ့ အလုပ်နဲ့ အခွေပဲလုပ်ဖြစ်နေပါတယ်။ ဇာတ်ကားရိုက်ကူးဖို့တော့ မရှိသေးပါဘူး”

“သီချင်းအသစ်တွေဖန်တီးဖို့လုပ်နေပါတယ်။ ခုတော့ ဘာသီချင်းမှ မရေးဖြစ်သေးဘူး။ နောက်ပိုင်းအချစ် သီချင်းလေး တပုဒ်ရေးဖို့ရှိပါတယ်။ ပိုအချစ်သီချင်းတွေ ရေးဖြစ်မယ် ဆိုပေမယ့် ရည်းစားလည်းမရှိပါဘူး။ ချစ်သူလည်း မရှိသေးပါဘူး။ လူငယ်ဆိုတော့ တခါတလေ ကိုယ်သဘောကျတဲ့သူတော့ ရှိတာပေါ့နော်။ ပိုကြိုက်တဲ့ ကောင်လေးတွေတော့ ရှိတယ်”လို့ ပိုပိုက ပြောပါတယ်။

ပိုပိုက အရမ်းချစ်တတ်၊ ကြင်နာတတ်တဲ့အပြင် အိမ်မှုကိစ္စလည်းနိုင်ပြီး ကိုယ့်ပိုက်ဆံလည်း ကိုယ်ရှာနိုင်တာကြောင့် သူမကို ရတဲ့ ယောင်္ကျားက ကံအကောင်းဆုံးဖြစ်မယ်လို့ဆိုပါတယ်။

“ပိုပို့ကိုရမယ့် ယောကျာ်းကအရမ်း ကံကောင်းမှာပါ။ ဘာလို့လဲဆို ပိုက အရမ်း ချစ်တတ်တယ်။ ကြင်နာတတ်တယ်။ ဟင်းချက်၊ ထမင်းချက်လည်း ရတယ်။ အိမ်မှုကိစ္စလည်း နိုင်တယ်။ ကိုယ့်ပိုက်ဆံလည်း ကိုယ်ရှာနိုင်တယ်ဆိုတော့ ပိုကိုရတဲ့ယောင်္ကျားက ကံအကောင်းဆုံး ဖြစ်မယ်ထင်တယ်။ အခုခေတ်မှာလည်း အဲ့လိုမိန်းကလေးတွေက ရှားသွားပြီ။ ဒါကလည်း သူတို့ သဘောနဲ့ သူတို့ပေါ့။ တချို့က မိန်းကလေးဆိုတော့လည်း မချက်တတ်လည်း ရတယ်လို့ ထင်တယ်။ ပိုပိုကတော့ ကိုယ်ချစ်တဲ့ သူကိုချက်ပြုတ် ကျွေးမွေးချင်တာ”လို့ ပိုပိုက ပြောပါတယ်။

ချစ်သူ မရှိသေးတဲ့ ပိုပိုက အိမ်ထောင်ဖက်ကို ဘယ်လိုအချက်တွေနဲ့ ရွေးချယ်ဖြစ်မလဲ ဆိုတာကို အခုလိုပဲ ပြောပါတယ်။

“လူတွေက ချစ်ခြင်းမေတ္တာ၊ ရုပ်ချောတာ၊ မချောတာတွေနဲ့ မဆိုင်ဘူးပေါ့ ဘယ်လို ရွေးချယ်ဖြစ်မလဲဆို ကိုယ့်ကို တကယ်ချစ်မယ့် လူမျိုး၊ ကိုယ်ကလည်း တကယ်ချစ်မယ့် လူမျိုးကိုရွေးချယ် ဖြစ်မှာပါ။ သူချစ်၊ ကိုယ်ချစ်ကိုရွေးချယ်ဖြစ်မယ်ထင်တယ်။ ပို့ကိုလာချစ်တဲ့ သူတွေရှိတယ်။ ကိုယ်သူ့ကိုမချစ်နိုင်လို့၊ သဘောမကျလို့ မတွဲဖြစ်ဘူး”

“ကိုယ်ကလည်း ချစ်မှရမယ် ကိုယ့်ကို ချစ်မှလည်း ရမယ် နှစ်ခုစလုံးပြည့်စုံမှရမယ်။ မဟုတ်ရင်တော့ မတွဲဘူးပေါ့။ ပိုစဉ်းစားထားတဲ့ အိမ်ထောင်ရေးဆိုရင် ပိုက မိဘမဲ့ ဖြစ်ခဲ့တယ်။ အဲ့တော့ ကိုယ့်မိသားစု၊ ကိုယ့်အလှည့်ကျရင်လည်း မိဘမဲ့ မဖြစ်အောင်တော့ အတတ်နိုင်ဆုံး၊ အကောင်းဆုံးစောင့်ရှောက်မယ်” လို့ ပိုပိုက ဆိုပါတယ်။

အဆိုတော် ပိုပိုက တကိုယ်တော်ခွေများဖြစ်တဲ့ “ချစ်ခဲ့ဖူးသမျှ”၊ “အလွမ်းသီချင်းကြိုက်တဲ့ ရေဒီယို”၊ “Master Pieces” အခွေများ ထွက်ရှိထားပြီး ပရိသတ် နှစ်သက်အားပေးခြင်း ခံထားရတဲ့ အဆိုတော်လည်း ဖြစ်ပါတယ်။

The post သီချင်းဆိုတာအပြင် အိမ်မှုကိစ္စပါ နိုင်နင်းတဲ့ အဆိုတော် ပိုပို appeared first on ဧရာဝတီ.

“မှန်ကန်တဲ့ ဥပဒေသည် ကြောက်စရာ မလိုဘူး၊ ရင်ဆိုင်ရမယ်”

$
0
0

“နေရယ်၊ လရယ်၊ အမှန်တရားရယ်” ဇာတ်လမ်းတွဲမှာ ရှေ့နေတယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားတဲ့ နေယံက ဒီဇာတ်လမ်းတွဲဟာ တရားဥပဒေစိုးမိုးရေးကို အဓိက အသားပေးထားတဲ့ ကားဖြစ်တဲ့အတွက် ဒီလိုကားမျိုးမှာပါရတာ ကိုယ့်အတွက် မှတ်တိုင်တခု ဖြစ်တယ်လို့ ဆိုပါတယ်။

“ကျနော် ဒီဇာတ်ကားထဲမှာ ထူးထူးခြားခြားကြီး မလုပ်ရပါဘူး။ ကျနေ်ာက ဥပဒေနဲ့ ဘွဲ့ရထားတာဖြစ်တဲ့အတွက် ပုဒ်မတွေ ရှေ့နေရဲ့ ပြောပုံဆိုပုံ၊ လေယူလေသိမ်းတွေက ကျနေ်ာ့အတွက် အရမ်းကြီး ခက်ခက်ခဲခဲ မရှိပါဘူး။ ဒီကားလေးကြည့်ပြီး ဥပဒေသည် လူတိုင်းသိထားသင့်တဲ့ အချက်တွေရှိတယ်ဆိုတာလည်း သူတို့ပြထားတယ်”

“မှန်ကန်တဲ့ ဥပဒေသည် ကြောက်စရာ မလိုဘူး။ ရင်ဆိုင်ရမယ်ဆိုတဲ့ အချက်တွေလည်း ပါတယ်။ ဒီကားက တရားဥပဒေစိုးမိုးရေးကိုပဲ အဓိက အသားပေးထားတဲ့ ကား ဖြစ်တဲ့အတွက် ဒီလိုကားမျိုးမှာပါရတာ ကိုယ့်အတွက် မှတ်တိုင်ပေါ့” လို့ နေယံက ပြောပါတယ်။

ဇာတ်ကားတွေ သိပ်မရိုက်ဖြစ်တော့တဲ့ နေယံက ဇာတ်လမ်းတွဲတွေပဲ ရိုက်ကူးဖြစ်ပြီး စီးပွားရေးလုပ်နေတာကြောင့်ရယ် ရိုက်ကူးရေးများကို ဒီနှစ်မှ ရိုက်ဖြစ်တာ လို့ဆိုပါတယ်။

“ကျနော် ဇာတ်ကားတွေ သိပ်မရိုက်ဖြစ်တော့ဘူး။ ဇာတ်လမ်းတွဲလေးတွေ နည်းနည်း ရိုက်တယ်။ စီးပွားရေး လုပ်နေတာကြောင့်ရယ် မျက်လုံးလည်း မကောင်းဘူး။ခုမှ နည်းနည်း ပြန်ကောင်းလာလို့ ဒီနှစ်မှ ရိုက်ဖြစ်တာပါ။ ကြားထဲမှာ ဇာတ်ကားတွေ မရိုက်ဖြစ်တာက အခြားအဆင်မပြေတဲ့ အကြောင်းအရာလေးတွေလည်းရှိတယ်”

“အဓိကတော့ စား၊ ဝတ်၊ နေ၊ ရေးပေါ့။ စားဝတ်နေရေးအတွက် ငွေရေးကြေးရေးရှိမှ ဖြစ်မှာကို ကျနော်တို့က အောင်မြင်ထားတဲ့ သရုပ်ဆောင်တယောက်လည်း မဟုတ်တဲ့အတွက် သရုပ်ဆောင်ခ သိပ်လည်းမရတော့ အခက်အခဲတွေရှိတာပေါ့” လို့ နေယံက ပြောပါတယ်။

သရုပ်ဆောင် အလုပ်အပြင် ဖက်ရှင်ဆိုင်ကိုပါ စီးပွားရေးအနေနဲ့ လုပ်ကိုင်နေတဲ့ နေယံက စီးပွားရေးလုပ်ဖြစ်ပုံကိုလည်း အခုလိုပဲ ဆိုပါတယ်။

“ကျနော့်မိဘကလည်း ထောက်ပံ့ပေးနိုင်သူတွေ မဟုတ်တော့ ကျနော် စီးပွားရေး လုပ်နေတော့ ဒီအနုပညာဘက် လျော့နည်းလာတာလည်း ပါပါတယ်။ နောက်ပိုင်း ဇာတ်လမ်းတွဲတွေ ရိုက်ဖြစ်နေတယ်။ ကားကြီးတွေလည်း လာပေမယ့် နေရာအရမ်း မရတာကြောင့် မပါချင်တော့ဘူး။ ကျနော်လည်း အသက်ကြီးပြီ။ အတိုင်းအတာ တခုထိလည်း ကျနော် လုပ်ခဲ့ပြီးပီဆိုတော့ အခု စီးပွားရေးလုပ်ဖြစ်နေတာပေါ့” လို နေယံက ပြောပါတယ်။

သရုပ်ဆောင် နေယံဟာ “ဇနီးချောများကွန်ရက်” ဇာတ်လမ်းတွဲမှာ ပါဝင် သရုပ်ဆောင်ထားသလို “နေရယ်၊ လရယ်၊ အမှန်တရားရယ်” ဇာတ်လမ်းတွဲမှာလည်း ပါဝင် သရုပ်ဆောင်ထားပါတယ်။

The post “မှန်ကန်တဲ့ ဥပဒေသည် ကြောက်စရာ မလိုဘူး၊ ရင်ဆိုင်ရမယ်” appeared first on ဧရာဝတီ.

Facebook အကောင့်တုတွေနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို Dwayne Johnson သတိပေး

$
0
0

The Rock လို့ အများသိကြတဲ့ မင်းသား Dwayne Johnson က သူ့ရဲ့ ပရိသတ်တွေ ထံကနေ ငွေကောက်ခံနေတဲ့ ဆိုရှယ်မီဒီယာအကောင့်တုတွေနဲ့ ပတ်သက်လို့ နိုးနိုးကြားကြား ရှိကြဖို့ ပရိသတ်တွေကို တိုက်တွန်းလိုက်ပါတယ်။

မင်းသား Johnson ရဲ့ နာမည်နဲ့ Facebook အကောင့်တုတော်တော်များများကို ဖန်တီး ခဲ့ကြပြီး တကယ်လို့များ ပရိသတ်တွေအနေနဲ့ ပိုက်ဆံပို့ပေးမယ်ဆိုရင် ငွေသားနဲ့ အခြား ဆုတွေကို ပြန်လည် ပေးအပ်မှာ ဖြစ်တယ်လို့ ဖော်ပြထားတာတွေ ရှိနေခဲ့တာပါ။

ဒါပေမယ့် မင်းသား Johnson ဟာ အဲဒီ့ စာမျက်နှာအတုတွေနဲ့ ပတ်သက်လို့ ပရိသတ်တွေကို သူ့ရဲ့ တရားဝင် Instagram အကောင့်ကနေတဆင့် သတိပေးခဲ့ပါတယ်။

သူူက “ပိုက်ဆံဒေါ်လာတွေ တောင်းနေတာ၊ ဒါမှမဟုတ် ဒီထက်ပိုဆိုးတာတွေတောင်းနေတဲ့ Facebook အကောင့်တုတွေကြောင့် ထိခိုက်ခဲ့ရတာ ရှိမယ်ဆိုရင် တောင်းပန်ပါတယ်။ ဉာဏ်ရှိကြပါ။ နိုးနိုးကြားကြား ရှိကြပါ။ သူတို့နဲ့ မဆက်ဆံမိပါစေနဲ့” လို့ ရေးသား ဖော်ပြခဲ့ပါတယ်။

အခုလိုမျိုး ဆိုရှယ်မီဒီယာ စာမျက်နှာအတုတွေနဲ့ ပတ်သက် ဆက်နွယ်နေတဲ့ နာမည် ကျော်ကြားသူက မင်းသား Johnson တဦးတည်း မဟုတ်ပါဘူး။ မင်းသား Patrick Dempsey ကလည်း အခုလိုမျိုး အွန်လိုင်းပေါ်မှာ လိမ်လည်မှုနဲ့ ပတ်သက်လို့ သတိပေးပြောကြားခဲ့ရဖူးပါတယ်။

မင်းသား Patrick က “လူတွေက ကျနော့်ကိုယ်စား အယောင်ဆောင်ပြီး ကျနော့် ပရိသတ်တွေထံကနေ ငွေတောင်းခံနေတာကို အာရုံစိုက်လာမိပါတယ်။ ကျေးဇူးပြုပြီး အယုံ မလွယ်ကြပါနဲ့ ကျနော်ပြောတယ်ဆိုပြီး ငွေမပေးလိုက်ကြပါနဲ့။ ကျနော့်ရဲ့ တရားဝင် ပရိုဖိုင်က အပြာရောင် စက်ဝိုင်းထဲမှာ အမှတ်ပုံစံ ပါရှိပါတယ်”

“ရှင်းရှင်းလင်းလင်း ပြောရရင် ကျနော့်ရဲ့ ဆိုရှယ်မီဒီယာ အကောင့်တွေကနေ လူတွေဆီကို တိုက်ရိုက်သတင်းစကားပါး တာမျိုး မရှိပါဘူး။ ကျနော့် Facebook အတွက် Messenger လည်း မရှိပါဘူး။ တကယ့လို့များ ခင်ဗျားတို့ သတင်း မက်ဆေ့ချ် လက်ခံရရှိတယ်ဆိုရင် အဲဒါက ကျနော်ပို့တာမဟုတ်ပါဘူး။ ကျေးဇူးပြုပြီးတော့ ကျနော်ပါ ဆိုပြီးပြောနေကြတဲ့ လူတွေဆီငွေ မပို့ကြပါနဲ့” လို့ Twitter မှာ ရေးသားခဲ့ပါတယ်။

မင်းသား Johnson ကို ၂၀၁၉ ခုနှစ်အတွင်းမှာ ပြသမယ့် DC ရဲ့ “Shazam” ရုပ်ရှင်နဲ့ “Jungle Cruise” ရုပ်ရှင်တို့မှာ မြင်တွေ့ကြရဦးမှာပါ။ ကမ္ဘာ့ထိပ်တန်း နပန်းသမား တဦးဖြစ်ခဲ့ဖူးတဲ့ မင်းသားဟာ ၈ ကြိမ်တိုင်တိုင် WWE ချန်ပီယံ ဖြစ်ခဲ့ဖူးသူပါ။

၂၀၀၂ ခုနှစ်မှာ “The Scorpion King” ရုပ်ရှင်မှာ ပထမဆုံးခေါ်င်းဆောင်မင်းသား အနေနဲ့ ပါဝင်ခဲ့ပြီး အနုပညာကြေး ဒေါ်လာ ၅ ဒဿမ ၅ သန်းရရှိခဲ့ပါတယ်။ အဲဒီနောက် The Fast And The Furious ရုပ်ရှင်တွေနဲ့ ပရိသတ်တွေ လူသိများလာတဲ့ မင်းသားတဦးလည်း ဖြစ်ပါတယ်။

Ref: aceshowbiz

The post Facebook အကောင့်တုတွေနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို Dwayne Johnson သတိပေး appeared first on ဧရာဝတီ.

အိမ်ထောင်ရေးပြိုကွဲတော့မယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆိုလိုက်တဲ့ ဗစ်တိုးရီးယားဘက်ခမ်း

$
0
0

ကမ္ဘာကျော် ဖက်ရှင်ဒီဇိုင်နာ ဗစ်တိုးရီးယားဘက်ခမ်းဟာ ခင်ပွန်းသည် ဒေးဗစ်ဘက်ခမ်းနဲ့ လမ်းခွဲတော့မယ်လို့ ဆိုတဲ့ ကောလာဟလသတင်းတွေ အကြောင်းရှင်းလင်းပြောဆိုခဲ့ြ့ပီး သူတို့တဦးချင်းစီ ရှိနေရတာထက် အတူတူရှိနေတာ ပိုမိုခိုင်မာတယ်လို့ ဝန်ခံပြောဆိုလိုက်ပါတယ်။

ကမ္ဘာကျော် စုံတွဲတတွဲ ဖြစ်တဲ့ သူတို့နှစ်ဦးရဲ့ ၁၉ နှစ်တာကြာညောင်းခဲ့ပြီဖြစ်တဲ့ အိမ်ထောင်ရေးဟာ ပြီးခဲ့တဲ့ဇွန်လကစလို့ ပြိုကွဲတော့မယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်ခဲ့တဲ့အပြင် သူတို့နှစ်ဦးကွာရှင်းတော့မယ်ဆိုတဲ့သတင်းက ကမ္ဘာတဝန်း ဟိုးလေးတကျော် ဖြစ်ခဲ့ရတာပါ။

အခုတော့ အဲဒီသတင်းတွေနဲ့ ပတ်သက်လို့ ဗစ်တိုးရီးယားက ဗြိတိသျှမဂ္ဂဇင်းတခုဖြစ်တဲ့ Vogue နဲ့ ပြုလုပ်တဲ့ အင်တာဗျူးတခုမှာ ပြောဆိုသွားခဲ့ပြီး မိသားစုတခုအနေနဲ့ ခိုင်မာတောင့်တင်းတဲ့အကြောင်း ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့ပါတယ်။

သူက “ကျမတို့ တယောက်ချင်းစီရှိနေရတာထက် အတူတူရှိနေတာပိုပြီး ခိုင်မာတောင့်တင်းတယ်လို့ ကျမတို့နှစ်ဦးလုံး နားလည်သဘောပေါက်ထားကြပါတယ်။ အဲဒီလိုသာမဟုတ်ရင် ကျမတို့နှစ်ယောက် အခုအချိန်အထိ နှစ်တွေအများကြီး ဒီနေ့ဒီအချိန် နေရာတခုကို ရောက်လာမှာမဟုတ်ပါဘူး။ ဒါဟာ မိသားစု စုစည်းမှုဖြစ်ပါတယ်။ ကျမတို့ ၆ ယောက်လုံးဟာ တဦးချင်းစီ ရှိနေကြတာထက်စာရင် အတူတူရှိနေတာ ပိုခိုင်မာပါတယ်။ မိသားစုသံယောဇဉ်ကို ကျမတို့လေးစားပြီး အဲဒါဟာ အဓိကအချက်လည်း ဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

အသက် ၄၄ နှစ်အရွယ် ဗစ်တိုးရီးယားက သူတို့နှစ်ဦးလက်ထပ်ခဲ့တဲ့ ၁၉၉၉ ခုနှစ်ကစလို့ မယုံကြည်မှုတွေရဲ့ ရိုက်ခတ်မှုတွေ၊ လမ်းခွဲလိုက်ပြီလို့ အကြိမ်ပေါင်းများစွာ ပြောဆိုခံခဲ့ရတာတွေ ရှိခဲ့ပေမယ့် အဲဒါတွေကို မသိကျိုးကျွံပြုရတာ နေသားကျနေပြီလို့ ဆိုပါတယ်။

သူက “ကျမတို့ရဲ့ ဆက်ဆံရေးနဲ့ ပတ်သက်လို့ လူတွေက နှစ်၂၀ လုံးလုံး ပြောဆိုလာခဲ့ကြတာပါ။ ဒါကြောင့် ဒေးဗစ်နဲ့ ကျမက အဲဒီလိုမျိုး အချေအမြစ်မရှိတာတွေနဲ့ တော်တော်လေးကို နေသားကျနေပြီး ပုံမှန်လိုပဲ ယူဆထားကြပါတယ်။ ဒါပေမယ့် ကျမတို့ဘေးနားက လူတွေအထိ ကျယ်ကျယ်ပြန့်ပြန့်ရိုက်ခတ်လာတယ်ဆိုတာကတော့ အဲဒါ မတရားပါဘူး” လို့ ပြောကြားခဲ့ပါတယ်။

ကမ္ဘာကျော် ဘောလုံးသမားဟောင်း ဒေးဗစ်နဲ့ Spice Girl အဖွဲ့ဝင်ဟောင်း ဗစ်တိုးရီးယားတို့ထံမှာ ကလေး ၄ ဦးထွန်းကား ပါတယ်။ အဲဒီမဂ္ဂဇင်းမျက်နှာဖုံးဓာတ်ပုံမှာတော့ အဲဒီကလေးတွေနဲ့ အတူ ဗစ်တိုးရီးယားက ပါဝင်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် လွန်ခဲ့တဲ့ ၂၂ နှစ်လောက်တုန်းက ဂီတဗီဒီယို တခုမှာ ဝတ်ဆင်ခဲ့တဲ့ အနက်ရောင်ကြောင်မယ်ဝတ်စုံ ကိုလည်း မဂ္ဂဇင်းအတွက် ဓာတ်ပုံ ရိုက်ကူးပေးထားပါသေးတယ်။

ဆက်စပ်ဖတ်ရှုရန် Spice Girls အဖွဲ့ကို အမှန်တကယ် ပြန်လည်ဖွဲ့စည်းမည် ဖြစ်ကြောင်း အဖွဲ့ဝင် Mel B ပြော

Ref: aceshowbiz

The post အိမ်ထောင်ရေးပြိုကွဲတော့မယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆိုလိုက်တဲ့ ဗစ်တိုးရီးယားဘက်ခမ်း appeared first on ဧရာဝတီ.

ကာတွန်းကားတွေမှာ အသံနဲ့ သရုပ်ဆောင်ခဲ့တဲ့ ကမ္ဘာကျော်များ

$
0
0

ကာတွန်းကားတွေမှာ အသံသရုပ်ဆောင်တွေဟာလည်း အရမ်းကို အရေးကြီးပါတယ်။ နောက်ခံစကားလိုက်ပြောတဲ့အခါ အသံမာမာကြီးတွေဖြစ်မနေဖို့နဲ့ အရှေ့ကာတွန်းသရုပ်ဆောင်မှုအတိုင်း ပီပီပြင်ပြင်လိုက်ပြောတတ်ဖို့ ဆိုတာလည်း ခက်ခဲတဲ့ ပညာတရပ်ဖြစ်ပါတယ်။

ဒါကြောင့် ဒီတခါမှာ ကာတွန်းကားတွေမှာ အသံနဲ့ သရုပ်ဆောင်ခဲ့တဲ့ ကမ္ဘာကျော်တွေကို ဖော်ပြပေးချင်ပါတယ်။

(၁) Tom Hanks

 

 

Tom Hanks ဟာ ကိုယ်တိုင်သရုပ်ဆောင်တဲ့နေမှာလည်း ဆရာတဆူဖြစ်ပါတယ်။ သူအသံနဲ့ သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားတွေ အများကြီးပေမယ့် နာမည်အကြီးဆုံးကတော့ Toy Story ဇာတ်ကားတွေမှာ Woody အဖြစ် သရုပ်ဆောင်တာပဲ ဖြစ်ပါတယ်။

(၂) Hugh Jackman

 

 

X-men ဇာတ်ကားတွေနဲ့ ပရိသတ်တွေ အားပေးမှုကို အကြီးအကျယ်ရထားတဲ့ မင်းသား Hugh Jackman ဟာလည်း ကာတွန်းကားတွေမှာ အသံသရုပ်ဆောင်ပါတယ်။ သူသရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားတွေထဲမှာ အောင်မြင်ခဲ့တာကတော့ Rise Of The Guardians ဇာတ်ကားထဲမှာ Easter Bunny အဖြစ် သရုပ်ဆောင်ခြင်းပဲ ဖြစ်ပါတယ်။

(၃) Nicoles Cage

 

 

မင်းသား Nicoles Cage ဟာလည်း ကာတွန်းဇာတ်ကောင်တွေမှာ အသံသရုပ်ဆောင်တဲ့ ဇာတ်ကားတွေ အများကြီး ပါပဲ။သူသရုပ်ဆောင်ခဲ့တဲ့ ကာတွန်းကားတွေကတော့ The Croods မှာ Grug,Astro Boy မှာ Dr.Tenma, Christmas Carol: The Movie မှာ Jacob Marley အနေနဲ့ သရုပ်ဆောင်ထားပါတယ်။

(၄) Miley Cyrus

 

 

ကလေးဘဝက မင်းသမီးအဖြစ် လုပ်ကိုင်ခဲ့ပြီး လက်ရှိမှာ အဆိုတော် အဖြစ်နဲ့ ရပ်တည်နေတဲ့ Miley Cyrus ကတော့ Bolt ဇာတ်ကားမှာ Penny အဖြစ် အသံသရုပ်ဆောင်ခဲ့ပါတယ်။

(၅) Jack Black

 

 

ဟာသသရုပ်ဆောင် Jack Black ကတော့ Kung Fu Panda ဇာတ်ကားမှာ Po အဖြစ် သရုပ်ဆောင်ထားပါတယ်။

(၆) Johnny Deep

 

 

ကမ္ဘာကျော်မင်းသားကြီး Johnny Deep အသံ သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားတွေကတော့ Victor Van Dort အဖြစ် Corpse Brideဇာတ်ကား, Jack Kahuna Laguna အဖြစ် SpongeBob SquarePantsဇာတ်ကားတွေနဲ့ Rango ဇာတ်ကားမှာ အဓိကဇာတ်ကောင်အဖြစ် သရုပ်ဆောင်ထားပါတယ်။

Ref;Ranker.com

The post ကာတွန်းကားတွေမှာ အသံနဲ့ သရုပ်ဆောင်ခဲ့တဲ့ ကမ္ဘာကျော်များ appeared first on ဧရာဝတီ.


မိသားစုကြောင့် Show ပွဲတွေ သိပ်မဆိုဖြစ်တဲ့ အဆိုတော် မနော

$
0
0

နယ်ပရိသတ် အခိုင်အမာရရှိထားတဲ့ အဆိုတော် မနောက လတ်တလောမှာ သီချင်းဆိုဖို့ လာငှားတဲ့ ပွဲတိုင်း မဆိုဖြစ်တော့ဘဲ ၁၀၀ မှာ ၁၀ ပွဲလောက်သာ ဆိုဖြစ်တယ်လို့ ဧရာဝတီကို ပြောပါတယ်။

“ရှိုးတွေက ကျနော် Band နဲ့ပဲဆိုတယ်။ CD နဲ့ ဆိုရတဲ့ပွဲတွေ ပိတ်လိုက်တယ်။ တချို့နယ် အလှူတွေကျတော့ ကျနော့်ကို အပြတ်ငှားတယ်။ ကျနော့်တီးဝိုင်း၊ ကျနော့်အဆိုပေါ့။ ကျနော်တို့လိုချင်တဲ့စက်တွေ အကုန်ငှားပေးတယ်။ အဲဒီလိုပွဲမျိုးဆို လိုက်ဆိုတယ်။ ပြီးတော့ ၤၤFree show ဖြစ်ရမယ်။ ရုံပွဲတွေ မဆိုတော့ဘူး။ လာငှားတဲ့ ပွဲ ၁၀၀ မှာ ၁၀ ပွဲလောက်ပဲ ရွေးဆိုတော့တယ်”လို့ အဆိုတော် မနောက ဧရာဝတီကို ပြောပါတယ်။

အခွေရောင်းအားနဲ့ ငွေရှာလို့ မရဘဲ ရှိုးပွဲတွေကတဆင့် ငွေကြေးနဲ့အောင်မြင်မှု ရှာဖွေရတဲ့ ခေတ်မှာ အဲဒီလို ဆုံးဖြတ်ဖြစ်တဲ့အကြောင်းကို မနောက အခုလိုပဲ ပြောပါတယ်။

“အောင်မြင်မှုကို ဆက်လိုချင်သေးသရွေ့ ကျနော့မိသားစုကို အချိန်နည်းသွားမယ်လေ။ ငွေကြေးကျတော့လည်း အပြင်လုပ်ငန်းစီးပွားရေးကို ကျနော်က အချိန်ပေးတဲ့အတွက် အဲဒီကဝင်တာ။ ဒီဖက်ကမဝင်လည်း ဟိုဖက်ကဝင်တယ်။ နောက်ပြီး ဒီလောကထဲမှာ မမြင်တော့ရင်လည်း လုံးဝပျောက်သွားမယ်။ ဒီတော့ ပွဲကိုခြိုးခြံတယ်။ ချုံ့လိုက်တယ်။ ဒီတော့ အနုပညာဖန်တီးမှုကျတော့ တောက်လျှောက်ရှိလာတယ်”

“အရင်ကဆို အခွေမလုပ်နိုင်ဘူး၊ခုတော့အခွေက တောက်လျှောက် လုပ်နိုင်အား များလာတယ်။ ဖန်တီးမှုအား များလာတယ်။ အောင်မြင်လာတော့ အရင်ကလို မလွတ်လပ်တော့ဘူး။ မိသားစုနဲ့ အရင်ကလို နေကာတိုင်းသွားလို့ မရတော့ဘူး။ ကိုယ့် ကိုယ်ချစ်တဲ့ပရိသတ်ကလည်း အပြင်မှာတွေ့ရင် ကိုယ်နဲ့ဓာတ်ပုံရိုက်ချင်ကြတာပေါ့နော်။ တနေရာသွားရင် ပရိသတ်နဲ့တွေ့ရင် အုံလာပြီး မိသားစုနဲ့ ကိုယ်သွားချင်တဲ့နေရာအဆုံးထိ မရောက်တော့ဘူး။ ကျနော် မိသားစု အတွက်လည်းစဉ်းစားရပြီလေ”လို့ မနောက ဆိုပါတယ်။

အဆိုတော် မနောက”ကမောက်ကမ သမီးယောင်းမ”ရုပ်ရှင်ကားကြီးမှာလည်း ပါဝင်သရုပ်ဆောင် ထားပါတယ်။ သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့လည်း အခုလို ဆိုပါတယ်။

“ရုပ်ရှင်တွေက လာတော့လာတယ်။ ကျနော် ဒီတကားပဲ လက်ခံဖြစ်တာပါ။ ဟာသကားပါပဲ။ ဇာတ်ညွှန်းကြည့်ပြီးမှ လက်ခံဖြစ်တာပါ။ လာတုန်းကတော့ ဟိုကလာကမ်းလှမ်း၊ ဒီက လာကမ်းလှမ်းနဲ့ ၁၅ ကားလောက်ရှိတယ်။ ဒီပရိုဂျူဆာကတော့ ရိုက်ချင်အောင် ပြောတတ်တယ်။ အရမ်းကိုပညာရတယ်။ သင်ပေးတယ်”

“ကိုပြေတီဦးကလည်း သင်ပေးတယ်။ ကိုခင်လှိုင်တို့၊ မခိုင်လေးတို့၊ သဉ္ဇာဝင့်ကျော်တို့ အားလုံးက တွဲခေါ်တယ်။ ဒိုင်ယာလော့ခ်တွေပါလာတော့ ခက်တယ်လေ။ ပြောရင်းနဲ့မှ မျက်နှာအမူအရာ မပျက်အောင်လည်း နေရသေးတာ။ ကျနော့်အတွက်ကျ ခက်တယ်။ သူများတွေတော့ မသိဘူး။ သီချင်းဆိုတာနဲ့တော့ တခြားစီပဲ” လို့ မနောက ပြောပါတယ်။

မနောက ဇာတ်လမ်းလည်းကြိုက်ပြီး အချိန်လည်း အများကြီးမပေးရဘူးဆိုတဲ့ ဇာတ်လမ်းတွေ ဆိုရင်တော့ လက်ခံရိုက်ကူးဖြစ်ဦးမယ်လို့လည်း ပြောပါတယ်။ မနောက သူ့ရဲ့တေးရေးဆရာ သဟာအောင်နဲ့ အတွဲတေးစီးရီးတခွေ အမြန်ဆုံးထွက်နိုင်ဖို့လည်း စီစဉ်နေတယ်လို့ သိရပါတယ်။

ပရိသတ်ကို လိုင်းအသစ် ခံစားစေချင်တဲ့အတွက် ပုံစံအသစ်လေးတွေ ဆိုထားတယ်လို့ဆိုပြီး နေ့ချင်း၊ ညချင်း စီစဉ်လိုက်တဲ့အခွေဖြစ်ပြီး နောက်ဆက်တွဲ စတီရီယို တကိုယ်တော်ခွေနဲ့ တေးရေး ၅ ဦးရဲ့သီချင်းတွေနဲ့တေးစီးရီးတွေ ဆက်တိုက်လာဖို့ရှိတယ်လို့လည်းဆိုပါတယ်။

အဆိုတော် မနောရယ်လို့ မဖြစ်ခင်ကနဲ့ ဖြစ်ပြီးမှ ရပ်တည်ချက်က တူသေးလားဆိုတဲ့အမေးနဲ့ ပတ်သက်ပြီး မနောက အခုလိုဆိုပါတယ်။

“မနော မဖြစ်ခင်ကနဲ့ ဖြစ်ပြီးမှ ရပ်တည်ချက်က တူတယ်။ ကျနော်အေးအေးချမ်းချမ်းနဲ့ပဲ ဘဝကို ရပ်တည်မယ်။ လောဘဇောတိုက်ပြီး ဘာမှ မလုပ်ဘူး။ ကျနော့်ရဲ့ ပြိုင်ဘက်က ကျနော်ပဲလေ။ ဘာပြီးရင် ဘာလုပ်မယ်ဆိုတာကို ကျနော့်ပရိုဂရမ်နဲ့ပဲ ကျနော်သွားတယ်။ သူများဟာက ကျနော့်ကို လာဂယက် မရိုက်ဘူး။ ကိုယ့်လမ်းကြောင်းနဲ့ကိုယ်သွားမယ်။ အေးချမ်းတည်ငြိမ်စွာနဲ့ နေမယ်။အဲဒီလိုပဲဆုံးဖြတ်ထားတယ်။ ဒီဂီတကိုတော့ အရိုးသားဆုံး လုပ်ရမယ်။ ဘာခုတုံးမှ မထည့်ဘူး”လို့မနောက ဖြေပါတယ်။

မနောက ခုချိန်ထိ ရှိုးပွဲတွေမှာ မဖြစ်မနေ ဆိုနေရတဲ့ သီချင်းတပုဒ်ရှိပြီး သူကိုယ်တိုင်လည်း အံ့သြရတဲ့သီချင်းဖြစ်နေတယ်လို့ ဆိုပါတယ်။

“မဖြစ်မနေဆိုရတာတော့ မထင်ထားတဲ့သီချင်းကြီး၊ သြင်္ကန်သီချင်းကြီး “မိချော”၊ နှစ်ပေါင်းများစွာ ဆိုနေရတာ။ ဗိုလ်အောင်ဒင်ကတော့ ထားပါတော့လေ၊ ဆိုရတာက။ ဒီသြင်္ကန်သီချင်းကြီးကို တောက်လျှောက်ကိုဆိုရတာ မဖြစ်မနေကို ဆိုရတာ။ ပြီးတော့ ကျနော်မြို့ပေါ်ပွဲတွေဆိုမယ်ဆို စတီရီယိုသီချင်းလေးတွေ တိုက်သွားလိုက်ရင် ဟိုကျ “အချစ်စစ်တန်ဖိုး”နဲ့ “ကြာဖြူ”ပဲဆိုရတယ်၊ ဒီတော့ စတီရီယိုသီချင်းကို ညှပ်ညှပ် ဆိုရတာပေါ့”လို့ မနောက ဧရာဝတီကို ပြောပြပါတယ်။

အဆိုတော် မနောက စစ်ကိုင်းမှာ သီလရှင်ဆရာလေးများအတွက် ကျပ်သိန်း၂၅၀ ကျော် ကုန်ကျတဲ့ ကျောင်းဆောင်သစ်တစ်ဆောင်ကို သူရထားတဲ့ အနုပညာကြေးများနဲ့ ဆောက်လုပ် လှုဒါန်းထားတယ်လို့ သိရပါတယ်။

The post မိသားစုကြောင့် Show ပွဲတွေ သိပ်မဆိုဖြစ်တဲ့ အဆိုတော် မနော appeared first on ဧရာဝတီ.

သမ္မတ Donald Trumpကို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်တဲ့ အဆိုတော် John Legend

$
0
0

ကမ္ဘာကျော် အဆိုတော် John Legend က အမေရိကန်သမ္မတ Donald Trump ဟာ တိုင်းပြည်ကို တာဝန်မယူသင့်တဲ့၊ တကယ့်ကိုပဲ ဆိုးရွားတဲ့ ပုဂ္ဂိုလ်တဦးဖြစ်တဲ့အကြောင်း ဝေဖန်ပြောဆိုလိုက်ပါတယ်။ “All of Me” သီချင်းအဆိုတော် John က “Apprentice” အစီအစဉ်စတားဟောင်း Trump ဟာ အဲဒီလို ပြောဆိုမှုနဲ့ ထိုက်တန်သူဖြစ်တဲ့အတွက် နိုင်ငံရေး လှုပ်ရှားမှုကို အပြစ်တင်ရန် သူ့အနေနဲ့ လူထုမီဒီယာကို အသုံံးပြုခွင့်ရှိတဲ့ အကြောင်း ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။

“သူ (Trump) ဟာ ဝေဖန်ခံရမှုနဲ့ ထိုက်တန်ပါတယ်။ သူကတော်တော်လေးကို အဆင်မပြေတဲ့ ကိစ္စတွေကို လုပ်ခဲ့ပါတယ်။ ပြီးတော့ သူဟာ တကယ့်ကိုပဲ ဆိုးရွားတဲ့ ပုဂ္ဂိုလ်လို့ ကျနော်ထင်ပါတယ်။ သူဟာ တကိုယ်ကောင်း ဆန်တယ်။ လူမျိုးရေး ခွဲခြားတယ်။ အမျိုးသမီးတွေကို တိုက်ခိုက်သူဖြစ်တယ်။ လူလိမ်တယောက် ဖြစ်တယ်။ လူမှုဘဝ နယ်ပယ်မှာ ကျနော်တို့ မြင်တွေ့နိုင်တဲ့ အဆိုးရွားဆုံး လူလိမ် ဖြစ်နိုင်ပါတယ်။ ဆင်ခြင်တုံတရား နည်းပါးတယ်။ ဘဝင်လေဟပ်နေသူ တယောက်ဖြစ်တယ်လို့ ကျနော် ဆိုချင်ပါတယ်။ ဒါပေမယ့် သူဟာတော်တော်း ဆိုးရွားတဲ့ ပုဂ္ဂိုလ်ဖြစ်ပြီး သမ္မတမဖြစ်သင့်ဘူးဆိုတာ ထင်ရှားတယ်လို့ ကျနော်ထင်ပါတယ်”လို့ အဆိုတော် John က ပြောပါတယ်။

အသက် ၃၉ နှစ်အရွယ် အဆိုတော်က သူ့ရဲ့ သူငယ်ချင်း Kanye West နဲ့တော့ သမ္မတ Trump အပေါ်မှာ အမြင်ချင်းကွဲပြားပြီး သူငယ်ချင်း Kanye အနေနဲ့ သမ္မတရဲ့ မူဝါဒတွေနဲ့ ပြည်သူတွေအပေါ် ဘယ်လို သက်ရောက်မှု ရှိတယ်ဆိုတာကို အနီးကပ် ကြည့်ရှုသင့်တဲ့အကြောင်း တိုက်တွန်းလိုက်ပါတယ်။

ယူကေ ရုပ်သံအစီအစဉ်တခုဖြစ်တဲ့ ‘This Morning’ မှာပြောဆိုရာမှာတော့ သူက “နိုင်ငံရေးအရ သဘောမတူတာ မျိုးက ဖြစ်လေ့ဖြစ်ထရှိပေမယ့် သေချာကတော့ သူမှားနေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင်သူက “ကျနော် Kanye ကို ထောက်ပြလိုတာက သူက ဒီပုဂ္ဂိုလ်ကို ပုဂ္ဂိုလ်ရေးအရ သဘောကျတာ ပြဿနာ မရှိပေမယ့် သူရုံးမှာ ဘာတွေလုပ်နေတယ်ဆိုတာ ပြဿနာဖြစ်ပါတယ်။ သူ့ရဲ့ မူဝါဒတွေကို အသက်သွင်းတဲ့အခါ ပြည်သူတွေအတွက် တကယ့်လက်တွေ့ဘဝအပေါ် အကျိုးဆက်တွေ ဖြစ်တာမျိုးလို့ တော်တော်လေးကို ဆိုးရွားပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် John က အပြောင်းအလဲကို ပိုမိုလှုံ့ဆော်နိုင်ပါစေလို့ ဆန္ဒရှိတဲ့အကြောင်းလည်း ပြောဆိုပါတယ်။ သူက “ကျနော့် သီချင်းအသစ်ထဲမှာဆိုရင် ကွန်းဂရက်နဲ့ အခြားအရာရှိတွေအနေနဲ့ သမ္မတအပေါ်မှာ အရေးယူ ကိုင်တွယ်တာတွေ လုပ်ဆောင်ဖို့ ဖော်ပြထားပါတယ်” လို့ ဆိုပါတယ်။

ဒါပေမယ့် သမ္မတရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ဖို့ အစီအစဉ် မရှိတဲ့အကြောင်းလည်း ဆိုပါတယ်။ သမ္မတဖြစ်လိုစိတ်မရှိပေမယ့် နိုင်ငံရေးမှာ ပါဝင်တာမျိုး၊ နိုင်ငံရေးနဲ့ အချိတ်အဆက်ရှိသင့်တယ်လို့ ယုံကြည်တဲ့အကြောင်းလည်း ပြောဆိုထားပါတယ်။

Ref: contactmusic

The post သမ္မတ Donald Trumpကို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်တဲ့ အဆိုတော် John Legend appeared first on ဧရာဝတီ.

၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံးဝတ်စားဆင်ယင်တတ်သူ အမျိုးသမီးအဖြစ် Meghan Markle ဖော်ပြခံရ

$
0
0

နာမည်ကျော်ကြား ထင်ရှားမှုမှာ တော်ဝင်မျိုးနွယ်တွေကို ရှားရှားပါးပါး အနေနဲ့ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီရဲ့ ကြင်ယာတော် အမေရိကန်မင်းသမီး Meghan Markle ဟာ People မဂ္ဂဇင်းကနေ ရွေးချယ်တဲ့ ၂၀၁၈ ခုနှစ်အတွက် ဝတ်စားဆင်ယင်မှုအကောင်းဆုံးအမျိုးသမီးအဖြစ် သတ်မှတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့မေလမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနဲ့ လက်ထပ်ခဲ့ပြီးတဲ့နောက် Sussex မြို့စားကတော် ဖြစ်လာခဲ့တဲ့ အသက် ၃၇ နှစ်အရွယ် Markle ဟာ People မဂ္ဂဇင်းရဲ့ နှစ်စဉ်ထုတ်ပြန်နေကျ အဲဒီ စာရင်းမှာ ဟောလိဝုဒ်မင်းသမီးတွေ ဖြစ်တဲ့ Cate Blanchett နဲ့ Sandra Bullock၊ လူ့အခွင့်အရေး ရှေ့နေ Amal Clooney နဲ့ ရုပ်သံအစီအစဉ်စတား Kim Kardashian တို့ရဲ့ ရှေ့မှာ ရပ်တည်နေတာဖြစ်ပါတယ်။

အခုလိုမျိုး တော်ဝင်မိသားစုဝင် တဦးကို ထိပ်တန်းအမြင့်ဆုံးနေရာမှာ ဂုဏ်ပြုလိုက်တာဟာ မဂ္ဂဇင်းအတွက် ခရီးစဉ်တခုရဲ့ အစလို့ သတ်မှတ်နိုင်ပါတယ်။

People မဂ္ဂဇင်းရဲ့ စတိုင်နဲ့ အလှအပ ဒါရိုက်တာ Andrea Lavinthal က “ဟောလိဝုဒ်ပြင်ပက ပုဂ္ဂိုလ်နဲ့ တော်ဝင် မိသားစုတွေကို တခါမှ စာရင်းထဲမထည့်ခဲ့ဖူးပါဘူး။ ဒါပေမယ့် ၂၀၁၈ ခုနှစ်နဲ့ စတိုင်အကြောင်း ပြောကြတဲ့အခါ Meghan Markle အကြောင်း မပါဘဲ ပြောလို့ ရမှာ မဟုတ်ပါဘူး” လို့ ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

Lavinthal က “သူ့ရဲ့ စတိုင်ဟာ ဒီနှစ်မှာ တော်တော်လေးကို ထူးခြားခဲ့ပါတယ်။ ဒါကြောင့် သူ့ကို ကျနော်တို့ စာရင်းထဲမှာ ထည့်ရုံသမာက အကောင်းဆုံး ဝတ်စားဆင်ယင်သူအဖြစ်လည်း ဖန်တီးပေးခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ်မှာ မွေးဖွားခဲ့တဲ့ Markle ဟာ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလမှာ မင်းသား ဟယ်ရီနဲ့ စေ့စပ်လိုက်ပြီး နောက်ပိုင်း မဂ္ဂဇင်းနဲ့ သတင်းစာတွေထဲမှာ ဖော်ပြခံခဲ့ရပါတယ်။ သူတို့ရဲ့ မင်္ဂလာပွဲကိုလည်း ကမ္ဘာတဝန်းမှ လူသန်းပေါင်း များစွာ ကြည့်ရှုခဲ့ကြပါတယ်။

သူ့ရဲ့ လှပတဲ့ခြေထောက်တွေကို ပြသနိုင်တဲ့ ရိုးရာ ဗြိတိသျှ တော်ဝင်စတိုင်၊ ပုခုံးသားပေါ်လွင်တဲ့ ဝတ်စုံဒီဇိုင်းတွေဟာ လက်လီဖက်ရှင်စတိုးတွေမှာ နာမည်ကျော်ခဲ့တဲ့ ဒီဇိုင်းတွေလည်း ဖြစ်ပါတယ်။

သူဟာ Classic ဆန်တဲ့ ရှပ်နဲ့ ဂျင်းအပြဲပဲ ဝတ်ဆင်တာပဲ ဖြစ်ဖြစ်၊ လက်ထပ်ဝတ်စုံနဲ့ ဆံထိုးကို ဆင်မြန်းတာပဲဖြစ်ဖြစ် တော်တော်လေးကို ဆွဲဆောင်မှုရှိပြီး ပြီးပြည့်စုံလွန်းတာမျိုး မဟုတ်ဘဲ သူ့ရဲ့ အရောင်အဝါကို တောက်ပြောင်စေတဲ့ အရာတခုခုရှိတဲ့အကြောင်းလည်း Lavinthal က ပြောဆိုထားပါတယ်။

People မဂ္ဂဇင်းက ပြစ်မျိုးမှည့်မထင် ရှင်းသန့်လွန်းတဲ့ ဖက်ရှင်ဒီဇိုင်းတွေ ဝတ်ဆင်တဲ့ မင်းသမီး Blanchett ၊ ကိုယ်ပိုင် ကျက်ကရေရှိတဲ့ စတိုင်နဲ့ Amal နဲ့ ရင်သပ်ရှုမောဖွယ် ဖြစ်လွန်းတဲ့ မင်းသမီး Bullock တို့ကိုလည်း ချီးမွန်းပြောဆိုခဲ့ပါတယ်။

ခင်ပွန်း Kanye West ရဲ့ Yeezy ဖက်ရှင်နဲ့ ဆွဲဆောင်မှုရှိတဲ့ အလှတို့ ပေါင်းစပ်ထားတဲ့ Kardashian ကိုတော့ ပြီးခဲ့တဲ့ ဇွန်လမှာ အမေရိကန်ဖက်ရှင်ဒီဇိုင်နာ ကောင်စီကနေ လူထုအပေါ်လွှမ်းမိုးနိုင်သူဆု ချီးမြှင့်ထားပါတယ်။ စာမျက်နှာ ၂၃ မျက်နှာပါရှိမယ့် အခုသီတင်းပတ်ရဲ့ မဂ္ဂဇင်းကို အမေရိကန်နိုင်ငံမှာ လာမယ့် စက်တင်ဘာ ၇ ရက်နေ့ကစလို့ ရောင်းချတော့မှာဖြစ်ပါတယ်။

Ref:Reuters

The post ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံးဝတ်စားဆင်ယင်တတ်သူ အမျိုးသမီးအဖြစ် Meghan Markle ဖော်ပြခံရ appeared first on ဧရာဝတီ.

မအိမ်ကံနဲ့ ပတ်သက်ပြီး “ရိုက်မယ်၊ မရိုက်ဘူး အစီအစဉ် မရှိသေးဘူး” လို့ မေမြင့်မိုရ်ပြော

$
0
0

စာရေးဆရာမ ခင်ခင်ထူးရဲ့ အောင်မြင်ကျော်ကြား လူသိများပြီး စာဖတ်သူများ တန်ဖိုးထားရတဲ့ ဝတ္ထုတပုဒ်ဖြစ်တဲ့ မအိမ်ကံ ဝတ္ထုရဲ့ အဓိကဇာတ်ကောင် မအိမ်ကံနေရာမှာ သရုပ်ဆောင် မေမြင့်မိုရ်ကို ရိုက်ကူးမယ်ဆိုတဲ့ သတင်းကတော့ အမှန် မဟုတ်ဘဲ “ရိုက်မယ်၊ မရိုက်ဘူး” ဆိုတဲ့ အစီအစဉ် မရှိသေးဘူးလို့ မေမြင့်မိုရ်က ပြောပါတယ်။

“မအိမ်ကံနဲ့ ပတ်သက်ပြီးတော့လည်း ဘာမှပြောထားခြင်းလည်း မရှိဘူး။ အဲဒီနေ့က မီဒီယာတခုကမေးတာလည်း ညီမဆိုရင် အရိပ်ကို ရိုက်ခဲ့တော့ ဝတ္ထုကြီးတွေ ရိုက်ရတာ ဘယ်လိုခံစားရလဲဆိုတာပဲ ပြောပြတာ။ မအိမ်ကံနဲ့ ပတ်သက်ပြီး ရိုက်မယ်၊ မရိုက်ဘူး အစီအစဉ် မရှိသေးပါဘူး။ ညီမကိုယ်တိုင်လည်း အဲဒီဝတ္ထုလေးကို ပရိသတ်တွေ တန်ဖိုးထားသလို အရမ်းတန်ဖိုးထားပါတယ်” လို့ မေမြင့်မိုရ်က ပြောပါတယ်။

အဆိုပါ သတင်းစကားကတော့ မီဒီယာတခုရဲ့ မေးမြန်းမှုတွေဖြေကြားခဲ့တာဖြစ်ပြီး မအိမ်ကံဝတ္ထုကို တန်ဖိုးထား နှစ်သက်ကြတဲ့ ပရိသတ်များကြားမှာတော့ ဂယက်တခုသဖွယ် ဖြစ်သွားခဲ့ပါတယ်။

ထပ်မံပြီးတော့လည်း မေမြင့်မိုရ်က “အဲဒီကိစ္စကို ပြောရမယ်ဆိုရင် ညီမတို့ Forever Group ကထုတ်လုပ်မယ့် ဇာတ်လမ်းတွဲတွေက အများကြီး။ ညီမကိုယ်တိုင်လည်း ဘယ်ဇာတ်လမ်းတွဲမှာ ပါရမလဲ ဆိုတာ မသိသေးဘူး။ အခုချိန်ထိလည်း မသိသေးဘူး။ ညီမ ပုဂံမြို့သူရိုက်ပြီးတော့ ၂၀၁၉ လောက်မှ ဇာတ်လမ်းတွဲတွေ စရိုက်ဖြစ်မှာ” လို့ ပြောပါတယ်။

မေမြင့်မိုရ်က မကြာခင်က ပြသပြီးစီးသွားခဲ့တဲ့ အရိပ် ဇာတ်လမ်းတွဲမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပြီး ဝေဖန်မှုနဲ့အတူ အားပေးမှုများလည်း ရရှိခဲ့တဲ့အတွက် နာမည်ကြီးဝတ္ထုများကို ပြန်လည်ရိုက်ကူးတဲ့အခါ သရုပ်ဆောင်ရတဲ့ ခံစားချက်ကိုလည်း ပြောပြခဲ့ပါတယ်။

“နာမည်ကြီးတဲ့ ဝတ္ထုတွေက အရမ်းကိုတာဝန်ကြီးပါတယ်။ အရိပ်ဆိုရင် အားလုံးရင်မှာရှိပြီးသား ဝတ္ထုဖတ်တဲ့အချိန်မှာ။ ညီမကိုယ်တိုင်လည်း ဝတ္ထုအမြဲဖတ်တော့ ကိုယ်ပုံဖော်ထားတဲ့ ရင်ထဲကဇာတ်ကောင်က အမြဲတမ်းရှိတယ်။ ရုပ်ရှင် ပြန်ရိုက်ပြီး ပုံဖော်တဲ့အခါမှာ အရမ်းခက်ခဲတယ်။ ရိုက်ကူးနေရင်းနဲ့လည်း စိတ်ဖိစီးမှု အရမ်းများတယ်။ မှားယွင်းသွားရင် မကြိုက်ကြဘူး။ အန္တရာယ်လည်းများတယ်။ ကိုယ်တိုင်လည်း အဲဒီလိုကားတွေ ရိုက်တဲ့အခါမှာ သတိထားရတယ်” လို့ မေမြင့်မိုရ်က ပြောပါတယ်။

သရုပ်ဆောင် မေမြင့်မိုရ်ကတော့ MRTV-4 ဇာတ်လမ်းတွဲများမှတဆင့် ပရိသတ်များ သတိပြုမိခဲ့ကြတဲ့ သရုပ်ဆောင် တယောက် ဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးလျက် ရှိပါတယ်။

The post မအိမ်ကံနဲ့ ပတ်သက်ပြီး “ရိုက်မယ်၊ မရိုက်ဘူး အစီအစဉ် မရှိသေးဘူး” လို့ မေမြင့်မိုရ်ပြော appeared first on ဧရာဝတီ.

ရွှေဝါရောင်တော်လှန်ရေးရဲ့ အငွေ့အသက်တွေ ပါဝင်တဲ့ “မိုးပန်းပွင့်ရဲ့ သင်္ကေတ” ရုပ်ရှင်

$
0
0

စာရေးဆရာမ နှင်းဝေငြိမ်းရဲ့ ဝတ္ထုကို ဒါရိုက်တာကိုပေါက်က ပုံဖော်ရိုက်ကူးထားတဲ့ “မိုးပန်းပွင့်ရဲ့သင်္ကေတ” ရုပ်ရှင် ကားကြီးမှာတော့ ၂၀၀၇ ခုနှစ်က ဖြစ်ပေါ်ခဲ့တဲ့ ရွှေဝါရောင်တော်လှန်ရေးရဲ့ အငွေ့အသက်တွေကို ထည့်သွင်း ရိုက်ကူးထားတယ်လို့ ဒါရိုက်တာ ကိုပေါက်က ပြောပါတယ်။

“NLD အစိုးရလက်ထက်မှာ ကျနော့်အတွက် ကံကောင်းတယ်လို့ ပြောရမယ်။ ရွှေဝါရောင်တော်လှန်ရေးရဲ့ အငွေ့အသက်က ကျနော်ကို အနှောင့်အယှက် မဖြစ်ဘူး။ ရိုက်ခဲ့တာလည်း အဆင်ပြေတယ်။ ဆင်ဆာကလည်း စိုးရိမ်စရာ မရှိခဲ့ဘူး” လို့ ဒါရိုက်တာ ကိုပေါက်က ပြောပါတယ်။

အဆိုပါ ရုပ်ရှင်ကားကြီးကတော့ လွန်ခဲ့တဲ့ ၂နှစ်က ရိုက်ကူးထားတာဖြစ်ပြီး သူ့ရဲ့ပထမဆုံးရိုက်ကူးတဲ့ ရုပ်ရှင်ကားကြီး ဖြစ်တယ်လို့ ပြောပါတယ်။

“ဒီဝတ္တုကို ရုပ်ရှင်ရိုက်မယ့်အချိန်မှာ ကျနော့်အတွက် နံပါတ်တစ် စိန်ခေါ်မှု အားလုံးတော်တော်များများက ဒါရိုက်တာဘဝ ရုပ်ရှင်ရိုက်မယ့်အချိန်မှာ အရှေ့ကနာမည်ကြီးထားတဲ့ နာမည်ကြီးပြီးတဲ့ မင်းသားမင်းသမီးတွေနဲ့ပဲ အဖွင့်ကို ရိုက်ချင်ကြတာလေ။ ဒီကားကတခြားကားတွေနဲ့ မတူဘူး။ ကျနော့် အတွက် စိန်ခေါ်မှုတွေ အများကြီး ပါတဲ့ ကားပေါ့။ အသစ်တွေနဲ့ ဇာတ်လမ်းညွှန်းအသစ် ၊ ကင်မရာမန်းအသစ် ၊ ကျနော်လည်း ရုပ်ရှင်ဒါရိုက်တာအနေနဲ့ ပထမဆုံး ရိုက်ထားတဲ့ကားပေါ့။ ကျနော်အတွက် အသစ်ပေါ့။ ကျနော့်အတွကအသစ်မှာ လူငယ်သရုပ်ဆောင် အသစ်တွေနဲ့ ရိုက်ခဲ့တာပေါ့” လို့ ကိုပေါက်က ပြောပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးရန်အခက်အခဲများစွာ ကြုံတွေ့ခဲ့ရပြီး ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးမှာ အဓိက သရုပ်ဆောင်များကိုတော့ သရုပ်ဆောင်အသစ်များနဲ့ လက်တွဲပြီးဖန်တီးထားတာ ဖြစ်ပါတယ်။

“မိုးပန်းပွင့်ရဲ့ သင်္ကေတ” ရုပ်ရှင်ကို စက်တင်ဘာလ ၁၄ ရက်နေ့မှာ ရုံတင်ပြသမှာဖြစ်ပြီး ရုံမတင်ခင် ဆင်ဆာတင်ခဲ့တဲ့ အချိန်မှာ ဆင်ဆာ ၃ ချက် ထိခဲ့တယ်လို့ သိရပါတယ်။

“ရုံတင်ဖို့ဆင်ဆာတင်တဲ့အခါမှာ ဆင်ဆာ ၃ခုထိခဲ့တယ်။ ပထမတချက်က မင်းသမီးက သရေကွင်းနဲ့ ပစ်ခံထိတဲ့ အခါမှာ “ဟဲ့ စောက်ပလုပ်တုတ်”လို့ ယောင်လိုက်တာကို စောက် ဖြုတ်ခိုင်းတာ၊ နောက်တခုက တက္ကသိုလ် ကျောင်းသူတွေ ဆံပင် အဝါတွေ၊ အနီတွေဖြစ်လို့ မရဘူး ဆိုတ ၊ နောက်တခုကတော့ စာတန်းထိုးတဲ့ ကိစ္စပေါ့” လို့ ဒါရိုက်တာ ကိုပေါက်က ပြောပါတယ်။

ဒီကားထဲမှာတော့ အဓိကသရုပ်ဆောင်များအဖြစ် ဟန်လင်းသန့် ၊ မေမြင့်မိုရ် ၊ နေအဉ္ဇရာ နှင့် ဝါရင့်သရုပ်ဆောင်များ ဖြစ်ကြတဲ့ ရန်အောင် ၊ ရဲအောင် ၊ စိုးမြတ်သူဇာ ၊ မေသဉ္ဇာဦးတို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါရိုက်တာ ကိုပေါက်ရဲ့ ပထမဆုံးရုပ်ရှင်ကားဖြစ်တဲ့ အဆိုပါ “မိုးပန်းပွင့်ရဲ့ သင်္ကေတ” ရုပ်ရှင်ဟာ သူ့ရဲ့ယခင်က ရိုက်ကူးထားတဲ့ ကားများနဲ့ မတူညီဘဲ ကွဲပြားတဲ့ပုံစံကို မြင်ရမှာဖြစ်တယ်လို့ ပြောပါတယ်။

“တချို့ပရိသတ်တွေက ကျနော့်ကို ဟာသကားတွေ ရိုက်လို့ ပေါကားတွေပဲ ရိုက်တော့မှာလား ပေါဒါရိုက်တာလို့ ပြောကြတယ်။ ဒီကားလေးကို လာကြည့်လိုက်ပါ။ ကျနော့်ကို ပေါကားရိုက်တာ မကြိုက်တဲ့ ပရိသတ်တွေရှိတယ်ပေါ့။ ဒီကားမှာ ကိုပေါက် နောက်တယောက်ကို မြင်တွေ့ရပါလိမ့်မယ်” လို့ ကိုပေါက်က ဆိုပါတယ်။

The post ရွှေဝါရောင်တော်လှန်ရေးရဲ့ အငွေ့အသက်တွေ ပါဝင်တဲ့ “မိုးပန်းပွင့်ရဲ့ သင်္ကေတ” ရုပ်ရှင် appeared first on ဧရာဝတီ.

Viewing all 7343 articles
Browse latest View live