Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all 7343 articles
Browse latest View live

ကမ္ဘာ့အချမ်းသာဆုံး နာမည်ကျော်ကြားသူ ၇ ဦး

$
0
0

ကမ္ဘာ့အချမ်းသာဆုံး နာမည်ကျော်ကြားသူတွေထဲမှာ ရုပ်ရှင်လုပ်ငန်း၊ နိုင်ငံရေးနဲ့ ဘောလုံးသမားတွေ အထိ ပါဝင်တာ ကိုတွေ့ရပါတယ်။ ချမ်းသာကြွယ်ဝမှုတွေ၊ ဘန်ဂလိုတွေ နဲ့ ခေါင်းမိုးထပ်တိုက်ခန်းတွေအထိ သူတို့တွေ စိတ်ကူးယဉ် ခဲ့ကြတဲ့ အရာတွေ အားလုံးကပိုင်ဆိုင်ရရှိထားသူတွေလည်း ဖြစ်ပါတယ်။

အခုဖော်ပြမယ့် ပုဂ္ဂိုလ် တွေမှာ သူတို့ကို စတားတယောက်ဖြစ်လာစေတဲ့ ကိုယ်ပိုင်ဆွဲဆောင်မှု တခုစီကိုတော့ ပိုင်ဆိုင်ထား ြ ကပါတယ်။ သူတို့ကို ကမ္ဘာတဝန်းက လူသန်းပေါင်းများစွာကလည်း ချစ်မြတ်နိုးကြပါတယ်။ အခုဖော်ပြမယ့် ပုဂ္ဂိုလ် တွေ ကတော့ ဖျော်ဖြေရေး လုပ်ငန်းမှာ ကျင်လည်နေကြတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ပြီး သူတို့ကို သူတို့ ထင်ပေါ်ကျော်ကြား သူတွေ အဖြစ် ဖန်တီးရရှိလာသူတွေလည်း ဖြစ်ပါတယ်။

(၁) Steven Spielberg

 

 

ကမ္ဘာ့နာမည်ကျော် ဟောလိဝုဒ် ဒါရိုက်တာတယောက်ဖြစ်ပြီး အိုဟိုင်းယိုးပြည်နယ်မှာ မွေးဖွားခဲ့သူ တယောက်ဖြစ်ပါတယ်။ သူဟာ ကျနော်တို့ စိတ်ကူးယဉ်နိုင်တာထက်ပိုပြီး လုပ်ဆောင်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ သရုပ်ဆောင်နိုင်စွမ်းရှိတဲ့သူ တဦးလည်း ဖြစ်ပြီး ဒီနေ့ခေတ်ရဲ့ အချမ်းသားဆုံး နာမည်ကျော်ကြားသူ တယောက်ဖြစ်ပါတယ်။ သူဖန်တီးခဲ့တဲ့ ရုပ်ရှင်တိုင်း ဟာ ဝက်ဝက်ကွဲ အောင်မြင်ခဲ့ရုံသာမက စီးပွားရေးအရလည်း အောင်မြင်ခဲ့ပါတယ်။ သူ့ရဲ့ အသားတင်ပိုင်ဆိုင်မှုဟာ ဒီနေ့အထိ ဒေါ်လာ ၃ ဘီလီယံဝန်းကျင် ရှိတယ်လို့ ဆိုပါတယ်။

(၂) Oprah Winfrey

 

 

သူကတော့ အသက် ၆၄ နှစ်အရွယ် အာဖရိကနွယ်ဖွား အမေရိကန်နိုင်ငံသူ ပရဟိတသမားတခု ဖြစ်ပါတယ်။ သူ့နာမည်နဲ့ အစီအစဉ်တခုကို တင်ဆက်နိုင်တဲ့အထိ နာမည်ကျော်သူလည်း ဖြစ်ပါတယ်။ သူ့ရဲ့ သက်တမ်းလျှောက်လုံးမှာ ရှာဖွေနိုင်တဲ့ ငွေဟာ ဒေါ်လာ ၃ ဒဿမ ၂ ဘီလီယံဝန်းကျင်ရှိပြီး အချမ်းသာဆုံး အမျိုးသမီးလည်း ဖြစ်ပါတယ်။

(၃) J.K Rowling

 

 

ဟယ်ရီပေါ်တာ ရုပ်ရှင်စီးရီးတွေကို ဖန်တီးခဲ့တဲ့ Rowling ကိုတော့ အသက်အရွယ်စုံက ပုဂ္ဂိုလ်တွေ ချစ်မြတ်နိုးကြပါတယ်။ သူ့ရဲ့ ဟယ်ရီပေါ်တာ ရုပ်ရှင်စီးရီးတွေဟာ ကမ္ဘာတဝန်းမှာ အောင်မြင်မှု ရရှိခဲ့ပါတယ်။ သူ့မှာ ဆိုးရွားတဲ့ အတိတ်ရှိခဲ့ ပေမယ့် အရာအားလုံးကို ဖြတ်ကျော်နိုင်ခဲ့တဲ့၊ စိတ်ဓာတ်ခိုင်မာတဲ့ အမျိုးသမီး ဖြစ်ပါတယ်။ အခုတော့ သူဟာ အသားတင် ပိုင်ဆိုင်မှု ဒေါ်လာ ၁ ဘီလီယံရှိတဲ့ အကောင်းဆုံးစာရေးဆရာနဲ့ အချမ်းသာဆုံး အမျိုးသမီးစာရေးဆရာမလည်း ဖြစ်ပါတယ်။

(၄) မက်ဒေါနား

 

 

မီချီဂန် ပြည်နယ်သူ မက်ဒေါနားဟာ Pop ဂီတဘုရင်မလို့ တင်စားခံရသူဖြစ်ပြီး ဂီတလုပ်ငန်းမှာ အကောင်းဆုံး တွေကို မျှဝေခဲ့သူတယောက်လည်း ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ အယ်လ်ဘမ်အများဆုံး ဖြန့်ချိထားတဲ့ တကိုယ်တော် အမျိုးသမီး အဆိုတော်အဖြစ် ရပ်တည်နေပြီး အသားတင်ပိုင်ဆိုင်မှု ဒေါ်လာ သန်း ၈၀၀ ရှိပါတယ်။

(၅) James Cameron

 

 

သူကတော့ ကမ္ဘာသိ ရုပ်ရှင်ဒါရိုက်တာဖြစ်ပြီး ဟောလိဝုဒ်မှာ ဝင်ငွေအများဆုံးနဲ့ အကောင်းဆုံး ရုပ်ရှင်တွေကို ဖန်တီးခဲ့သူတဦးလည်း ဖြစ်ပါတယ်။ သူဟာ မှတ်တမ်းရုပ်ရှင်များစွာကို ဖန်တီးခဲ့သူဖြစ်ပြီး အသားတင်ပိုင်ဆိုင်မှု တန်ဖိုး ဒေါ်လာ သန်း ၇၀၀ ကျော်ရှိပါတယ်။

(၆) Jimmy Buffett

 

 

သူကတော့ ဒေါ်လာ သန်း ၆၀၀ လောက်ပိုင်ဆိုင်ထားတဲ့ နာမည်ကျော် အဆိုတော်တဦးဖြစ်ပါတယ်။တကယ်လို့ သင်ဟာ သူရဲ့ရဲ့ ကန်းထရီးဂီတတေးသီချင်းတွေကို နားမထောင်ရသေးဘူးဆိုရင်တော့ သူ့ကို သရုပ်ဆောင်တယောက် ဒါမှမဟုတ် စီးပွားရေးလုပ်ငန်းရှင်တဦးအနေနဲ့ မြင်ကောင်းမြင်နိုင်ပါတယ်။ သူဟာ အလုပ် ၃၊ ၄ ခုပြိုင်လုပ်တဲ့ နာမည်ကျော်ကြားသူ တဦးလည်း ဖြစ်ပါတယ်။

(၇) Tom Cruise

 

 

အမျိုးသမီးတိုင်းရဲ့ နှင်းဆီခိုင်မင်းသားတဦးဖြစ်ပါတယ်။ ကိုယ်ရည်ကိုယ်သွေးကောင်းမွန်သူဖြစ်တဲ့အပြင် သူ့ရဲ့ ချစ်စဖွယ်အပြုံးကြောင့် အမျိုးသမီးပရိသတ်တော်တော်များများရဲ့ နှလုံးသားကို ဖမ်းစားနိုင်သူလည်း ဖြစ်ပါတယ်။ သူ့ရဲ့ပိုင်ဆိုင်မှုဟာ ဒေါ်လာ သန်း ၅၅၀ ရှိပါတယ်။

Ref:contactmusic

The post ကမ္ဘာ့အချမ်းသာဆုံး နာမည်ကျော်ကြားသူ ၇ ဦး appeared first on ဧရာဝတီ.


အောင်မြင်စွာ ကျရှုံးခဲ့သူရှေ့နေတယောက် (သို့မဟုတ်) Devil’s Advocate

$
0
0

ဒီတခါမိတ်ဆက်ပေးမှာကတော့ ဒါရိုက်တာ Taylor Hackford ရိုက်ကူးထားတဲ့ ၁၉၉၇ခုနှစ်ရဲ့ Drama , Mystery , Thriller အမျိုးအစားရုပ်ရှင်တကားဖြစ်တဲ့ Devil’s Advocate ပဲဖြစ်ပါတယ်။ နာမည်ကျော်သရုပ်ဆောင်များဖြစ်ကြတဲ့ မင်းသား Keanu Reeves , Al Pacino နဲ့ မင်းသမီး Charlize Theron တို့ ပါဝင်သရုပ်ဆောင်ထားကြတာပဲဖြစ်ပါတယ်။

Kevin Lomax ဟာ အောင်မြင်တဲ့ ရှေ့နေတယောက်ဖြစ်ပြီး သူ့ရဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ကို စတင် လုပ်ကိုင်ခဲ့ကတည်းက ရှုံးနိမ့်ခြင်းဆိုတာမရှိတဲ့ လူတယောက်ဖြစ်ပါတယ်။ ပြစ်မျိုးမှဲ့မထင် အလှပဂေးတယောက်ကို ဇနီးမယားအဖြစ်ပိုင်ဆိုင်ထားပြီး ကားအကောင်းစားကိုလည်း ကျော့ကျော့မော့မော့လေးစီးနေနိုင်သူတဦးဖြစ်ပါတယ်။

အစစအရာရာ အဆင်ပြေနေတဲ့ သူ့ရဲ့ ဘဝဟာ ဘယ်နေရာ ဘယ်ဒေသရောက်ရောက် သက်သောင့်သက်သာ ရှိလွန်းလှတာကို တွေ့မြင်ကြရမှာဖြစ်ပါတယ်။

သူဟာ ဖလော်ရီဒါကရှေ့နေတယောက်ဖြစ်ပြီး ဒီထက်ပိုအလားအလာကောင်းတဲ့ နယူးရော့ခ်မြို့ကြီးမှာ ရှေ့နေဆက်လုပ်ဖို့ မြင့်မားတဲ့ တန်ဖိုးလစာနဲ့ ကမ်းလှမ်းခံရပါတော့တယ်။ သူ့အမေရဲ့ တားမြစ်မှုကို ငြင်းဆန်ပြီး ယခုလို ပြောင်းရွှေ့လုပ်ကိုင်ဖို့ လက်ခံလိုက်တဲ့အခါ သူဟာ မြို့ အသစ် ၊ အသုံးအဆောင်ပစ္စည်းအသစ်တွေအပြင် ၊ ဒုက္ခအသစ်စက်စက်တွေကိုပါ ခံစားရပါတော့တယ်။

သူ့ဇနီးသည်ဟာလည်း အိမ်လွမ်းဝေဒနာကို ခံစားလာရပြီး သူမရဲ့ ရုပ်သွင်ဟာ တဖြည်းဖြည်း ပြောင်းလဲစပြုလာ ပါတော့တယ်။ Kevin ကတော့ သူ့ရဲ့အမှုအသစ်တွေနဲ့အလုပ်ရှု့ပ်နေခဲ့ပြီး သူ့ဇနီးသည်ကိုပါ ဂရုမစိုက်အားအောင် ဖြစ်လာပါတော့တယ်။ သူ့ဇနီးသည်ဟာ သူ့ကို ယခုအလုပ်ကနေထွက်လိုက်ပြီး ဖလော်ရီဒါကိုပဲပြန်ဖို့ တိုက်တွန်းခဲ့ပေမယ့် သူကတော့ သူ့ဇနီးကို အရူးတယောက်လို့သာ သတ်မှတ်ထားလိုက်ပါတယ်။

ဒီဇာတ်ကားဟာဆိုရင်တော့ IMDb rating (7.5) ရရှိထားပြီး လူတွေရဲ့ မကောင်းတဲ့စိတ်ကို တစိတ်တပိုင်းအနေနဲ့ မြင်တွေ့နိုင်မယ့် အရောင်အတွဲအစပ်တွေ ၊ နောက်ခံတီးလုံးတွေနဲ့ ဒါရိုက်တာဟာ အသေးစိတ် ပုံဖော်ထားပါတယ်။ ဇာတ်လမ်းအလှည့်အပြောင်းတွေဟာ မကြာခဏဆိုသလို ရုပ်ရှင်ထဲမှာ တွေ့ရှိရမှာဖြစ်လို့ ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် ညွှန်းဆိုပေးလိုက်ပါတယ်။

The post အောင်မြင်စွာ ကျရှုံးခဲ့သူရှေ့နေတယောက် (သို့မဟုတ်) Devil’s Advocate appeared first on ဧရာဝတီ.

IQ level မြင့်ကြတဲ့ နာမည်ကျော်အနုပညာရှင်များ

$
0
0

အနုပညာရှင်တော်တော်များများဟာ IQ level မြင့်တယ်လို့ သင်ထင်မိမှာမဟုတ်ပါဘူး။ ဒါပေမဲ့ အခုဖော်ပြပေးမယ့် နာမည်ကျော်အနုပညာရှင်တွေကတော့ စစ်တမ်းကောက်ယူချက်တွေအရ IQ level မြင့်ကြသူတွေပဲဖြစ်ပါတယ်။

(၁) Emma Watson

 

 

နာမည်ကျော် ဟယ်ရီပေါ်တာဇာတ်လမ်းတွေနဲ့ လူသိများအောင်မြင်လာခဲ့တဲ့ မင်းသမီးချောလေး Emma Watson ဟာဆိုရင်တော့ IQ Score 138 အထိရှိတယ်လို့ သိရပါတယ်။ အမျိုးသမီးအခွင့်အရေးလှုပ်ရှားမှုတွေမှာ တက်ကြွစွာ ပါဝင်လေ့ရှိတဲ့ သူမဟာဆိုရင်တော့ Brown University ကနေ အင်္ဂလိပ်စာပေအထူးပြုနဲ့ ဘွဲ့ရရှိခဲ့တာပဲဖြစ်ပါတယ်။

(၂) Colin Firth

 

 

The King’s Speech နဲ့ Kingsman ရုပ်ရှင်တွေနဲ့ အောင်မြင်လာခဲ့တဲ့ မင်းသားကြီး Colin Firth ဟာဆိုရင်တော့ IQ Score 160 အထိရှိတယ်လို့ စစ်တမ်းတွေအရ သိရပါတယ်။ အင်္ဂလန်နိုင်ငံသားတဦးဖြစ်တဲ့ သူဟာဆိုရင်တော့ Eastleigh မှာရှိတဲ့ Barton Peveril Sixth Form College မှာ တက်ရောက်ခဲ့သူတဦးဖြစ်ပါတယ်။

(၃) Jodie Foster

 

 

Hannibal ဇာတ်လမ်းတွေထဲကတခုဖြစ်တဲ့ The Silence Of the Lambs , Taxi Driver စတဲ့ ရုပ်ရှင်တွေမှာ နာမည်ကျော်ကြားခဲ့သူတဦးဖြစ်တဲ့ Jodie Foster ဟာဆိုရင် IQ Score 132 အထိရှိပြီး Yale University မှာ ပြင်သစ်စာပေနဲ့ ဘွဲ့ရရှိခဲ့သူတဦးလည်းဖြစ်ပါတယ်။

(၄) Matt Damon

 

 

ပါရမီရှင်တယောက်အဖြစ် Good Will Hunting ရုပ်ရှင်မှာ သရုပ်ဆောင်ခဲ့ရတဲ့ Matt Damon ဟာ သူ့ရဲ့ လက်တွေ့ဘဝမှာလည်း IQ Score 160 အထိရှိတဲ့ Genius တဦးပဲဖြစ်ပါတယ်။ Harvard University မှာ တက်ရောက်ခဲ့တဲ့ Matt Damon ဟာဆိုရင်တော့ Good Will Hunting ရုပ်ရှင်အတွက် ဇာတ်ညွှန်းရေးသားခဲ့ပြီး အဲဒီရုပ်ရှင်ဇာတ်ညွှန်းနဲ့ပဲ ၁၉၉၈ခုနှစ်မှာ အော်စကာဆုကို ရရှိခဲ့တာဖြစ်ပါတယ်။

(၅) Kesha

 

 

အသက် ၁၈နှစ်ကတည်းက အောင်မြင်ကျော်ကြားတဲ့ သီချင်းပေါင်းများစွာကို ရေးသားသီဆိုခဲ့သူ Kesha ဟာဆိုရင်တော့ IQ Score 140 အထိရှိပြီး Columbia University မှာရှိတဲ့ Barnard College ဝင်ခွင့်ရရှိခဲ့ပါတယ်။ “Tik Tok” , “Your Love Is My Drug” အစရှိတဲ့ သီချင်းတွေကြောင့် လူသိများခဲ့တာလည်း အသေအချာပဲဖြစ်ပါတယ်။

Ref: readysethealth.com

The post IQ level မြင့်ကြတဲ့ နာမည်ကျော်အနုပညာရှင်များ appeared first on ဧရာဝတီ.

အဆိုတော် ရွှေထိုက်အား မူးယစ်ဆေးဝါး ရောင်းချမှုဖြင့် စွဲချက်တင်

$
0
0

မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံထားရသော အဆိုတော် ရွှေထိုက် အပါအဝင် အပေါင်းအပါ (၇) ဦးကို ယနေ့ စက်တင်ဘာလ ၆ရက်နေ့မှာ မူးယစ်ဆေးဝါးရောင်းချမှုနဲ့ စွဲချက်တင်ခဲ့တယ်လို့ အရှေ့ပိုင်းခရိုင်တရားရုံးမှ တရားသူကြီးရဲ့ အဆိုအရ သိရပါတယ်။

အဆိုပါ အမှုအတွက် အရှေ့ပိုင်းခရိုင်တရားရုံးမှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၂၀(က) ရောင်းချတယ်ဆိုတဲ့ စွပ်စွဲချက်အရ ရဲအုပ် ညွှန့်ဝင်းကတရားလို ပြုလုပ်ကာ စွဲဆိုထားတာ ဖြစ်ပါတယ်။

နောက်တကြိမ် ချုပ်ရက် ရမန်ကိုတော့ စက်တင်ဘာလ ၁၉ရက်နေ့ကို ပြန်လည်ချိန်းဆိုခဲ့ပြီး အဲဒီနေ့မှာတော့ ရှေ့နေ ပါဝါတင်မှာဖြစ်တယ်လို့ သိရပါတယ်။

အဆိုတော် ရွှေထိုက် အပါအဝင် (၇) ဦးကိုတော့ ပြီးခဲ့တဲ့ သြဂုတ်လ ၁၀ရက်နေ့က ရမန်ယူပြီး သြဂုတ်လ ၂၄ရက်နေ့မှာ ဒုတိယအကြိမ်ရုံးထုတ် ရမန်ယူခဲ့တာ ဖြစ်ပါတယ်။

အဆိုတော် ရွှေထိုက် အပါအဝင် အပေါင်းအပါ (၇) ဦးကို ဩဂုတ်လ ၉ရက်နေ့က ရန်ကင်းမြို့နယ်ရှိ Golden City အိမ်ရာဝန်း အတွင်းစိတ်ကြွဆေးပြား ၊ ICE လို့ယူဆရတဲ့ အကြည်ရောင် အကြေခဲအချို့ ၊ မူးယစ်ဆေးဝါးသုံးစွဲရာမှာ အသုံးပြုတဲ့ ကိရိယာတွေနဲ့ ရှာဖွေ သိမ်းဆည်းရမိခဲ့တာ ဖြစ်ပါတယ်။

သြဂုတ်လ ၁၀ရက်နေ့မှာ ရွာသာကြီးစိတ်ကျန်းမာရေးဆေးရုံတွင် ဆေးစစ်မှုတွေ ပြုလုပ်ခဲ့ပြီး ရန်ကင်းမြို့နယ် တရားရုံးမှာ ရမန်ယူခဲ့တာဖြစ်ပါတယ်။

ဆက်စပ်ဖတ်ရှုရန်“အနုပညာသမားတွေ အားလုံး မူးယစ်ဆေးဝါး နွံထဲကနေ ရုန်းထွက်သင့်ပြီ”

The post အဆိုတော် ရွှေထိုက်အား မူးယစ်ဆေးဝါး ရောင်းချမှုဖြင့် စွဲချက်တင် appeared first on ဧရာဝတီ.

“မီ” ရုပ်ရှင်အတွက် တကားလုံး အဝတ်စား စီစဉ်ပေးခဲ့သူ Production Stylist ဇော်ဇော်

$
0
0

“မီ” ရုပ်ရှင်ဇာတ်ကား ပြင်ဆင်မှုနဲ့ ဝတ်စားဆင်ယင်မှုပိုင်းတွေကို ဇာတ်ကား မထွက်ခင် ကတည်းက ပရိသတ်တွေက အားပေးနေကြပြီ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ Production Stylist အဖြစ် လုပ်ကိုင်ပေးထားတဲ့ ဇော်ဇော်အတွက် ပထမဆုံး ဇာတ်ကားကြီးဖြစ်သလို ရှေးဟောင်း ဖက်ရှင်နဲ့ ပြင်ဆင်ပေးထားတာကြောင့် စိန်ခေါ်မှုလည်းရှိတယ်လို့ ဧရာဝတီကို ပြောပါတယ်။

“မီက ရိုက်ဖို့ ၃ လလောက်အလို အဲ့ကျတော့မှ အဝတ်အစားနဲ့ ပတ်သက်လို့ ဒါရိုက်တာ ဏကြီးက ပြောတယ်။ သူက ကျနော်ရဲ့ သူငယ်ချင်းပေါ။့ သူကလည်း ဒါရိုက်တာ၊ ကျနော်ကလည်း ဒါရိုက်တာလေ။ ကျနော့် ပရောဂျက်တွေမှာလည်း ကူညီပေးတာကြောင့် သူ့ပရောဂျက် ကျတော့လည်း ပြန်ကူညီတာပါ” လို့ Production Stylist ဇော်ဇော် (Ad Leono) က ဧရာဝတီကို ပြောပါတယ်။

“ဒါက အကြီးကြီးဖြစ်တော့ ရှေးခေတ်လည်း ရှေးခေတ်ဖြစ်တယ်။ နောက် အဝတ်အစားပိုင်းကို အပြင်က လူငယ်တွေကိုအပ်တဲ့ အခါကျရင် အလှအပကိုပဲ ဦးစားပေးပြီး History နဲ့ ပတ်သက်လို့ အားနည်းတယ်။ မိန်းကလေး ဖက်ရှင်ကို စိတ်ဝင်စားပြီး ယောကျာ်းလေးဖက်ရှင်ကို အားနည်းတဲ့ အခါ အရင်ခေတ်ကို ရိုက်မှာ ဆိုတော့ အသေအချာ အသေးစိတ် မဖြစ်မှာစိုးတဲ့ အတွက် ကျနော်ကို လုပ်ပေးပါဆိုတာနဲ့ လုပ်ပေးဖြစ်ပါတယ်” လို့ ဇော်ဇော်က ဆိုပါတယ်။

ဆက်လက်ပြီး ဇော်ဇော်က “ကျနော့်ဟာ ကျနော်တော့ ဇာတ်ကားတွေ လုပ်ဖြစ်တယ်။ သူများအတွက် ဇာတ်ကားကြီး အတွက်ကတော့ ဒါ ပထမဆုံးပါပဲ။ ကျနော့်အတွက်လည်း စိန်ခေါ်မှုတော့ ရှိပါတယ်။ ကျနေ်ာပုံတွေကိုလည်း လိုက်ရှာတယ်။ သမိုင်းနဲ့ ပတ်သက်ပြီး လုပ်တာလည်း အရင်ကတည်းက ကျနော် လုပ်နေကျဆိုတော့ ကျနော့်အတွက် မခက်ခဲပါဘူး’’လို့ ပြောပါတယ်။

ဇာတ်ကားထဲမှာ အဝတ်အစား ပြင်ဆင်မှုနဲ့ ပတ်သက်ပြီး ပါဝင်တဲ့ မင်းသား မင်းသမီးအနေနဲ့ ဝတ်ဆင်ရမယ့် အပိုင်းနဲ့ ပတ်သက်လို့ စိတ်ပူစရာမလိုအောင် အကုန်စီစဉ်ပေးခဲ့တယ်လို့ သူက ဆိုပါတယ်။

“မီမှာ အဝတ်အစားတွေ အကုန်လုံးပေါ့။ Scene တိုင်းမှာ ဘယ်သူ့ကို ဘာပေးဝတ်မယ်ဆိုတာ နံပါတ်တွေနဲ့ တပ်ထားပြီးသား။ သူတို့ ရိုက်တော့မှ ဟိုဟာ ဝတ်မယ်၊ ဒီဟာ ဝတ်မယ် ဆိုပြီး မစဉ်းစားရဘူး။ နောက်မင်းသမီးက ဒါဝတ်ရင် မင်းသားနဲ့ လိုက်ပါ့မလား မစဉ်းစားရတော့ဘူး”

“ကားထဲမှာ အားလုံးအကောင်းဆုံးကြိုးစားထားတယ်။ မီဇာတ်ကားက ရိုက်နေကျကားတွေ ကုန်ကျနှုန်း အတိုင်း ရိုက်ရ တယ်။ ဟိုအရင် ဇာတ်ကားကို ပြန်ရိုက်တဲ့ ဇာတ်ကားဆိုရင် ပိုသုံးသင့်တယ်။ ဒါပေမယ့်လည်း ရတဲ့ Budget ထဲမှာပဲ အကောင်းဆုံး အပင်ပန်းခံ ကြိုးစားထားတယ်။ ဝိုင်းကူတဲ့ Team ကလည်း ပိုက်ဆံအတွက် မဟုတ်ဘဲ အပင်ပန်းခံ ကြိုးစားထားတဲ့ အတွက် ဂုဏ်ယူတယ်” လို့ ဇော်ဇော်က ပြောပါတယ်။

“ဝေဖန်တဲ့သူတွေကို ကျနော်တို့က Budget အများကြီးနဲ့ လုပ်ရတာ မဟုတ်ဘူး။ တတ်နိုင်သလောက် အများကြီး ပေးဆပ်ထားတယ်။ အထူးသဖြင့် ဏကြီးပေါ့။ အဲ့အတွက် နားလည်စေချင်တယ်။ အားပေးစေချင်တယ်”လို့ပြောပါတယ်။

“မီ” ရုပ်ရှင်ကားကြီးရဲ့ Production Stylist ဇော်ဇော်ဟာ ကိုယ်တိုင် ဒါရိုက်တာလုပ်ကာ နာမည်ကြီး ကြော်ငြာများကို ရိုက်ကူးနေပြီး “ဂန္တဝင်အလှ မြန်မာရာမ” ဇာတ်ကားကိုလည်း ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။

The post “မီ” ရုပ်ရှင်အတွက် တကားလုံး အဝတ်စား စီစဉ်ပေးခဲ့သူ Production Stylist ဇော်ဇော် appeared first on ဧရာဝတီ.

ဇာတ်ကား ပြန်ရိုက်တော့မယ့် စိုးသူကို အားပေးလိုက်တဲ့ စိုးမြတ်နန္ဒာ

$
0
0

သရုပ်ဆောင် စိုးမြတ်နန္ဒာက မကြာခင်မှာ ရုပ်ရှင်ပြန်ရိုက်တော့မယ့် သရုပ်ဆောင် စိုးသူ အတွက် အားပေးစကားကို သူရဲ့ Facebook ပေါ်မှာ ရေးသားပြီး ဆိုထားပါတယ်။ မြန်မာနိုင်ငံကို ပြန်ရောက်လာတဲ့ အချိန်မှာ ဖျော်ဖြေပွဲတွေသာ ပြုလုပ်ခဲ့ ပေမယ့် ဇာတ်ကားရိုက်ကူးဖို့အတွက်ကို အချိန်တော်တော်ကြာ စဉ်းစားနေခဲ့တဲ့ စိုးသူက မကြာခင်မှာ “တရားလား”ဆိုတဲ့ ရုပ်ရှင် ဇာတ်ကားကြီးမှာ ပါဝင်ရိုက်ကူးတော့မယ်လို့ သိရပါတယ်။

“အရမ်းစေတနာကောင်းတဲ့ အစစအရာရာကူညီတတ်တဲ့ ကိုထွန်း (Poe Poe Production)က ဇာတ်ကားထုတ်လုပ်သူ ၊ဇာတ်လမ်းလေးကလည်း အရမ်းကောင်းတယ်။ ဦးမိုးဦး (ဒါရိုက်တာ ကျော်ဇောလင်း) ရိုက်မှာဆိုတော့ ပြောစရာ မလိုတော့ဘူး ။ တီတီ(ပြေတီဦး) ရဲ့ အရမ်းကောင်းတဲ့ Acting တွေရယ် , ရွှေကစ် ရဲ့ ချစ်စရာကောင်းတဲ့ Acting တွေရယ် ပါဝင်မယ့် အနုပညာရှင်တွေရဲ့ အားတွေ နဲ့ ဒီ ရုပ်ရှင်ဇာတ်ကားလေးက အသက်ဝင်လာတော့မယ်”

“အဓိကပြောချင်တာကတော့ ဘစိုး မရိုက်ချင်လည်း မရိုက်ဘူး။ ရိုက်မယ်လို့ ဆုံးဖြတ် ပြီးတော့လည်း လွန်ခဲ့တဲ့ ၆ လလောက်ကတည်းက ဆံပင်ရှည်တွေထား ဝိတ်တွေချ အင်္ကျီအဝတ်အစားတွေစီစဉ်နဲ့ ဒီဇာတ်ကားအပေါ် သူ အာရုံစိုက်ခဲ့တယ်။ အဲဒီ စေတနာတွေကြောင့် အရာအားလုံးအဆင်ပြေမှာပါ။ သူတခါမှ မလုပ်ဖူးတဲ့ Character ဖြစ်ပေမယ့်လည်း ဒါရိုက်တာ လိုချင်တဲ့ ပုံစံအတိုင်း ထပ်တူ လုပ်နိုင်ရင်တော့ ဇာတ်ကောင်နေရာ နဲ့ တသားထဲကျ သွားမှာပါ” လို့ စိုးမြတ်နန္ဒာက ဆိုထားပါတယ်။

 

 

“တရားလား” ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးမှုမှာလည်း အစစအရာရာ အဆင်ပြေပြေ အောင်အောင်မြင်မြင်နဲ့ ရိုက်ကူးနိုင်ပါစေဆိုပြီး ဆုတောင်းပေးထားတာ တွေ့ရပါတယ်။ “တရားလား” ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ ကျော်ဇောလင်း(အတွေးပုံရိပ်)က ရိုက်ကူးမှာ ဖြစ်ပြီး သရုပ်ဆောင် စိုးသူ၊ ပြေတီဦး၊ ဝတ်မှုံရွှေရည်တို့နဲ့ အတူ ရိုက်ကူးပုံဖော်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

သရုပ်ဆောင် စိုးသူဟာ အနုပညာလောကနဲ့ ဝေးကွာနေတာ ၁၀စုနှစ်ကျော်ခဲ့ပါပြီဖြစ်ပါတယ်။ သူ့အနေနဲ့ ၂၀၁၅ ခုနှစ်က မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာတာ ဖြစ်ပြီး မန္တလေးမှာရော၊ ရန်ကုန်မှာပါ တကိုယ်တော် ဖျော်ဖြေပွဲတွေ ပြုလုပ်ခဲ့ပါတယ်။ သူ့ကို အားပေးတဲ့ ပရိသတ်တွေကတော့ ဒီနေ့ အချိန်ထိ အခိုင်အမာ ရှိနေပါတယ်။

အခုဆိုရင် သရုပ်ဆောင် စိုးသူနဲ့ စိုးမြတ်နန္ဒာတို့ဟာ ချစ်သူသက်တမ်း (၅) နှစ်ကျော်ထဲ ရောက်ရှိနေပြီ ဖြစ်ပါတယ်။ စိုးသူနဲ့ စိုးမြတ်နန္ဒာတို့ဟာ ခရီးတွေ အတူတူဆိုသလို သွားဖြစ်နေတာကို တွေ့ရပါတယ်။ သူတို့နှစ်ဦးဟာ အနုပညာလောကမှာ နေရာတနေရာစီကို ခိုင်ခိုင်မာမာ ရရှိထားသူတွေလည်း ဖြစ်ပါတယ်။

The post ဇာတ်ကား ပြန်ရိုက်တော့မယ့် စိုးသူကို အားပေးလိုက်တဲ့ စိုးမြတ်နန္ဒာ appeared first on ဧရာဝတီ.

“ဖြိုးမြတ်အောင်က သရုပ်ဆောင် ကောင်းပါတယ်” လို့ ဆိုလိုက်တဲ့ ပိုင်ဖြိုးသု

$
0
0

Myanmar Idol Season 3 ရဲ့ Winner ဆုရှင် ဖြိုးမြတ်အောင် နဲ့ အကယ်ဒမီ ဆုရှင် ပိုင်ဖြိုးသုတို့က စက်တင်ဘာလ ၅ ရက်နေ့မှာ ကြော်ငြာအတူ ရိုက်ကူးနေတယ်လို့ သိရပါတယ်။ ဖြိုးမြတ်အောင်နဲ့ ပိုင်ဖြိုးသုတို့ ပါဝင်ရိုက်ကူးတဲ့ ကြော်ငြာကို ဒါရိုက်တာ စင်ရော်မောင်မောင်က ရိုက်ကူးပေးနေတာဖြစ်ပြီး ကြော်ငြာကတော့”ဧကရာဇာ” ဓာတ်မြေသြဇာ ကြော်ငြာလို့ သိရပါတယ်။

“ဖြိုးမြတ်အောင်နဲ့ ဧကရာဇာ ကြောငြာလေးရိုက်ကူးဖြစ်တာပါ။ အဆင်ပြေပါတယ်။ သူ သရုပ်ဆောင်တာလည်း ကောင်းပါတယ်။ Myanmar Idol သိပ် မကြည့်ဖြစ်ဘူး။ ရှုတင်တွေနဲ့ ဆိုတော့ သိပ်မကြည့်ဖြစ်ဘူး။ မဆုန်သင်းနဲ့ ဖြိုးမြတ်အောင် ဆိုတုန်းကတော့ ကြည့်ဖြစ်တယ်။ ကြော်ငြာရိုက်တုန်းကတော့ အခက်အခဲတော့ သိပ်မရှိပါဘူး။ မိုးရွာတာနဲ့ ဦးမောင်လိုချင်တဲ့ ပုံစံလေးတွေရတော့ အဆင်ပြေပါတယ်” လို့ ပိုင်ဖြိုးသုက ဧရာဝတီကို ပြောပါတယ်။

“ဧကရာဇာ” ကြော်ငြာကိုတော့ ဒါရိုက်တာ စင်ရော်မောင်မောင် ရိုက်ကူးတာဖြစ်ပြီး သူ့ Facebook မှာလည်း “ကြော်ငြာရိုက်ကူးဖို့ ချိန်းထားသည့် မနက် ၆နာရီမှာ အရောက် လာပေးတဲ့ အတွက် အထူးပင် ဝမ်းမြောက် ကျေးဇူးတင်ရှိတယ်” လို့ ဆိုထားပါတယ်။

 

 

“ယနေ့ ရိုက်ကူးမည့် ကြော်ငြာအတွက် သရုပ်ဆောင် အကယ်ဒမီ ပိုင်ဖြိုးသုနှင့် Myanmar Idol Winner ဖြိုးမြတ်အောင်၊ ရိုက်ကူးရေးအတွက် Camera Man အဖွဲ့ Lighting အဖွဲ့ Jip Crain အဖွဲ့ စက်ဖွဲ့သားများ အားလုံး စုရပ်နေရာသို့ ချိန်းထားသည့် မနက် ၆နာရီတွင် အရောက် လာပေး သည့်အတွက် အထူးပင် ဝမ်းမြောက် ကျေးဇူးတင်ရှိအပ်ပါသည်” လို့ ဒါရိုက်တာ စင်ရော်မောင်မောင်က ကျေးဇူးတင်စကား ဆိုထားပါတယ်။

Myanmar Idol Season 3 Winner အဆိုရှင် ဖြိုးမြတ်အောင်ကတော့ လက်ရှိမှာ ဖျော်ဖြေပွဲတွေနဲ့ ကြော်ငြာတွေကို လက်ခံရိုက်ကူးနေပြီး ပိုင်ဖြိုးသုကတော့ ရုပ်ရှင်ဇာတ်ကားများကို ရိုက်ကူးနေသူ တယောက် ဖြစ်ပါတယ်။

The post “ဖြိုးမြတ်အောင်က သရုပ်ဆောင် ကောင်းပါတယ်” လို့ ဆိုလိုက်တဲ့ ပိုင်ဖြိုးသု appeared first on ဧရာဝတီ.

သဘာဝလွန်စွမ်းအင် ပိုင်ဆိုင်ထားတဲ့ ဖခင်တယောက် (သို့မဟုတ်) Pyschokinesis (2018)

$
0
0

ဒီတခါ မိတ်ဆက်ပေးမှာကတော့ ဒါရိုက်တာ Sang-ho Yeon ကိုယ်တိုင် ရေးသား ရိုက်ကူးထားတဲ့ Action , Comedy , Fantasy အမျိုးအစား ရုပ်ရှင်တကားဖြစ်တဲ့ Psychokinesis ပဲ ဖြစ်ပါတယ်။

“Sunny” ရုပ်ရှင်ထဲက အဓိက သရုပ်ဆောင်တဦး ဖြစ်တဲ့ မင်းသမီး Eun-kyung Shim နဲ့ “Seven Years of Night” ထဲက သရုပ်ဆောင်တဦးဖြစ်တဲ့ မင်းသား Seung-ryong Ryu တို့အပြင် အခြားသော သရုပ်ဆောင်များလည်း ပါဝင်သရုပ်ဆောင် ထားကြပါတယ်။

ရူမီငယ်စဉ်ကတည်းက ဖခင်ဖြစ်သူဟာ ဘာကြောင့်မှန်းမသိ အိမ်ကထွက်သွားခဲ့ပြီး သူမ အမေဟာ ခေါင်းစည်းကြိုးနဲ့ ကလစ်လေးတွေကို မြေအောက်ဘူတာလို နေရာမျိုးမှာ ရောင်းချရင်း သားအမိ နှစ်ယောက်တည်း အသက်မွေးခဲ့ကြပါတယ်။ ရူမီ အရွယ်ရောက်လာချိန်မှာ ရူမီကိုယ်တိုင် ကြက်ကြော်ဆိုင်လေးဖွင့်ပြီး ရောင်းအားကောင်းလွန်းလို့ တီဗီအစီအစဉ် တခုကတောင် လာရောက် ရိုက်ကူးရတဲ့ အထိပါပဲ။

တညမှာ ဆောက်လုပ်ရေး ဦးထုပ်ဆောင်းထားတဲ့ လူတစုဟာ ရူမီတို့ဆိုင်ကို ဝင်ရောက် ဖျက်ဆီးတဲ့အပြင် ရူမီကိုပါ ဖမ်းခေါ်သွားဖို့ လုပ်ပါတော့တယ်။ ဈေးရောင်းရာက ပြန်လာတဲ့ ရူမီ့အမေဟာ သူ့သမီးကို ကယ်တင်ဖို့ ကြိုးစားရင်း အဲဒီ လူတစုရဲ့ လက်ချက်ကြောင့်ပဲ အသက် သေဆုံးခဲ့ရပါတော့တယ်။

ဘဏ်တခုရဲ့ လုံခြုံရေးဝန်ထမ်းတဦးဖြစ်သူ ဆပ်ဟွန်းဟာ မနက်စောစောလမ်းလျှောက်ရင်း တောင်ကျရေကို သောက်မိခဲ့ပါတယ်။ တနေ့တာလုံးသူဟာ ဗိုက်အောင့်နေခဲ့ပြီး ညနေ အလုပ် ဆင်းချိန်မှာ ပိုဆိုးလာခဲ့တဲ့အတွက် ဆိုဂျုသောက်လိုက်တာကြောင့် ဗိုက်အောင့်ဝေဒနာဟာ ပိုမိုပြင်းထန်လာခဲ့ပါတယ်။

စားပွဲပေါ်မှာ ခေါင်းမှောက်ကျနေတဲ့ ဆပ်ဟွန်းမှာ သဘာဝလွန်စွမ်းအင်တခုကို ပိုင်ဆိုင်နေခဲ့ပြီး သူ့အနီးအနားမှာရှိတဲ့ စားပွဲတွေကိုပါ လက်နဲ့မထိဘဲ လဲပြိုစေခဲ့ပါတယ်။ ဒါတင်မကသေးဘဲ အိမ်ပြန်ရောက်လို့ ဆေးလိပ်သောက်ဖို့ ကြိုးစားတဲ့အခါ မီးခြစ်ဟာ သူနဲ့ မလှမ်းမကမ်းမှာ ရှိနေတာမို့ လက်နဲ့ လှမ်းရင်း လှမ်းရင်း မီးခြစ်ဟာ လေထဲကနေ သူ့လက်ထဲကို ရောက်ရှိ လာပါတော့တယ်။

ဒီဇာတ်ကားကတော့ IMDb Rating (5.9) ရရှိထားပြီး ရုပ်ရှင်ရဲ့ အထူးပြုလုပ်ချက်တွေနဲ့ ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ ဝေးကွာခဲ့ရတဲ့ ဖခင်နဲ့ သမီးကြားက ပဋိပက္ခတွေ၊ ဖခင်နဲ့ သမီးကြားက တယောက်ကို တယောက် စိုးရိမ်ပူပန်မှုတွေကို တွေ့မြင်ခံစားကြရမှာ ဖြစ်တဲ့အတွက် ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေ ပေးလိုက်ပါတယ်။

The post သဘာဝလွန်စွမ်းအင် ပိုင်ဆိုင်ထားတဲ့ ဖခင်တယောက် (သို့မဟုတ်) Pyschokinesis (2018) appeared first on ဧရာဝတီ.


“လူကြိုက်များသော ရုပ်ရှင်ဆု”ပေးမယ့်အစီအစဉ်ကို အော်စကာ ပွဲစီစဉ်သူတွေ ရုပ်သိမ်း

$
0
0

လာမယ့်နှစ် အော်စကာဆုပေးပွဲမှာ လူကြိုက်များတဲ့ ရုပ်ရှင်ဆု ပေးအပ်မယ်ဆိုတဲ့ အဆိုပြုချက်ကို ရှေ့တိုး လုပ်ဆောင်မှာ မဟုတ်တဲ့အကြောင်း ရုပ်ရှင်အကယ်ဒမီအဖွဲ့က စက်တင်ဘာလ ၆ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

လွန်ခဲ့တဲ့ ၁ လလောက်က ကြေညာခဲ့တဲ့ အဲဒီအဆိုပြုချက်ဟာ ရုပ်ရှင်လုပ်ငန်းနဲ့ ရုပ်ရှင် သုံးသပ်သူတွေထဲကနေ ကန့်ကွက်မှု အကြီးအကျယ်နဲ့ ရင်ဆိုင်ခဲ့ပြီး လူကြိုက်များတဲ့ရုပ်ရှင်နဲ့ လူကြိုက် မများတဲ့ ရုပ်ရှင်ဆိုပြီး နှစ်ခုခွဲစနစ်နဲ့ ပေးအပ်သင့်တယ်လို့လည်း ပြောဆိုမှုတွေ ရှိနေတာပါ။

ရုပ်ရှင်အနုပညာနဲ့ သိပ္ပံအကယ်ဒမီက ကိုးလကြာ ဆုအသစ်တွေကို ဖန်တီးပေးအပ်မယ့် အစီအစဉ်ဟာ ကြေညာခဲ့ပြီးတဲ့ နောက်ပိုင်းမှာ ရုပ်ရှင်တွေအတွက် စိန်ခေါ်မှုတွေကို ဖန်တီးခဲ့ပြီး အခုလိုမျိုး အဆိုပြုချက်တွေ အတွက် ထပ်ပြီးဆွေးနွေးဖို့ လိုအပ်နေသေးတဲ့အကြောင်း ကြေညာချက် တခုထဲမှာ ပြောကြားခဲ့ပါတယ်။

လာမယ့် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ကျင်းပမယ့် ၉၁ ကြိမ်မြောက် ဆုပေးပွဲမှာ အော်စကာဆု အသစ် ချီးမြှင့်မှာ မဟုတ်တဲ့အကြောင်းလည်း ဖော်ပြထားပါတယ်။ အကယ်ဒမီ အမှုဆောင်အရာရှိ Dawn Hudson က “ ဆုအသစ်ကို မိတ်ဆက်တဲ့နေရာမှာ တုံ့ပြန်မှု တော်တော်များများ ရှိခဲ့ပြီး ကျနော်တို့ရဲ့ အဖွဲ့ဝင်တွေနဲ့ ထပ်ပြီးတော့ ဆွေးနွေးမှုတွေ လုပ်ဖို့ လိုအပ်နေသေးတယ်ဆိုတာ ကျနော်တို့ အသိအမှတ်ပြုပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

အလိုမျိုး လူကြိုက်များတဲ့ ရုပ်ရှင်တွေအတွက် သီးခြားဆုပေးအပ်မယ့် အစီအစဉ်ဟာ နှစ်စဉ်ကျင်းပမြဲ အော်စကာဆု ပေးပွဲကို ရုပ်သံကနေ ကြည့်ရှုတဲ့လူဦးရေ တိုးတက်လာစေဖို့ဆိုပြီး ရှုမြင်တာတွေလည်း ရှိနေပါတယ်။ ပြီးခဲ့တဲ့ မတ်လတုန်း က ပြုလုပ်ခဲ့တဲ့ ဆုပေးပွဲကို အမေရိကန်နိုင်ငံကနေ ကြည့်ရှု့ခဲ့သူ အရေအတွက်ဟာ ၂၆ ဒဿမ ၅ သန်းရှိခဲ့ပြီး နှစ် ၉၀ ကြာမြင့်ခဲ့ပြီ ဖြစ်တဲ့ ဆုပေးပွဲသမိုင်းမှာ အနည်းဆုံး ပမာဏလည်း ဖြစ်ပါတယ်။

ဝေဖန်သူတွေကတော့ ဝင်ငွေစံချိန်တင်ရရှိခဲ့တဲ့ စူပါဟီးရိုးရုပ်ရှင်တွေလိုမျိုး နာမည်ကျော် ရုပ်ရှင်တွေကို ဆုပေးမယ်ဆိုရင် အခြားရုပ်ရှင်တွေဟာ လူကြိုက်မများတဲ့ ရုပ်ရှင်တွေ ဆိုတဲ့ သဘောကို သက်ရောက်သွားနိုင်တဲ့အကြောင်း ထောက်ပြကြ ပါတယ်။

မကြာသေးခင်နှစ်တွေတုန်းကတော့ အကယ်ဒမီမဲပေးသူတွေဟာ အကောင်းဆုံးဇာတ်ကားဆုအတွက် ရုံဝင်ငွေ စံချိန်တင်ရရှိခဲ့တဲ့ Star Wars ရုပ်ရှင်နဲ့ ၂၀၁၇ ခုနှစ်မှာ နာမည်ကျော်ခဲ့တဲ့ “Wonder Woman” ရုပ်ရှင်တွေအစား “Moonlight” နဲ့ “The Shape Of Water” တို့လိုမျိုး လွတ်တပ်တဲ့ ရုပ်ရှင်တွေကိုသာ ရွေးချယ်ပေးခဲ့ကြပါတယ်။

ဒါ့အပြင် ဆုပေးပွဲကို အချိန် ၃ နာရီကြာချိန်အထိ လျှော့ချသွားဖို့ အစီအစဉ်ကိုလည်း ရှေ့ဆက်လုပ် ဆောင်သွားမှာ ဖြစ်တဲ့အကြောင်း အကယ်ဒမီအဖွဲ့က ပြောကြားခဲ့ပါသေးတယ်။ ၂၀၁၉ ခုနှစ်၊ အော်စကာ ဆုပေးပွဲကို လာမယ့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့၊ လော့စ်အင်ဂျလိစ်မြို့မှာ ကျင်းပမှာဖြစ်ပါတယ်။

ဆက်စပ်ဖတ်ရှုရန်အော်စကာဆုပေးပွဲမှာ “နာမည်အကျော်ကြားဆုံး ရုပ်ရှင်ဆု” ပေးမယ့် အစီအစဉ် ဝေဖန်ခံနေရ

Ref: asiaone

The post “လူကြိုက်များသော ရုပ်ရှင်ဆု” ပေးမယ့်အစီအစဉ်ကို အော်စကာ ပွဲစီစဉ်သူတွေ ရုပ်သိမ်း appeared first on ဧရာဝတီ.

“Loveratri”ရုပ်ရှင်ဟာ မည်သည့်ယဉ်ကျေးမှုကိုမှ သိက္ခာချထားတာ မဟုတ်ကြောင်း Salman Khan ပြော

$
0
0

ဘောလိဝုဒ်စူပါစတား Salman Khan က သူ့ရဲ့ထုတ်လုပ်ရေးကနေ မကြာမီ ရုံတင်ပြသတော့မယ့် “Loveratri” ရုပ်ရှင်ဟာ ဘယ်ယဉ်ကျေးမှုကိုမှ သိက္ခာချထားတာမရှိသလို မလေးမစားလုပ်ထားတာလည်း မရှိတဲ့အကြောင်း ပြောကြားလိုက်ပါ တယ်။

တချို့ ညာဖက်ယိမ်းအဖွဲ့တွေက ရုပ်ရှင်ရဲ့ နာမည်ဟာ ဟိန္ဒိူပွဲတော်ရဲ့ နာမည်ကို တုပထားတာ ဖြစ်တဲ့အတွက် ကန့်ကွက်နေကြတာလည်း ဖြစ်ပါတယ်။ အဲဒီရုပ်ရှင်ဟာ မင်းသား Salman ရဲ့ ယောက်ဖ Aayush Sharma နဲ့ မော်ဒယ် Warina Hussain တို့ရဲ့ ပွဲဦးထွက်ရုပ်ရှင်လည်း ဖြစ်ပြီး Navaratri ပွဲတော်ကို နောက်ခံထားဇာတ်အိမ်တည်ထားပါတယ်။

မင်းသား Salman က “သူတို့ဘယ်သူလဲဆိုတာ ကျနော်မသိတဲ့ လူတချို့က ရုပ်ရှင်နာမည်နဲ့ ပတ်သက်ပြီး ပြဿနာ ရှာနေပါတယ်။ ဒါဟာ လှပတဲ့ နာမည်တခုပါ။ အချစ်ဆိုတာထက် ပိုပြီးလှပတာ မရှိပါဘူး။ ဒါကြောင့် “Loveratri” လို့ ခေါ်တာပါ။ ဘယ်ယဉ်ကျေးမှုကိုမှ သိက္ခာချထားတာ မဟုတ်ပါဘူး”

“ကျနော်တို့ရဲ့ ဝန်ကြီးချုပ်က လည်း အဲဒီယဉ်ကျေးမှုက ဖြစ်ပါတယ်။ ဒါကြောင့် ဇာတ်ကောင်တခုကို သရုပ်ဆောင်တဲ့အခါ ‘Sultan’ ရုပ်ရှင်ထဲက Haryanvi လိုမျိုး သရုပ်ဆောင် တာမျိုးပါ။ ကျနော်က လေးလေးစားစား လုပ်ဆောင်ခဲ့တာပါ။ Navaratri ပွဲတော်ကို နောက်ခံထားပြီး ရုပ်ရှင်ကို ဖန်တီးခဲ့ပါတယ်။ ဂီတ၊ အရောင်၊ အချစ်နဲ့ ပွဲတော်ရာသီရဲ့ ပျော်ရွှင်ဖွယ် ကောင်းပုံကို ဂုဏ်ပြုပြီး ဒီလှပတဲ့ ရုပ်ရှင်ကို ဖန်တီးခဲ့တာပါ။ ရုပ်ရှင်ထွက်လာတဲ့အခါ ဒီရုပ်ရှင်မှာ ဘာမှမပါဘူးဆိုတာ လူတွေသိသွားမှာပါ” လို့ အင်တာဗျူးတခုမှာ ဖြေကြားခဲ့ပါတယ်။

အသက် ၅၂ နှစ်အရွယ် မင်းသားက ရုပ်ရှင်အဆင့်သတ်မှတ်ရေး ဗဟိုဘုတ်အဖွဲက ရုပ်ရှင်ကို “U” အဆင့်သတ်မှတ် ပေးမယ်လို့ ယုံကြည်တဲ့အကြောင်း ပြောထားပါတယ်။ သူက “ဆင်ဆာဘုတ်အဖွဲ့ဟာ ဆုံးဖြတ်ခွင့်ရထားတဲ့ အဖွဲ့ ဖြစ်ပါတယ်။ ‘U’ အဆင့်သတ်မှတ်ချက်ရလိမ့်မယ်လို့ ကျနော် သေချာသိပါတယ်။ ဆင်ဆာဘုတ်အဖွဲ့က သတ်မှတ်ချက် ပေးလိုက်ရင် တခြားသူတွေက ဘာမှခွင့်မရှိတော့ဘူးလို့ ကျနော် ထင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

“Loveratri” ရုပ်ရှင်ကို အခုမှပွဲဦးထွက်လာတဲ့ ဒါရိုက်တာ Abhiraj Minawala ကရိုက်ကူးပေးထားတာ ဖြစ်ပြီး သူက “Sultan” နဲ့ “Fan” လိုမျိုး ရုပ်ရှင်တွေမှာ လက်ထောက်ဒါရိုက်တာအဖြစ် ဆောင်ရွက်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။ ရုပ်ရှင်ကို အောက်တိုဘာလ ၅ ရက်နေ့မှာ ဖြန့်ချိဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

Ref:ptinews

The post “Loveratri” ရုပ်ရှင်ဟာ မည်သည့်ယဉ်ကျေးမှုကိုမှ သိက္ခာချထားတာ မဟုတ်ကြောင်း Salman Khan ပြော appeared first on ဧရာဝတီ.

အမီတာဘဂျမ်းနဲ့ အလုပ်အတူတွဲလုပ်ရတဲ့အခါ စာသားတွေမေ့သွားတဲ့ Aamir Khan

$
0
0

ဘောလိဝုဒ်မင်းသား Aamir Khan က သူဟာ သိလိုစိတ်ပြင်းပြသူဖြစ်တဲ့အတွက် သင်ယူသူတဦးလို့ ကိုယ့်ကိုကိုယ် ထင်မြင်တဲ့အကြောင်း ပြောကြားခဲ့ပါတယ်။

သူက “ကျနော်က လေ့လာဖို့ ကြိုးစားနေတဲ့ သူတယောက်လို့ပဲ ကိုယ့်ကိုကိုယ် မြင်ပါတယ်။ ကျနော် ကြိုးစားဖန်တီးခဲ့တဲ့ ရုပ်ရှင်တခုစီတိုင်း၊ ကျနော် ရုပ်ရှင်တခုကို ဖန်တီးချိန်တိုင်းမှာ Paani ဖောင်ဒေးရှင်းနဲ့ Satyameva Jayate (ရုပ်သံအစီအစဉ်) အတွက် တခုခု လုပ်တာမျိုးရှိပါတယ်”

“ကျနော့်အတွက်တော့ ခရီးစဉ်တခုပါ။ သိလိုစိတ်ပြင်းပြတဲ့ သူ၊ သင်ယူသူ တယောက်အနေနဲ့ ကိုယ့်ကိုကိုယ် မြင်တယ်။ ကျနော့်အတွက် အသစ်ဖြစ်တဲ့ အရာရာတိုင်းနဲ့ ဆက်နွယ်နေရတဲ့ ကျောင်းသားတယောက်သာ ဖြစ်ပါတယ်” လို့ စက်တင်ဘာလ ၆ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ အခမ်းအနားတခုမှု ပြောကြားခဲ့ပါတယ်။

တကယ့်ကို စည်းစနစ်ကျတဲ့ လူတယောက်လိုမျိုး အသွင်ဆောင်တဲ့ သရုပ်ဆောင်တယောက်ဖြစ်တယ်လို့ ထင်ရပေမယ့် မင်းသား Aamir ကတော့ သူဟာ လက်တွေ့ဘဝမှာ သူဟာ ကမောက်ကမ ဖြစ်တတ်တဲ့သူဖြစ်တဲ့ အကြောင်း ပြောဆိုပါတယ်။

သူက “ကျနော် ခေါင်းရှုပ်လေ့ရှိတယ်။ ကျနော် အစည်းအဝေးတခုမှာ ထိုင်လိုက်တိုင်း တနာရီလောက်ကြာတာ၊ တခါတလေဆို နှစ်နာရီလောက်ကြာတာမျိုးရှိတယ်။ ကျနော် လုပ်ရမယ့် အရာကိုပဲ မှတ်မိတယ်။ ဒါကြောင့် ကျနော့်နေ့တာက ပိုရှည်လာတယ်။ ကျနော့် အလုပ်ထဲမှာပဲ ရှုပ်နေမိတယ်” လို့ Vivo စမတ်ဖုန်းအသစ် မိတ်ဆက်ပွဲ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

မင်းသား Aamir ဟာ မင်းသားကြီး အမီတာဘဂျမ်းနဲ့ အတူ ပထမဆုံးအကြိမ်အဖြစ် အတူတွဲပြီး သရုပ်ဆောင်ထားတဲ့ “Thugs of Hindostan” မှာ ပါဝင်ထားပါသေးတယ်။ သူကတော့ အခုလိုမျိုး မီဂါစတား မင်းသားကြီးနဲ့ အလုပ်တူတွဲလုပ် ရတာဟာ သူ့ရဲ့ အိပ်မက်တွေ အမှန်ဖြစ်လာတာပဲလို့ ပြောကြားခဲ့ပါတယ်။

သူက “ကျနော်က တချိန်လုံး မစ္စတာဘဂျမ်းရဲ့ အကြီးမားဆုံး ပရိသတ်တယောက်ပါ။ ပထမဆုံးအစမ်း လေ့ကျင့်တဲ့နေ့မှာ ကျနော်တို့ ဇာတ်ညွှန်းတွေကို အတူတူထိုင်ဖက်ခဲ့ကြတယ်။ ကျနော့်အတွက် တကယ့်ကိုပဲ ပရိသတ်တဦးအတွက် အကောင်းဆုံးအခိုက်အတန့် ဖြစ်ခဲ့ပါတယ်” လို့ ပြောဆိုပါတယ်။

ဆက်ပြီးသူက “ကျနော် စကားတောင် ရိုးရိုးတန်းတန်း ဆက်မပြောနိုင်တော့ပါဘူး။ ကျနော်ပြောရမယ့် စာသားတွေတောင် မမှတ်မိတော့ပါဘူး။ ကျနော်တို့ ရိုက်ကူးခဲ့တဲ့အချိန်အတိုင်း သူ့ဘေးမှာ ထိုင်ခဲ့ရတဲ့ နေ့တိုင်းဟာ ကျနော့်အတွက်တော့ တကယ်ပျော်ရွှင်ခဲ့ရတဲ့ နေ့တွေပါပဲ” လို့ ပြောကြားခဲ့ပါတယ်။

ဒါရိုက်တာ Vijay Krishna Acharya ရဲ့ စွန့်စားခန်း အက်ရှင်ရုပ်ရှင်ကို လာမယ့်နိုဝင်ဘာလ ၇ ရက်နေ့ကစလို့ ရုံတင် ပြသသွားမှာပဲ ဖြစ်ပါတယ်။

Ref: indianexpress

The post အမီတာဘဂျမ်းနဲ့ အလုပ်အတူတွဲလုပ်ရတဲ့အခါ စာသားတွေမေ့သွားတဲ့ Aamir Khan appeared first on ဧရာဝတီ.

“Now & Ever”ရုပ်ရှင်ကားအတွက် ခီမောင်နှံ သရုပ်ဆောင်သစ်များ ခေါ်ယူလျက်ရှိ

$
0
0

ဒါရိုက်တာ ခရစ္စတီးနားခီ ရိုက်ကူးမယ့် “Now & Ever” ရုပ်ရှင်ဇာတ်ကားကြီးအတွက် Central Base Productions ရဲ့ Facebook Page ကနေ တဆင့် သရုပ်ဆောင်အသစ်တွေ ခေါ်ယူနေပါတယ်။ ဒီဇာတ်ကားထဲမှာ သရုပ်ဆောင် ဇဏ်ခီကလည်း ပါဝင်သရုပ်ဆောင်မယ်လို့ သိရပါတယ်။

”ဒါရိုက်တာ ခရစ္စတီးနားခီ ရိုက်ကူး ပုံဖော်မည့် “Now & Ever” ရုပ်ရှင်ဇာတ်ကားကြီး၊ “သီတာ” ရုပ်ရှင်ဇာတ်ကားကြီး နှင့် TV series ဇာတ်လမ်းတွဲများတွင် သရုပ်ဆောင် ဇဏ်ခီနှင့်အတူ ပါဝင် သရုပ်ဆောင်ချင်သူများအတွက် သရုပ်ဆောင် ရွေးချယ်ခြင်းအစီအစဉ်ကို မကြာမှီ အချိန်ကာလအတွင်း စတင်တော့မှာ ဖြစ် ကြောင်း သရုပ်ဆောင်ရူးသွပ်သူများ အတွက် ကြေညာအပ်ပါတယ်” လို့ Central Base Productions Page ကနေ ကြေညာထားပါတယ်။

ဒါရိုက်တာ ခရစ္စတီးနားခီကလည်း ပါဝင်သရုပ်ဆောင်ချင်တဲ့ အနုပညာရှင်အသစ်တွေ အနေနဲ့ အားလုံးကို တန်းတူ အခွင့်အရေးရစေချင်လို့ အခုလို ကြေညာထားတာလို့ ဆိုပါတယ်။

”ကိုယ်တွေနဲ့ ဘယ်သူအလုပ်လုပ်ကြမလဲ ကျမရဲ့ personal message box ကနေ မေးမြန်းခြင်း မလုပ်ဖို့ မေတ္တာရပ်ခံပါရစေ။ Open call casting ဆိုတာ အားလုံးကို တန်းတူအခွင့်အရေးရစေချင်လို့ လုပ်ပေးတာပါ” လို့ ဒါရိုက်တာ ခရစ္စတီးနားခီက ဆိုထားပါတယ်။

သရုပ်ဆောင် ဇဏ်ခီကလည်း “Central Base Productions မှ သရုပ်ဆောင်ရွေးပွဲများ (Open Call Casting) မကြာခင် စပါတော့မယ်’’ လို့ ဆိုထားပါသေးတယ်။

ဒါရိုက်တာ ခရစ္စတီးနားခီဟာ အောင်မြင်တဲ့ အမျိုးသမီးဒါရိုက်တာတယောက်အဖြစ် အနုပညာ လောကမှာ ရပ်တည်လျှက်ရှိပြီး ခင်ပွန်းဖြစ်သူ ဇဏ်ခီကလည်း အောင်မြင်တဲ့ သရုပ်ဆောင် မင်းသားတယောက် အဖြစ် ကြော်ငြာများ၊ ရုပ်ရှင်များ ရိုက်ကူးလျက် ရှိပါတယ်။ ခီမောင်နှံ နှစ်ဦး ရိုက်ကူးထားတဲ့ “ဥပါယ်တံမျဉ်” နဲ့ “မုဒြာရဲ့ ခေါ်သံ” ရုပ်ရှင်ဇာတ်ကားကြီးဟာ မြန်မာ့ ရုပ်ရှင် လောကကို အပြောင်းအလဲ ဖြစ်စေခဲ့သလို ပရိသတ်တွေ အကြိုက်တွေ့ခဲ့ကြပါတယ်။

The post “Now & Ever” ရုပ်ရှင်ကားအတွက် ခီမောင်နှံ သရုပ်ဆောင်သစ်များ ခေါ်ယူလျက်ရှိ appeared first on ဧရာဝတီ.

ဝဿန်ရုပ်ရှင်ပွဲတော်မှာ အမျိုးသမီးယာဉ်မောင်းအကြောင်း ရိုက်ပြခဲ့တဲ့ မစိုးစံထိုက်

$
0
0

၈ ကြိမ်မြောက်ပြုလုပ်နေတဲ့ ဝဿန်ရုပ်ရှင်ပွဲတော်ကို စက်တင်ဘာလ ၅ ရက်နေ့ကနေ ၁၀ ရက်နေ့ထိ ရန်ကုန်မြို့၊ ဝဇီရာရုပ်ရှင်ရုံနဲ့ Goethe Institute တို့မှာ ၅ ရက်ကြာ ပြသသွားမှာ ဖြစ်ပါမယ်။ ဒီဝဿန်ရုပ်ရှင်ပွဲတော်မှာ ပြသခဲ့တဲ့ ဇာတ်ကားတွေထဲမှာ ထူးထူးခြားခြား ပါဝင်ခဲ့တဲ့ ဇာတ်ကားကတော့ မြန်မာအမျိုးသမီး ယာဉ်မောင်းတဦးရဲ့ စိတ်ကူးအိမ်မက်တွေဖြစ်တဲ့ “Dreams On The Road” (လမ်းပေါ်ကအိမ်မက်များ) အကြောင်းပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အမျိုးသားများအလုပ်လို့ လူအများစု သတ်မှတ်ထားတဲ့ ဘတ်စ်ကားယာဉ်လိုင်း မောင်းနှင်းတဲ့ အလုပ်ကို အမျိုးသမီးတဦးက ထူးခြားစွာ ရင်ဘောင်တန်း လုပ်ကိုင်နေတဲ့အပေါ်မှာ အဲဒီ အမျိုးသမီးရဲ့ ဘဝ အိမ်မက်တွေကို ဆွဲထုတ်ပြခဲ့တဲ့ အမျိုးသမီး ဒါရိုက်တာ စိုးစံထိုက်ကို ဧရာဝတီမှ သတင်းထောက် ချစ်ပိုးက ဆက်သွယ် မေးမြန်းထားပါတယ်။

စာနယ်ဇင်း မီဒီယာလောကမှ သတင်းထောက်တဦးလည်း ဖြစ်တဲ့ အမျိုးသမီး ဒါရိုက်တာ စိုးစံထိုက်က လူအခွင့်အရေးနဲ့ ပတ်သက်တဲ့ မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူ တဦး ဖြစ်ပြီး ယခုကားကတော့ သူမရဲ့ ၄ ကားမြောက် မှတ်တမ်းရုပ်ရှင် ဖြစ်ပါတယ်။

မေး။ ။ “Dreams On The Road” ဆိုတဲ့ ဒီမှတ်တမ်းရုပ်ရှင်ကို ဘာကြောင့် ရိုက်ဖြစ်တာလဲ။

ဖြေ။ ။ ကျမ သတင်းထောက် လုပ်နေတဲ့ ကာလမှာ လူ့အခွင့်အရေး သတင်းတွေ ရေးဖြစ်တယ်။ ဒါနဲ့ ပတ်သက်တဲ့ သင်တန်းတွေ တက်ဖြစ်တယ်ပေါ့။ အဲ့နောက်ပိုင်း လူ့အခွင့်အရေးကြောင်း ပိုသိလာတယ်။ နောက်တော့ Gender နဲ့ ပတ်သက်ပြီး အထူးလေ့လာဖြစ်တယ်ပေါ့။

မြန်မာနိုင်ငံမှာက Gender လို့ပြောလိုက်ရင် နားလည်မှု လွဲကြတယ်။ Feminism အမျိုးသမီးဝါဒီ ကိုပဲ ပြေးမြင်ကြတယ်။ အမှန်တကယ် အဲ့ဒီလိုမဟုတ်ဘူးလေ အမျိုးသမီးနဲ့ အမျိုးသားကတန်းတူ ညီမျှရေးကို တွန်းအားပေးတာပေါ့။ ကျမ အနေနဲ့ဘာကြောင့် gender ကိုစိတ်ဝင်စားလဲဆိုရင် ကိုယ်တိုင်ကလည်း တိုင်းရင်းသူဖြစ်တာရယ် သတင်းထောက် လုပ်တဲ့ကာလမှာ ကိုယ်တိုင် gender နဲ့ ပတ်သက်ပြီး ခွဲခြားခံရတာ တွေရှိခဲ့ပါတယ်။

ဒီကားလေးကို ရိုက်ဖြစ်တာက ပြင်သစ်သံရုံးကို Gender သင်တန်းအတွက် သွားတဲ့အခါ ဘတ်စ်ကား တက်စီးတော့ ကားကြီးကို အမျိုးသမီးတဦးက မောင်းနေတာကို တွေ့တယ်။ အဲဒီနောက် သုတေသန လုပ်ဖြစ်ခဲ့တယ်။ အခုလို မောင်းနှင်တဲ့ အမျိုးသမီးရဲ့နောက်ကွယ်က ဘဝ စိတ်ခံစားမှုတွေကို ရိုက်ဖြစ်တာပေါ့။

မေး။ ။ ဒီမှတ်တမ်းရုပ်ရှင်ကို ရိုက်ကူးတဲ့အခါ အတွက် ဘယ်လိုအခက်အခဲရှိလဲ။

ဖြေ။ ။ အခက်အခဲကတော့ ရိုက်ကူးရေး အချိန်ပေါ့။ သူက ကားမောင်းတဲ့သူဆိုတော့ သူမောင်းတဲ့အချိန် လိုက်ရိုက်ရတာပေါ့။ ရိုက်ကူးတဲ့အချိန်က ၂လပိုင်း ၃လပိုင်း ဆိုတော့ မိုးရွာလိုက် နေပူလိုက်နဲ့ တော်တော်ခက်ခဲ့ပါတယ်။ ရိုက်ပြီးတဲ့ အခါကျတော့ ဘယ်မှာပြမလဲ စဉ်းစားတယ်။ နောက် ဝဿန်ပွဲတော်နဲ့ ကပ်နေတော့ အမြန်တည်းဖြတ်ပြီး ပ့ိုလိုက်တာပါ။

တည်းဖြတ်ကတော့ ကိုအောင်မြင့်ထွန်းက လုပ်ပေးခဲ့တာပါ။ ပါမယ်လို့ မထင်ပေမယ့် ရွေးချယ် ခံခဲ့ရတယ်ပေါ့။ ဆင်ဆာလည်း မငြိခဲ့ဘူး။ ကျမကို ကူညီခဲ့တဲ့ ပညာရှင် သူငယ်ချင်းတွေ ကျေးဇူးနဲ့ အခုလိုအထိ ဖြစ်လာခဲ့တာပါ။

 

အမျိုးသမီး ယာဉ်မောင်း မယဉ်ယဉ်အေးနဲ့ ဒါရိုက်တာ မစိုးစံထိုက်

 

မေး။ ။ ခေါင်းစဉ်ကို “Dreams on the road” လို့ ဘာကြောင့် နာမည်ပေးဖြစ်တာလဲ။

ဖြေ။ ။ ဒီထဲက ဇာတ်ကောင်နဲ့စကားပြောတဲ့အခါ သူကကားမောင်းနေပေမယ့် သူ့မှာ အိမ်မက်တွေ ရှိတယ်။ ကြိုးစားနေတယ်ပေါ့။ ကျမတို့ ရန်ကုန်မှာနေတဲ့သူတွေ အားလုံးလည်း ကားစီးရင်း အလုပ် သွားကြတယ်။ သွားရင်းနဲ့ လမ်းမှာ ကိုယ်ဘာဖြစ်ချင်တယ်ဆိုတဲ့ စိတ်ကူးအိမ်မက် ရှိကြတယ်လေ။

အမှန်တကယ်တော့ မိသားစုတွေ အတွက် အလုပ်လုပ်နေတဲ့ အမျိုးသမီးတွေ၊ လူမှုပတ်ဝန်းကျင် အတွက် အလုပ်လုပ် နေတဲ့ အမျိုးသမီးတွေ၊ တိုင်းပြည်အတွက် အလုပ်လုပ်နေတဲ့ အမျိုးသမီး အားလုံးက တန်ဖိုး ရှိပါတယ်။ မြန်မာနိုင်ငံအတွင်း အလုပ်အကိုင် အခွင့်အလမ်းတွေမှာ အမျိုးသားတွေကို ဦးစားပေးတွေကို တွေ့ရှိရပါတယ်။

ကျားမရေးရာ တန်းတူ ညီမျှမူ ရှိအောင် တတ်နိုင်သမျှ ထည်သွင်း စဉ်းစားပေးစေလိုပါတယ်။ အခုလို အများပြည်သူ သယ်ယူပိုဆောင်ရေး လုပ်ငန်းတခု အနေနဲ့ အမျိုးသမီးတွေကို အလုပ်အကိုင် အခွင့်အလမ်းတခု အနေနဲ့ပေးခဲ့တာကို အများပြည်သူတွေကို ပြချင်တာပါ။

သာမန်ပြည်သူတွေ ဘဝတွေ ရဲ့ ဖြစ်ရပ်မှန်တွေ အကြောင်းပါ။ သုသေတနလုပ်ခဲ့တဲ့ တလျှောက် ဘာတွေတွေ့ရလဲဆိုရင် လုပ်ငန်းခွင် တလျှောက်မှာ ဒီအလုပ်ကိုအမျိုးသားအလုပ်လို့ သတ်မှတ် ထားတယ်။ ဒါပေမဲ့ အဲ့အမျိုးသမီးက အဲ့လို မဟုတ်ဘူး။ သူဝါသနာ ပါတဲ့ ကျွမ်းကျင်တဲ့ အလုပ်ကို လုပ်ပါတယ်။ သူ့ဘဝမှာ စိတ်ပိုင်းဆိုင်ဒဏ်ရာတွေ ရှိတယ်။ အခက်အခဲတွေ ရှိပေမယ့် ဘဝအတွက် သူ ဘယ်လို ရင်ဆိုင်ကျော်ဖြတ်ခဲ့လဲဆိုတာကို ပြချင်တာပါ။

မေး။ ။ ဒီမှတ်တမ်းရုပ်ရှင်က မြန်မာ လူ့အဖွဲအစည်းရဲ့ ခေါက်ရိုးကျိုးအမြင်တွေကို ပြောင်းလဲစေချင်တဲ့ သဘောလား။

ဖြေ။ ။ ကျမတို့ မြန်မာထုံးတမ်းအစဉ်လာက အမျိုးသမီးအခွင့်အရေးကို တခါတလေ တိုက်ရိုက် ချိုးဖောက်သလို တခါတလေသွယ်ဝိုက်ပြီး ချိုးဖောက်တာတွေရှိနေပါတယ်။ မြန်မာ့လူမှု အသိုင်းအဝိုင်းက တခုလပ် တလင်ကွာနဲ့ Single Mother တွေကိုဆိုရင် အပြစ်တင် ဝေဖန်ကြတယ်။

လူအသိုင်းအဝိုင်းက လက်မခံဘူး။ ဘယ်မိန်းကလေးက ဖြစ်ချင်မှာလဲ ။ သူတို့မှာလည်း အဲဒီလို ဖြစ် ဖ့ို အကြောင်းကြောင်း တခုခု ရှိလာလိ့ုဖြစ်လာရတာ မဟုတ်လား။ ကျမတို့ရဲ့ လူမှုပတ်ဝန်းကျင်မှာ အဲဒီလို အမျိုးသမီးတွေ ရှိခဲ့ရင် သူတိုရဲ့ စိတ်ပိုင်းရာ ရုပ်ပိုင်းဆိုင်ရာတွေကို အကူအညီ ပေးသင့်ပါတယ်။ သူတို့ရဲ့ ဘဝရပ်တည်ဖို့အတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖော်ဆောင် ပေးသင့်တယ်လို ကျမ ထင်ပါတယ်။

မေး။ ။ အခုလို အများပြည်သူ ကြည့်ရှုဖို့ ရွေးချယ်ခံရတဲ့ အပေါ် ဘယ်လိုခံစားရလဲ။

ဖြေ။ ။ ဒီပွဲတော်မှာ နာမည်ကြီးတဲ့မင်းသား မင်းသမီးတွေ တွေ့မြင်ရမှာ မဟုတ်ပါဘူး ။ ပြည်သူတွေအထဲက ပြည်သူတွေ အကြောင်း အပြင်မှာ အမှန်တကယ် ဖြစ်ပျက်နေတဲ့ အကြောင်းတွေ ရိုက်ကူးထားတဲ့ မှတ်တမ်း ရုပ်ရှင်တွေ၊ ဇာတ်လမ်းတိုတွေ အများဆုံး ပြသတဲ့ပွဲပါ။

ဒီလို အများပြည်သူတွေ ကြည်ရူ ဖို့သင့်တော်လို့ သတ်မှတ်ခြင်းခံရပြီး ပြသဖို့ ရွေးချယ်ခြင်း ခံရတဲ့အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်။ လာရောက်ကြည်ရူတဲ့ ပရိတ်သတ်တွေနဲ့ တိုက်ရိုက်တွေဆုံ မေးမြန်းပြီး စကားပြောရတာလည်း ရန်ခုန်စရာ ကောင်းပါတယ်။ ။

The post ဝဿန်ရုပ်ရှင်ပွဲတော်မှာ အမျိုးသမီးယာဉ်မောင်းအကြောင်း ရိုက်ပြခဲ့တဲ့ မစိုးစံထိုက် appeared first on ဧရာဝတီ.

Porn Star များနဲ့ Date လုပ်ဖူးတဲ့ ကမ္ဘာကျော်များ

$
0
0

Porn Star တွေနဲ့ ချိန်းတွေ့ချင်ကြတဲ့ စိတ်ကူးအိပ်မက်တွေ လူတော်တော်များများမှာ ရှိကြပါတယ်။ ဒီလို ချိန်းတွေ့ဖူးတဲ့ ကမ္ဘာကျော် မင်းသားတွေ၊ အားကစားသမားတွေကို ဖော်ပြပေးချင်ပါတယ်။

(၁) Macaulay Culkin

 

 

Home Alone ဇာတ်ကားမှာ ကလေးသရုပ်ဆောင်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသား Macaulay Culkin ဟာလည်း Porn Star တဦးဖြစ်တဲ့ Irene Lopez နဲ့ ချိန်းတွေ့နေတဲ့ ပုံတွေ ၂၀၁၁ခုနှစ်မှာ ပေါ်ထွက်ခဲ့ပါတယ်။ ဒါပေမယ့် ဒီမင်းသားကတော့ သူတို့နှစ်ယောက် ချစ်ကြိုက်နေကြတာ မဟုတ်ဘူး ဆိုတဲ့ အကြောင်း ပြောဆိုခဲ့ပါတယ်။

(၂) Bruce Willis

 

 

အက်ရှင်ဇာတ်ကားတွေနဲ့ ပရိသတ်တွေအားပေးမှုကို ရရှိခဲ့တဲ့ မင်းသား Bruce Willis ဟာ သူရဲ့ ဇနီးဖြစ်သူ Demi Moore နဲ့ ကွာရှင်းပြီးစအချိန်တွေမှာ Porn Star တဦးဖြစ်တဲ့ Alisha Klass နဲ့ ချိန်းတွေတဲ့ သတင်းတွေပေါ်ထွက်ခဲ့ပါတယ်။

(၃) Tiger Woods’

 

 

ကမ္ဘာကျော်ဂေါက်ရိုက်သမားဖြစ်တဲ့ Tiger Woods ရဲ့ အိမ်ထောင်ရေးဖောက်ပြန်မှုတွေ ဆက်တိုက် ဖြစ်တဲ့ကာလမှာ သူဟာ Porn Star တွေအများကြီးနဲ့ ချိန်းတွေခြင်းတွေ ပြုလုပ်ခဲ့ပါတယ်။

(၄) Marilyn Manson

 

 

Metal လောကမှာ နာမည်ကြီးလှတဲ့ အမေရိကန်အဆိုတော်Marilyn Manson ဟာ Porn Star တဦးနဲ့ တရားဝင် တွဲနေပါတယ်လို့ သတင်းထွက်နေတဲ့ အချိန်မှာတောင် အခြား Porn Star တဦးနဲ့ ထပ်မံချိန်းတွေ့တဲ့ သတင်းတွေ ထပ်ထွက်လာခဲ့ပါသေးတယ်။

(၅) Jennifer Capriati

 

 

အမျိုးသမီးတင်းနစ်အားကစားမယ် Jennifer Capriati ကတော့ အမျိုးသား Porn Star တဦးဖြစ်တဲ့ Dale DaBone နဲ့ ချိန်းတွေ့တဲ့ ပုံတွေ မီဒီယာတွေပေါ်မှာ ပေါ်ထွက်လာခဲ့ဖူးပါတယ်။

(၆) Shinji Kagawa

 

 

လက်ရှိမှာ ဒေါ့မွန်အသင်းမှာ ကစားနေတဲ့ Kagawa ကတော့ ဂျပန် Porn Star Ameri Ichinose နဲ့ ချိန်းတွေ့ဖူးပါတယ်။ သူဟာ ဂျပန်နိုင်ငံအမျိုးသား ဘောလုံးအသင်းရဲ့ ကွင်းလယ် ကစားသမားတဦးလည်း ဖြစ်ပါတယ်။

Ref;Ranker.com

The post Porn Star များနဲ့ Date လုပ်ဖူးတဲ့ ကမ္ဘာကျော်များ appeared first on ဧရာဝတီ.

“ကျနော်ရှက်လို့”ဇာတ်လမ်းတိုကို ပရိသတ်အတွက် ရိုက်ကူးခဲ့တဲ့ ကျော်ကျော်ဗို

$
0
0

သရုပ်ဆောင် ကျော်ကျော်ဗိုက မြန်မာရုပ်ရှင်လောကအပေါ် ပရိသတ်များ ဝေဖန်မှုများ ရှိနေတဲ့ အကြောင်းကို ဗီဒီယို အတို ရိုက်ကာ သူရဲ့ Facebook အကောင့်မှာ တင်ခဲ့ပါတယ်။ ဗီဒီယို နာမည်ကတော့ “ကျနော်ရှက်လို့”လို့ နာမည်ပေးထားပြီး အဲဒီဇာတ်လမ်းကို ပရိသတ်အတွက် ပြောချင်တာနဲ့ ရိုက်ဖြစ်သွားတယ်လို့ ကျော်ကျော်ဗိုက ဧရာဝတီကို ပြောပါတယ်။

“ကျနော် ဒီအကြောင်းအရာတွေကို ကျနော့် Page ကနေ live လွှင့်ပြီး ကြေညာလိုက်လည်း ရတယ်။ ကျနော့်စိတ်ထဲမှာ ကျနေ်ာ့အနုပညာအတွက် ခံစားနေရတဲ့ ခံစားမှုတွေပေါ့။ အနုပညာနဲ့ ပတ်သက်ပြီး အားငယ်နေမှုတွေကို ပရိသတ်ကို ပြောချင်တာနဲ့ ရိုက်ဖြစ်သွားတာပါ။ အနုပညာသမားဖြစ်နေတော့ အနုပညာဆန်ဆန် ရုပ်ရှင်အတိုလေး ရိုက်လိုက်တာပါ” လို့ ကျော်ကျော်ဗိုက ပြောပါတယ်။

“အပြင်မှာလည်း တချို့ပရိသတ်တွေက ပြောတာ ရှိတာပေါ့။ ရိုက်ထားတဲ့ ဗီဒီယိုထဲကလိုတော့ ဘယ်ဟုတ်ပါ့မလဲ။ နယ်တွေသွားရင်တော့ အပြုသဘော ဝေဖန်ကြတာတွေတော့ ရှိတာပေါ့။ ကျနော် စိတ်ခံစားမှု့ဖြစ်နေချိန်မှာ everything is Samuel L.Jackson’s Fault ရိုက်ထားတာကို တွေ့တယ်။ သူဆီက reference (ကိုးကား၊ မှီငြမ်း) ယူလိုက်တာပေါ့” လို့ ကျော်ကျော်ဗိုက ဆိုပါတယ်။

ဆက်လက်ပြီး “ဘာကွာလဲဆိုသူ့မှာ ပြန်ပြောနိုင်တဲ့ အခြေအနေ ရှိတယ်။ နင့်ကြောင့် ငါ့ကလေး မိုက်ရိုင်းတတ်လာပြီပေါ့ ပြောတော့ သူက နင်တို့ရုံထဲ မဝင်ခင်ထဲက ကြည့်ပါလားပေါ့။ ကလေး ကြည့်သင့်တဲ့ ကားလား၊ မကြည့်သင့်တဲ့ ကားလား ခွဲထားပေးပြီးသားပေါ့။ ကျနော်တို့မှာ ပြန်ပြောလို့ မရဘူး။ ကျနေ်ာတို့မှာ ကလေး မကြည့်ရဆိုတဲ့ အဆင့်သတ်မှတ်ချက် မရှိသေးတဲ့အတွက် ပြန်ပြောလို့ မရဘူး’’ လို့ ကျော်ကျော်ဗိုက ပြောပါတယ်။

“ကျနော်ရှက်လို့” ဇာတ်လမ်းတို

အခုလို ဇာတ်လမ်းတို တင်လိုက်တဲ့ အပေါ် အနုပညာသမားအချင်းချင်းပဲ ဖြစ်ဖြစ် ပရိသတ်ကပဲ ဖြစ်ဖြစ် ဝေဖန်မှာကို အနုပညာသမားတယောက်ဖြစ်နေတဲ့အတွက် မကြောက်တော့ဘူးလို့လည်း ကျော်ကျော်ဗိုက ဆိုပါတယ်။

“အနုပညာသမားဖြစ်နေကတည်းက ဝေဖန်မှာကိုတော့ မကြောက်ဘူး။ အဓိကကတော့ ကိုယ်လုပ်တဲ့ပေါ်မှာ ကိုယ်တာဝန်ယူနိုင်ဖို့ပဲ လိုတာပါ။ အကောင်း၊ အဆိုး၊ အကျိုးအကြောင်း ဒွန်တွဲနေတာဆိုတော့ ဝေဖန်မှုကတော့ရှိမှာပါပဲ။ ကျနေ်ာနောက်ပိုင်းမှာ အရမ်းကို ရင်ခုန်သော ဇာတ်ကောင်၊ရင်ခုန်သော ဇာတ်လမ်းမျိုးမှပဲ ရွေးချယ်ပြီး ရိုက်ကူးဖြစ်ပါတော့မယ်။ အရင်တုန်းကတော့ ကိုယ်ကြိုက်ကြိုက်၊ မကြိုက်ကြိုက် ပရိသတ်ကိုကြည့်ကွာဆိုပြီး လုပ်ခဲ့တာတွေရှိတယ်။ အဲ့အတွက်လည်း စိတ်မကောင်းတာကြောင့် နောက်ပိုင်းမှာ ကျနေ်ာကြိုက်မှပဲ ပရိသတ်ကို ပြချင်တော့တယ်”

“မြန်မာ့ရုပ်ရှင်လောကကို ဘယ်လိုမျိုးမြင်မိလဲ ဆိုရင်သေသေချာချာ အလုပ်လုပ်နေကြတာချည်းပါပဲ။ စေတနာနဲ့ အလုပ်လုပ်နေကြတယ်လို့ပဲ မြင်ပါတယ်။ လုပ်နည်းကိုင်နည်းနဲ့ လုပ်ပုံကိုင်ပုံလေးတွေ လိုအပ်နေသေးတယ်လို့ပဲ ကျနေ်ာမြင်ပါတယ်။ အကုန်လုံးကတော့ ရုပ်ရှင်လောကကြီးကို ပျက်စီးရာ၊ ပျက်စီးကြောင်းဆိုပြီး လုပ်နေကြတာတော့ မရှိပါဘူး။ ကားတကားမှာ အနုပညာနဲ့ ရာခိုင်နှုန်းတွက်ရင် အနုပညာ ရာခိုင်နှုန်း နည်းနေသေးတာပေါ့။ အနုပညာရာခိုင်နှုန်းများလာရင်တော့ ဒီထက် ပိုကောင်းလာမှာပေါ့” လို့ ကျော်ကျော်ဗိုက ပြောပါတယ်။

ကျော်ကျော်ဗိုက လက်ရှိမှာတော့ ဒါရိုက်တာ ကိုပေါက်နဲ့ “Lady Boy” ဇာတ်ကား ရိုက်နေတဲ့အတွက် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို သွားရောက်ဖို့ ရှိတယ်လို့ သိရပါတယ်။

ဆက်စပ်ဖတ်ရှုရန်ကျော်ကျော်ဗို မျက်နှာ ပြောင်းလဲသွားရတဲ့ အကြောင်းအရင်း

The post “ကျနော်ရှက်လို့” ဇာတ်လမ်းတိုကို ပရိသတ်အတွက် ရိုက်ကူးခဲ့တဲ့ ကျော်ကျော်ဗို appeared first on ဧရာဝတီ.


“သရုပ်ဆောင်တာဝန်ကျေမှ ပရိသတ်ကိုပေးဆပ်ရာရောက်မယ်”

$
0
0

ပရိသတ်က ယနေ့ထိတိုင်ချစ်ခင်အားပေးကြတဲ့ ဝါရင့်သရုပ်ဆောင် အကယ်ဒမီရဲအောင်ကတော့ သရုပ်ဆောင် တယောက်အနေနဲ့ ဇာတ်လမ်းတခုမှာ တာဝန်ကျေအောင် လုပ်နိုင်မှ ပရိသတ်ကိုပေးဆပ်ရာကျမယ်လို့ ဧရာဝတီ ကိုပြောပါတယ်။

“ရုပ်ရှင်တကားကို ဇာတ်အိမ်ကောင်းကောင်းနဲ့ သေချာရိုက်ကူးပြီး သရုပ်ဆောင်တယောက်အနေနဲ့လည်း သေချာစေတနာထားရမယ်။ လာကြည့်တဲ့ ပရိသတ်တွေ အချိန်တခုပေးရကျိုးနပ်အောင် တာဝန်ကျေရမယ်။ အဲဒါမှ ပရိသတ်ကို ပေးဆပ်ရာရောက်ပါတယ်” လို့ အကယ်ဒမီရဲအောင်က ပြောပါတယ်။

ရဲအောင်က ပရိသတ်တွေအနေနဲ့လည်း ဒရမ်မာ ၊ဟာသကားစတဲ့ ဇာတ်ကားများကို မတူညီတဲ့ကြိုက်နှစ်သက်မှုများစွာ ရှိကြပြီး အဓိကကတော့ ဇာတ်အိမ်ကောင်းကောင်း တင်ဆက်နိုင်ဖို့လိုတယ်လို့ ဆိုပါတယ်။

အကယ်ဒမီရဲအောင်ကတော့ မကြာခင်မှာရုံတင်ပြသတော့မယ့် ‘ မိုးပန်းပွင့်ရဲ့ သင်္ကေတ ‘ ဆိုတဲ့ ရုပ်ရှင် ဇာတ်ကား မှာဝင်ထားပြီး ယခုနောက်ပိုင်းမှာ ဇာတ်လမ်းတွဲတွေ ရိုက်တာများလာတာကိုတွေ့ရပါတယ်။

မကြာခင်က ပြသသွားခဲ့တဲ့ ‘ ရွှေကြာဖူးသစ် ‘ ဆိုတဲ့ ဇာတ်လမ်းတွဲမှာလည်း ပါဝင်ထားပါတယ်။ အခုကတော့ ဒါရိုက်တာ အိအိခိုင်ရိုက်တဲ့ ‘ ကျမက မဟေသီ ‘ ဆိုတဲ့ ဇာတ်လမ်းတွဲရိုက်နေပါတယ် လို့ဆိုပါတယ်။

သရုပ်ဆောင်ရဲအောင်က သရုပ်ဆောင်လောကမှာ ကျရာဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်ရင်း ပရိသတ်တွေနဲ့ အဆက်မပြတ်ရအောင် ဇာတ်ကားတွေရိုက်ကူးနေသူတဦးလည်း ဖြစ်ပါတယ်။

The post “သရုပ်ဆောင်တာဝန်ကျေမှ ပရိသတ်ကိုပေးဆပ်ရာရောက်မယ်” appeared first on ဧရာဝတီ.

“Special 9 ဇာတ်ကားက ပထမဆုံးသရုပ်ဆောင်ဖြစ်တဲ့ ကားပါ”

$
0
0

ရုံတင်နေတဲ့ Specila9 ဇာတ်ကားမှာပါဝင်သရုပ်ဆောင်ထားတဲ့ အဆိုတော်ထက်ယံက ဒီဇာတ်ကားကိုရိုက်ဖြစ်တာ ရုပ်ရှင်နယ်ပယ်ကို လေ့လာချင်တဲ့အတွက် ရိုက်ကူးဖြစ်တယ်လို့ ဆိုပါတယ်။

“ကိုယုန်လေးက အဆိုတော်တွေ ပါဝင်ရိုက်ကူးမယ့် ဇာတ်ကားတကားရှိတယ်ဆိုတာနဲ့ ပါဝင်ဖို့ကမ်းလှမ်းတာကြောင့် အဆိုတော်ကာရိုက်တာပဲ ရိုက်မှာဆိုတော့ ကျနေ်ာလည်းစဉ်းစားတယ်ပေါ့။ စဉ်းစားတော့ ကျနေ်ာတို့ နိုင်တဲ့ဇာတ်ရုပ် ကျနေ်ာတို့လည်း ဗဟုသုတရတယ်ဆိုပြီး ရိုက်ဖြစ်ခဲ့တာပါ”

“နောက်ပြီးရုပ်ရှင်နယ်ပယ်မှာ ကျနော်တို့လည်း သွားပြီးလေ့လာကြည့်မယ်ဆိုပြီး ရိုက်ဖြစ်သွားတာပါ။ ဇာတ်လမ်းကလည်း ထူးဆန်းမယ်ထင်တယ်။ အဆိုတော်တွေပါမယ့် ဇာတ်ကားဖြစ်တာနဲ့ ပါဝင်ခဲ့တာပါ။ ကျနော်တို့ နဲ့ ကတော့ အရမ်းကွာခြားသွားတယ်တော့ မမြင်မိဘူး” လို့ ထက်ယံက ဆိုပါတယ်။

ထက်ယံက သရုပ်ဆောင်ခဲ့တဲ့အခါ အရင် MTV တွေမှာလည်း သရုပ်ဆောင်ခဲ့ဖူးတဲ့အတွက် အခက်အခဲသိပ်မရှိဘဲ ဒီကားမှာလည်းကာရိုက်တာပေါ်မူတည်ပြီး သရုပ်ဆောင်ခဲ့တယ်လို့လည်းဆိုပါတယ်။ နောက်ပိုင်းမှာလည်း သရုပ်ဆောင်လုပ်ဖို့ အစီအစဉ်မရှိဘဲ ဒါနဲ့ပတ်သက်လို့လည်း အခုလိုဆိုပါတယ်။

“ကျနော့်ကို နောက်ပိုင်းသရုပ်ဆောင်လုပ်ဖို့ ကမ်းလှမ်းလာခဲ့ရင်တော့ “အစားကိုကုန်အောင်စား စကားကို ကုန်အောင်မပြောနဲ့” ဆိုတဲ့ အတိုင်း ကျနော့်အနေအထားနဲ့ကျနော် လုပ်နိုင်တဲ့ ကာရိုက်တာဆိုရင်တော့ လုပ်သွားမှာပါ။ ကိုယ်လုပ်နိုင်အရာ ဥပမာ အဆိုတော်ကပဲ မင်းသားလုပ်လုပ် မင်းသားကပဲအဆိုတော် လုပ်လုပ် တာဝန်ကျေအောင်လုပ်နိုင်ရင်တော့ ပြောစရာ မရှိဘူးလို့ ထင်ပါတယ်”

“ကျနေ်ာကျောင်းတုန်းကလည်း သရုပ်ဆောင်မေဂျာနဲ့ပဲ ဘွဲ့ယူထားတာဆိုတော့ ကိုယ်နိုင်တဲ့ ကာရိုက်နဲ့ မနိုင်တဲ့ ကာရိုက်တာပေါ်မှာပဲ မူတည်မှာပါ။ ကိုယ်နိုင်တဲ့ ကာရိုက်တာဆိုရင်တော့ ပျော်ပျော်ကြီး သရုပ်ဆောင်မှာပါ။နဂိုကတည်းက အဆိုတော်ပဲ ဝါသနာပါတာပါ။ နံပါတ်၁ ကတော့ အဆိုတော် လုပ်တာပါ။ ကျနော် မြန်မာဇာတ်ကားတွေ ကြည့်ပါတယ်။ အသက်အရွယ် ကြီးလာလို့ မကြည့်ဖြစ်တာပဲ ရှိတယ်”

“ဒါပေမယ့် ဇာတ်ကားတိုင်းမကြည့်တာမျိုးတော့ မဟုတ်ဘူး။ ဘယ်ကားဟော့လဲ ဟော့တဲ့ ကားတွေလည်း ကြည့်နေရတာပါပဲ။ မြန်မာကားလည်း လွတ်လို့ မရပါဘူး။ကြည့်နေရတာပါပဲ’’လို့ ပြောပါတယ်။

ထက်ယံက အဆိုတော်သားသားနဲ့ “ရှေ့မှီနောက်မှီ”ဆိုတဲ့ သီချင်းခွေထွက်ဖို့ ပြင်ဆင်နေပြီး သီချင်းပုံစံတွေလည်း ပြောင်းလဲ ထားတယ်လို့ သိရပါတယ်

The post “Special 9 ဇာတ်ကားက ပထမဆုံးသရုပ်ဆောင်ဖြစ်တဲ့ ကားပါ” appeared first on ဧရာဝတီ.

ကုမ္ပဏီဝန်ထမ်းတယောက်အနေနဲ့ ရပ်တည်ခဲ့တာ ၈ နှစ်ကျော်ပြီဖြစ်တဲ့ သီရိဂျေမောင်မောင်

$
0
0

လွန်ခဲ့တဲ့ ဆယ်စုနှစ်များမှ စတင်ကာ ယခုအချိန်ထိ လူကြိုက်များနေဆဲဖြစ်တဲ့ ‘ ဘလက်ကော်ဖီ ‘ သီချင်းကို သီဆိုခဲ့သူ တေးသံရှင်သီရိဂျေမောင်မောင်ကတော့ ယခုအချိန်မှာ ကုမ္ပဏီဝန်ထမ်းအနေနဲ့ ရပ်တည်ခဲ့တာ ၈ နှစ်ကျော်ပြီလို့ ဧရာဝတီကို ပြောပါတယ်။

“အခုဆိုရင် အလုပ်လုပ်နေတာ ၈ နှစ်ကျော်လောက်တောင်ရှိနေပြီ။ မသီရိက ပေါ်ပြူလာဖြစ်တယ် ဆိုတာထက် သီချင်းကို ဆိုချင်တာလေ။ ဆိုနေရရင်ပြီးရောဆိုတော့ အခုလိုပေါ်ပြူလာမဖြစ်တဲ့ အလုပ်ကို ကူးပြောင်းနိုင်တယ်လို့ ထင်ပါတယ်” လို့ သီရိဂျေမောင်မောင်က ပြောပါတယ်။

အလုပ်အားတဲ့ရက်တွေမှာတော့ ဝါသနာပါတဲ့ ဂီတအလုပ်ကို လုပ်နေပြီး မကြာခင်မှာလည်း အွန်လိုင်းပေါ်မှ တဆင့် သီချင်း ၂ ပုဒ်၊ ၃ ပုဒ်ခန့် တင်ပေးဖို့အတွက် စီစဉ်နေတယ်လို့ ပြောပါတယ်။

“အခုသီချင်းတွေ လုပ်နေပြီ။ ၂ ပုဒ်၊ ၃ ပုဒ် လောက်တော့ အွန်လိုင်းမှာတင်ဖို့ လုပ်နေပါတယ်။ အသံသွင်းနေပြီ။ သီချင်းတွေကတော့ Trend နည်းနည်းပြောင်းသွားပြီ။ ဒါပေမယ့်လည်း မသီရိမှန်းတော့မှတ်မိကြမှာပါ။ သီချင်းစာသား တွေကအစ လူကြီးဆန်သွားပြီ” လို့ သီရိဂျေမောင်မောင် ကပြောပါတယ်။

မိသားစုနဲ့ တွဲဖက်ပြီးတော့လည်း Live Show ပုံစံလည်း လုပ်ဖြစ်ခဲ့ရင်တော့ အဖေ၊ ဦးလေး၊ အဒေါ်တို့နဲ့ အတူ သီချင်းတွေဆိုချင်တယ်လို့ ပြောပါတယ်။ သီရိဂျေမောင်မောင်ကတော့ သီချင်းအသစ်တွေအနေနဲ့ မထွက်နိုင်ခဲ့ပေမယ့် ပွဲတွေမှာတော့ သီချင်းများသီဆိုလျက်ရှိပါတယ်။

The post ကုမ္ပဏီဝန်ထမ်းတယောက်အနေနဲ့ ရပ်တည်ခဲ့တာ ၈ နှစ်ကျော်ပြီဖြစ်တဲ့ သီရိဂျေမောင်မောင် appeared first on ဧရာဝတီ.

မြောက်အမေရိက ရုံဝင်ငွေစာရင်းမှာ ထိပ်ဆုံးရောက်သွားတဲ့ “The Nun” ရုပ်ရှင်

$
0
0

သည်းထိတ်ရင်ဖို ရုပ်ရှင်တွေဟာ ရုံဝင်ငွေစာရင်းမှာ အောင်မြင်မှုတွေ ရရှိတတ်ပါတယ်။ အခုလည်း “The Conjuring” ရုပ်ရှင်တခုဟာ ရုံဝင်ငွေစာရင်းမှာ ထိပ်ပိုင်းနေရာ ရယူထားနိုင်တာကို တွေ့ရပါတယ်။

Variety မီဒီယာရဲ့ သတင်းအရ “The Nun” ရုပ်ရှင်ဟာ အခုသီတင်းပတ်ကုန်ပိုင်းရဲ့ အဖွင့်မှာတော့ နံပါတ် ၁ ဖြစ်ခဲ့တဲ့ ရုပ်ရှင်ဖြစ်ပြီး အဲဒီပဉ္စမမြောက် “Conjuring” ရုပ်ရှင်ဟာ သူ့ရဲ့ မူရင်း ရုပ်ရှင်တွေထက် ဝင်ငွေကောင်းခဲ့တာကို တွေ့ရပါတယ်။ မြောက်အမေရိက ရုံဝင်ငွေစာရင်းမှာ ဒေါ်လာ ၅၃ ဒဿမ ၅ သန်းရရှိခဲ့ပြီးတော့ ၂၀၁၃ ခုနှစ်မှာ ဝင်ငွေ ဒေါ်လာ ၄၁ ဒဿမ ၈ သန်း နဲ့ တင်ထားတဲ့ “The Conjuring” ရုပ်ရှင်ရဲ့ စံချိန်ကို ကျော်တက်နိုင်ခဲ့တာ တွေ့ရပါတယ်။

အခုလိုမျိုး အတွဲလိုက်ထွက်ရှိထားတဲ့ သည်းထိတ်ရင်ဖို ရုပ်ရှင်တခုအတွက် နောက်ထပ် သတင်းကောင်းတခုက ကြည့်ရှုသူပရိသတ်တွေအကြား အထူးရေပန်းစားနေပြီး ပထမဆုံး ရုပ်ရှင် ၄ ခုက ကမ္ဘာတဝန်းမှာ လက်မှတ်ရောင်းအား ဒေါ်လာ ၁ ဒဿမ ၁ ဘီလီယံ ရရှိထားတာကို တွေ့ရပါတယ်။

Warner Bros. ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ပြည်တွင်းဖြန့်ချိရေး အကြီးအကဲ Jeff Goldstein က “The Nun ရုပ်ရှင်ကို စိတ်ဝင်စားမှုက တော်တော်လေး မြင့်တက်နေတယ်ဆိုတာကို ကျနော်တို့ သိထားပြီး ကျနော်တို့ မှန်းထားတာထက်တောင် ကျော်လွန်ခဲ့ပါတယ်” လို့ Variety ကို ပြောကြားခဲ့ပါတယ်။

“The Nun” ရုပ်ရှင်ဟာ ရုံဝင်ငွေစာရင်းရဲ့ နံပါတ် ၁ နေရာမှာ သီတင်း ၃ ပတ်ဆက်တိုက် ရပ်တည်နေတဲ့ “Crazy Rich Asians” ရုပ်ရှင်ကို ဖယ်ရှားနိုင်ခဲ့ပြီး အခုတော့ အဲဒီရုပ်ရှင်က ဒေါ်လာ ၁၃ ဒဿမ ၅ သန်း ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ အခု စတုတ္ထ သီတင်းပတ်အထိ ထပ်ပေါင်းမယ် ဆိုရင်တော့ စုစုပေါင်း ရုံဝင်ငွေ ဒေါ်လာ ၁၃၆ သန်း ရရှိထားပြီး ဖြစ်ပါတယ်။

အခုသီတင်းပတ်ရဲ့ ရုံဝင်ငွေအများဆုံး ရုပ်ရှင် ၅ ကား စာရင်းမှာဆိုရင် မင်းသမီး Jennifer Garner ပါဝင်ထားတဲ့ “Peppermint” ရုပ်ရှင်ဟာ နံပါတ် ၅ နေရာမှာ ရပ်တည်နေပြီး ဒေါ်လာ ၁၃ ဒဿမ ၂ သန်း ဝင်ငွေ ရရှိထားပါတယ်။ “The Meg” ရုပ်ရှင်တော့ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းမှာ ဒေါ်လာ ၆ ဒဿမ ၁ သန်း ရရှိခဲ့ပြီး နံပါတ် ၄ နေရာမှာ ရပ်တည်နေပါတယ်။ နံပါတ် ၅ နေရာမှာ ရပ်တည်နေတာက “Searching” ရုပ်ရှင်ဖြစ်ပြီး ဒေါ်လာ ၄ ဒဿမ ၃ သန်း ရရှိထားပါတယ်။

Ref: etcanada

ဆက်စပ်ဖတ်ရှုရန်ကြောက်မက်ဖွယ်ကောင်းတဲ့ “The Nun” ရုပ်ရှင်ကြော်ငြာကို Youtube ဖယ်ရှား

The post မြောက်အမေရိက ရုံဝင်ငွေစာရင်းမှာ ထိပ်ဆုံးရောက်သွားတဲ့ “The Nun” ရုပ်ရှင် appeared first on ဧရာဝတီ.

မအောင်မြင်တဲ့ အိမ်ရာစီးပွားရေးတွေရဲ့ နောက်ဆက်တွဲ ပြဿနာကို ရိုက်ကူးထားတဲ့ “Arizona”

$
0
0

ဒီတပတ် မိတ်ဆက်ပေးမယ့် ဇာတ်ကားကတော့ ဒါရိုက်တာ Jonathan Watson ရိုက်ကူးထားပြီး ၂၀၁၈ ခုနှစ်အတွင်း ထွက်ရှိထားတဲ့ Comedy, Thriller အမျိုးအစား ရုပ်ရှင် “Arizona” ပဲ ဖြစ်ပါတယ်။ မင်းသမီး Rosemarie DeWit ၊ မင်းသား Danny McBride နဲ့ အခြားသော သရုပ်ဆောင်များက ပါဝင် သရုပ်ဆောင်ထားကြတာပဲ ဖြစ်ပါတယ်။

Cassie ဟာ ခင်ပွန်းနဲ့ ကွာရှင်းထားသူဖြစ်ပြီး အိမ်အရောင်းအဝယ် အကျိုးအဆောင်အလုပ်ကို လုပ်ကိုင်ရင်း တဦးတည်းသော သမီးလေးကို ကျွေးမွေးစောင့်ရှောက်နေသူတဦး ဖြစ်ပါတယ်။ သူမ ရောင်းချနေတဲ့ အိမ်တွေဟာ ခေတ်မီ ဆန်းသစ်တယ်လို့ ထင်ရပေမယ့် တကယ်တမ်းမှာတော့ ပြန်လည် ရောင်းချဖို့တောင် ဘယ်သူမှ မဝယ်တဲ့ အိမ်အမျိုးအစားတွေလည်းဖြစ်ပါတယ်။

၂၀၀၉ ခုနှစ်ရဲ့ အမေရိကန်နိုင်ငံရဲ့ အိမ်ရာစီးပွားရေး အကျပ်အတည်းထဲကို ရောက်ရှိနေပြီး သူမကတော့ အကျပ်အတည်းတွေကို မမှုဘဲ အသက်ရှင်နေထိုင်ရေးအတွက် တကိုယ်တည်း ရုန်းကန်နေခဲ့ရသူ တယောက်ဖြစ်ပြီး အိမ်လာကြည့်တဲ့ ဝယ်သူတွေကို မဝယ်ဝယ်ချင်အောင် ဆွဲဆောင်နေခဲ့ရတာလည်း ဖြစ်ပါတယ်။

တနေ့မှာ သူမဟာ သမီးဖြစ်သူကို ကျောင်းလိုက်ပို့အပြီး အလုပ်နောက်ကျခဲ့တဲ့ အတွက်ကြောင့် သူမရဲ့ သူဌေးဖြစ်သူနဲ့ ကတောက်ကဆ ဖြစ်ကြပါတယ်။ ရှေ့ဆင့်နောက်ဆင့်မှာပဲ သူမရဲ့ သူဌေးကို စောဒကတက်ဖို့ နောက်ထပ် Sonny ဆိုတဲ့ လူတယောက် ရောက်ရှိလာပါတော့တယ်။

သူမဟာ ဘဏ်နဲ့ အရစ်ချပေးချေမှုအတွက် ဖုန်းထဲမှာ အချင်းများနေတုန်းမှာပဲ တဖက်မှာလည်း သူမသူဌေးနဲ့ Sonny တို့ တယောက်တခွန်း စကားများနေကြတာကို သူမလှမ်းမြင်နေရပါတယ်။ ဒီလိုနဲ့ သူမမျက်စိရှေ့တင်ပဲ စကားများနေကြတဲ့ ယောကျ်ားနှစ်ယောက်မှာ Sonny ကနေ သူမ သူဌေးကို ဝရံတာကနေ တွန်းချမိသွားပါတော့တယ်။

သူမသူဌေးလည်း နေရာမှာတင် သေဆုံးသွားပြီး Sonny ဟာ Cassie ကို တွေ့မြင်သွားပါတော့တယ်။ ရဲနဲ့ လူနာတင်ယာဉ်ကိုတောင် ဖုန်းဆက်ခေါ်ဖို့ သူမမတတ်နိုင်ခဲ့ဘဲ Sonny ဟာ သူ့အိမ်ကို ဖမ်းခေါ်သွားပါတော့တယ်။

ဇာတ်လမ်းရဲ့ အဓိကကျောရိုးကတော့ စိုက်ပျိုးရေးမြေတွေကို ဖျက်သိမ်းပြီး အိမ်ရာစီမံကိန်းတခု လုပ်ခဲ့ရာမှာ ဝယ်ယူခဲ့သူတွေအတွက် ရလဒ်ကတော့ ဘဏ်ကို အရစ်ကျပေးချေရခြင်းတွေနဲ့ ကြွေးထူလာချိန်မှာ Sonny တို့လို လူတွေအတွက် ဒေါသကို ဖြစ်ပေါ်စေပြီး အဲဒီ ဒေါသကနေ မတော်တဆ လူသတ်မှုတွေအထိ ပြစ်မှုကျူးလွန်မိတာတွေပဲ ဖြစ်ပါတယ်။

IMDb rating (5.7) ရရှိထားတဲ့ ဒီဇာတ်ကားမှာ Sonny ရဲ့ ဖမ်းဆီးခြင်းခံထားရတဲ့ Cassie တယောက် လွတ်သွားမလား၊ မလွတ်သွားဘူးလားဆိုတာကို စိတ်ဝင်စားဖွယ် ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုကြရမှာ ဖြစ်တဲ့အတွက် ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် ညွှန်းဆိုပေးလိုက်ပါတယ်။

The post မအောင်မြင်တဲ့ အိမ်ရာစီးပွားရေးတွေရဲ့ နောက်ဆက်တွဲ ပြဿနာကို ရိုက်ကူးထားတဲ့ “Arizona” appeared first on ဧရာဝတီ.

Viewing all 7343 articles
Browse latest View live