Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all 7343 articles
Browse latest View live

“မြန်မာကားတွေ ဟာသရုပ်ရှင် ရိုက်တယ်ဆိုတာ ခေါ်လို့ ရိုက်ကြရတာပါ”

$
0
0

လတ်တလောမှာ နာမည်ကြီးနေတဲ့ သရုပ်ဆောင် ကျော်ကျော်ဗိုရဲ့ ရုပ်ရှင်လောကအပေါ်သူရဲ့ ခံစားချက်များအကြောင်း ရိုက်ကူးထားတဲ့ “ကျွန်တော်ရှက်လို့”ဆိုတဲ့ ဗီဒီယိုဖိုင်နဲ့ ပတ်သက်ပြီး ဆုပန်ထွာက ကျော်ကျော်ဗို့အပေါ် အမြင်ကို အခုလိုပဲ ဆိုပါတယ်။

“ကြည့်ပြီးပြီ။ သူလှတယ်လေ။ သူချောတယ်လေ။ သူ့ရဲ့ ရှက်လို့ ဆိုတာလေးကို ကြည့်လိုက်တယ်။ ဒါသူ့ခံစားချက်လေ၊ သူ့စိတ်ထဲရှိတာလေးကို သူအနုပညာအရ ချပြတာပေါ့။ ကျမကတော့ ကြည့်လို့ကောင်းတယ်လို့ မြင်တယ်။ ခုနက ပြောသလိုပေါ့။ သူလည်း လှတယ်လေနော်”လို့ ဆုပန်ထွာက ဆိုပါတယ်။

မြန်မာရုပ်ရှင် ဟာသကားများနဲ့ ပတ်သက်ပြီးလည်း ဆုပန်ထွာက သူရဲ့ အမြင်ကို အခုလိုပဲ ပြောပါတယ်။

“မြန်မာကားတွေ ဟာသကားတွေ ရိုက်ရတဲ့သူဆိုတာကလည်း သူတို့ခေါ်လို့ ရိုက်ကြရတာလေ။ အဲဒီလိုဆိုရင် ဟာသကားတွေ ကိုယ့်ကိုယ်ဆို ဘယ်သူမှ ခေါ်မရိုက်ဘူးလေ။ သူတို့ ရိုက်လို့ရလို့၊ ရိုက်ခွင့် ရလို့သာ သူတို့ရိုက်ရတာလေ။ ဒါသူတို့အတွက် အလုပ်တခုပဲ။ အလုပ်တွေဆက်နေတယ် ဆိုကတည်းက သူတို့တော်လို့ပေါ့”လို့ ဆုပန်ထွာက ပြောပါတယ်။

“လုပ်ခွင့်ရလို့သာ လုပ်ကြရတာ။ ကျမဆိုရင် ရုပ်ရှင်ကားကြီး အများကြီးရိုက်ရတာ မရှိဘူး။ ကျမတို့ အရွယ်ဆိုတာက Tempo ကျနေတဲ့အရွယ်။ ဒီတော့ ရိုက်ရတဲ့အရွယ်မှာ ရှိတဲ့အလုပ်မှန်သမျှ ဘယ်သူမဆို တွန်းထိုးပြီးလုပ်ကြရမှာပဲ။ အလုပ်ကိုတန်ဖိုးထားတဲ့သူတိုင်း ဒီလိုပဲလုပ်မှာပဲ။ ကျမကတော့ အားပေးတယ်။ လုပ်ရမယ်”လို့ ဆုပန်ထွာက ဧရာဝတီကို ပြောပါတယ်။

ဆုပန်ထွာက ဇာတ်လမ်းတွေ ကမ်းလှမ်းလာတဲ့အခါ ဇာတ်လမ်းတိုင်း အကုန်လက်မခံဖြစ်ဘဲ မိမိ သရုပ်ဆောင်ရမယ့် နေရာ၊ ဇာတ်ကောင်ကြည့်ပြီးမှ လက်ခံရိုက်ကူးဖြစ်တယ်လို့ ဆိုပြီး လက်ရှိမှာ “မနေ့ကဖြစ်သည်”ရုပ်သံ ဇာတ်လမ်းတွဲမှာလည်း ထူးခြားတဲ့ ဇာတ်ရုပ်နဲ့ ပါဝင် သရုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။

“အဲဒီ ဇာတ်လမ်းတွဲမှာက ကျမနေရာ အရမ်းကောင်းတယ်။ သူဌေးမကြီးပေါ့နော်။ လှတယ်။ အတ္တကြီးတယ်။ မာနကြီးတယ်။ သရုပ်ဆောင်တဲ့နေရာမှာ မပန်တို့ သရုပ်ဆောင်နေကျလိုမျိုး မဟုတ်ဘဲနဲ့ ခပ်ထက်ထက်၊ ခပ်ဟော့ဟော့နေရာမျိုးဆိုတော့ ကျမ အဝတ်အစားတွေ သတိထားပြီးတော့ ဝတ်ဖြစ်တယ်။ အဲဒီကားအတွက်ကို သီးသန့် ဘန်ကောက်မှာ နှစ်ခါပေါ့ သွားဝယ်ဝတ်ပြီးတော့ ရိုက်ဖြစ်တယ်။ မနေ့ကဖြစ်သည် ၂ ကရိုက်ရတာ အရမ်းစိတ်ချမ်းသာဖို့ကောင်းတယ်။ ရိုက်ရက်လေးတွေ ညှိပေးတယ်”လို့ ဆုပန်ထွာက ပြောပါတယ်။

သရုပ်ဆောင် ဆုပန်ထွာက လတ်တလောမှာလည်း ဥပဒေဇာတ်ကားဖြစ်တဲ့ “နေရယ် ၊ လရယ် ၊ အမှန်တရားရယ်” ဆိုတဲ့ ဇာတ်လမ်းတွဲမှာ ပါဝင် သရုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းလင့်ခ်“ပိုက်ဆံပေးတိုင်းလည်း ဥပဒေနဲ့ အမှန်တရားကို ကျော်လို့ မရဘူး”

“ကျနော်ရှက်လို့” ဇာတ်လမ်းတိုကို ပရိသတ်အတွက် ရိုက်ကူးခဲ့တဲ့ ကျော်ကျော်ဗို

The post “မြန်မာကားတွေ ဟာသရုပ်ရှင် ရိုက်တယ်ဆိုတာ ခေါ်လို့ ရိုက်ကြရတာပါ” appeared first on ဧရာဝတီ.


The Nun ဇာတ်ကားကို မကြည့်ခင်မှာ သိသင့်တဲ့ အချက်များ

$
0
0

ကမ္ဘာတဝှမ်းမှာ ရုံတင်နေပြီဖြစ်တဲ့ The Nun ရုပ်ရှင်ဇာတ်ကားဟာ “The Conjuring” Franchise ရဲ့ ပဉ္စမမြောက် ဇာတ်ကားဖြစ်ပြီး ၂၀၁၆ ခုနှစ်က ထွက်ရှိထားတဲ့ “The Conjuring 2″ဇာတ်ကားရဲ့ အဆက် ဖြစ်ပါတယ်။ အကယ်၍များ သင်ဟာ အခုပြောပြနေတဲ့ ဇာတ်ကားတွေကို မကြည့်ဖူးဘဲ The Nun ဇာတ်ကားကို ကြည့်ရင် နားမလည်တာတွေ ရှိနိုင်ပါတယ်။

ဒါကြောင့် “The Nun” ဇာတ်ကားကို မကြည့်ခင်မှာ သင်ကြိုသိထားသင့်တဲ့ အချက်တွေကို ဖော်ပြပေးချင်ပါတယ်။

(၁) The Nun နဲ့ ဆက်စပ်နေတဲ့ ဇာတ်ကားများ

“The Conjuring” ဇာတ်ကား နှစ်ကားဟာ ၂၀၁၃ ခုနှစ်နဲ့ ၂၀၁၆ ခုနှစ်တို့မှာ ထွက်ထားပါတယ်။ ဒီဇာတ်ကားမှာ Ed နဲ့ Lorraine တို့ လင်မယားဟာ လျှို့ဝှက်ဆန်းကျယ်မှုတွေကို စုံစမ်း စစ်ဆေးသူတွေပါ။ သူတို့ဟာ နေရာအနှံ့မှာ ရှိတဲ့ သရဲဝင်ပူးတဲ့သူတွေကို ကယ်တင်ဖို့ ကြိုးစားကြနေကြတဲ့ သူတွေလည်း ဖြစ်ပါတယ်။

ဒီလင်မယားဟာ Annabelle ဇာတ်ကားနဲ့ The Conjuring ဇာတ်ကားတို့မှာ ထည့်သွင်း ရိုက်ကူးထားပါတယ်။ Annabelle ကတော့ သရဲဝင်ပူးနေတဲ့ အရုပ်တရုပ်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။

နတ်ဆိုးသီလရှင် (သို့မဟုတ်) Valak လို့ခေါ်တဲ့ ဒီသရဲဇာတ်ကောင်ကို “The Conjuring 2” မှာ စတင်မိတ်ဆက်ထားပြီး မနှစ်ကထွက်ရှိထားတဲ့ Annabelle;Creation ဇာတ်ကားမှာ ဧည့်သည်အဖြစ် သရုပ်ဆောင်ခဲ့ပြီး အခုတော့ သူ့ကိုယ်ပိုင် ရုပ်ရှင် ဇာတ်ကားအဖြစ် ထွက်ရှိလာတာ ဖြစ်ပါတယ်။

The Nun ရုပ်ရှင် ဇာတ်ကား

(၂) The Nun ဆိုတာ ဘယ်သူလဲ

The Nun ဇာတ်ကားဟာ ၁၉၅၂ ခုနှစ်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ The Conjuring နဲ့ Annabelle;Creation တို့ မတိုင်မှီခေတ်ကို ရိုက်ကူးထားပြီး ဖော်ပြပါ ဇာတ်ကားနှစ်ကားအတွက် အနှစ်ချုပ်မယ့် ဇာတ်ကားဖြစ်တယ်လို့ ဆိုပါတယ်။

ဒီဇာတ်ကားမှာ ပါဝင်တဲ့ ခရစ်ယာန်သီလရှင်ဟာ ရိုမေးနီးယားမှာ ရှိတဲ့ လူသူကင်းမဲ့တဲ့ ခရစ်ယာန်ကျောင်းတိုက်တခုမှာ နေထိုင်ရင်း သူမရဲ့ ဘဝကို ဖြတ်သန်းနေတဲ့သူဖြစ်ပါတယ်။ သူမရဲ့ အကြောင်းတွေကို သည်းထိတ်ရင်ဖို ရိုက်ကူးထားတဲ့ သရဲကားတကား ဖြစ်ပါတယ်။

ဒီဇာတ်ကားရဲ့ Official Trailer ထွက်ရှိပြီးတဲ့ နောက်မှာ Youtube မှာ ကြည့်ရှုသူ ၁၆ မီလီယံကျော် ရှိခဲ့တယ်လို့ သိရပါတယ်။ ဒီဇာတ်ကားကို အခုဆိုရင် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာအနှံ့အပြားမှာ ရုံတင်ပြသနေပြီလို့ သိရပါတယ်။

Ref;entertainment.com

ဆက်စပ် သတင်းလင့်ခ်

The post The Nun ဇာတ်ကားကို မကြည့်ခင်မှာ သိသင့်တဲ့ အချက်များ appeared first on ဧရာဝတီ.

ဖြစ်ရပ်မှန်နောက်ခံ “Hotel Mumbai”ရုပ်ရှင် တိုရွန်တိုရုပ်ရှင်ပွဲတော်မှာ ဂုဏ်ပြုခံရ

$
0
0

၂၀၀၈ ခုနှစ်တုန်းက အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့မှာရှိတဲ့ ဟိုတယ်တလုံး တိုက်ခိုက်ခံရမှုအကြောင်း ဇာတ်အိမ်တည်ထားတဲ့ “Hotel Mumbai” ရုပ်ရှင်ဟာ တိုရွန်တိုရုပ်ရှင်ပွဲတော် ကမ္ဘာ့ရုပ်ရှင်အထူးပွဲ အစီအစဉ်မှာ ပရိသတ်တွေက မတ်တပ်ရပ်ဂုဏ်ပြုခံခဲ့ရတဲ့အကြောင်း သိရပါတယ်။

ပါဝင်တဲ့ သရုပ်ဆောင်နဲ့ ရုပ်ရှင်ထုတ်လုပ်သူတွေကတော့ တိုက်ခိုက်ခံခဲ့ရသူနဲ့ တိုက်ခိုက်ခဲ့သူတွေရဲ့ လူသား သရုပ်သဏ္ဍာန်ကြောင့် အခုလိုမျိုး ဂုဏ်ပြုခံခဲ့ရတာဖြစ်တယ်လို့ ယုံကြည်တဲ့အကြောင်း ပြောဆိုပါတယ်။

သရုပ်ဆောင်တွေဖြစ်ကြတဲ့ Dev Patel, Armie Hammer နဲ့ Jason Isaacs တို့ပါဝင်ထားတဲ့ အဲဒီရုပ်ရှင်ဟာ မွမ်ဘိုင်းမြို့မှာရှိတဲ့ Taj Mahal ဇိမ်ခံဟိုတယ်တိုက်ခိုက်မှုကို အခြေတည်ထားပါတယ်။ အဲဒီဟိုတယ်ကို ပါကစ္စတန်အခြေစိုက် အစ္စလာမ္မစ်စစ်သွေးကြွက ၃ ရက်ကြာ တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး ဧည့်သည်နဲ့ ဟိုတယ်ဝန်ထမ်း ဒါဇင်ပေါင်းများစွာ အသတ်ခံခဲ့ရပါတယ်။

အဲဒီရုပ်ရှင်ရဲ့ ဇာတ်ဝင်ခန်းအများစုမှာတော့ ဟိုတယ်မှာ ပိတ်မိနေခဲ့သူတွေရဲ့ အမြင်ကို တင်ဆက်ထားပြီး နောက်ထပ်ဇာတ်ဝင်ခန်းတွေမှာတော့ သေနတ်သမားတွေရဲ့ အမြင်ကို ပြသထားပါတယ်။

“Hotel Mumbai” ရုပ်ရှင်မှာ ပါဝင်တဲ့ သရုပ်ဆောင်များ

“အသက်ရှင်ဖို့အတွက် ဒုက္ခကြီးစွာ ရင်ဆိုင်ခဲ့ရတဲ့ မတူညီတဲ့ လူမှုစီးပွားအဖွဲ့တွေ၊ မတူညီတဲ့ နောက်ခံ၊ တိုင်းရင်းသား၊ လူမျိုးရေးတွေရှိကြတဲ့ လူတော်တော်များများကို မြင်တွေ့ရမှာပါ။ မင်းသား Dev ပြောသလိုပါပဲ။ ဒါဟာ ခုခံမှုရဲ့ တေးသီချင်း တပုဒ်ပါ” လို့ သြစတေးလျ ဒါရိုက်တာ Anthony Maras က စက်တင်ဘာလ ၈ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲတခုမှာ ပြောပါတယ်။

အခုလိုမျိုး ဟိုတယ်တိုက်ခိုက်သိမ်းပိုက်ခံခဲ့ရတဲ့ ရုပ်သံဗီဒီယိုတွေပါ အသုံးပြုထားတဲ့ အဲဒီရုပ်ရှင် နောက်ဆုံး ဗားရှင်းကို ပထမဆုံးအကြိမ် ကြည့်ရှုခဲ့ကြပြီးတဲ့နောက် ပါဝင်ခဲ့တဲ့ သရုပ်ဆောင်အချို့က မျက်ရည်ကျခဲ့ရတယ်လို့ ဆိုပါတယ်။ အမေရိကန်ဧည့်သည် ဒေးဗစ်အဖြစ် ပါဝင်ထားတဲ့ သရုပ်ဆောင် Hammer က ဇာတ်ညွှန်းဟာ လူသားဆန်မှုကို တူးဆွ ဖော်ပြထားတယ်လို့ ဆိုပါတယ်။

“ဟိုတယ်ဝန်ထမ်းတွေနဲ့ ဧည့်သည်တွေ တိုက်ခိုက်ခံရမှု အလုံးစုံကို မြင်တွေ့နိုင်ပါတယ်။ ဒါ့အပြင် အမှန်တကယ် တိုက်ခိုက်ခဲ့သူတွေ ဘက်ကနေလည်း ပထမဆုံးအကြိမ် တွေးတောစဉ်းစား ထင်မြင်နိုင်မှာလည်း ဖြစ်ပါတယ်” လို့ Hammer က ပြောပါတယ်။

The Hollywood Reporter ကတော့ ရုပ်ရှင်ရဲ့ အသေးစိတ်ကျတဲ့ အချက်အလက်ဖော်ပြပုံကို ချီးမွမ်းထားသလို The Wrap မီဒီယာကလည်း ရုပ်ရှင်က စိတ်ခံစားမှု ရသတွေကိုလည်း ဝေမျှထားပါတယ်လို့ ဆိုထားပါတယ်။

Ref: reuters

The post ဖြစ်ရပ်မှန်နောက်ခံ “Hotel Mumbai” ရုပ်ရှင် တိုရွန်တိုရုပ်ရှင်ပွဲတော်မှာ ဂုဏ်ပြုခံရ appeared first on ဧရာဝတီ.

အသက် ၅၁ နှစ် ပြည့်သွားပြီဖြစ်တဲ့ မင်းသား Akshay Kumar

$
0
0

၁၉၉၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “Khiladi” ရုပ်ရှင်စတန့်ပြကွက်တွေနဲ့ ပရိသတ်တွေကို အံ့သြမှင်သက် စေခဲ့တာက အစပြုလို့ “Hera Pheri” နဲ့ “Housefull” တို့လိုမျိုး ရုပ်ရှင်တွေမှာ ပရိသတ်ကို ရယ်မောပျော်ရွှင်စေနိုင်သလို “Toilet: Ek Prem Katha” နဲ့ “Pad Man” ရုပ်ရှင်တွေမှာ ပရိသတ်ကို လူမှုဘဝ အသိပညာတွေ ချပြနိုင်ခဲ့တဲ့ ဘောလိဝုဒ်မင်းသား Akshay Kumar ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၈ ရက်နေ့မှာ အသက် ၅၁ နှစ်ပြည့်သွားခဲ့ပြီ ဖြစ်ပါတယ်။

၁၉၉၀ ပြည့်လွန်နှစ်တွေမှာ အနုပညာခရီးလမ်းစတင်ခဲ့တဲ့ မင်းသား Akshay ဟာ ရာနဲ့ချီတဲ့ ရုပ်ရှင်တွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ကမ္ဘာတဝန်းမှာရှိတဲ့ ပရိသတ်အခိုင်အမာ ရရှိထားသူလည်း ဖြစ်ပါတယ်။ ၂၀၀၁ ခုနှစ်မှာတော့ မင်းသား Akshay က ဝါရင့်သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ Rajesh Khanna နဲ့ Dimple Kapadia တို့ရဲ့ သမီးလည်းဖြစ်ပြီး ရုပ်ရှင်မင်းသမီးဟောင်း Twinkle Khanna နဲ့ လက်ထပ်ခဲ့ပါတယ်။ သူတို့နှစ်ဦးမှာ သားလေး Aarav နဲ့ သမီးလေး Nitara တို့ကို ပိုင်ဆိုင်ထားပြီ ဖြစ်ပါတယ်။

မင်းသားဟာ ဘောလိဝုဒ် အနုပညာလောကမှာ ဆယ်စုနှစ် ၂ ခုကျော် ကြာညောင်းခဲ့ပြီဖြစ်တဲ့ အနုပညာ သက်တမ်းတလျှောက် ရုပ်ရှင်အမျိုးအစားမျိုးစုံမှာ ပါဝင်သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။

မင်းသားရဲ့ ၅၁ နှစ်ပြည့် မွေးနေ့မတိုင်ခင် တရက်လိုမှာတော့ အများကမျှော်လင့်စောင့်စားနေကြတဲ့ သိပ္ပံစိတ်ကူးယဉ်၊ သည်းထိတ်ရင်ဖို ရုပ်ရှင် “2.0” ရဲ့ ပိုစတာတွေကို ဖြန့်ချိခဲ့ပါတယ်။ အဲဒီ ရုပ်ရှင်မှာတော့ မင်းသားရဲ့ တခါမှ မလုပ်ဖူးသေးတဲ့ ပုံစံကို ပရိသတ်များက မြင်တွေ့ရမှာ ဖြစ်တဲ့အကြောင်း ဒါရိုက်တာက ပြောဆိုထားပါတယ်။

သူ့ရဲ့မွေးနေ့အတွက် လူမှုကွန်ရက်မီဒီယာမှာ ပရိသတ်တွေသာမက လုပ်ဖော်ကိုင်ဖက် သရုပ်ဆောင်တွေနဲ့ ဒါရိုက်တာတွေကပါ ဂုဏ်ပြုစကား ပြောဆိုခဲ့ကြပါတယ်။ အဲဒီအထဲမှာ မင်းသား Abhishek Bachchan၊ မင်းသား Hrithik Roshan နဲ့ မင်းသား Shahid Kapoor တို့လည်း ပါဝင်ပါတယ်။

အခုလိုမျိုး ၅၁ နှစ်မြောက်အဖြစ် ကျရောက်တဲ့မွေးနေ့မှာ ကျန်းမာပျော်ရွှင်ပြီး အားကျဖွယ်ဖြစ်အောင် အနုပညာလုပ်ငန်းများ ဆက်လက်လုပ်ကိုင် ဆောင်ရွက်သွားနိုင်ပါစေကြောင်း စသဖြင့် ဆုမွန်ကောင်း တောင်းပေးထားတာတွေကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

ဆက်စပ် သတင်းလင့်ခ်များ

The post အသက် ၅၁ နှစ် ပြည့်သွားပြီဖြစ်တဲ့ မင်းသား Akshay Kumar appeared first on ဧရာဝတီ.

၃ နှစ်ကြာပြီး ဇာတ်လမ်းတွဲအသစ်မှာ ပြန်မြင်တွေ့ရတော့မယ့် မင်းသား ဂျူဂျီဟွန်း

$
0
0

ရုပ်သံ ဇာတ်လမ်းတွဲတွေနဲ့ ၃ နှစ်ကြာဝေးကွာနေတဲ့ မင်းသား ဂျူဂျီဟွန်း (Joo Ji Hoon) က ဇာတ်လမ်းတွဲ ပြန်လည် ရိုက်ကူးတော့မယ်လို့ သိရပါတယ်။ “Along with the Gods” ရုပ်ရှင်ဇာတ်ကားနဲ့ အောင်မြင်နေတဲ့ မင်းသားဟာ ၂၀၁၉ ခုနှစ်မှာ ထုတ်လွှင့်မယ့် MBC ရုပ်သံလိုင်းရဲ့ “Item” လို့ ယာယီနာမည် ပေးထားတဲ့ webtoon ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ဖို့ ရှိပါတယ်။

ကာတွန်းဇာတ်လမ်းတွဲအဖြစ် အွန်လိုင်းပေါ်မှာ အကြီးအကျယ် အောင်မြင်ခဲ့ရာကနေ ဇာတ်ကား အဖြစ် ပြန်လည် အသက်သွင်းမယ့် ဒီဇာတ်လမ်းမှာ ဂျူဂျီဟွန်းက အဓိကသရုပ်ဆောင် ဂမ်ဂွန်နေရာက ပါဝင်မှာဖြစ်ပြီး အစိုးရရှေ့နေ တယောက်အဖြစ် တူမဖြစ်သူ ဒါအင်းကို ကယ်ဆယ်ဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားအားထုတ်နေသူအဖြစ် သရုပ်ဆောင် သွားမှာပါ။

“Item” ဇာတ်လမ်းတွဲကို “Save Me” ဇာတ်လမ်းတွဲရေးခဲ့သူ စာရေးဆရာက ရေးသားထားပြီး ဒါရိုက်တာကတော့ Goodbye Mr.Black တွဲဖက်ဒါရိုက်တာက ရိုက်ကူးမှာဖြစ်ပါတယ်။ ဇာတ်လမ်း ကတော့ သဘာဝလွန်စွမ်းအားတွေပိုင်ဆိုင်ထားတဲ့ လူနှစ်ယောက်က သူတို့ရဲ့နေ့စဉ်ဘဝတွေမှာ စွမ်းအားရှင်မှန်း မသိအောင် ဖုံးကွယ်နေထိုင်ရတဲ့ အကြောင်းကို ရိုက်ကူး ပုံဖော်ထားတာပါ။

မင်းသား ဂျူဂျီဟွန်းဟာ အနုပညာအလုပ်တွေ နားထားရာက ၂၀၁၇ ခုနှစ်မှာ ကမ္ဘာတဝှမ်း စံချိန်တင် အားပေးခဲ့ရတဲ့ “Along with the Gods” ဇာတ်ကားနဲ့ ပြန်လည်ဝင်ရောက်ခဲ့ပြီး ၂၀၁၈ ခုနှစ်မှာလည်း Along with the Gods ဇာတ်လမ်းတွဲ အဆက်ကို ဆက်လက် ရိုက်ကူးထားတဲ့အပြင် “The Spy Gone North” ဇာတ်ကားမှာလည်း ပါဝင်သရုပ်ဆောင် ထားပါတယ်။

အောက်တိုဘာလမှာ ထွက်ရှိမယ့် ဇာတ်လမ်းအသစ်မှာလည်း လူသတ်ကောင်အဖြစ် ပါဝင် သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။ ၂၀၁၅ ခုနှစ်က “Mask” ဇာတ်လမ်းတွဲကို နောက်ဆုံး ရိုက်ကူးခဲ့ပြီး အခု ၂၀၁၉ ခုနှစ် ဇန်နဝါရီမှာ ပြသတော့မယ့် “Item” ကတော့ ၃ နှစ်အကြာမှာ ပြန်လည်မြင်တွေ့ရမယ့် ဇာတ်ကားဖြစ်လို့ ပရိသတ်တွေက မျှော်လင့်နေကြပါတယ်။

“Item” ဇာတ်လမ်းတွဲကို MBC ရုပ်သံကနေ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ အပတ်စဉ် တနင်္လာ – အင်္ဂါနေ့တွေမှာ ထုတ်လွှင့်သွားဖို့ စီစဉ်ထားပါတယ်။

Ref: Soompi

The post ၃ နှစ်ကြာပြီး ဇာတ်လမ်းတွဲအသစ်မှာ ပြန်မြင်တွေ့ရတော့မယ့် မင်းသား ဂျူဂျီဟွန်း appeared first on ဧရာဝတီ.

အက်ရှင်နဲ့ ခပ်ကြမ်းကြမ်းကားတွေ ဖန်တီးချင်တဲ့ အဆိုတော် ယုန်လေး

$
0
0

အဆိုတော်နဲ့ သရုပ်ဆောင် အလုပ်အပြင် ဒါရိုက်တာပါ လုပ်နေတဲ့ အဆိုတော် ယုန်လေးက အက်ရှင် ဇာတ်ကားတွေ၊ ကြမ်းတမ်းတဲ့ ဇာတ်လမ်းမျိုးတွေပဲ ဖန်တီးဖြစ်နေတာက အက်ရှင်ကိုကြိုက်လို့ပါလို့ ဧရာဝတီကို ပြောပါတယ်။

“ကျနေ်ာ ဖန်တီးထားတဲ့ အနုပညာကို ပရိသတ်တွေဆီရောက်တော့ ပျော်တာပေါ့။ ဗီဒီယိုလည်း အဆင်မပြေတော့ဘူး။ ရုပ်ရှင်တခုပဲ ရှိတော့တဲ့အခါ လွန်ခဲ့တဲ့ ၄ နှစ်က “လူကြမ်းတယောက်ရဲ့ ဒိုင်ယာရီ” ရယ် ၊ “Special 9” ရယ် အဲ့နှစ်ကားကို ၂ ပတ်ပဲခြားပြီး တင်ခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။ အက်ရှင်ဇာတ်ကားတွေ။ ကြမ်းတမ်းတဲ့ ဇာတ်လမ်းမျိုးတွေပဲ ဖန်တီးဖြစ်နေတာက အက်ရှင်ကို ကျနော်ကြိုက်တယ်။ ဒရာမာကို ကျနော် မကြိုက်ဘူး”လို့ ယုန်လေးက ဆိုပါတယ်။

“ကျနေ်ာ စဝင်လာတုန်းကလည်း “ကိုယ့်သမိုင်းကိုယ် ရေးကြသူများ” ဆိုတဲ့ ဇာတ်ကား လူငယ် ပုံစံမျိုးပဲ အပြင်လောကက ပုံစံမျိုးပဲ ရိုက်ဖြစ်တယ်။ နိုင်ငံခြားကားတွေ ကြည့်ရင်လည်း အက်ရှင်ကားတွေ ကြည့်တယ်။ မြန်မာကားဆိုရင်တော့ ဟာသကားပဲ ကြည့်တယ်။ အပန်းဖြေချင်လို့ ကြည့်ဖြစ်တယ်။ သရုပ်ဆောင်တာတွေ ပီပြင်ဖို့ကတော့ ကြိုးစာနေပါတယ်” လို့ ပြောပါတယ်။

အဆိုတော် ယုန်လေးကတော့ သူ့ရဲ့ သရုပ်ဆောင်မှု အပိုင်းနဲ့ ပတ်သက်ပြီးတော့လည်း လိုအပ်ချက်တွေ ရှိနေသေးလို့ ဒီထက်ပိုကောင်းအောင် ကြိုးစားနေတယ်လို့လည်း ဆိုပါတယ်။

“ဆက်ပြီးလည်း ပိုကြိုးစားသွားမှာပါ။ လိုအပ်ချက်တွေလည်း ရှိပါသေးတယ်။ တကားတကားကို တာဝန်ယူရတဲ့ အပိုင်း အရမ်းများတယ်။ တာဝန်ယူမှုများတဲ့ အတွက် အိုက်တင်ကို လစ်ဟာသွားတာတွေ များတယ်။ နောက်ပိုင်း ဒီထက်ကောင်းအောင် ပြင်ဆင်နေပါတယ်။ ကျနော်က ကြိုးစားနေတုန်းပါ။ ဝေဖန်တာတွေကိုလည်း လက်ခံပါတယ်” လို့ ယုန်လေးက ပြောပါတယ်။

အဆိုတော် ယုန်လေးက “Special 9″ ရုပ်ရှင် Gold Carpet ပွဲမှာ ဆိုင်ကယ်တွေနဲ့ သမ္မတရုပ်ရှင်ရုံကို တက်ရောက်ခဲ့ကြတဲ့ အပေါ် ဝေဖန်မှုများ ရှိနေခဲ့ပါတယ်။ အဲဒီ ဝေဖန်မှုတွေအပေါ် ယုန်လေးက ဆိုင်ကယ်တွေစီးပြီး တက်ရောက်ခဲ့တဲ့အတွက် ပရိသတ်တွေကို တောင်းပန်တယ်လို့ ဆိုပါတယ်။

“Gold Carpet မှာ ဆိုင်ကယ်တွေစီးပြီး တက်ရောက်တဲ့အပေါ် မှားတာရှိလည်း တောင်းပန်ပါတယ်။ ကျနော်တို့ စစီးတာကလည်း အဝေးကြီး မင်္ဂလာဒုံလောက်ကနေ စီးတာ မဟုတ်ပါဘူး။ ပြည်လမ်းက ဖြတ်လိုက်တာ ပါပါတယ်။ My Garden နားကနေ သမ္မတရုံကို လာတာပါ။ စီးတာလည်း ၅ မိနစ်လောက်ပဲ စီးရပါတယ်။ မှားသွားရင်တော့ တောင်းပန်ပါတယ်ပဲ ပြောချင်ပါတယ်”

“ကျနော် ဆိုင်ကယ် အကူအညီတောင်းလိုက်တာ ကျနော်ကလည်း အဆက်အသွယ်များတော့ ဆိုင်ကယ်က အစီး ၂၀၀ လောက် ပါလာတယ်။ Without ဘီး (လိုင်စင်မဲ့ ဆိုင်ကယ်) မရဘူး။ လူကြီးတွေ ပြောတယ်လို့။ ၃ ယောက် ကို ထူးအယ်လင်းရယ်၊ နိုင်ဝမ်းရယ်၊ မြင့်မြတ်ရယ် စီးဆိုပြီး ပြောတာတောင် ၁၀ စီးလောက် ဖြစ်သွားတယ်”လို့ ယုန်လေးက ဆိုပါတယ်။

ဆက်စပ် ဖတ်ရှုရန်      “Special 9 ဇာတ်ကားက ပထမဆုံးသရုပ်ဆောင်ဖြစ်တဲ့ ကားပါ”

The post အက်ရှင်နဲ့ ခပ်ကြမ်းကြမ်းကားတွေ ဖန်တီးချင်တဲ့ အဆိုတော် ယုန်လေး appeared first on ဧရာဝတီ.

“ရင်ဘတ်ထဲက လူနှစ်ယောက်”သီချင်းလို နှစ်ယောက်မျှပြီး မချစ်နိုင်တဲ့ အိုင်ရင်းဇင်မာမြင့်

$
0
0

အသံချိုချိုနဲ့ သီချင်းအေးအေးတွေကြောင့် ပရိသတ်အားပေးမှု အခိုင်အမာ ရရှိထားတဲ့ အဆိုတော် အိုင်ရင်းဇင်မာမြင့်က လတ်တလောမှာ “MAR” လို့ နာမည်ပေးထားတဲ့ တတိယ တကိုယ်တော်ခွေ ထွက်ရှိထားပါတယ်။

အိုင်ရင်းဇင်မာမြင့်က တကိုယ်တော်ခွေကို Audio နဲ့ DVD တခါတည်း ဖြန့်ချိဖို့ စီစဉ်ထားပေမယ့် သြဂုတ် ၂၉ ရက်နေ့မှာ ကျရောက်တဲ့ သူမရဲ့ မွေးနေ့ အမှတ်တရအဖြစ် ဖြန့်ချိချင်တာကြောင့် Audio အခွေကို အရင် ဖြန့်ချိထားတယ်လို့ သိရပါတယ်။

အခွေထဲမှာပါတဲ့ “ရင်ဘတ်ထဲက လူနှစ်ယောက်” သီချင်းကို မိန်းကလေး ပရိသတ်တွေအများစု အားပေးပြီး ကြိုက်ကြတဲ့အပေါ် အိုင်ရင်းဇင်မာမြင့်က အခုလိုပဲ ဆိုပါတယ်။

“ရင်ဘတ်ထဲက လူနှစ်ယောက်” သီချင်းလေးကို ပရိသတ်တွေ အားပေးကြတဲ့အပေါ် ဝမ်းသာတယ်။ ပျော်တယ်။ ဒါပေမယ့် ရှက်တယ်။ အဲ့လို မဆိုခဲ့ဖူးဘူးလေ။ ပါးစပ် မရဲဘူး။ အဲ့တော့ မဆိုဘူးဆိုပြီး ပြောတယ်။ ဒါပေမယ့် စမ်းဆိုကြည့်ပါ ဆိုတာနဲ့ ဆိုဖြစ်ခဲ့တယ်။ ဆိုကြည့်လို့ ကြိုက်ရင်ထည့် မကြိုက်ရင် မထည့်နဲ့ဆိုပြီး ပြောကြတော့ အိုင်ရင်း ဆိုကြည့်တာ ပရိသတ်တွေ အားပေးတော့ ဝမ်းသာပါတယ်” လို့ အိုင်ရင်းဇင်မာမြင့်က ဧရာဝတီကို ပြောပါတယ်။

‘‘ဒီအခွေကို စာနယ်ဇင်း မိတ်ဆက်လည်း မလုပ်ဖြစ်ဘူး။ ပရိုမိုးရှင်းလည်း မလုပ်ဖြစ်ဘူး။ လုံးဝ သီးသီးသန့်သန့် သွားပါစေ ဆိုပြီးတော့ ပရိသတ်ခေါ်တဲ့ နောက်ကိုပဲ ဒီအယ်လ်ဘမ်က အတိုင်းအတာ တခုဆီ သွားပါစေဆိုပြီး ဖိအားပေးမထားဘူး။ ကိုယ့်ဘက်က ဖိအားမပေးဘဲ သူ့အောင်မြင်မှုလေးနဲ့ သူသွားတဲ့အတွက် ပိုကျေနပ်ပါတယ်” လို့ အိုင်ရင်းဇင်မာမြင့်က ဆိုပါတယ်။

ဆက်လက်ပြီး “အိုင်ရင်း ပိုပျော်မိတာက အနုပညာသမား အချင်းချင်းကကို ရက်ပိုင်းအတွင်းမှာ အရမ်း အားပေးတာတွေ့ရတယ်။ အရင်တုန်းက ဆုံမှ အိုင်ရင်းရေ အခွေထဲက ဘာလေးကြိုက်တယ် ပြောဖြစ်ပေမယ့် အခုအားပေးကြတော့ ဝမ်းသာတယ်။ အချင်းချင်း စနောက်ပြီးရေးသားတဲ့ စကားလေး ဖြစ်လာတော့ ဝမ်းသာပါတယ်။ ဒီခွေလေးကို ကြိုးစားရကျိုး နပ်တဲ့အတွက် ကျေနပ်ပါတယ်” လို့လည်း သူက ဆိုပါတယ်။

အိုင်ရင်းဇင်မာမြင့်ကတော့ သူမကို စိတ်ဓာတ် ခွန်အားတွေပေးခဲ့တဲ့ အပြုသဘောဆောင်တဲ့ comment တွေ၊ ဝေဖန်ပြောတဲ့ comment တွေ ပေးတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။

“တေးရေးဆရာပေါင်းများစွာ အရည်ချင်းရှိတဲ့ သူပေါင်းများစွာ ရှိတယ်ဆိုတာကို တေးရေးဆရာ အသစ်တွေနဲ့ အများကြီး အလုပ်လုပ်ပြထားပါတယ်။ ပရိသတ်ကိုလည်း နောက်ထပ် surprise လုပ်ပေးနိုင်ဖို့ ကြိုးစားနေပါတယ်’’ လို့ အိုင်ရင်းဇင်မာမြင့်က ပြောပါတယ်။

အဆိုတော် အိုင်ရင်းဇင်မာမြင့်ကတော့ အရမ်းချစ်တတ်တာကြောင့် သူမ သီချင်းထဲကလို အချစ်ကို နှစ်ယောက်မျှပြီး မချစ်နိုင်ဘူးလို့လည်း ဆိုပါတယ်။

‘‘အိုင်ရင်းက ဘယ်တော့မှ ဖုံးကွယ်ထားတဲ့ အထဲမှာလည်း မပါတော့ အိုင်ရင်းဘက်က ချစ်ရတဲ့သူ၊ လက်တွဲမယ့် သူပေါ်လာရင် လက်ထပ်တဲ့အခြေအနေမျိုး တခါတည်းပဲ အတိအလင်း ပြောပြ ပေးမှာပါ။ ဘာလို့လဲဆိုတော့ ဒီခေတ်မှာကျတော့ အခု ခဏလေးတွဲ၊ ခဏလေးနဲ့ ပြတ်ကြ၊ ကွဲကြ ဆိုတော့ မကောင်းဘူး။ ပတ်ဝန်းကျင်မှာလည်း သိက္ခာကျသလို ခံစားရတယ်။ ကိုယ်တကယ် လက်ထပ်ရမယ့် ချစ်တဲ့သူကို တရားဝင် ပြောပြပေးမှာပါ”လို့ သူမရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ဆိုပါတယ်။

“အိုင်ရင်းက အရမ်းချစ်တတ်တဲ့ အခါကျတော့ နှစ်ယောက်မျှပြီး မချစ်နိုင်ဘူး။ အိုင်ရင်း အချစ်က တယောက်တည်းကို ချစ်နေရင်တောင် လိုနေသေးတယ်လို့ ခံစားရတယ်။ အိုင်ရင်း နံရိုးပိုင်ရှင် မဟုတ်လို့ ဖူးစာရှင် မဟုတ်လို့ လွဲခဲ့တယ်လို့ သဘောထားတယ်။ အိုင်ရင်း နှလုံးသားတံခါး ပြန်ဖွင့်လာရင်တော့ ချစ်သူထားမယ်။ ယောကျာ်းကောင်းပီသတယ်။ သစ္စာရှိတယ်။ အိုင်ရင်း အပေါ်ချစ်နိုင်တယ်၊ အိုင်ရင်း မိသားစုကို ဦးဆောင်နိုင်တယ်။ အိုင်ရင်းနဲ့ ဘာသာတူရင်တော့ စဉ်းစားမှာပါ” လို့ ဆိုပါတယ်။

အိုင်ရင်းဇင်မာမြင့်ရဲ့ “MAR” သီချင်းခွေမှာ သီချင်း ၁၃ ပုဒ်ပါဝင်ပြီး DVD ထွက်ရှိရန် သီချင်း ၃ ပုဒ် ခန့်သာ ရိုက်ကူးရန် ကျန်ရှိသောကြောင့် DVD အခွေကို ယခု နှစ်အတွင်း ဖြန့်ချိမယ်လို့ပြောပါတယ်။ ယခု အခွေကိုတော့ မိခင်ဖြစ်သူက ထုတ်လုပ်ပေးထားတာကြောင့် သူမ စိတ်ကြိုက် ဆုံးဖြတ်ကာ ပြုလုပ်ထားပြီး ယခင်က သီဆိုနေကျ သီချင်းပုံစံများမှ ခွဲထွက်ထားလို့ ဆိုပါတယ်။

The post “ရင်ဘတ်ထဲက လူနှစ်ယောက်” သီချင်းလို နှစ်ယောက်မျှပြီး မချစ်နိုင်တဲ့ အိုင်ရင်းဇင်မာမြင့် appeared first on ဧရာဝတီ.

ပျောက်ဆုံးနေတဲ့ သရုပ်ဆောင် ဟန်လင်းသန့်ကို တွေ့ရှိသူများအား ဆုကြေးပေးမည်ဟု ကြေညာ

$
0
0

“မိုးပန်းပွင့်ရဲ့ သင်္ကေတ” ရုပ်ရှင် ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင် ဟန်လင်းသန့်က ဇာတ်ကား မိတ်ဆက်ပွဲကို မလာရောက်ခဲ့ဘဲ ပျောက်နေကြောင်း အဆိုပါ ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Facebook Page ကနေ ကြေညာထားပါတယ်။

“ပရိတ်သတ်တွေမေးနေတဲ့ မေးခွန်းတွေက ထောင်သောင်းမက ဖြစ်နေပြီ။ Red Carpet – Press Show ပွဲတက်တာလည်း မတွေ့ဘူး။ အနုပညာလှုပ်ရှားမှုတွေလည်း ဘာမှလုပ်တာ မတွေ့ရဘူး။ အနုပညာသည် ဘဝကို တသက်လုံး စွန့်လွှတ်လိုက်ပြီလား။ ချစ်တဲ့ ပရိတ်သတ်ကြီးကလည်း အားပေးနေမှာ မလို့ ယခု Post ကို တွေ့မိတဲ့ အခါ ဟန်လင်းသန့်ကို အမြန်ဆုံး ဆက်သွယ် ပေးစေချင်ပါတယ်” လို့ ကြေညာချက်မှာ ရေးသားထားပါတယ်။

“We love Han Lin Thant Group အနေနဲ့လည်း တတ်နိုင်သမျှ ဟန်လင်းသန့်ရဲ့ သတင်းမှန်သမျှကို အသိပေးသွားဖို့ တိုက်တွန်း လိုက်ပါတယ်။ ဟန်လင်းသန့် ချစ်ပရိတ်သတ်ကြီးကိုလည်း အကူအညီ တောင်းချင်ပါတယ်။ တွေ့အောင်ရှာပေးနိုင်တဲ့ သူအတွက် မျှော်လင့်မထားလောက်တဲ့ မေတ္တာ ဆုကြေးပေးအပ်သွားမှာပါ’’လို့ ရေးသားထားပါတယ်။

သရုပ်ဆောင် ဟန်လင်းသန့်ကလည်း We love Han Lin Thant Group ကနေတဆင့် live လွှင့်ပြီး သူ့အနေနဲ့ အနုပညာ အလုပ်တွေ မလုပ်တော့တဲ့အကြောင်း လက်ရှိမှာလည်း သူဟာ လက်ရှိမှာ နေကောင်း ကျန်းမာစွာရှိတဲ့အတွက် ပရိသတ်တွေ စိတ်မပူဖို့ ပြောထားပါတယ်။

“ကျနော် အနုပညာအလုပ်ကို ဆက်လုပ်ဖို့ အစီအစဉ် မရှိတော့တဲ့ အတွက် ကျနော် လက်မှတ် ထိုးပွဲကိုလည်း လာဖြစ်မှာ မဟုတ်ပါဘူး။ ကျနော့်ကို စောင့်နေကြမှာစိုးလို့ အသိပေးတာပါ ခင်ဗျာ။ ကျန်းကျန်းမာမာလည်း ရှိပါတယ်။ အားလုံးလည်း အဆင်ပြေပါတယ်”လို့ ဟန်လင်းသန့်က သူရဲ့ live မှာ ပြန်လည် ပြောထားပါတယ်။

သရုပ်ဆောင် ဟန်လင်းသန့်ဟာ MRTV-4 မှ ထုတ်လွှင့်ခဲ့တဲ့ “ထာဝရ မန္တလေး” ဇာတ်လမ်းတွဲမှ စတင်ကာ ပရိသတ်များ အားပေးမှုကို ရရှိခဲ့တာဖြစ်ပြီး ရုပ်ရှင်ကားများအနေနဲ့ “ဘယ်ရည်းစားကို အချစ်ဆုံးလဲ” နဲ့ “ချိုမြိန်သော လက်စားချေခြင်း” ရုပ်ရှင်တို့မှာ ပါဝင် သရုပ်ဆောင်ထားပါတယ်။

The post ပျောက်ဆုံးနေတဲ့ သရုပ်ဆောင် ဟန်လင်းသန့်ကို တွေ့ရှိသူများအား ဆုကြေးပေးမည်ဟု ကြေညာ appeared first on ဧရာဝတီ.


ဇာတ်ဝင်တေးသီချင်းရေးရတဲ့ ခံစားချက်တွေကိုပြောပြလာတဲ့ သားစိုး”

$
0
0

အဆိုတော်သားစိုးက ရုပ်ရှင်ဇာတ်ဝင်တေးသီချင်းများစွာကို ဖန်တီးဖြစ်နေပြီး သူရဲ့ဖန်တီးမှုကို ကြိုက်နှစ်သက်တဲ့ ထုတ်လုပ်သူတွေနဲ့ ပိုပြီးလက်တွဲဖြစ်လာတယ်လို့ ဧရာဝတီကို ဆိုပါတယ်။

“ဇာတ်ဝင်တေး အနေနဲ့က အရင်တုန်းကတော့ ရှိတော့ရှိတယ်။ နည်းတယ်။ နောက်ပိုင်းတော့အတော်များတယ်။၂၀၁၇၊ ၂၀၁၈ ခုနှစ်မှာ အရမ်းများသွားတယ်။ ဒီနှစ်ထဲမှာကျနော့်ရဲ့ ဖန်တီးမှုကိုကြိုက်လာတဲ့ ရုပ်ရှင် ထုတ်လုပ်သူတွေနဲ့ လက်တွဲဖြစ်တယ်။ ရုပ်ရှင်အသိုင်းအဝိုင်းမှာ ပိုပြီး ဝင်ဆန့်လာတယ်ပေါ့ ” လို့ သားစိုးက ဧရာဝတီကို ပြောပါတယ်။

ရောသမဆိုတဲ့စကားလုံးနဲ့ ပရိသတ်သိအောင်ဖန်တီးတတ်တဲ့သားစိုးက စီးပွားရေးမှာလည်း ရောသမနှပ်၊ ရောသမစင်တာ ဆိုပြီးလည်း လုပ်ဆောင်နေတာဖြစ်ပါတယ်။ ဒီနှစ်ထဲမှာပဲ စိတ်ဝင်စားဖွယ် အစားအသောက်တွေနဲ့ ရောသမစင်တာကို မကြာမီဖွင့်လှစ်တော့မယ့်သားစိုးက တဖက်ကလည်း အနုပညာအသစ်တွေလုပ်ဆောင်နေတဲ့အကြောင်းပြောပြပါတယ်။

“အနုပညာအသစ်လုပ်ဖြစ်နေတာကတော့ “ဂျင်းကောင်” ဇာတ်ဝင်တေးရေးဖြစ်ပါတယ်။ ဒါရိုက်တာကိုပေါက်က သူကိုယ်တိုင်ဖုန်းဆက်ပြီးပြောပါတယ်။ ကိုပေါက်ကလည်း သူလိုချင်တဲ့ပုံစံပြောပြပေးပါတယ်။ကျနော့်ရဲ့”ရေခဲရေ” သီချင်းကို သူသိတယ်ပေါ့နော်။ ဂျင်းကောင်ကိုလည်း အဲဒီလိုလေးလုပ်ဖို့ အကူအညီတောင်းပါတယ်။ ဒါကြောင့် ကျနော်က အဲဒီကားလေးကြည့် ပြီးတော့ သေချာရေးတာပေါ့” လို့ သားစိုးက ဆိုပါတယ်။

သားစိုးရေးစပ်ပေးပြီး ရုပ်ရှင်ဇာတ်ဝင်တေးတွေပါဝင်တဲ့ ထွက်ရှိပြီးသား ရုပ်ရှင်ကားကြီးတွေကတော့ ” ကမ္ဘာကျော်တို့ရွာ” ၊ “အမည်ပေါက်နဲ့ကျူး” တို့ဖြစ်ပြီး မထွက်ရှိသေးတဲ့ ရုပ်ရှင်ကားကြီးတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

သူများခံစားမှုကို ပြန်ပံ့ပိုးရေးဖွဲ့ရတဲ့ ဇာတ်ဝင်တေးရေးဖွဲ့မှုအပေါ် ခံစားမှုနဲ့ပတ်သက်ပြီးလည်း သားစိုးက အခုလိုဆိုပါတယ်။

“အရင်ကတော့ ကိုယ်ပိုင်သီချင်းက ကိုယ့်စိတ်ကြိုက်ဖန်တီးရတဲ့ မော်ဒယ်လ်တခု၊ ဇာတ်ဝင်တေးက သူများပေးတဲ့မော်ဒယ်လ်ကို ပြန်ခံစားရေးဖွဲ့ရတာ။ များသောအားဖြင့်တော့ ထုတ်လုပ်သူတွေက ကျနော့်ကိုစိတ်ကြိုက်လုပ်ခွင့်ပေးပါတယ်။ သူတို့ကျေးဇူးကြောင့်ပဲ ကျနော်စိတ်ကြိုက်ဖန်တီးခွင့်ရခဲ့တာပါ”

“ပင်လယ်ရယ်သံတို့ ၊ “ကမောက်ကမ သမီးယောင်းမ” တို့ဆိုရင် ဟာသ၊ ပျော်ပျော်ရွှင်ရွှင်လေးပဲရေးထားတယ်။ ကမောက်ကမ သမီးယောင်းမ ဇာတ်ကားဆိုရင် မနောတို့၊ဖြူဖြူထွေးတို့လည်းပါတယ်။ တကယ့်ဟာသအပျော်လေးပဲ။ ဇာတ်ဝင်တေးရေးရတာ ပျော်ရွှင်ပါတယ်။ လွတ်လွတ်လပ်လပ်၊ပေါ့ပေါ့ပါးပါးနဲ့လုပ်ခွင့်ရလို့ အရမ်းကြိုက်ပါတယ်”လို့ဆိုပါတယ်။

အပျော်နဲ့ဟာသ၊အမြူးတွေအများဆုံးဖန်တီးတဲ့ သားစိုးမှာလည်း ဇာတ်ဝင်တေး အမှတ်တရ ရှိခဲ့တယ်လို့ ဆိုပါတယ်။

“ကမ္ဘာကျော်ရွာမှာတော့ ကိုယ်တိုင်ငိုခဲ့ရတယ်။ နောက်ဆုံး ဇာတ်သိမ်းခန်းလေးအတွက် ဖန်တီးထားတဲ့ ဇာတ်ဝင်သီချင်းလေးဆိုရင် အဆွေးသီချင်းလေးပေါ့။ အဲဒီမှာဆို ကိုယ်တိုင်ငိုခဲ့ရတယ်။ မျက်ရည်ကျမိပါတယ်။ အမှတ်တရပေါ့”လို့ ဧရာဝတီကို ပြောပြပါတယ်။

The post ဇာတ်ဝင်တေးသီချင်းရေးရတဲ့ ခံစားချက်တွေကိုပြောပြလာတဲ့ သားစိုး” appeared first on ဧရာဝတီ.

“မီ” ရုပ်ရှင်ဇာတ်ကားရဲ့ ဝတ်စုံ၊ ဆံပင်ပြင်ဆင်မှုပိုင်းနဲ့ပတ်သက်ပြီး ပြောပြတဲ့ Stylist ကိုဇော်ဇော်

$
0
0

‘ မီ ‘ ဇာတ်ကားပြင်ဆင်မှုနဲ့ ဝတ်စားဆင်မှုပိုင်းတွေကို ဇာတ်ကားမထွက်ခင်တည်းက ပရိသတ်တွေက အားပေးနေကြတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ Stylist အဖြစ် လုပ်ကိုင်ပေးထားတဲ့ ကိုဇော်ဇော်က ဒီဇာတ်ကားမှာ ပါဝင်လုပ်ကိုင်ပေးဖြစ်တာ ပထမဆုံးဖြစ်သလို ရှေးဟောင်းဖက်ရှင်နဲ့ ပြင်ဆင်ပေးထားတာကြောင့် စိန်ခေါ်မှုလည်းရှိတယ်လို့ ဧရာဝတီကို ပြောပါတယ်။

“အဝတ်အစားပိုင်းကို အပြင်ကလူငယ်တွေကို အပ်တဲ့အခါကျရင် အလှအပကိုပဲ ဦးစားပေးပြီး Historyနဲ့ ပတ်သက်လို့ အားနည်းတယ်။ မိန်းကလေးဖက်ရှင်ကို စိတ်ဝင်စားပြီး ယောကျာ်းလေးဖက်ရှင်ကို အားနည်းတဲ့အခါ အရင်ခေတ်ကို ရိုက်မှာဆိုတော့ အသေအချာ အသေးစိတ် မဖြစ်မှာစိုးတဲ့အတွက် ကျနော့်ကိုလုပ်ပေးပါဆိုတာနဲ့ လုပ်ပေးဖြစ်ပါတယ်။ ကျနော့်အတွက်လည်း စိန်ခေါ်မှုတော့ ရှိပါတယ်”

“ကျနော့်ပုံတွေကိုလည်း လိုက်ရှာတယ်။ သမိုင်းနဲ့ ပတ်သက်ပြီး လုပ်တာလည်း အရင်ကတည်းက ကျနော်လုပ်နေကျ ဆိုတော့ ကျနော့်အတွက် မခက်ခဲပါဘူး။ အဝတ်အစားနဲ့ ပတ်သက်လို့ အရမ်းမစိုးရိမ်ပါဘူး။ ‘ မီ ‘ ကို သေချာကြီး ဆရာမကြီးက မရေးထားဘူး။ စိတ်ပိုင်းဆိုင်ရာ အများကြီးရေးထားတယ်။ အပြင်မှာ သူက ပိန်ပိန်ပါးပါးဖြစ်တယ်ဆိုတာ ရေးထားတယ်။ ဆံပင်က အညိုရောင်ဖျော့ပြီး မျက်လုံးက မီးခိုရောင် ဒီလောက်ပဲ။ အသေးစိတ်အရမ်းမပါဘူး။ ပိုင်ဖြိုးသုကို ‘ မီ ‘ ဖြစ်အောင် လုပ်ပေးရတယ်။ မိတ်ကပ်တွေ Test လုပ်တယ်။ ဆံပင်တွေ Test လုပ်တယ်။ သေချာမှ ရိုက်ကြတာပေါ့” လို့ ပြောပါတယ်။

ဇာတ်ကားထဲမှာ အဝတ်အစားပြင်ဆင်မှုနဲ့ ပတ်သက်ပြီးပါဝင်တဲ့ မင်းသားမင်းသမီးတွေကိုလည်း အကုန်စီစဉ်ပေးထား တယ်လို့ ကိုဇော်ဇော်ကဆိုပါတယ်။

” မီ ကိုနှစ်မျိုး ပြင်ဆင်ရတယ်။ ညဘက်မှာ ဆိုသူရဲ့ စိတ်ကမာတယ်ဆိုတော့ အရောင်တောက်တာလေးတွေ လုပ်ပေးထားတယ်။ ထင်ပေါ်တဲ့ ပြောင်ပြောင်အသားတွေ လုပ်ထားတယ်။ မနက်ပိုင်းသော်ဆွေနဲ့ ရှိတဲ့အချိန်ကျတော့ သိုးငယ်လေးတယောက်လို ချစ်စရာကောင်မလေးဖြစ်သွားပြန်ရော။ အဲ့တာနဲ့ လိုက်ဖက်အောင် အရောင်ဖြူဖြူဖျော့ဖျော့လေးတွေ ဆင်ပေးထားတယ်”

“နေတိုးကိုလည်း အဲ့လိုပဲ အဝတ်အစားက အစအကုန်လုံး ပြင်ဆင်ပေးထားတာ ဆံပင်က သူက ‘မုန်းစွဲ ‘ မှာ ဘုန်းကြီးဝတ်တယ်။ ကတုံးနဲ့ ဖြစ်နေတာမလို့ အတုမတပ်လို့မရဘူး။ ဒါရိုက်တာဏကြီး တို့ကလည်း “သော်ဆွေ” ဇာတ်ကောင်ကို ကတုံးနဲ့ မရိုက်ချင်ဘူး။ အတုက မြန်မာနိုင်ငံမှာ အတော်ဆုံး ရုပ်ရှင်ဆီလီကွန်မိတ်ကပ်ပညာရှင် ကိုအောင်ကျော်ထွန်းတို့ လုပ်တာပဲ”

“ရိုက်ကွင်းမှာ အဲဒီဆံပင်ကို တပ်ဖို့အတွက် ကျွမ်းကျင်သူ လူတယောက် သပ်သပ်ခေါ်ထားရတယ်။ ကုန်ကျစရိတ်လည်း မနည်းဘူး။ ကားထဲမှာ အားလုံးအကောင်းဆုံးကြိုးစားထားတယ်။ ‘ မီ ‘ ဇာတ်ကားက ရိုက်နေကျကားတွေ ကုန်ကျနှုန်း အတိုင်းရိုက်ရတယ်။ ဟိုအရင် ဇာတ်ကားကို ပြန်ရိုက်တဲ့ ဇာတ်ကားဆိုရင် ပိုသုံးသင့်တယ်။ ဒါပေမယ့်လည်းရတဲ့ budget ထဲမှာပဲ အကောင်းဆုံးအပင်ပန်းခံ ကြိုးစားထားတယ်” လို့ ပြောပါတယ်။

Stylist ကိုဇော်ဇော် ဟာ ကိုယ်တိုင်ဒါရိုက်တာလုပ်ကာ နာမည်ကြီးကြော်ငြာများကိုလည်း ရိုက်ကူးနေပြီး ‘ ဂန္တဝင်အလှ မြန်မာရာမ ‘ ဇာတ်ကားကိုလည်း ရိုက်ကူးခဲ့သူဖြစ်ပါတယ်။

The post “မီ” ရုပ်ရှင်ဇာတ်ကားရဲ့ ဝတ်စုံ၊ ဆံပင်ပြင်ဆင်မှုပိုင်းနဲ့ပတ်သက်ပြီး ပြောပြတဲ့ Stylist ကိုဇော်ဇော် appeared first on ဧရာဝတီ.

လက်ဝှေ့သမားတယောက်ရဲ့ အတ္ထုပ္ပတ္တိ (သို့) A Prayer Before Dawn (2017)

$
0
0

ဒီတခါမိတ်ဆက်ပေးမှာကတော့ ဒါရိုက်တာ Jean-Stephane Sauvaire ရိုက်ကူးထားတဲ့ Action , Biography , Crime အမျိုးအစား ထိုင်းရုပ်ရှင်တကားဖြစ်တဲ့ A Prayer Before Dawn ပဲဖြစ်ပါတယ်။ မင်းသား Joe Cole က အဓိကပါဝင် သရုပ်ဆောင်ထားတာဖြစ်ပြီး အခြားသော သရုပ်ဆောင်များစွာလည်း ပါဝင်အားဖြည့်ပေးထားကြတာဖြစ်ပါတယ်။

အင်္ဂလန်လက်ဝှေ့သမားတဦးဖြစ်တဲ့ Billy Moore ဟာ ထိုင်းနိုင်ငံမှာ လက်ဝှေ့ထိုးကာ အသက်မွေးဝမ်းကြောင်းပြု နေထိုင်ရင်း မူးယစ်ဆေးသုံးစွဲနေသူတဦးလည်းဖြစ်ပါတယ်။ ဒီလိုနဲ့ ထိုင်းရဲတပ်ဖွဲ့တွေဟာ Billy နေထိုင်ရာအခန်းကို အမေးအမြန်မရှိ ဝင်ရောက်စီးနင်းဖမ်းဆီးပါတော့တယ်။

ထောင်ထဲကို ရောက်ရှိသွားချိန်မှာပဲ Billy ကြုံတွေ့ရတာကတော့ အကြမ်းဖက်မှုတွေပဲဖြစ်ပြီး နှစ်ကြီးသမားတွေဟာ သူတို့ကို ကောင်းကောင်းကြီး ပညာပေးပါတော့တယ်။ ဆေးမသုံးစွဲရလို့ ရန်လိုနေတဲ့ Billy ဟာ ခိုက်ရန်ဖြစ်ပွားမှုကြောင့် အခြားအဆောင်တဆောင်ကို ပြောင်းရွှေ့ခံရတာပဲဖြစ်ပါတယ်။

အဲဒီအဆောင်ကို ရောက်ရောက်ချင်းညမှာပဲ တရေးနိုးအပေါ့အပါး ထသွားချိန်မှာပဲ အဆောင်ရဲ့ နှစ်ရှည်သမားတွေဟာ လူငယ်တဦးကို အုပ်စုလိုက် လိင်အကြမ်းဖက်မှုပြုလုပ်ပါတော့တယ်။ Billy ကိုယ်တိုင်လည်း ဓားနဲ့ အထောက်ခံထားရပြီး ဘာမှမကူညီလိုက်နိုင်ခဲ့ပါဘူး။ နောက်တနေ့မနက်စောစောမှာပဲ အဲဒီ လူငယ်လေးဟာ မိမိကိုယ်ကို ဆွဲကြိုးချ သတ်သေ သွားပါတော့တယ်။ သွေးပျက်ချောက်ချားစရာတွေအပြည့်နဲ့ ကျီးလန့်စာစားအခြေအနေမှာ Billy ဟာ ဆေးမသုံးစွဲရတာ ကြောင့် နာဖျားမှုကို ခံစားနေရတာလည်းဖြစ်ပါတယ်။

ညှင်းပန်းအနိုင်ကျင့်မှုတွေကနေ လွတ်မြောက်ဖို့နဲ့ ဆေးစွဲနေရတဲ့ အခြေအနေကို ဖြတ်တောက်ဖို့ Billy ဟာ သူ့ရဲ့ လက်ဝှေ့ထိုးခြင်းကို ပြန်လည် လေ့ကျင့်ဖို့ ထောင်တွင်းလက်ဝှေ့အဖွဲ့မှာ ဝင်ခွင့်ရရှိရေးအတွက် ကြိုးပမ်းပါတော့တယ်။

ထိုင်းနိုင်ငံရဲ့ ထောင်တွင်း အဖြစ်အပျက်တွေ ၊ နိုင်ထက်စီးနင်းပြုမှုတွေအပြင် Billy ရဲ့ အခက်အခဲတွေကြားက စိတ်ဓာတ်ပြင်းထန်မှုတွေကို လက်မလွှတ်တမ်းကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။

Billy Moore ဟာ သူ လွတ်မြောက်လာချိန်မှာ သူကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကို စာအုပ်တအုပ်ရေးသားခဲ့ပြီး ရောင်းအားအကောင်းဆုံးအဖြစ်လည်း စံချိန်တင်နိုင်ခဲ့ပါတယ်။ ဒီ A Prayer Before Dawn ဟာ သူ့ရဲ့စာအုပ်ကို အခြေခံရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်တကားဖြစ်တာကြောင့် ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် ပြန်လည်ညွှန်းဆို ပေးလိုက်ရပါတယ်။

The post လက်ဝှေ့သမားတယောက်ရဲ့ အတ္ထုပ္ပတ္တိ (သို့) A Prayer Before Dawn (2017) appeared first on ဧရာဝတီ.

ပညာရေးမှာ ထူးချွန်ကြတဲ့ နာမည်ကျော်ဟောလိဝုဒ်သရုပ်ဆောင်များ

$
0
0

နာမည်ကျော်သရုပ်ဆောင်အများစုဟာ သူတို့ရဲ့အနုပညာအလုပ်တွေကြောင့် ပညာရေးပိုင်းမှာ အားနည်းသွားတာမျိုးတွေ ရှိကြပေမယ့် အခုဖော်ပြပေးမယ့် နာမည်ကျော်သရုပ်ဆောင်တွေကတော့ သရုပ်ဆောင်ကောင်းတွေလည်းဖြစ်သလို ပညာရေးပိုင်းမှာလည်း ထူးချွန်ကြသူတွေပဲဖြစ်ပါတယ်။

(၁) James Franco

 

 

ရုပ်ရှင်တွေထဲမှာလည်း သရုပ်ဆောင်ကောင်းသလို ခန့်ညားတဲ့ ရုပ်ရည်ကြောင့် မိန်းကလေးပရိသတ်တွေရဲ့ အသည်းကျော် မင်းသားတဦးဖြစ်တဲ့ James Franco ကတော့ Yale တက္ကသိုလ်ကနေ အင်္ဂလိပ်အထူးပြုနဲ့ PhD ဘွဲ့ရရှိထားတာဖြစ်ပြီး ကဗျာစာပေ အထူးပြုနဲ့ Worren Wilson ကောလိပ်ကနေလည်း ဘွဲ့တွေရရှိထားသူဖြစ်ပါတယ်။

ဒါ့အပြင် Filmmaking , Literature , Fiction Writing စတဲ့ ဘာသာရပ်တွေနဲ့ နာမည်ကြီးတက္ကသိုလ်တွေကနေ Master ဘွဲ့ ရရှိခဲ့သူတဦးလည်းဖြစ်ပါတယ်။

(၂) Natalie Portman

 

 

ဟောလိဝုဒ်ရဲ့ နာမည်ကျော်မင်းသမီးတဦးဖြစ်တဲ့ Natalie Portman ကတော့ Harvard တက္ကသိုလ်ကနေ စိတ်ပညာ အထူးပြုနဲ့ ဘွဲ့ရရှိသူဖြစ်ပြီး ထူးချွန်တဲ့ ကျောင်းသူတဦးလည်းဖြစ်ပါတယ်။

(၃) Rowan Atkinson

 

 

Mr Bean လို့ လူသိများကြတဲ့ ဟောလိဝုဒ် အကျော်အမော်မင်းသားကြီး Rowan Atkinson ကတော့ Newcastle တက္ကသိုလ်ကနေ အင်ဂျင်နီယာဘွဲ့ရရှိခဲ့သူဖြစ်ပြီး နာမည်ကြီး တက္ကသိုလ်တခုဖြစ်တဲ့ Oxford တက္ကသိုလ်ကနေလည်း Electrical Engineer အထူးပြုနဲ့ Master ဘွဲ့ကို ရရှိခဲ့တာလည်းဖြစ်ပါတယ်။

(၄) Emma Watson

 

 

ဟယ်ရီပေါ်တာ ရုပ်ရှင်တွေရဲ့ မင်းသမီးချောလေး Emma Watson ကတော့ Brown တက္ကသိုလ်ကနေ အင်္ဂလိပ်အထူးပြုနဲ့ ဘွဲ့ရရှိခဲ့တာဖြစ်ပြီး ကုလသမဂ္ဂရဲ့ အမျိုးသမီးကိုယ်စားလှယ်တဦးလည်းဖြစ်ပါတယ်။

(၅) John Krasinski

 

 

သရုပ်ဆောင်တဦးလည်းဖြစ်သလို အောင်မြင်ကျော်ကြားတဲ့ “A Quiet Place” ရုပ်ရှင်ရဲ့ ဒါရိုက်တာလည်းဖြစ် ၊ သရုပ်ဆောင်လည်းဖြစ်တဲ့ John Kransiski ဟာ Brown တက္ကသိုလ်ကနေ အင်္ဂလိပ်ဘာသာရပ်နဲ့ master ဘွဲ့ရရှိခဲ့တာဖြစ်ပြီး ငယ်စဉ်ကတည်းက စာကြိုးစားခဲ့သူလည်းဖြစ်ပါတယ်။

Ref: www.simplemost.com

The post ပညာရေးမှာ ထူးချွန်ကြတဲ့ နာမည်ကျော်ဟောလိဝုဒ်သရုပ်ဆောင်များ appeared first on ဧရာဝတီ.

အပြင်မှာ တကယ်မရှိတဲ့ နာမည်ကြီးရုပ်ရှင်ဇာတ်ကားတွေရဲ့ ဇာတ်ကောင်များ

$
0
0

စာရေးသူတို့ ငယ်ငယ်ကတည်းက ကြည့်ခဲ့တဲ့ ဇာတ်ကားတွေမှာပါနေတဲ့ တချို့ဇာတ်ကောင်တွေဟာ အပြင်မှာ တကယ်မရှိပေမယ့် တကယ်ရှိတယ်လို့ ထင်နေကြတဲ့ ဇာတ်ကောင်တွေ ရှိပါတယ်။ အခုပြောပြမယ့် ဇာတ်ကောင်တွေ က သင်တကယ်ရှိတယ်လို့ ထင်ပေမယ့် မရှိကြတဲ့ ဇာတ်ကောင်တွေပဲဖြစ်ပါတယ်။

(၁) Mulan

 

 

Mulan ဆိုတဲ့ အမျိုးသမီးစစ်သူကြီးဟာ တကယ်တော့ အပြင်မှာ မရှိခဲ့ပါဘူး။ Disney က စတင်မိတ်ဆက်ခဲ့တဲ့ ဒီကာတွန်းကားမှာ ဖခင်အစား စစ်တိုက်ထွက်ဖို့ အမျိုးသားလိုဝတ်ဆင်ပြီး စစ်တိုက်ခဲ့တဲ့ စစ်သားတယောက်အဖြစ် မိတ်ဆက်ခဲ့တာပါ။ မူလန်ဟာ စာရေးဆရာရဲ့ စိတ်ကူးယဉ်ဇာတ်ကောင်သာဖြစ်ပါတယ်။ ဒါပေမယ့် တရုတ်ရှေးဟောင်း ရာဇဝင်မှာ အမျိုးသမီးစစ်သူကြီးတယောက်တော့ ရှိပေမယ့် သူ့နာမည်က Mulan မဟုတ်ပါဘူး။

(၂) Robin Hood

 

 

မြန်မာရာဇဝင်ထဲက သူခိုးကြီး ငတက်ပြားလိုပဲ အနောက်တိုင်း ရာဇဝင်မှာလည်း Robin Hood ဆိုတဲ့ သူခိုးကြီး အကြောင်းတွေ ရှိပါတယ်။ သူဟာ လူချမ်းသာတွေဆီက ခိုးဝှက်၊ဓါးပြတိုက်ပြီး မရှိဆင်းရဲသားတွေကို ပြန်လည် ထောက်ပံ့တယ်လို့ နာမည်ကြီးသူတယောက်ဖြစ်ပါတယ်။

ဒီအကြောင်းဟာ ၁၃ ရာစု ၁၄ ရာစုလောက်မှာ ကျော်ကြားခဲ့ပြီး Robin Hood ဆိုတာကတော့ တကယ်မရှိခဲ့ဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် သမိုင်းဆရာတချို့ကတော့ အဲ့ဒီခေတ်လောက်က ဘုရင်ကို ပုန်ကန်ပြီး ပြည်သူတွေအတွက် လုပ်ပေးခဲ့တဲ့ ရာဇဝတ်သားတယောက်ယောက်ကို ပြည်သူတွေ စိတ်ကြိုက်နာမည်ပြောင်းထားတာဖြစ်နိုင်တယ်လို့ ယူဆထားတာတွေ ရှိပါတယ်။

(၃)Jack Dawson

 

 

Titanic ဇာတ်ကားကို ရိုက်ကူးထားပုံဟာ ဖြစ်ရပ်မှန်ကို အခြေခံတဲ့ စိတ်ကူးယဉ်ဇာတ်လမ်းပုံစံဖြစ်ပါတယ်။ သမိုင်းဖြစ်ရပ်ထဲမှာ စာရေးဆရာစိတ်ကြိုက်ဇာတ်ကောင်ကို ထည့်လိုက်တဲ့အခါ စာဖတ်သူရဲ့ စိတ်မှာ တကယ်များလားလို့ ထင်သွားနိုင်ပါတယ်။

ဒီလို ထင်လောက်တဲ့ဇာတ်ကောင်တွေထဲက တယောက်ကတော့ Titanic ဇာတ်ကားထဲက အဓိက ဇာတ်ကောင်ဖြစ်တဲ့ Jack Dawson ဖြစ်ပါတယ်။ Titanic သင်္ဘောမြှပ်စဉ်မှာ J.Dawson ဆိုတဲ့ လူတယောက် ပါခဲ့ပေမယ့် စာရေးဆရာကတော့ အဲ့ဒီနာမည်နဲ့ လူရှိတယ်ဆိုတာကို ဇာတ်ကားထွက်ပြီးမှ သိခဲ့တာပါ။

Ref; zergnet.com

The post အပြင်မှာ တကယ်မရှိတဲ့ နာမည်ကြီးရုပ်ရှင်ဇာတ်ကားတွေရဲ့ ဇာတ်ကောင်များ appeared first on ဧရာဝတီ.

“ကိုယ်တိုင်ရင်ခုန်တဲ့ ဇာတ်လမ်းကို ရိုက်ရတာ အားသန်တယ်”

$
0
0

ယခုနောက်ပိုင်းများမှာ ဇာတ်လမ်းရွေးချယ်မှုများလာပြီး ကားရိုက်တွေနည်းလာတာကို တွေ့လာရတဲ့ သရုပ်ဆောင် အောင်ရဲလင်းက သူကိုယ်တိုင်ရင်ခုန်တဲ့ ဇာတ်လမ်းတွေကို ရိုက်ဖို့အားသန်တဲ့အတွက် ဖြစ်တယ်လို့ဆိုပါတယ်။

“အဓိကကတော့ ကျနော်ကိုယ်တိုင်ရင်ခုန်တဲ့ ဇာတ်လမ်းကို ရိုက်ဖို့အားသန်တယ်။ ရိုက်နေရတာတော့ အမျိုးမျိုးရှိပါတယ်။ ကိုယ့်ရိုက်တဲ့ကာရိုက်တာကို ကိုယ်ကြိုက်ဖို့လိုပါတယ်။ ကိုယ်တိုင်ကြိုက်တဲ့ကာရိုက်တာကို ပြင်ဆင်ပြီး ရိုက်ရတာ အရမ်းကျေနပ်မိတယ်။ ကျနော်ထင်တယ်။ ဒါတွေက ရေရှည်မှာစကားပြောမှာပါ” လို့ အောင်ရဲလင်းက ပြောပါတယ်။

မကြာခင်မှာလည်း တခေတ်တခါက အောင်မြင်ကျော်ကြားခဲ့တဲ့ စာရေးဆရာဖေမြင့်ရဲ့ “ဆတ်သေချောင်းရဲ့ ဒဏ္ဍာရီ” ကို ရုပ်ရှင်အဖြစ်ပြန်လည်ဖန်တီးမယ့် “တခါက ဆတ်သေချောင်း” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားထဲမှာ ကွန်မြူနစ် တယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်မှာ ဖြစ်ပါတယ်။

“ကာရိုက်တာကတော့ ကွန်မြူနစ်စနစ်လွှမ်းမိုးနေတဲ့ လူတယောက်အဖြစ် သရုပ်ဆောင်ထားတာပေါ့။ ကွန်မြူနစ်တွေရဲ့ အဓိကအခြေခံစိတ်ရင်းက ညီအစ်ကိုမောင်နှမဆိုတဲ့ စိတ်မရှိဘူး။ မိဘဆိုတာလည်းမရှိဘူး။ ကိုးကွယ်ရာ ဘာသာတရားလည်းမရှိဘူး။ ကိုယ့်ကိုယ်ကိုယ်သာ ကိုးကွယ်ရာပဲ။ အဲဒီလိုမျိုး ကာရိုက်တာဖြစ်အောင် သရုပ်ဆောင် သွားမှာပါ” လို့ အောင်ရဲလင်းက ပြောပါတယ်။

အဆိုပါ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပါဝင်ရမယ့် ကွန်မြူနစ်ကာရိုက်တာက သူ့ကို ဆွဲဆောင်နေတဲ့ အတွက် ရိုက်ကူး ဖြစ်တာဖြစ်ပြီး ကွန်မြူနစ်ကာရိုက်တာကို သရုပ်ဆောင်ဖို့အတွက် Pre Production ကို တလခန့် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

“အဓိကကတော့ ကွန်မြူနစ်ကာရိုက်တာက အဓိကဆွဲဆောင်နေတာပေါ့။ ဒီကွန်မြူနစ်ကာရိုက်တာက ကျနော် ပထမဆုံးရိုက်မှာပါ။ တခါမှမရိုက်ဖူးသေးပါဘူး။ ရိုက်တဲ့အခါမှာလည်း အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားဖို့အတွက် ကာရိုက်တာကို ဘယ်လို Mood သွင်းရမလဲဆိုတာကို ဒါရိုက်တာနဲ့တိုင်ပင်ပါတယ်။ ကွန်မြူနစ်ကားတွေလည်း ကြည့်ပါတယ်” လို့ အောင်ရဲလင်းက ပြောပါတယ်။

Pre Production ပြုလုပ်ပြီးမှ ရိုက်ရတဲ့အပေါ်မှာ အောင်ရဲလင်းက အခုလိုပြောပြပါတယ်။

“တချို့ကားတွေကတော့ Pre Production လုပ်ဖို့မလိုတာတွေရှိတယ်။ တချို့ကားတွေကတော့ Pre Production လုပ်ကိုလုပ်ရမယ့်ကားတွေရှိတယ်။ ကြိုတင်ပြင်ဆင်ပြီးတော့ ရိုက်တဲ့ကားတွေ ကြိုတင်ပြင်ဆင်ပြီးတော့ လုပ်တဲ့ အလုပ်တွေက ဘယ်တော့မှမမှားပါဘူး။ လက်တွေ့လုပ်တဲ့အခါမှာ အကူအညီတွေပေးမှာပါ။ ရိုက်ကွင်းမှာလည်း အဆင်ပြေတယ်” လို့ အောင်ရဲလင်းက ပြောပါတယ်။

အဆိုပါ “တခါက ဆတ်သေချောင်း” ကိုတော့ စက်တင်ဘာလ ၂၁ရက်နေ့မှစတင်ကာ ရှမ်းပြည်နယ် နောင်ချို နှင့် ကချင်ပြည်နယ် ပူတာအိုတို့မှာ သွားရောက်ရိုက်ကူးတော့မှာ ဖြစ်ပြီး သရုပ်ဆောင်များအနေနဲ့ကတော့ အောင်ရဲလင်း ၊ မင်းဦး ၊ ရဲလေး၊ မိုးယံဇွန် ၊ ပြေဇင် ၊ အောင်ခိုင် ၊ စိုးမြတ်သူဇာ ၊ သင်ဇာဝင့်ကျော် ၊ ဆုမြတ်နိုးဦး ၊ သင်ဇာမြင့်မိုရ် ၊ ဝါဝါအောင်တို့က အဓိကပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

The post “ကိုယ်တိုင်ရင်ခုန်တဲ့ ဇာတ်လမ်းကို ရိုက်ရတာ အားသန်တယ်” appeared first on ဧရာဝတီ.

“လူရွှင်တော်အဖွဲ့တွေကွဲတာ ငွေရေးကြေးရေးကြောင့် ကွဲကုန်ကြတာပါ”

$
0
0

လူရွှင်တော် ကျင်ဝှက်ဟာ သက်ကြီးပူဇော်ပွဲအတွက် ရန်ပုံငွေရှာဖွေပွဲအတွက်ပြုလုပ်တဲ့ ဘောလုံးပွဲမှာ သက်ကြီးပိုင်းကနေပါဝင်ပြီး ဘောလုံးကန်ဖြစ်မယ်လို့ ဆိုပါတယ်။

“လူရွှင်တော်သက်ကြီးပူဇော်ပွဲအတွက် ရန်ပုံငွေပွဲမှာ ကျနော်က သက်ကြီးပိုင်းကကန်မယ်။ အမျိုးသမီးတွေနဲ့ ကန်ရမှာပါ။ ဇရာအိုနဲ့ ကညာပျိုပေါ့။ သင်ဆရာ မြင်ဆရာ ကြားဆရာတွေကို တတ်နိုင်တဲ့ဘက်ကနေ ကာယဒါနနဲ့ လှူဖို့ငွေအင်အားနည်းနေတာကြောင့် ပါဝင်တာပါ။ သက်ကြီးတွေကလည်း တိုးလာတော့ နှစ်စဉ်နှစ်တိုင်းလည်း လိုအပ်နေလို့ ဒီလိုပွဲလေးလုပ်တာပါ”

” ကျနော်တို့အဖွဲ့ထဲက ကိုအောင်သော်နဲ့ ကြာစိကတော့ ခရီးလွန်နေလို့ ကျနော်တို့ ၃ ယောက်ပဲရှိတယ်။ ဒီလဆို တလလုံး အလုပ်မရှိဘူး။ ၇ လပိုင်းတုန်းကလည်း အဲ့လိုပဲ အလုပ်မရှိဘူး။ အဲ့လိုတခါမှမဖြစ်ဖူးဘူး။ အခုဘာလို့ ဖြစ်တာလဲ။ သဘာဝဘေးသင့်တဲ့နေရာတွေက အများကြီးပဲလေ။ အဲ့တာကြောင့်လည်း အနုပညာသမားတွေ အခက်အခဲလေးတွေ တွေ့တာပေါ့။ ၁၀ လ ပိုင်းမှာ ဇာတ်ကားရော၊ ပွဲလေးတွေရော ကဖို့ရှိတယ်” လို့ ကျင်ဝှက်က ပြောပါတယ်။

အမြဲစည်းလုံးမှုရှိတဲ့ Five Star အဖွဲ့က အမြဲရန်ဖြစ်တတ်သလို အလုပ်လုပ်ရင်လည်း အလုပ်နဲ့ တူအောင် လုပ်ကြတယ်လို့ အဖွဲ့ဝင် ကျင်ဝှက် ကပြောပါတယ်။

“အလှူရှင်တွေက အခွေတွေရိုက်တယ် မှတ်တမ်းဆိုပြီး တယောက်ကို တယောက်လက်ဆင့်ကမ်းရင်းနဲ့ အဲ့အပေါ်မှာ လုပ်စားသွားကြတာ။ ကျနော်တို့က ပါတယ်။ အလှူရှင်တွေက အခွေတွေ မထွက်တော့ဘူး။ သီချင်းခွေလည်း ထွက်လိုက်တယ်။ အဲ့အခွေကလည်း ကောင်းအောင်လုပ်လိုက်တာ သိန်း ၃၀၀ ကျော်သွားတယ်။ နောက်ထပ်လည်း လုပ်ချင်ပေမယ့် မလုပ်ဖြစ်သေးပါဘူး”

” နောက်ကနေ လိုက်လုပ်ပေးမယ့် သူမရှိတော့ အဆင်မပြေဘူး။ ကျနော်တို့က ကိုယ့်အားနဲ့ ကိုယ်လုပ်ရတာလေ။ နောက်ကနေ လုပ်ပေးနိုင်မယ့် သူရှိရင်ကောင်းမယ်။ ကျနော်တို့ လုပ်ချင်တာတွေ အများကြီးပဲ။ ကျနော်တို့အဖွဲ့က အမြဲရန်ဖြစ်တယ်။ အလုပ်လုပ်ရင်လည်း အလုပ်နဲ့ တူအောင်လုပ်ကြတယ်။ ရန်ဖြစ်ရင်လည်း ဒီနေ့ဖြစ် မနက်ဖြန်ပြန်ခေါ်ကြတာ” လို့ ဆိုပါတယ်။

လူရွှင်တော်အဖွဲ့များ အောင်မြင်လာပြီးနောက်ပိုင်းမှာ အဖွဲ့ကွဲပြီး တဦးခြင်း စီဖြစ်ကုန်တာနဲ့ ပတ်သက် လို့လည်း ကျင်ဝှက်က သူရဲ့အမြင်ကို အခုလိုဆိုပါတယ်။

“အဓိက အဖွဲ့တွေကွဲတာက ငွေရေးကြေးရေးကြောင့် ကွဲကုန်ကြတာ။ ကျနော်တို့အဖွဲ့က ဘုရားတည်ဖို့ ဖယ်တယ်။ ကားခတွေကို ဖယ်တယ်။ ကျန်တာကို ဖယ်ပြီးမှ ကျနော်တို့ငါးယောက်ခွဲယူတယ်။ ပရိသတ်ကို မိသားစုလို ဖျော်ဖြေ ပေးတာပါတယ်။ ကျနော်တို့ ပရိသတ်တွေကို ပျော်စေချင်တယ်။ ကလေးတွေ ရယ်ရမယ့် ပျက်လုံးတွေလုပ်တယ်။ နိုင်ငံရေးနဲ့ ပတ်သက်တာတွေ မပျက်ဘူး။ နိုင်ငံရေးတွေတော့ ပြောတယ်” လို့ပြောပါတယ်။

ကျင်ဝှက်ဟာ Five Star အဖွဲ့နဲ့ ပွဲများကပြဖျော်ဖြေနေပြီး ဇာတ်ကားများမှာလည်း အဖွဲ့လိုက်ရော တယောက်တည်း အနေနဲ့ပါ သရုပ်ဆောင်နေသူတဦးဖြစ်ပါတယ်။

The post “လူရွှင်တော်အဖွဲ့တွေကွဲတာ ငွေရေးကြေးရေးကြောင့် ကွဲကုန်ကြတာပါ” appeared first on ဧရာဝတီ.


Cardi B ကြောင့် အရှက်ကွဲရတယ်ဆိုတဲ့ Nicki Minaj

$
0
0

စက်တင်ဘာလ ၇ ရက်နေ့ သောကြာနေ့က ပြုလုပ်ခဲ့တဲ့ New York Fashion week ရဲ့ ပါတီမှာ Cardi B ရဲ့ အော်ဟစ်ပြီး ရန်ဖြစ်ကာ လုံးထွေးသတ်ပုတ်မှုကြောင့် အရှက်တကွဲ ဖြစ်ခဲ့ရတယ်လို့ Nicki Minaj က ရေဒီယိုအင်တာဗျူးတခုမှာ ပြောဆိုခဲ့ပါတယ်။

Nicki Minaj ဟာ Cardi B ရဲ့ ကလေးအုပ်ထိန်းမှုကို ဝေဖန်ခဲ့တယ်လို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။ ရေဒီယိုက အင်တာဗျူး မှာတော့ Nicki Minaj က သူမဟာ ဘယ်မိသားစုကိုမှ ဝင်ရောက်စွက်ဖက်လေ့မရှိကြောင်း၊ ကိုယ်သားသမီးကို ကြိုက်သလိုပြုစုပျိုးထောင်ခွင့်ရှိကြောင်းနဲ့ သူမကို အဲ့လို စွပ်စွဲတဲ့အတွက် ဝမ်းနည်းရကြောင်း ပြောဆိုခဲ့ပါတယ်။

Cardi B ဟာ သူမရဲ့ ကလေးကို ဇူလိုင်လက မွေးဖွားထားသူဖြစ်ပါတယ်။ သူမဟာ အမေရိကန် Rapper တဦးဖြစ်တဲ့ Offset နဲ့ ၂၀၁၇ ခုနှစ် စက်တင်ဘာလက လျှို့ဝှက်စွာ လက်ထပ်ထားပါတယ်။

ဒီ အမျိုးသမီးအဆိုတော် ၂ ယောက်ကြားက အစိုင်အခဲဟာ ဖြစ်ပွားနေတာကြာပြီဆိုပေမယ့် သောကြာနေ့က Fashion ပွဲရောက်မှသာ ကိုယ်ထိလက်ရောက်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာ Cardi B ဟာ Nicki Minaj အနားကိုသွားပြီး “လိမ်ညာနေတဲ့ Nicki” လို့ အော်ဟစ်ခဲ့တယ်လို့ Celebrities website တခုက ရေးသားခဲ့ပါတယ်။

Cardi B ဟာ Nicki Minaj ကို သူစီးလာတဲ့ ဖိနပ်နဲ့ပေါက်ခဲ့ပြီး Nicki Minaj ကလည်း ပြန်လည်ထုရိုက်ခဲ့ပါတယ်။ လုံခြုံရေးတွေ ရောက်လာလို့ ရန်ပွဲဟာ မြန်မြန်ပြီးခဲ့ပေမယ့် Nicki Minaj ကတော့ Cardi B ကြောင့် အရှက်ကွဲခဲ့ရတယ်လို့ ဆိုပါတယ်။ Cardi B ကတော့ နဖူးမှာ ဒဏ်ရာရခဲ့ပါတယ်။

သူတို့ နှစ်ဦးဟာ ၂၀၁၇ ခုနှစ်တွေမှာ အရမ်းတည့်ခဲ့ကြပြီး Twitter မှာ Comment တွေ အပြန်အလှန်ပေးကာ ရင်းနှီးမှု ရခဲ့ကြပြီးနောက် ၂ ယောက်တွဲ သီချင်းတွေ လုပ်ခဲ့ပါသေးတယ်။ အခု ပွဲမှာ ကြီးကြီးကျယ်ကျယ် ရန်ဖြစ်ခဲ့ပြီးနောက်ပိုင်း သူတို့ ၂ ယောက်ဟာ Twitter စာမျက်နှာတွေမှာလည်း အချင်းချင်း စောင်းမြောင်းရေးသားနေကြပါတယ်။

Ref;BBCentertainments

The post Cardi B ကြောင့် အရှက်ကွဲရတယ်ဆိုတဲ့ Nicki Minaj appeared first on ဧရာဝတီ.

“Sexy ဝတ်ရမယ့်နေရာမှာ လုံသွားရင်မကြိုက်ဘူး”

$
0
0

Sexy ဓာတ်ပုံများရိုက်ကူးရတာ ဝါသနာပါပြီး ဖက်ရှင်ပိုင်းကအစ Sexy ဆန်တဲ့ဖက်ရှင်မျိုးကို သဘောကျတတ်တဲ့ သင်ဇာဝင့်ကျော်ကတော့ သူ့နေရာနဲ့သူ အဝတ်အစားကို ဝတ်ဆင်ပြီး Sexy ဝတ်ရမယ့်နေရာမှာ လုံခြုံသွားရင် မကြိုက်ဘူးလို့ ပြောပါတယ်။

“သင်ဇာက Sexy ဖြစ်ပြီး ဆွဲဆောင်မှုရှိတာကို ပိုကြိုက်တယ်။ ဝတ်လိုက်ရင် ကိုယ်လုံးပေါ်တာကို ကြိုက်တယ်။ လုံခြုံသင့်တဲ့နေရာမှာ လုံလုံခြုံခြုံဝတ်ပြီး၊ Sexy ဝတ်သင့်တဲ့နေရာမှာ Sexy မဝတ်ရဘဲ လုံသွားရင် မကြိုက်ဘူး” လို့ သင်ဇာဝင့်ကျော်က ပြောပါတယ်။

မကြာသေးမီကလည်း ၂နှစ်ခွဲကျော်ကြာ လက်တွဲခဲ့တဲ့ ရည်းစားနဲ့ လမ်းခွဲခဲ့ပြီး လမ်းခွဲခဲ့တဲ့အကြောင်းအရင်းကလည်း Sexy ပုံတွေရိုက်တာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။

“Single ဖြစ်သွားတာ ကိုယ်လည်းဝမ်းသာပါတယ်။ ကိုယ့်ကိုချစ်ရင်တော့ ကိုယ်အလုပ်ကိုလည်း နားလည်ရမယ်။ ကိုယ့်ကိုလည်း နားလည်ရမယ်လေ။ အဲဒါကြောင့်နားလည်နိုင်မယ့်သူကိုပဲ ရွေးတော့မှာပေါ့။ အစက ဒီ Relationship တခုမှာ အဆင်မပြေဖြစ်နေတာ သူနဲ့လမ်းခွဲလိုက်လို့ အဆင်ပြန်ပြေသွားတဲ့အခါကျတော့ ဝမ်းနည်းနေရမှာလား။ ပျော်နေရမှာလား” လို့သင်ဇာဝင့်ကျော်က ပြောပါတယ်။

Sexy ပုံတွေရိုက်နိုင်ဖို့အတွက် ခန္ဓာကိုယ်နဲ့ပတ်သက်ပြီး Gym ပုံမှန်ဆော့ဖြစ်ပြီး ဓာတ်ပုံရိုက်တဲ့အခါမှာလည်း ရှိတဲ့ခန္ဓာကိုယ်ထက် လိုအပ်သလို ပြုလုပ်ပြီး ရိုက်ရတာတွေရှိတယ်လို့ ဆိုပါတယ်။

 

သရုပ်ဆောင် သင်ဇာဝင့်ကျော်

 

“သင်ဇာက တင်တော့နည်းနည်းရှိတယ်။ ဒါပေမယ့် အရမ်းအကြီးကြီးထဲမှာ မပါဘူး။ ဓာတ်ပုံရိုက်ရင် ကော့ပြီးရိုက်ရတာ ဘာညာတော့ရှိတာပေါ့။ တချို့လူတွေက ညောင်းနေပါဦးမယ်လို့ ပြောကြတယ်။ ဟုတ်တယ်။ တင်မရှိလို့ ကျမ ကော့ပြီး ရိုက်ရတာပါရှင်လို့ ပြောချင်ပါတယ်” လို့ သင်ဇာဝင့်ကျော်က ပြောပါတယ်။

ရုပ်ရှင်ဇာတ်ကားရိုက်ကူးမှုအနေနဲ့ မကြာခင်မှာ ရိုက်ကူးမယ့် “တခါက ဆတ်သေချောင်း” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ အောင်ရဲလင်းရဲ့ဇနီးနေရာက သရုပ်ဆောင်ဖို့အတွက်ရှိတယ်လို့ သိရပါတယ်။

ဇာတ်ကားများ လက်ခံရိုက်ကူးတာနဲ့ ပတ်သက်ပြီး သင်ဇာဝင့်ကျော်က “အပြိုင်ဇာတ်မဟုတ်တာတွေကို လက်ခံဖြစ်ပါတယ်။ စကားမပြောတတ်တဲ့ကာရိုက်တာတို့ မျက်လုံးကန်းနေတဲ့ကာရိုက်တာတို့ ကိုယ်မလုပ်ဖူးတဲ့ ကာရိုက်တာမျိုးကို လုပ်ကြည့်ချင်ပါတယ်” လို့ပြောပါတယ်။

သင်ဇာဝင့်ကျော်က ခပ်ဟော့ဟော့ဖက်ရှင်ဒီဇိုင်းများ မကြာခဏဝတ်ဆင်လေ့ရှိပြီး ဒီလိုဝတ်ဆင်မှုအပေါ်မှာလည်း ဝေဖန်ခြင်းခံနေရတဲ့သူတဦးလည်းဖြစ်ပါတယ်။

The post “Sexy ဝတ်ရမယ့်နေရာမှာ လုံသွားရင်မကြိုက်ဘူး” appeared first on ဧရာဝတီ.

အဆိုတော် Beyonce ရဲ့ လူသိနည်းတဲ့ အကြောင်းများ

$
0
0

ဘီယွန်းဆေးဟာ အမျိုးသမီးတော်တော်များများသာမက အမျိုးသားတွေရဲ့ ကြိုက်နှစ်သက်ခြင်းကိုခံရတဲ့ အဆိုတော် တဦးဖြစ်ပါတယ်။ Queen Bey လို့ အားလုံးက ချစ်စနိုးနဲ့ ခေါ်ကြတဲ့ သူမအကြောင်းတွေကို သိတာတွေရှိပေမယ့် ဒီတခါမှ လူသိနည်းတဲ့ အချက်တွေကို ဖော်ပြပေးချင်ပါတယ်။

(၁) သူမဟာ Beatles အဖွဲ့ရဲ့ အမာခံပရိတ်သတ်တဦးဖြစ်ပါတယ်။ သူမ ကလေးဘဝတည်းက ကျောင်းသွားတဲ့ လမ်းမှာ John Lennon ရဲ့ Imagine ဆိုတဲ့ သီချင်းကို သီဆိုကာသွားလေ့ရှိပြီး အမြဲတမ်း Beatles အဖွဲ့ရဲ့ သီချင်း တွေကို နားထောင်တယ်လို့ သိရပါတယ်။

(၂) သူမဟာ အိုင်းရစ်နဲ့ ပြင်သစ် ကပြားဖြစ်ပါတယ်။ သူမရဲ့ အဖေဖြစ်သူက အာဖရိကန်အမေရိကန်ဖြစ်ပြီး Taxas မှာ မွေးဖွားကြီးပြင်းလာသူဖြစ်ပါတယ်။ သူမရဲ့ အမေကတော့ အိုင်းရစ်၊အမေရိကန်၊ပြင်သစ်နဲ့ အာဖရိကန် ကပြားဖြစ်လို့ သူမဟာလည်း ကပြားတယောက်ဖြစ်ပါတယ်။

(၃) သူမဟာ စိတ်ဓာတ်ကျဖူးပါတယ်။ သူမရဲ့ အဖွဲ့ဖြစ်တဲ့ Destiny’s Child အဖွဲ့ ၂၀၀၆ ခုနှစ်မှာ ပျက်ပြီးတဲ့ နောက် သူမဟာ ၂ နှစ်ကျော်ကြာ စိတ်ဓာတ်တွေကျခဲ့ရတယ်လို့ ဆိုပါတယ်။ သူမဟာ မစားနိုင်၊ မအိပ်နိုင်တွေဖြစ်ပြီး ပေါင်းသင်းစရာ လူမရှိဘူးဆိုတဲ့ အတွေးတွေကြောင့် စိတ်ဓာတ်နှစ်ရှည်ကျခဲ့ရတာ ဖြစ်တယ်လို့လည်း ဖွင့်ပြောထား ပါတယ်။

(၄) သူမဟာ ပရဟိတအဖွဲ့တွေလည်း ထောင်ထားပါတယ်။ သူမရဲ့ အဖွဲ့ဟောင်းဖြစ်တဲ့ Destiny’s Child က အဖွဲ့ဝင်တဦးနဲ့ ပေါင်းပြီး သဘာဝဘေးအန္တရာယ်တွေမှာ ဒုက္ခရောက်သူတွေကို ပြန်လည်ထူထောင်ရေးအဖွဲ့ တည်ထောင်ထားပြီး သူမကိုယ်ပိုင် ဖောင်ဒေးရှင်းအနေနဲ့ Beygood ဖောင်ဒေးရှင်းကို ထူထောင်ကာ နီပေါငလျင် မှာ ပျက်စီးခဲ့တာတွေ ပြန်လည်ထူထောင်ဖို့ ဒေါ်လာသန်းချီလှူဒါန်းခဲ့ပါတယ်။

(၅) သူမအကြိုက်ဆုံး နံပတ်က ၄ ဖြစ်ပါတယ်။ သူမရဲ့ မိခင်ဟာ ဇန်နဝါရီ ၄ ရက်နေ့ မွေးတာဖြစ်ပြီး သူမကိုတော့ စက်တင်ဘာ ၄ ရက်နေ့မှာ မွေးပါတယ်။ သူမဟာ ဧပြီ ၄ ရက်နေ့မှာ မင်္ဂလာဆောင်ခဲ့ပြီး သူ့ယောကျာ်းဖြစ်တဲ့ Jay Z ရဲ့ မွေးနေ့ကတော့ ဒီဇင်ဘာ ၄ ရက်နေ့ ဖြစ်ပါတယ်။

သူမဟာ ရေမွှေးနဲ့ မတည့်ပါဘူး။ ဒါ့အပြင် သူမဟာ အော်ပရာအဆိုတော်တဦးလည်းဖြစ်ပါတယ်။ သူနဲ့ Jay Z တို့ရဲ့ ကလေးဖြစ်တဲ့ Blue Ivy ဟာ မွေးကင်းစအရွယ်မှာ Jay Z ရဲ့ သီချင်းတပုဒ်ဖြစ်တဲ့ Glory လို့အမည်ရတဲ့သီချင်းမှာ သူမငိုထားတဲ့ အသံတွေကိုထည့်သွင်းခဲ့ပါတယ်။

အဲ့ဒီသီချင်းဟာ Billboard မှာ Top 100 စာရင်းထဲဝင်ခဲ့လို့ ဘီယွန်ဆေးဟာ အသက်အငယ်ဆုံးအဆိုတော်ရဲ့ မိခင်လည်း ဖြစ်ပါတယ်။

Ref;bestlifeonline.com

The post အဆိုတော် Beyonce ရဲ့ လူသိနည်းတဲ့ အကြောင်းများ appeared first on ဧရာဝတီ.

ထိုင်ဝမ်အဆိုတော်အဖွဲ့ S.H.E ရဲ့ ၁၇ နှစ်ပြည့် နှစ်ပတ်လည် ဖျော်ဖြေပွဲကျင်းပ

$
0
0

တရုတ် ပေါ့ပ်ဂီတလောကမှာ နာမည်အကျော်ကြားဆုံး အမျိုးသမီးအဖွဲ့တခုဖြစ်တဲ့ S.H.E က အဖွဲ့ကို ဖျက်သိမ်းလိုက်ပြီဆိုတဲ့ ပြောဆိုမှုတွေ ရှိနေတဲ့ကြားမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၁ ရက်နေ့တုန်းက ပရိသတ်တွေအတွက် အခမဲ့ဖျော်ဖြေပွဲ တခုကို ပြုလုပ်ခဲ့ပါတယ်။

အဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ Selina Jen, Hebe Tien နဲ့ Ella Chen တို့ဟာ တိုင်ပေမြို့မှာရှိတဲ့ အမျိုးသားပြဇာတ်ရုံနဲ့ ဖျော်ဖြေပွဲခန်းမမှာ ခန့်မှန်းချေ ပရိသတ် ၅ သောင်းလောက် တက်ရောက်ခဲ့တဲ့ ဖျော်ဖြေပွဲမှာတော့ နာမည်ကျော် သီချင်းတော်တော်များများကို ပြန်လည်သီဆိုခဲ့ကြပါတယ်။

ပြီးခဲ့တဲ့နှစ်မှာ မိခင်တဦးဖြစ်ခဲ့တဲ့ အသက် ၃၇ နှစ်အရွယ် အဖွဲ့ဝင် Chen ကတော့ “Genesis” ဆိုတဲ့ သီချင်းကို သီဆိုနေတဲ့အချိန်မှာ Strong Baby လို့ နာမည်ပြောင်ပေးထားတဲ့ သူ့ရဲ့ သားလေးကို ခေါ်လာခဲ့ပြီး ပရိသတ်ကို အံ့သြစေခဲ့ပါတယ်။

အဖွဲ့ရဲ့ ကုမ္ပဏီဖြစ်တဲ့ HIM International Music နဲ့ အဖွဲ့ဝင် Chen က စာချုပ်အသစ် ထပ်မချုပ်တော့ဘဲ ခင်ပွန်းသည် မလေးရှားစီးပွားရေးလုပ်ငန်းရှင် Alvin Lai ထူထောင်ထားတဲ့ ကုမ္ပဏီအသစ်ဆီ သွားတော့မယ်လို့ဆိုတဲ့ သတင်းတွေ ပြီးခဲ့တဲ့နှစ်မှာ ထွက်ပေါ်ခဲ့ပြီးတဲ့နောက် အဖွဲ့ကို ဖျက်သိမ်းလိုက်ပြီဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေခဲ့တာပါ။

ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ Chen နဲ့သူ့ရဲ့ အဖွဲ့သူတွေဖြစ်တဲ့ Jen နဲ့ Tien တို့ဟာ ဖျော်ဖြေမှုတွေ အဖွဲ့လိုက်လုပ်ဆောင်တာ မရှိပေမယ့်လည်း တကိုယ်တော် လှုပ်ရှားမှုတွေ လုပ်ကိုင်ခဲ့တာပါ။

 

 

အခုပြုလုပ်ခဲ့တဲ့ ဖျော်ဖြေပွဲမှာတော့ သူတို့ ၃ ယောက်အဖွဲ့ဟာ ဆက်ဆံရေး ခိုင်မာနေဆဲ ဖြစ်တဲ့အကြောင်း ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။ Chen က “ကျမတို့ ၃ ယောက်ဟာ ညီအစ်မတွေလို ရင်းနှီးကြပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

အဲဒီဖျော်ဖြေပွဲဟာ S.H.E အဖွဲ့ ထူထောင်မှု ၁၇ နှစ်ပြည့်နှစ်ပတ်လည်ကို အထူးဂုဏ်ပြုတဲ့ အနေနဲ့ ကျင်းပခဲ့တာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၀၁ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်နေ့မှာ သူတို့အဖွဲ့ဟာ ပထမဆုံး အယ်လ်ဘမ် “Girls’ Dorm” ကို ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။

အခုပြုလုပ်ခဲ့တဲ့ ဖျော်ဖြေပွဲကိုတော့ နှစ်နာရီကြာ ပြုလုပ်ခဲ့ပြီး သူတို့ရဲ့ ပွဲဦးထွက် အယ်လ်ဘမ်ထဲက နာမည်ကျော်သီချင်း “Not Yet Lovers” ကိုလည်း ဖျော်ဖြေခဲ့ပါတယ်။ အဖွဲ့ဝင် Chen ကတော့ စင်ကာပူ အဆိုတော် Stefanie Sun ရဲ့ Green Light နဲ့ ကနေဒါ အဆိုတော် Celine Dion ရဲ့ “My Heart Will Go On” သီချင်းတို့ိကိုလည်း သီဆိုဖျော်ဖြေခဲ့ပါတယ်။

အဖွဲ့အနေနဲ့ Chen ရဲ့ ကုမ္ပဏီကနေ ထွက်ခွာမယ့် အစီအစဉ်အကြောင်း ပြောဆိုခဲ့တာမရှိဘဲ ၁၇ နှစ်ပြည့် နှစ်ပတ်လည် ဖျော်ဖြေပွဲကို အဆုံးသတ်ခဲ့ပါတယ်။

Ref:asianone

The post ထိုင်ဝမ်အဆိုတော်အဖွဲ့ S.H.E ရဲ့ ၁၇ နှစ်ပြည့် နှစ်ပတ်လည် ဖျော်ဖြေပွဲကျင်းပ appeared first on ဧရာဝတီ.

ဂူထဲပိတ်မိခဲ့တဲ့ တောဝက်ဘောလုံးအသင်းသားများအကြောင်း ရုပ်ရှင်ရိုက်ကူးမည်

$
0
0

ထိုင်းအခြေစိုက် ရုပ်ရှင်ကုမ္ပဏီတခုဟာ ရေလွှမ်းနေခဲ့တဲ့ လိုဏ်ဂူထဲကနေ လွတ်မြောက်ခဲ့တဲ့ တောဝက် ဘောလုံးအသင်းသား ၁၂ ဦးနဲ့ သူတို့ရဲ့ နည်းပြတို့ရဲ့ ဒရာမာဆန်ဆန် ဇာတ်လမ်းအကြောင်း ရုပ်ရှင်ကို ရိုက်ကူး ထုတ်လုပ်သွားမယ့်အကြောင်း ထုတ်လုပ်သူတဦးက စက်တင်ဘာလ ၁၁ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

အဲဒီ တောဝက်ဘောလုံးအသင်းသားတွေကို ထိုင်းနိုင်ငံ မြောက်ပိုင်းမှာရှိတဲ့ ထမ့်လုံ လိုဏ်ဂူထဲကနေ ပြီးခဲ့တဲ့ ၂ လလောက်က ကယ်ထုတ်နိုင်ခဲ့တာဖြစ်ပြီး သီတင်းပတ်များစွာကြာ သူတို့ရဲ့အကြောင်းကို ကမ္ဘာသတင်း မီဒီယာတွေမှာ အကျယ်တဝင့် ဖော်ပြခဲ့ကြတာကို တွေ့ခဲ့ရပါတယ်။

မှတ်တမ်းတင်ရုပ်ရှင် ထုတ်လုပ်သူတွေနဲ့ ဟောလိဝုဒ် ထုတ်လုပ်သူဟာ ရုပ်ရှင်ရိုက်ကူးဖို့ မြေပြင် ကွင်းဆင်း လေ့လာခဲ့ကြပြီး ဂျာနယ်လစ်တွေကလည်း တကယ့်ဖြစ်စဉ် ကယ်ဆယ်ရေး မစ်ရှင်အကြောင်း စာအုပ်ထုတ်ဝေဖို့လည်း ပြင်ဆင်ခဲ့ကြတာပါ။

“De Warrenne Pictures” လို့ခေါ်တဲ့ ဘန်ကောက်ထုတ်လုပ်ရေး ကုမ္ပဏီတခုက “The Cave” လို့ခေါ်တဲ့ သူတို့ဗားရှင်းနဲ့ ထုတ်လုပ်မယ့် ရုပ်ရှင်အတွက် ငွေကြေးစိုက်ထုတ်ဖို့ သဘောတူညီခဲ့ပြီး ဖြစ်တဲ့အကြောင်းနဲ့ လာမယ့် နိုဝင်ဘာလမှာ ရိုက်ကူးရေး စတင်မယ့်အကြောင်း သိရပါတယ်။

 

 

ထုတ်လုပ်သူ Katrina Grose က “ရုပ်ရှင်ပရောဂျက်ကို ပြင်ဆင်ပြီးနေပါပြီ” လို့ AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ အဲဒီရုပ်ရှင်ကို ထိုင်းနွယ်ဖွားအိုင်းရစ် ရုပ်ရှင်ဒါရိုက်တာ Tom Waller က ရိုက်ကူးမှာဖြစ်တယ် လို့ဆိုပါတယ်။

ဘောလုံးလေ့ကျင့်ချိန်တခုပြီးတဲ့နောက် လိုဏ်ဂူထဲကို ဝင်သွားခဲ့တဲ့ တောဝက် ဘောလုံး အသင်းအဖွဲ့ဟာ ဂူတွင်း ရေကြီးမှု ဖြစ်စဉ်ကြောင့် ပိတ်မိနေခဲ့ကြပြီး သူတို့ကို ကယ်တင်နိုင်ဖို့ ကမ္ဘာတဝန်းက ကျွမ်းကျင်ဂူတွင်း ရေငုပ်သမားတွေ ပါဝင်ခဲ့ကြပါတယ်။

အဲဒီတောဝက်ဘောလုံးအသင်းကို အစာနဲ့ သန့်ရှင်းတဲ့ ရေမရှိဘဲ ရွှံ့ထူတဲ့ ဂူတွင်းတနေရာမှာ ၁၁ ရက်ကြာပြီးတဲ့ နောက် ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ ထိုင်းရေတပ်အဖွဲ့ဟောင်းတဦးမှာလည်း သူတို့အဖွဲ့ကို ကယ်ထုတ်ဖို့ ကြိုးစားရင်း အောက်ဆီဂျင်ပြတ်လပ်မှုကြောင့် သေဆုံးခဲ့ရပါတယ်။

သူတို့ကို ကယ်ထုတ်ပြီးနောက်ပိုင်း အဲဒီဘောလုံးအသင်းနဲ့ တိုက်ရိုက်တွေ့ဆုံပြီး သတင်းရယူမှုကို ကယ်ဆယ်ရေး အရာရှိတွေက တားမြစ်ခဲ့ပါတယ်။ ဒါပေမယ့် ထိုင်းအစိုးရကတော့ အင်တာဗျူးတွေ၊ မီဒီယာတွေ့ဆုံပွဲတွေ ပြုလုပ်ပြီးတော့ အစဉ်မပြတ် သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဆက်စပ် သတင်းလင့်ခ်များ
ထိုင်းကလေးတွေနဲ့ နည်းပြအကြောင်း ရုပ်ရှင်ရိုက်ရန် ကုမ္ပဏီ ၁၂ ခု စိတ်ဝင်စားနေ

တောဝက် ဘောလုံးအသင်းကို ကယ်ဆယ်ခဲ့တဲ့ မယ်ဆိုင်ဂူတွင်း ခရီးကြမ်း

တောဝက်အသင်းသားများကို မယ်ဆိုင်ကျောင်းမှ ပြန်လည် ကြိုဆိုပွဲ ကျင်းပ

ထမ့်လုံလိုဏ်ဂူ မရဏလမ်းမှ လွတ်မြောက်ခဲ့သူများ

ထိုင်းတောဝက် အသင်းသားများကို ကယ်တင်သူများအတွက် ဂုဏ်ပြုပွဲ ကျင်းပမည်

Ref: asiaone

The post ဂူထဲပိတ်မိခဲ့တဲ့ တောဝက်ဘောလုံးအသင်းသားများအကြောင်း ရုပ်ရှင်ရိုက်ကူးမည် appeared first on ဧရာဝတီ.

Viewing all 7343 articles
Browse latest View live