Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all 7343 articles
Browse latest View live

အဆိုတော် နီတာ ပြောပြတဲ့ ကိုဗစ် အတွေ့အကြုံ

$
0
0

COVID–19 Positive လူနာအဖြစ် ဧပြီလအတွင်းက ရန်ကုန်မြို့၊ ဝေဘာဂီဆေးရုံမှာ ဆေးကုသမှု ခံယူခဲ့ရတဲ့ အဆိုတော် နီတာဟာ ဆေးစစ်ချက်အဖြေ Negative ၂ ကြိမ် ရရှိပြီးနောက် ဆေးရုံက ဆင်းပြီး Facility Quarantine ဝင်ခဲ့ရာ ယခုအခါ ရောဂါပျောက်ကင်းသွားလို့ မိသားစုနဲ့အတူ ပြန်ဆုံတွေ့နေပါပြီ။

အဆိုတော် နီတာကို ဆေးရုံ တက်ရောက်စဉ်က အတွေ့အကြုံများ၊ Quarantine ဝင်ရောက်စဉ်က အကြောင်းအရာများနဲ့ ယခု မိသားစုနဲ့ ပြန်ဆုံတွေ့ရချိန် ခံစားချက်များကို ဧရာဝတီက အခုလို မေးမြန်းထားပါတယ်။

မေး။ ။ ရောဂါလည်း ပျောက်ကင်းပြီး အခု အိမ်ပြန်ရောက်နေပြီဆိုတော့ Quarantine နေရစဉ်က အတွေ့အကြုံတွေအကြောင်း ပြောပြပေးပါဦး။

ဖြေ။ ။ ကျနော် အားလုံး အဆင်ပြေခဲ့ပါတယ်။ ဆရာဝန်၊ ဆရာမတွေရဲ့ ပြုစု စောင့်ရှောက်မှုတွေလည်း ဂရုစိုက်ပေးလို့ ကျေးဇူးတင်ရပါတယ်။ ကျနော်တို့ ဒီရောဂါအတွက် ဆေးမရှိဘူးလေ။ ကမ္ဘာမှာလည်း မပေါ်သေးဘူးဆိုတော့ ဆရာဝန်၊ ဆရာမတွေကလည်း ပြုစုစောင့်ရှောက်တာ တခုပဲလုပ်ပေးလို့ ရတာပေါ့နော်။ ကျနော်ကလည်း ပြန်ကောင်းချင်တဲ့ စိတ်နဲ့ တော်တော်လေး ကြိုးစားရတာ။ အဲ့ဒါလေးကတော့ တော်တော်ပင်ပန်းတာပေါ့။ စိတ်ပင်ပန်းတာပေါ့။ အဖြေဘယ်လို ထွက်မှန်း မသိဘဲ ကြိုးစားနေရတာဆိုတော့ အဲ့လိုမျိုး ပင်ပန်းမှုကတော့ ရှိပါတယ်။

မေး။ ။ ဆေးရုံမှာ ကြုံခဲ့ရတဲ့ အတွေ့အကြုံ၊ အဲ့ရက်တွေကို ဘယ်လို ဖြတ်သန်းခဲ့လဲ။

ဖြေ။ ။ ကျနော် မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ ဝေဘာဂီကို ရောက်တယ်။ တပတ်လုံး အိပ်မရဘူး။ ကလေးတွေနဲ့ မိန်းမကိုလည်း စိတ်ပူရနဲ့ပေါ့။ နောက်ပိုင်း ဆရာဝန်တွေကိုပြောပြီး အိပ်ဆေး တောင်းအိပ်ရတယ်။ နောက်ပိုင်းမှ ပုံမှန် ပြန်ဖြစ်တယ်။ နေ့တိုင်း မနက် ၅ နာရီ ထတယ်။ ကျမ်းစာ ဖတ်တယ်။ ဆုတောင်းတယ်။ ဓာတ်ဆားရေသောက်၊ Ensure သောက်နဲ့ နောက်ဆရာ၊ ဆရာမတွေ လာတော့ လိုအပ်တာတွေ စစ်ဆေးပြီး လိုအပ်တာတွေ လုပ်ပေးတာပေါ့။ ဆေးရုံတက်တဲ့အချိန်မှာ ကျနော် ဆေးလုံးဝ မသွင်းခဲ့ရဘူး။ ကျနော့် မိတ်ဆွေကတော့ ဆေးသွင်းရတာတွေ ရှိတယ်။

အဓိက ရောဂါ ဝေဒနာ ခံစားရတာက ကျနော်က သွေးပေါင်ကျတာ။ သွေးပေါင် တော်တော်ကျတော့ အန္တရာယ်များတဲ့ အနေအထားထိ ရောက်တယ်။ ပြန်ပြီးကောင်းဖို့အတွက် ဓာတ်ဆားရေသောက် ဆိုလို့ ဓာတ်ဆားရေ သောက်တယ်။ ပြီးတော့ အုန်းရည်လည်း သောက်တယ်။ ရောဂါပိုး ဆီးထဲကနေ ပါသွားဖို့အတွက် ရေတွေ အများကြီးသောက်တယ်။ သူများတွေက နှာခေါင်း အနံ့ မရဘူး။

ကျနော်က ပါးစပ်ပျက်တာ။ ပါးစပ်ပျက်တော့ အစားစားမရဘူး။ ထမင်းစားရင်လည်း ၂ လုတ်ထက် ဆက်မစားချင်တော့ဘူး။ အားမရှိရင် ရောဂါက ပိုဆိုးလေဆိုတော့ ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။ အရည်ထဲ အားရှိမယ့် အစားအစာတွေ စားရတယ်။ ပရဟိတအဖွဲ့တွေက လာပို့တဲ့ အားရှိတဲ့ အစားအစာလည်း စားတယ်။ ပရဟိတအဖွဲ့တွေလည်း ကျေးဇူးတင်ပါတယ်။

မေး။ ။ အစ်ကို ကိုယ်တိုင်က ဖြတ်သန်းခဲ့ရတော့ အခု Quarantine ဝင်နေရတဲ့သူတွေအတွက်ရော ဘယ်လို ပြောချင်လဲ။

ဖြေ။ ။ ကျနော်က ၂ ကြိမ် Positive၊ ၂ ကြိမ်က Negative ထွက်တာပေါ့။ ကြိုးစားဖြတ်သန်းခဲ့ရတာပေါ့။ ထွက်ပြေးတာတွေလည်း ကြားတယ်။ တချို့က Q ဝင်တာကို ဘယ်လိုထင်လို့ ထွက်ပြေးကြလဲတော့ မသိဘူး။ နှာခေါင်းထဲကို ထည့်ပြီး ကိုဗစ်ပိုး ရှိ၊ မရှိ စမ်းတာတော့ တော်တော်လေး နာတယ်။ တချို့လည်း အဲ့ဒါကိုကြောက်ပြီး ထွက်ပြေးကြတာလား မသိဘူး။ စစ်လိုက်တာတော့ ကောင်းတယ်။ သိရတော့ စောစောစီးစီး ပြုစုကုသမှု ခံယူလိုက်ရင် အကောင်းဆုံးပေါ့။

မကြောက်နဲ့။ ကြောက်သင့်သလောက်ပဲ ကြောက်ပါ။ မကြောက်ဘဲ Mask မတပ်ဘဲ လျှောက်သွားနေသူတွေကျတော့လည်း မလုပ်ကြပါနဲ့။ ရောဂါပိုးရှိသူက ပစ္စည်းတခုကို ကိုင်ထားခဲ့တာကို ကျန်တဲ့သူက ကိုင်မိရင် ရောဂါပိုးကူးမှာပဲ။ ဒီရောဂါက တခြားရောဂါတွေနဲ့ မတူဘူး။ သေဘေးနဲ့ ပိုနီးနေတယ်။ တခြားနိုင်ငံကြီးတွေတောင် တော်တော် သေကြတာ။

ဆေးဝါးတွေ၊ နည်းပညာတွေ မြင့်တဲ့ နိုင်ငံတောင် မလုပ်နိုင်တာ ဒီလို ကပ်ရောဂါက ဒီမှာ အများကြီးဖြစ်ရင် ပိုမလွယ်ကူနိုင်ဘူး။ အဲ့လို ရောဂါက ကျနော်တို့ နိုင်ငံမှာဆို ပိုတောင် မလွယ်ကူနိုင်ဘူးလေ။ ဒါပေမဲ့လည်း ဆရာ၊ ဆရာမတွေ ပြောတဲ့အတိုင်း ပျောက်ရမယ်၊ ကောင်းရမယ်ဆိုတဲ့ စိတ်လေးကို ထားရင်တော့ ရလဒ်ကောင်းတွေ ရမှာပါ။

မေး။ ။ သွေးရည်ကြည်ကုထုံးနဲ့ သွေးလှူခဲ့တာလည်း တွေ့ရတော့ လှူဒါန်းမှုနဲ့ ပတ်သက်ပြီး ပြောပေးပါဦး။

ဖြေ။ ။ ကျနော် Negative ၂ ကြိမ် ထွက်ကတည်းက ဆရာဝန်ကြီးတွေက ဒီကုထုံး ရှိတယ်။ လှူချင်တဲ့ စိတ်ရှိလားဆိုတော့ လှူပါ့မယ်လို့ တခါတည်း အဖြေပေးလိုက်ပြီး လှူဖြစ်တာပေါ့နော်။ သွေးထုတ်တာကတော့ ပုံမှန် သွေးထုတ်သလိုမျိုးပဲ ထုတ်တယ်။ သွေးရည်ကြည်က ကိုဗစ်ဖြစ်နေတဲ့ လူနာကို ထိုးလိုက်ရင် Antibodies ပြန်တက်လာပြီးတော့ ပြန်ကောင်းတယ်လို့ ပြောတယ်။

သွေးထုတ်မယ်၊ သွေးရည်ကြည် လှူလိုက်၊ ပြီးရင် သွေးကို ပြန်ထည့်ချင်လား မေးတယ်။ ပြန်မထည့် ရင်လည်း အသုံးပြုလို့ရတယ်ဆိုတော့ နှစ်မျိုး သုံးလို့ရအောင် လှူလိုက်တယ်။ အခုလို လှူရတော့ ပျော်ပါတယ်။ အရမ်း တန်ဖိုးရှိတယ်။ လှူခွင့်ရလို့ ကျေနပ်ပါတယ်။ ကျနော် လတိုင်းလည်း လှူမယ်။

မေး။ ။ အခုချိန်မှာ ဘာသာရေးနဲ့ ပတ်သက်ပြီးတော့လည်း ဝေဖန်ပြောဆိုနေကြတယ်။ အဲ့အပေါ် အစ်ကို့ အမြင်လေးလည်း ပြောပေးပါဦး။

ဖြေ။ ။ ကျနော် အများကြီးလည်း မပြောချင်ဘူး။ Facebook က အများကြီး သုံးကြတယ်။ တချို့ကလည်း အကောင့်အစစ် မဟုတ်ဘဲ ဝင်ကြည့်လိုက်ရင် ကိုရီးယား မင်းသားပုံတို့၊ ငှက်ကလေးပုံ တင်ထားတာတို့နဲ့။ အဲ့လို လူတွေ အများကြီးရှိတယ်။ ဦးနှောက်မှာ ဆန်ခါ (ဇကာ) မပါဘဲ သုံးတဲ့သူတွေ အများကြီးရှိတယ်လို့ အစ်ကို တယောက်က ပြောတယ်။ အကောင့်အမှန်နဲ့ သုံးတဲ့သူတွေကတော့ ရိုင်းရိုင်းစိုင်းစိုင်း မရှိကြပါဘူး။ အဲ့ပေါ်မှာတော့ အများကြီး ပြောစရာ မရှိပါဘူး။

ရှေ့မှာ ဆဲဆိုနေတာတွေ အများကြီး ရှိတယ်။ အမှန်တရားက အမြဲ နောက်ကျပါတယ်။ အမှန်တရား သိလာတဲ့အချိန် အားလုံး အဆင်ပြေသွားပါလိမ့်မယ်။ ကျနော်တို့ကို ဘာသာရေး စုဝေးပွဲကြောင့်လို့ ခေါင်းစဉ်သုံးတဲ့ မီဒီယာတွေကိုတော့ ဘဝင်မကျဘူး။ ဘာသာရေး ဝတ်ပြု ဆုတောင်းပွဲလို့ သုံးကြတယ်။

Live streaming လုပ်တာ။ အဆိုတော် ၄ ယောက်နဲ့ တရားဟော ဆရာပါတယ်။ ရိုက်ကူးရေး ပါတယ်။ ၁၅ ယောက်၊ အယောက် ၂၀ ပေါ့။ ပရိသတ် ဆိုတာ မပါဘူး။ တကယ်တမ်း ဖြစ်သွားချိန်မှာ အဲ့လို အသုံးအနှုန်းတွေ သုံးလိုက်တော့ လူတွေရဲ့အမြင်လွဲမှုတွေ ဖြစ်သွားတယ်။ စည်းကမ်းတကျပဲ လိုက်နာလုပ်ဆောင်ခဲ့တာ ဖြစ်တော့ အဖြေမှန်လေးတခု ထွက်လာမှာပါ။

မေး။ ။ အိမ်ပြန်ရောက်ပြီဆိုတော့ ဝမ်းသာပီတီ စကားနဲ့ ဘာတွေ ဆက်လုပ်သွားမလဲ။

ဖြေ။ ။ ကျနော် အိမ်ပြန်ရဖို့ အရမ်းပျော်တာပေါ့။ ဒီနေ့ ရောက်ဖို့ ၃ လလောက် ရုန်းကန်ခဲ့ရတယ်။ ကြားထဲမှာလည်း ကလေးတွေကို တွေ့ချင်ခဲ့တာ။ သမီးငယ်လေးကတော့ အဖေကို အရမ်းခင်တွယ်တဲ့သူ ဆိုတော့ အဖေကိုပဲ မေးနေတာ။ ဖုန်းဆက်ရင် စိတ်ဆိုးနေတာ မပြောဘူး။ သမီးလေး နှစ်ယောက်က ဖက်ပြီးငိုတော့ စိတ်မကောင်းဘူး။ သူတို့နဲ့ အချိန်ပေးပြီး နေပေးဖြစ်နေတယ်။ နိုင်ငံတော်အစိုးရကလည်း အများကြီး လုပ်ပေးတယ်။

အမေ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း ကိုဗစ်ကို ဦးဆောင်ပြီး လုပ်ကိုင်နေတယ်။ အမေ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရအဖွဲ့ကို ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ ကျနော်တို့က ဆေးရုံမှာသာနေရတာ အင်တာနက်လည်း ရတော့ မိသားစုတွေ သူငယ်ချင်းတွေနဲ့ ဖုန်းတွေ ပြောခွင့် ရတယ်။ လေ့လာစရာတွေ လေ့လာခွင့် ရတယ်။

ကျနော် နေကောင်းပြီဆိုတော့ အလုပ်တွေလည်း တန်းစီနေပြီ။ အသံတွေ ပြန်သွင်းမယ်။ ကျနော့် တကိုယ်တော်ခွေအတွက်ပါ။ အခွေက ၆၀ ရာခိုင်နှုန်းလောက်ပြီးနေပြီ။ ၃၊ ၄ ပုဒ်လောက် ကျန်တာ။ ဆေးရုံ ရောက်သွားတော့ အဲ့ဒါတွေ ဆက်လုပ်ပါမယ်။ ။

The post အဆိုတော် နီတာ ပြောပြတဲ့ ကိုဗစ် အတွေ့အကြုံ appeared first on ဧရာဝတီ.


Kylie Jenner ဟာ ဘီလီယံနာ မဟုတ်ကြောင်း Forbes မဂ္ဂဇင်း ပြောဆို

$
0
0

၂၀၁၉ ခုနှစ် မတ်လတုန်းက ရုပ်သံစတား၊ အလှကုန်ပစ္စည်း ကုမ္ပဏီပိုင်ရှင် Kylie Jenner ဟာ ကမ္ဘာ့အသက်အငယ်ဆုံး ဘီလီယံနာတဦးဖြစ်လာခဲ့ပြီလို့ ကြေညာခဲ့တဲ့ Forbes မဂ္ဂဇင်းဟာ အခုတော့ သူ့ရဲ့ ပိုင်ဆိုင်မှုဟာ အဲ့ဒီလောက်များတယ်လို့ မယုံကြည်တော့ကြောင်း ပြီးခဲ့တဲ့ မေလ ၂၉ ရက်နေ့က ပြောဆိုလိုက်ပါတယ်။

Kylie ရဲ့ Kylie Cosmetics ကုမ္ပဏီရဲ့ ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတုန်းက ဝယ်ယူခဲ့တဲ့ Coty Inc ကနေ ထုတ်ပြန်ခဲ့တဲ့ ဘဏ္ဍာရေးဆိုင်ရာအချက်အလက်တွေကို သုံးသပ်ခဲ့တယ်လို့ ကမ္ဘာကျော်မဂ္ဂဇင်းက ဆိုပါတယ်။

မဂ္ဂဇင်းရဲ့အဆိုအရ အဲ့ဒီဘဏ္ဍာရေးဆိုင်ရာ အချက်အလက်တွေမှာ Kylie တို့ မိသားစုက အလှကုန်ပစ္စည်းလုပ်ငန်းကို နှစ်အတော်ကြာ ဦးဆောင်ခဲ့တယ်ဆိုတာထက် သူ့ရဲ့ စီးပွားရေး လုပ်ငန်းဟာ ပိုမိုသေးငယ်ပြီး အကျိုးအမြတ်ရတာလည်း နည်းတယ်ဆိုတာကို ပြသနေတယ်လို့ သိရပါတယ်။

Forbes မဂ္ဂဇင်းကတော့ လက်ရှိမှာ အသက် ၂၂ နှစ်အရွယ် Kylie ရဲ့ အသားတင်ပိုင်ဆိုင်မှုဟာ ဒေါ်လာ သန်း ၉၀၀ သာရှိတယ်လို့ ခန့်မှန်းပါတယ်။ ဒါပေမဲ့ Kylie ကတော့ မကြာသေးခင်က ထွက်လာတဲ့သတင်းဟာ မတိကျတဲ့ ထုတ်ပြန်ချက်တွေနဲ့ သက်သေ မပြနိုင်တဲ့ ယူဆချက်တွေကို အခြေခံထားတာဖြစ်ကြောင့် မေလ ၂၉ ရက်နေ့မှာပဲ Twitter ကနေ ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။

Kim Kardashian ၊ Khloe Kardashian နဲ့ Kourtney Kardashian တို့ရဲ့ တဝမ်းကွဲ ညီမ Kylie ဟာ နှုတ်ခမ်းနီနဲ့ နှုတ်ခမ်းဖော်တံတို့ ပါဝင်တဲ့ ၂၉ ဒေါ်လာတန် နှုတ်ခမ်းသုံးပစ္စည်းတွေနဲ့ ၂၀၁၆ ခုနှစ်မှာ Kylie Cosmetics ကို စတင်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ “Keeping Up with the Kardashians” အစီအစဉ်မှာ မိခင်၊ ညီအစ်မတွေနဲ့အတူ ပါဝင်ခဲ့ပြီးတဲ့နောက် လူသိများလာခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၉ ရက်နေ့မှာတင်ခဲ့တဲ့ Twitter က ပို့စ်မှာတော့ သူဟာ နှစ်အနည်းငယ်အတွင်းမှာ လှပတဲ့ သမီးလေးကို ရရှိခဲ့သလို အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းတခုကို ပိုင်ဆိုင်နိုင်ခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။ သူက “အခုအချိန်မှာ ကျမမှာ ပိုက်ဆံဘယ်လောက်ရှိတယ်ဆိုတာထက် ပိုအရေးကြီးတဲ့ ပစ္စည်း ၁၀၀ စာရင်းကိုတောင် နာမည်ပေးနိုင်နေပြီ” လို့ဆိုပါတယ်။

Ref: asiaone

You may also like these stories:

ဆေးရုံတွေအတွက် လက်သန့်ဆေးရည် ထုတ်လုပ်မယ့် Kylie Jenner

ကိုဗစ်အတွက် လှူဒါန်းခဲ့ကြတဲ့ ကမ္ဘာကျော် အနုပညာရှင်များ

“Gonjiam: Haunted Asylum” ရုပ်ရှင်ကို ဟောလိဝုဒ်မှာ ပြန်ရိုက်ကူးမည်

The post Kylie Jenner ဟာ ဘီလီယံနာ မဟုတ်ကြောင်း Forbes မဂ္ဂဇင်း ပြောဆို appeared first on ဧရာဝတီ.

အခွန်ရှောင် အရှုပ်တော်ပုံအပြီး ပထမဆုံးထုတ်လွှင့်မယ့် ဖန်ပင်းပင်းရဲ့ ဒရာမာစီးရီး

$
0
0

တရုတ်အနုပညာလောကကနေ ၂ နှစ်လောက် ပျောက်ကွယ်နေခဲ့တဲ့ မင်းသမီး ဖန်ပင်းပင်းကို ၂၀၁၈ ခုနှစ်တုန်းက အခွန်ရှောင် အရှုပ်တော်ပုံမှာ ပါဝင်ခဲ့တဲ့ ယွမ် သန်း ၅၀၀ တန် ရုပ်သံစီးရီးမှာ ပြန်လည် မြင်တွေ့ ရတော့မှာဖြစ်တယ်လို့ သိရပါတယ်။

ချင်မင်းဆက် (၂၂၁ ဘီစီ-၂၀၆ ဘီစီ) မှ သမိုင်းနောက်ခံအကြောင်း အရာတွေကို အခြေခံထားတဲ့ “Win the World” ဒရာမာကို Youku ဗီဒီယို ပလက်ဖောင်းမှာ ထုတ်လွှင့်တော့မှာ ဖြစ်တယ်လို့ တရုတ်သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ပါတယ်။ ဘယ်အချိန်မှာ ထုတ်လွှင့်မယ် ဆိုတာကိုတော့ မသိရသေးပါဘူး။

Talent Television and Film ကနေ ထုတ်လုပ်ထားပြီး မင်းသား Gao Yunxiang နဲ့ မင်းသမီး ဖန်တို့ ပါဝင်ထားကြတဲ့ အဲ့ဒီစီးရီးဟာ တရုတ်နိုင်ငံမှာ ရိုက်ကူးခဲ့ဖူးသမျှ စီးရီးတွေထဲ ဈေးအကြီးဆုံး ရုပ်သံစီးရီး ဖြစ်တယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံကြီးကို ပေါင်းစည်းပြီး ချင်နိုင်ငံတော်ကို ထူထောင်ခဲ့တဲ့ Qin Shi Huang ကို ကူညီမယ့် မုဆိုးမ၊ အမျိုးသမီး စွန့်ဦးတီထွင်သူ Qing (ဖန်ပင်းပင်း) က မဟာတံတိုင်းကြီး ဆောက်လုပ်မှုမှာ ပါဝင်ခဲ့တဲ့အကြောင်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။

အဲ့ဒီစီးရီးကို မူလက ၂၀၁၈ ခုနှစ်မှု ထုတ်လွှင့်ဖို့ ပြင်ဆင်ခဲ့ပေမယ့် ခေါင်းဆောင် မင်းသားနဲ့ မင်းသမီး နှစ်ယောက်လုံးရဲ့ ဂယက်တွေကြောင့် ထုတ်လုပ်ရေး လုပ်ငန်းတွေကို ရုတ်တရက် ရပ်ဆိုင်းခဲ့ရပါတယ်။ အဲ့ဒီအချိန်တုန်းက မင်းသမီး ဖန်ဟာ တရုတ်အစိုးရရဲ့ အခွန်ရှောင်အရှုပ်တော်ပုံ ဖြိုခွင်းမှုမှာ ပါဝင်ခဲ့ရာကနေ မင်းသမီးဟာ အခွန်ငွေ ယွမ် ၂၅၅ သန်းပေးဆောင်ခဲ့ခြင်း မရှိဘူးလို့ စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။

အဲ့ဒီဖြစ်ရပ်တွေ မတိုင်မီ လအနည်းငယ်အလိုမှာလည်း မင်းသား Gao ဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့် သြစတြေးလျနိုင်ငံ၊ဆစ်ဒနီမြို့မှာ အဖမ်းခံခဲ့ရပါတယ်။

အဲ့ဒီအမှု ပြီးဆုံးချိန်အထိ သြစတြေးလျကနေ ထွက်ခွာခွင့်မရခဲ့ပါဘူး။ အဲ့ဒီနောက် Talent Television and Film က မင်းသား Gao ရဲ့နေရာမှာ မင်းသမီးဖန်ရဲ့ ချစ်သူဟောင်း Li Chen နဲ့ အစားထိုးဖို့အထိ ပြင်ဆင်ခဲ့ပါတယ်။

တရုတ်အနုပညာလောကမှာတော့ ပြဿနာတက်ခဲ့ကြတဲ့ သရုပ်ဆောင်တွေ ပါဝင်တဲ့ ရုပ်ရှင်၊ ဒရာမာတွေကို ထုတ်လွှင့်တာ မျိုး သိပ်မရှိပေမယ့် အခုလိုမျိုး “Win the World” ဒရာမာကို Youku ဆိုတဲ့သတင်းကြောင့် ပရိသတ်တွေကတော့ အံ့အားသင့်ခဲ့ကြရပါတယ်။ အဲ့ဒီဒရာမာ စီးရီးထဲမှာ အဓိကသရုပ်ဆောင်နှစ်ဦးရဲ့ ဇာတ်ဝင်ခန်းတွေကို ဖယ်ထုတ်မှာ မဟုတ်ပေမယ့် အပိုင်း ၇၆ ပိုင်းကနေ အပိုင်း ၆၀ အထိ လျှော့ချသွားမယ် ဖြစ်တယ်လို့ သိရပါတယ်။

မထုတ်လွှင့်ရသေးတဲ့ မင်းသမီး ဖန်ရဲ့ ရုပ်ရှင်တွေထဲမှာ “Cell Phone 2” ရုပ်ရှင်၊ ဂျိမ်းစ်ဘွန်းမင်းသားဟောင်း Pierce Brosnan နဲ့အတူ ရေသူမအဖြစ်ပါဝင်ထားတဲ့ “The King’s Daughter” ရုပ်ရှင်တွေလည်း ပါဝင်နေပါတယ်။ ဒါ့အပြင် ဟောလိဝုဒ် မင်းသမီးတွေဖြစ်ကြတဲ့ Jessica Chastain ၊ Penélope Cruz တို့နဲ့အတူပါဝင်ထားတဲ့ “355” ရုပ်ရှင်ကိုလည်း ပြသဖို့ရှိနေပါသေးတယ်။

Ref: asiaone

You may also like these stories:

တရုတ်နိုင်ငံမှာ “အွန်လိုင်းဂိမ်းများကို ညမဆော့ရ” အမိန့် ထုတ်ပြန်

The post အခွန်ရှောင် အရှုပ်တော်ပုံအပြီး ပထမဆုံးထုတ်လွှင့်မယ့် ဖန်ပင်းပင်းရဲ့ ဒရာမာစီးရီး appeared first on ဧရာဝတီ.

အမျိုးသမီး တေးသံရှင် ၅ ယောက် သီဆိုမယ့် ဆောင်းဦးလှိုင်ရဲ့ “ဒို့ကမ္ဘာ” သီချင်း

$
0
0

ဆောင်းဦးလှိုင် ဖန်တီးထားတဲ့ “ဒို့ကမ္ဘာ” (Divas & me ) သီချင်းကိုတော့ ဆောင်းဦးလှိုင်ရဲ့ စီနီယာ၊ ဂျူနီယာ အမျိုးသမီး အဆိုတော် ၅ ယောက်က သီဆိုပေးဖို့ ရှိတယ်လို့ သိရပါတယ်။

“ဝါရင့်ထိပ်တန်း အမျိုးသမီး အဆိုတော် ၅ ယောက်အတွက် ကျနော် ရေးသား၊ တီးခတ်၊ အသံဖမ်း၊ ထုတ်လုပ်နေတဲ့ သီချင်းကို အားရ ကျေနပ်နေမိပါတယ်။ ကျနော့် တာဝန် Audio Production က မနက်ဖြန်ဆို ပြီးပါပြီ။ Video (ဒါမှမဟုတ်) MTV က ကျနော် တာဝန်ယူမထားတဲ့အတွက် အကြံဉာဏ်ပဲပေးခဲ့ပါတယ်” လို့ ဆောင်းဦးလှိုင်က ပြောထားပါတယ်။

ဆောင်းဦးလှိုင် သီချင်းကို သီဆိုပေးမယ့် အမျိုးသမီး အဆိုတော်တွေကတော့ မီမီဝင်းဖေ၊ တင်ဇာမော်၊ ချောစုခင်၊ ဆုန်သင်းပါရ်၊ ကော်နီ တို့ပဲ ဖြစ်ပါတယ်။


ဒီ အဆိုတော် ၅ယောက်မှာတော့ တချို့မှာ စီနီယာတွေဖြစ်ပြီး တချို့မှာ ဆောင်းဦးလှိုင်နဲ့ သိပ်မကွာတဲ့ ဂျူနီယာများ ဖြစ်တာကြောင့် အသက်အရွယ် ကွာဟချက်လည်း သိပ်မရှိတာကြောင့် ဖန်တီးရတာစိတ်တိုင်းကျတဲ့ သီချင်းဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

“အဆိုတော် ၅ယောက်မှာ တချို့က စီနီယာ ၊ တချို့က သိပ်မကွာတဲ့ ဂျူနီယာတွေ အသက်အရွယ် ကွာဟချက် မရှိတဲ့အတွက် အလွန်စိတ်တိုင်းကျတဲ့ သီချင်းဖြစ်လာခဲ့ပါတယ်” လို့ ဆောင်းဦးလှိုင်က ဆိုထားပါတယ်။

ဒီလို သီချင်းကို ဖန်တီးခွင့်ရပြီး ဂီတကိုနားလည်၊ ချစ်ခင်လေးစားတဲ့ သီချင်းကောင်းကြိုက်တဲ့ ပရိသတ်တွေ နားဆင်နိုင်တော့မှာဖြစ်ကြောင်းကို ဆောင်းဦးလှိုင်က သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာက တဆင့်ပြောပြထားတာ ဖြစ်ပါတယ်။

“ကျနော်တို့ရဲ့ အရည်အချင်းကို တင်ပြခွင့် ပိုရခဲ့ပြီး ဂီတကို နားလည်တဲ့၊ တကယ်ချစ်တဲ့၊ တကယ်လေးစားတဲ့၊ သီချင်းကောင်းကြိုက်တဲ့ ပရိသတ်များ တန်ဖိုးထားနားဆင်ခံစားနိုင်ပါတော့မယ်လို့ ယုံကြည်စွာနဲ့ သတင်းကောင်းပါး လိုက်ပါတယ်” လို့ ဆောင်းဦးလှိုင်က ပြောပါတယ်။

ဒီသီချင်းကတော့ မကြာခင် ရက်ပိုင်းအတွင်းမှာ ထွက်ရှိတော့မှာဖြစ်တယ်လို့ သိရပါတယ်။

You may also like these stories:

The post အမျိုးသမီး တေးသံရှင် ၅ ယောက် သီဆိုမယ့် ဆောင်းဦးလှိုင်ရဲ့ “ဒို့ကမ္ဘာ” သီချင်း appeared first on ဧရာဝတီ.

ဦးနှောက်သွေးယိုစိမ့်မှုကြောင့် အရေးပေါ်ခွဲစိတ်ရမယ့် လူရွှင်တော် မန်းဝင်း

$
0
0

အရေးပေါ်ဦးနှောက်သွေးယိုစိမ့်မှုကြောင့် ယနေ့ ဇွန်လ ၁ရက်နေ့က ဆေးရုံတင်ခဲ့ရတဲ့ လူရွှင်တော် မန်းဝင်းကတော့ ယနေ့ညပိုင်းမှာပဲ ခွဲစိတ်ကုသမှု ခံယူရမှာဖြစ်တယ်လို့ သမီးဖြစ်သူ ကြည်ဖြူမန်းဝင်းက ဧရာဝတီကို ပြောပါတယ်။

“ဦးနှောက်မှာ သွေးနည်းနည်းယိုနေလို့ ဒီည ၉ နာရီမှာ ခွဲခန်းဝင်ရမယ်။ နေလို့ထိုင်လို့ မကောင်းတာတော့ ၂ ရက်၊ ၃ ရက်လောက် ရှိပြီ။ ခေါင်းကို တခုခု ဆောင့်ထားတာကတော့ လွန်ခဲ့တဲ့ ၁ လ ၂ လလောက်က ဖြစ်မယ်တဲ့။ အမှုမဲ့ အမှတ်မဲ့ပေါ့။ သွေးတိုးတာနဲ့တော့ မဆိုင်ဘူး။ သွေးကြောနည်းနည်းပေါက်ပြီးတော့ ယိုတာ”လို့ သမီးဖြစ်သူ ကြည်ဖြူမန်းဝင်းက ပြောပါတယ်။

လက်ရှိအချိန်မှာတော့ ပင်လုံဆေးရုံမှာ တင်ထားရပြီး အခက်အခဲ ရှိပေမယ့် ကိုယ်တိုင်ပဲ ဖြေရှင်းကြရတယ်လို့ သူက ဆိုပါတယ်။

“ဆေးရုံက ပင်လုံမှာပါ။ အခုကတော့ ကိုယ့်ဘာသာကိုယ်ပဲ ကုနေရတာ။ အခက်အခဲကတော့ ကျန်းမာရေးဆိုတာတော့ ရှိတာပေါ့။ ကိုယ့်ဟာနဲ့ကိုယ်ပဲ ဖြေရှင်းရတာပေါ့” လို့ ကြည်ဖြူမန်းဝင်းက ပြောပါတယ်။

ယနေ့ ဇွန် ၁ ရက်နေ့ မနက်ပိုင်းမှာ “ရှင်သန်ခွင့်” ပရဟိတ လူမှုကူညီရေးအသင်းရဲ့ အကူအညီနဲ့ ဆေးရုံ တင်ထားရတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

လူရွှင်တော် မန်းဝင်း အခုလိုဖြစ်ရတာဟာ လွန်ခဲ့တဲ့ ၁ လ ၂ လခန့်က ဦးခေါင်းကို တခုခုနဲ့ ဆောင့်မိတာကြောင့် ဖြစ်ခဲ့တဲ့ဒဏ်လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့ လပိုင်းကလည်း သတိလစ်မေ့မြောကာ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အနေအထားတခုလည်း ရှိခဲ့ပါသေးတယ်။

You may also like these stories:

ဟာသ သရုပ်ဆောင် မန်းဝင်း အရေးပေါ်လူနာအဖြစ် ဆေးရုံတင်ခဲ့ရ

The post ဦးနှောက်သွေးယိုစိမ့်မှုကြောင့် အရေးပေါ်ခွဲစိတ်ရမယ့် လူရွှင်တော် မန်းဝင်း appeared first on ဧရာဝတီ.

ဆန္ဒပြသူတွေနဲ့အတူ တသားတည်း ရပ်တည်လိုက်တဲ့ မင်းသား Jamie Foxx

$
0
0

အမေရိကန်နိုင်ငံတဝန်းမှာ လက်ရှိဖြစ်ပွားနေတဲ့ ဆန္ဒပြမှုတွေအတွင်းက ဆန္ဒပြသူ ညီအစ်ကို မောင်နှမတွေနဲ့အတူ တသားတည်း ရပ်တည်လိုက်ကြောင်း မင်းသား Jamie Foxx က ပြောဆိုလိုက်ပါတယ်။

မင်းသား Foxx ဟာ Minneapolis မြို့တော်ခန်းမမှာ ပြုလုပ်ခဲ့တဲ့ ကွယ်လွန်သူ George Floyd အတွက် လူထုစုဝေးပွဲ တခုကို တက်ရောက်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်တဦးက မိနစ်ပေါင်းများစွာကြာ Floyd ရဲ့လည်ပင်းကို ဒူးနဲ့ ဖိထားခဲ့ရာကနေ သေဆုံးခဲ့ရတဲ့ဖြစ်ရပ်ကြောင့် အမေရိကန်နိုင်ငံတဝန်းလုံးမှာ တရားမျှတမှု ရရှိစေရေးအတွက် ဆန္ဒပြမှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။

မင်းသား Foxx က “ဒီလိုကိစ္စတွေ ဖြစ်လာတဲ့အချိန်မှာ အခက်အခဲဆုံးအချိန် ဖြစ်ပါတယ်။ ကျနော် လုပ်ချင်တာတွေ အားလုံးကတော့ ကျနော်တို့က ကြံ့ကြံ့ခံ ရပ်တည်ဖို့ မကြောက်ဘူးဆိုတာကို သိစေဖို့ ဖြစ်ပါတယ်။ ကျနော်တို့ ဒီအခိုက်အတန့်ကို မကြောက်ပါဘူး။ ကျနော်တို့က ဘာလို့လဲဆိုတဲ့ မေးခွန်းကို ကြိုးစား မေးမြန်းနေပါတယ်” လို့ဆိုပါတယ်။

ဒါ့အပြင် ရဲအရာရှိတွေကို သူတို့အနေနဲ့ သင်ကြားပေးလိုက်တဲ့ အရာတွေဟာ အလုပ်ဖြစ်ပုံ မရဘဲ ဒီနေ့လိုမျိုး ကိစ္စတွေအထိ ဖြစ်လာရတဲ့အကြောင်းအရင်းကို သိချင်တယ်လို့ သူက ပြောဆိုပါတယ်။

“Django Unchained” ရုပ်ရှင်စတား Foxx က “ဒီလိုမျိုးဘဝမှာ ဘယ်လို ရှင်သန်နေထိုင်ရမယ်ဆိုတဲ့အကြောင်း လူမည်းမိဘတွေက သူတို့ရဲ့ကလေးတွေကို ပြောပြဖို့ရာ တော်တော်လေးရှုပ်ထွေးပါတယ်။ ကျနော်က နာမည်ကျော် တယောက်မဟုတ်ပါဘူး။ ကျနော်က တက္ကဆက်ပြည်နယ်၊ Terrell မြို့ကပါ။ အခုလူတွေက ကျနော့် ညီအစ်ကိုတွေ ဖြစ်ပါတယ်”

“ဟိုးရှေ့တန်းမှာ ရောက်ရှိနေတဲ့သူတွေကို မြင်မိတဲ့အခါ အဲ့ဒီလူတွေကို ပြောချင်တာက ခင်ဗျားတို့ဆီမှာ ထောက်ခံမှု ရှိနေပြီဆိုတာကိုပါ။ George နဲ့သူ့ရဲ့ မိသားစုကို ဘုရားသခင် ကောင်းချီးပေးပါစေ” လို့ပြောဆိုခဲ့ပါတယ်။ အဲ့ဒီလူထုစု ဝေးပွဲကို Floyd နဲ့အတူ ကြီးပြင်းခဲ့သူ NBA ကစားသမားဟောင်း Stephen Jackson လည်း တက်ရောက်ခဲ့တာကို တွေ့ရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်တဲ့ တခြားသတင်းတပုဒ်မှာဆိုရင်တော့ ဒါရိုက်တာ JJ Abrams နဲ့ Katie McGrath တို့ဟာ သူတို့ရဲ့ ထုတ်လုပ်ရေးကုမ္ပဏီ Bad Robot ကနေ တဆင့် Black Lives Matter LA လိုမျိုး လူမည်းအရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေကို ဒေါ်လာ ၁၀ သန်း မတည်ပေးခဲ့ပါတယ်။

Bad Robot အနေနဲ့ လူမျိုးခွဲခြားမှုကို ဆန့်ကျင်တဲ့ အဖွဲ့အစည်းတွေထံ ဒေါ်လာ ၁၀ သန်း လှူဒါန်းမှာဖြစ်တယ်လို့လည်း ကတိပြုပါတယ်။ လောလောဆယ်တော့ အဖွဲ့အစည်း ငါးခုထံကို ဒေါ်လာ ၂ သိန်းစီထောက်ပံ့ကူညီမှာ ဖြစ်တယ်လို့ သိရပါတယ်။ ကျန်ရှိတဲ့ ဒေါ်လာ ၉ သန်းကိုတော့ နောက်ပိုင်းမှာ ခွဲဝေပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။

Ref: etcanada

You may also like these stories:

ဦးနှောက်သွေးယိုစိမ့်မှုကြောင့် အရေးပေါ်ခွဲစိတ်ရမယ့် လူရွှင်တော် မန်းဝင်း

အမျိုးသမီး တေးသံရှင် ၅ ယောက် သီဆိုမယ့် ဆောင်းဦးလှိုင်ရဲ့ “ဒို့ကမ္ဘာ” သီချင်း

The post ဆန္ဒပြသူတွေနဲ့အတူ တသားတည်း ရပ်တည်လိုက်တဲ့ မင်းသား Jamie Foxx appeared first on ဧရာဝတီ.

“ဇူလိုင်မှာ ရုပ်ရှင်ရုံတွေ ပြန်ဖွင့်မယ်ဆိုတာ ခန့်မှန်းပြောဆိုနေကြတာပါ”

$
0
0

ရုပ်ရှင်ရုံတွေ ပြန်ဖွင့်မယ်လို့ ပြောဆိုနေကြတဲ့အပေါ် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးညီညီထွန်းလွင်က ဇူလိုင်လမှာ ရုပ်ရှင်ရုံတွေ ဖွင့်မယ်ဆိုတာ မသေချာဘဲ ခန့်မှန်းပြီးပြောနေကြတာပါလို့ ဆိုပါတယ်။

“ဇူလိုင်လမှာ ရုပ်ရှင်ရုံတွေ ဖွင့်မယ်ဆိုတာ ခန့်မှန်းပြီးပြောနေကြတာပါ။ ဒါနဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲလုပ်တာတော့ မရှိသေးဘူး။ ကျနော်တို့ ဆွေးနွေးပွဲလုပ်တာက ကားရိုက်တွေ တကယ်လို့ ရိုက်ချင်တဲ့သူတွေ လာရင် ဘယ်လိုစည်းကမ်းချက်တွေ ထုတ်မလဲဆိုတာမျိုးပဲ။ အဲ့ဒါကို ဆွေးနွေးခဲ့ကြတာပါ”

“ဇူလိုင်မှာ ပြန်ဖွင့်မယ်လို့ တရားဝင်ပြောထားတာတော့ မရှိသေးပါဘူး။ အခုသတင်းတွေ ကြားရပေမယ့် ဖွင့်တဲ့ အချိန်စည်းကမ်းတွေနဲ့လုပ်ဖို့က ရုံရှင်တွေနဲ့ပဲ ညှိရမှာပါ။ ရုံရှင်တွေ လုပ်မှရမှာပါ။ ကျနော်တို့ အစည်းအရုံးက အဖွဲ့ဝင်တွေချည်းပဲ ဆွေးနွေးလို့မရဘူး။ အဲ့ဒါကြောင့်လည်း အခုထိ မဆွေးနွေးဖြစ်သေးတာပေါ့။ ရုပ်ရှင်တွေ ကြော်ငြာတွေ ဇာတ်လမ်းတွဲတွေ ရိုက်ချင်တဲ့သူတွေက လာလာမေးနေကြလို့သာ ရိုက်ဖို့အတွက် စည်းကမ်းချက်တွေ ဆွေးနွေးတာပါ”လို့ ဦးညီညီထွန်းလွင်က ပြောပါတယ်။

ရုပ်ရှင်ထုတ်လုပ်သူတွေအနေနဲ့ ကိုဗစ်ပြီးသွားရင် ရုပ်ရှင်ကြည့်တဲ့သူတွေ အနေနဲ့ လာကြည့်ပါ့မလားဆိုတာ စိုးရိမ်နေကြတယ်လို့ သူက ဆိုပါတယ်။

“ရုပ်ရှင်ထုတ်လုပ်သူတွေ အနေနဲ့ကျတော့ ကိုဗစ်ပြီးသွားရင် ရုပ်ရှင်ကြည့်တဲ့သူတွေ လာကြည့်ပါ့မလားဆိုပြီး စိုးရိမ်နေကြတယ်။ ရုံတွေ ဖွင့်ရင် ကြည့်ကြမယ်ဆိုတာမျိုးတွေကြားရလည်း အရမ်းဝမ်းသာပါတယ်။ နောက်တခု ပြသ ညှိနှိုင်းအစည်းအဝေးမှာ ကြိုတင်သဘောတူထားတဲ့အတိုင်းပဲ ရပ်တန့်သွားတဲ့ ဇာတ်ကားတွေ ရှိတယ်။ အဲ့ဇာတ်ကားစဉ်အတိုင်းပဲ ဆက်ပြခွင့် ရမှာပေါ့”

“ ကမ္ဘာကျော်ရွာ” ဆိုတဲ့ ကားရပ်သွားတာဖြစ်တဲ့အတွက် ရုံပြန်ဖွင့်ရင် အဲ့ကားနဲ့ ပြန်ဖွင့်ရမယ်။ JCGVမှာလည်း ရပ်သွားတဲ့ကားနဲ့ မင်္ဂလာအုပ်စုမှာ ရပ်သွားတဲ့ကား၊ အဲ့ကားတွေ ပြန်တင်မှာပေါ့။ ဥပမာ-စိုင်းစိုင်းရဲ့ “ပိတောက်ကတဲ့ ဂီတ” အဲ့ကားဆိုရင်လည်း ဒုတိယပတ် ကျန်သေးတယ်။ သူလည်း ဆက်ပြရမှာပေါ့။ သူတို့ကရုံတွေ ဖွင့်လို့သာ ပြန်ပြရမှာ ပရိသတ် စိတ်ဝင်စားပါ့မလား စိုးရိမ်နေကြတယ်။ ရောဂါတွေ ပြီးလို့ ကြည့်မယ်လူရှိရင်တော့ ဝမ်းသာတာပေါ့”လို့ ဦးညီညီထွန်းလွင်က ဆိုပါတယ်။

ကျန်းမာရေးကြောင့် ဇာတ်ကားတွေ သိပ်မရိုက်ဖြစ်တော့တဲ့ ဒါရိုက်တာ ညီညီထွန်းလွင်ကတော့ အခုလက်ရှိမှာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌတယောက်အဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်ပါတယ်။

You may also like these stories:

အမျိုးသမီး တေးသံရှင် ၅ ယောက် သီဆိုမယ့် ဆောင်းဦးလှိုင်ရဲ့ “ဒို့ကမ္ဘာ” သီချင်း

ကိုဗစ်ကာလမှာ ယူနန်ဟော့ပေါ့ လုပ်ရောင်းနေတဲ့ မင်းမြတ်စိုးစံ

“မြန်မာဓလေ့နဲ့ မကိုက်လို့ သီချင်းမှာ မထည့်ခဲ့တာတွေ ရှိတယ်”

The post “ဇူလိုင်မှာ ရုပ်ရှင်ရုံတွေ ပြန်ဖွင့်မယ်ဆိုတာ ခန့်မှန်းပြောဆိုနေကြတာပါ” appeared first on ဧရာဝတီ.

“The World of the Married” နဲ့ ဘဝပြောင်းလဲလာတဲ့ Han So-hee

$
0
0

JTBC ရုပ်သံလိုင်းကနေ ထုတ်လွှင့်ခဲ့တဲ့ “The World of the Married” ဒရာမာထဲမှာ ယောဒါဂျောင်းအဖြစ် သရုပ်ဆောင်ခဲ့သူ မင်းသမီး Han So-hee ဟာ အဲ့ဒီဒရာမာကို ပြသနေချိန်မှာပဲ နာမည်တရှိန်ထိုး ကြီးလာခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ပြုလုပ်ခဲ့တဲ့ ဆိုးလ်မြို့က မီဒီယာအင်တာဗျူး တခုမှာ အသက် ၂၅ နှစ်အရွယ် မင်းသမီး Han က “တကယ့်ကိုပဲ အံ့သြလောက်စရာပါပဲ။ ကျမ ဘဝက ပြောင်းလဲခဲ့ပါတယ်။ ကျမ ဘဝက ပြောင်းလဲသွားလို့ ကျမ ပျော်ရွှင်မိတယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဘဝက တော်တော်လေး ပြောင်းလဲသွားတယ်လို့ပဲ ပြောချင်တာပါ”

“ဒါဟာ ကျမ မရဖူးသေးတဲ့ အရာတခုပါ။ အားလုံးရဲ့ အာရုံစိုက်မှုကိုခံရလို့ ကျေးဇူးတင်ပါတယ်။ ဒီမျှော်လင့်မှုတွေကို ကျမ ဖြည့်ဆည်းပေးရတော့မယ် ဆိုတာကို သိပါတယ်။ အဲ့ဒါက ကျမအတွက် ဝန်ထုပ်ဝန်ပိုးတခုလို ဖြစ်လာခဲ့ပါပြီ” လို့ ဆိုပါတယ်။

BBC ရဲ့ “Doctor Foster” ရုပ်သံစီးရီးကို ကိုရီးယားဗားရှင်းနဲ့ ပြန်လည်ရိုက်ကူးထားတဲ့ အဲ့ဒီစီးရီးမှာတော့ အိမ်ထောင်ရှင် စုံတွဲကြားက သစ္စာဖောက်မှုအကြောင်း ဇာတ်အိမ်တည်ထားတာ ဖြစ်ပါတယ်။ ဝါရင့်မင်းသမီး Kim Hee-ae နဲ့ မင်းသား Park Hae-jun တို့က အိမ်ထောင်ရှင်စုံတွဲအဖြစ် သရုပ်ဆောင်ထားပြီး မင်းသား Park ရဲ့ ဇာတ်ကောင်နဲ့ ဖောက်ပြန်ခဲ့သူ အမျိုးသမီး ဒါဂျောင်းအဖြစ်မင်းသမီး Han က ပါဝင်ထားပါတယ်။

မေလ ၁၆ ရက်နေ့မှာ အဆုံးသတ်ခဲ့ပြီး အပိုင်း ၁၆ ပိုင်းရှိတဲ့ အဲ့ဒီဒရာမာဟာ လူကြည့်နှုန်း ၂၈ ဒဿမ ၄ ရာခိုင်နှုန်းနဲ့ စံချိန်တင်ခဲ့ပါသေးတယ်။

အခုလိုမျိုး နာမည်ကြီးသရုပ်ဆောင်တွေနဲ့အတူ အလုပ်လုပ်ရတဲ့အခါ ပထမဆုံးတော့ ရှိန်တာမျိုးဖြစ်ခဲ့ပေမယ့် အဓိက ဇာတ်ဆောင် မင်းသားနဲ့ မင်းသမီးက သူ့ကို ရိုက်ကွင်းတလျှောက်လုံးမှာ ကူညီပေးခဲ့ကြတယ်လို့ မင်းသမီး Han က ဆိုပါတယ်။ မင်းသား Park နဲ့ ချစ်ခန်းကြိုက်ခန်း ရိုက်ရတဲ့အခါ ထုတ်လုပ်သူတွေနဲ့ မင်းသားရဲ့ သင်ကြားပြသပေးမှုကြောင့် အခက်အခဲ သိပ်မရှိခဲ့ဘူးလို့ ပြောပါတယ်။

မင်းသမီးက “ကျမတို့ ဇာတ်ဝင်ခန်းတခုကို အကြိမ်ရေ တော်တော်များများ လေ့ကျင့်ကြတယ်။ ထုတ်လုပ်သူ Mo က နှစ်ဦးသား အချစ်ရေးကို ညစ်ညမ်းတာမျိုး မဖြစ်စေဘဲ တကယ်ချစ်ကြသလို လှပစေချင်တယ်။ ကျမက အရမ်းရှက်လွန်းလို့ သေမတတ်ခံစားရတယ်။ ဒါပေမဲ့ မင်းသား Park က အက်ရှင်ဇာတ်ဝင်ခန်း ရိုက်နေတယ်လို့ နှလုံးသွင်းဖို့ ကျမကို ပြောတယ်” လို့ ဆိုပါတယ်။

မင်းသမီးဟာ အငြင်းပွားဖွယ် ဇာတ်ရုပ်နေရာမှာ ပါဝင်ခဲ့ရသူဖြစ်ပြီး ဒီဒရာမာကို ကြည့်ရှုခဲ့ကြတဲ့ ပရိသတ်အချို့ကတော့ မင်းသမီးရဲ့ သရုပ်ဆောင်ကောင်းမှုကြောင့် သူ့အပေါ် မလိုမုန်းထားစိတ်တွေ ဖြစ်ခဲ့ကြတယ်လို့လည်း သိရပါတယ်။

မင်းသမီး Han ဟာ ၂၀၁၇ ခုနှစ်မှာ “Reunited Worlds” ဒရာမာနဲ့ ပွဲဦးထွက်ခဲ့သူဖြစ်ပြီး မကြာမီကျင်းပမယ့် ၅၆ ကြိမ်မြောက် Baeksang အနုပညာဆုပေးပွဲမှာလည်း အကောင်းဆုံးမျက်နှာသစ်သရုပ်ဆောင် မင်းသမီးအဖြစ် ဆန်ခါတင်စာရင်းမှာ လျာထားခံထားရပါတယ်။

အဲ့ဒီစီးရီးထဲက မင်းသမီး Kim Hee-ae က အကောင်းဆုံး မင်းသမီးဆု၊ ထုတ်လုပ်သူ Mo က အကောင်းဆုံး ထုတ်လုပ်သူဆု၊ မင်းသား Kim Young Min က အကောင်းဆုံး ဇာတ်ပို့မင်းသားဆုတွေအတွက်လည်း လျာထားခံထားရပါတယ်။

Ref: thejakartapost

You may also like these stories:

“ဇူလိုင်မှာ ရုပ်ရှင်ရုံတွေ ပြန်ဖွင့်မယ်ဆိုတာ ခန့်မှန်းပြောဆိုနေကြတာပါ”

ဆန္ဒပြသူတွေနဲ့အတူ တသားတည်း ရပ်တည်လိုက်တဲ့ မင်းသား Jamie Foxx

ဦးနှောက်သွေးယိုစိမ့်မှုကြောင့် အရေးပေါ်ခွဲစိတ်ရမယ့် လူရွှင်တော် မန်းဝင်း

The post “The World of the Married” နဲ့ ဘဝပြောင်းလဲလာတဲ့ Han So-hee appeared first on ဧရာဝတီ.


အနုပညာအလုပ် မရှိချိန် ဖိနပ် ရောင်းနေတဲ့ စည်သူ(ပလပ်ကျွတ်)

$
0
0

စူပါဟီးရိုး ဇာတ်ကောင် ဝတ်စုံတွေ ဝတ်ဆင်ကာ ပွဲတွေ တက်လေ့ရှိပြီး ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ ဟာသ သရုပ်ဆောင် စည်သူ (ပလပ်ကျွတ်) ကတော့ အနုပညာအလုပ် မလုပ်ရချိန်မှာ ဖိနပ်ရောင်းဖြစ်နေတယ်လို့ ဆိုပါတယ်။

“ကျနော် ဖိနပ်ရောင်းဖြစ်တာက အနုပညာသမားတွေက အနုပညာနဲ့ပဲ အသက်မွေးဝမ်းကြောင်းပြုတယ်။ ရှုတင်တွေ ပွဲတွေ ရှိရင် အဆင်ပြေတယ်။ ဗီဒီယိုတွေ ပျက်ပေမယ့်လည်း ရုပ်ရှင်တွေမှာ နည်းနည်း ခေါ်ရိုက်ရင် အဆင်ပြေသေးတယ်။ ကိုဗစ်ဖြစ်တဲ့ အချိန်မှာ ပွဲတွေရပ်၊ ရိုက်ကူးရေးတွေရပ် ဖြစ်ကုန်တယ်။ ၁၀ ရက်၊ ၁၅ ရက်က ရသေးတယ်။ ၁ လကျော်လာချိန်မှာ အဆင်မပြေတော့ဘူး”

“ထောက်ပံ့ပေးတယ်ဆိုတာကလည်း ဆန်၊ ဆီ၊ ဆား ၁၀ ရက်စာ လောက်လေ။ ရေဖိုး၊ မီးဖိုးတွေ အိမ်ငှားခတွေ တခြားဝင်ငွေ ထွက်ငွေတွေ ရှိသေးတော့ အဆင်မပြေနိုင်တော့ဘူး။ အလုပ်မလုပ်လို့ ကလည်း မရဘူး။ ပထမ ငှက်သိုက်ဆပ်ပြာလေး ရောင်းတယ်။ ဈေးကြီးတော့ ရောင်းမသွက်ဘူး”

“ကျနော်တို့ ရပ်ကွက်က ညီလေးတယောက် အသိက ကျနော်ကို ဖိနပ်လက်ဆောင် ပေးချင်တယ်ဆိုပြီး ခေါ်လိုက်တာ စီးကြည့်လိုက်တော့ အရမ်းကောင်းတယ်။ ခံလည်း ခံတယ်။ အဲ့မှာ ကျနော်ဖိနပ်ရောင်းမယ်စဉ်းစားလိုက်တာ။ သူများတွေက အစားအသောက်တွေ အဝတ်အထည်တွေ ရောင်းတော့ သူများမလုပ်တာ ကိုယ်လုပ်ရင်တော့ ထူးမှာပဲဆိုပြီး လုပ်လိုက်တာ”လို့ စည်သူ (ပလပ်ကျွတ်) က ဧရာဝတီကို ပြောပါတယ်။

စည်သူ (ပလပ်ကျွတ်) ကတော့ သူ ဖိနပ်စရောင်းတဲ့ အချိန်မှာပဲ အနုပညာရှင်တွေကော၊ အပြင်လူတွေကပါ အားလုံးက ဝယ်ယူ အားပေးကြတယ်လို့ ဆိုပါတယ်။

“ဖိနပ်ရောင်းရင်တာ အရင်းအနှီး မရှိတော့ ဆိုင်ပိုင်ရှင်အစ်ကိုကို ပြောတော့ သူက ကျနော့်ကို ကြိုက်သလောက်ယူ။ ရောင်းပြီးမှ ပေးပြောတော့ ကျနော် စရောင်းချိန်မှာပဲ အနုပညာရှင်ရော၊ အပြင်ကလူတွေရော အားလုံးအားပေးကြတယ်”

“ကျနော့် အစ်ကိုက Papilo ဖိနပ်ရဲ့ Brand Ambassador ပေးမယ် ပြောတယ်။ ကျနော်က ဆိုင်မဖွင့်နိုင်တော့ ဟိုက်ဂျက်လေး ငှားရတယ်။ ကိုဖုန်းမြင့်အေးဆိုတဲ့ အစ်ကိုက ကျနော်ကို စပေါ်တင်ပြီး ငှားပေးတယ်။ လစာတော့ ကိုယ့်ဘာကိုယ်ပေးပြီး ကြိုးစားလုပ်ဆိုတာနဲ့ ဖိနပ်တွေ တင်ရောင်းလိုက်တာ”လို့ စည်သူ (ပလပ်ကျွတ်) က ပြောပါတယ်။

ရောင်းချနေတဲ့ ဖိနပ်တွေရဲ့ ဈေးနှုန်းနဲ့ ပတ်သက်ပြီးလည်း စည်သူ (ပလပ်ကျွတ်)က အခုလိုပဲ ဆိုပါတယ်။

“ဖိနပ်က တရံ ၃၅၀၀ ၊ တကယ်လို့ မှာရင် မြန်မာနိုင်ငံမှာရှိတဲ့ မြို့နယ်တိုင်း လမ်းကြောင်းသင့်ရင် Deliခ မယူဘဲ လိုက်ပို့ပေးပါတယ်။ ဖိနပ်တရံ ၃၅၀၀ Deli က ၂၀၀၀ ဆို ၅၅၀၀။ တချို့က မိုးတွင်းစီးလည်း ဒါပဲ စီးတာ သူတို့မှာ ၅၅၀၀ ဖြစ်သွားပြီ။ အနားမှာရှိတာနဲ့ ဝယ်လို့ရတယ်။ အဲ့အတွက် ကျနာ် Deli မယူတော့ဘူး”

“ကိုစည်သူရေ အခုလာပို့လို့ တကူးတက ပြောရင်တော့ ယူပါတယ်။ အခုလို ရောင်းရတော့ နည်းနည်းလေး အဆင်ပြေပါတယ်။ Facebook မှာ အနုပညာသမားတွေ ဈေးရောင်းနေတာကို ပရိသတ်တွေ ပြောဆိုနေတာ စိတ်မဆိုးပါဘူး”လို့ စည်သူ (ပလပ်ကျွတ်) က ပြောပါတယ်။

စည်သူ (ပလပ်ကျွတ်) ကတော့ စူပါဟီးရိုး ဝတ်စုံများ ဝတ်ဆင်တဲ့အခါမှာလည်း ပရိသတ်အချို့ရဲ့ ဝေဖန်မှုများ ရှိနေခဲ့ပြီး မကြာသေးခင် အချိန်ကလည်း စပိုက်ဒါမန်း ဝတ်စုံဝတ်ကာ သီချင်းဆိုခဲ့တဲ့အတွက် ပရိသတ်များကြားမှာ ဝေဖန်စရာ ဖြစ်ခဲ့ပါသေးတယ်။

You may also like these stories:

အိမ်မပြန်ဖြစ်ဘဲ ပရဟိတတွေ လုပ်ကိုင်နေတဲ့ ထွန်းကိုကို

“အနုပညာနဲ့ ပတ်သက်ရင် ရိုးသားစွာ ချပြပါ”လို့ အကြံပြုတဲ့ ဗညားဟန်

အဆိုတော် နီတာ ပြောပြတဲ့ ကိုဗစ် အတွေ့အကြုံ

The post အနုပညာအလုပ် မရှိချိန် ဖိနပ် ရောင်းနေတဲ့ စည်သူ(ပလပ်ကျွတ်) appeared first on ဧရာဝတီ.

ဗီလိန် ကာရိုက်တာနဲ့ ပရိသတ် အားပေးခံရတဲ့ မိုက်မိုက်

$
0
0

လက်ရှိ MRTV-4 မှာပြသနေတဲ့ “အချစ်ဖွဲ့လေညင်း”ဇာတ်လမ်းတွဲမှာ ဗီလိန် ကာရိုက်တာနဲ့ ပရိသတ်ရဲ့ အားပေးမှုကို ရရှိထားတဲ့ သရုပ်ဆောင် မိုက်မိုက်က ဗီလိန်ကာရိုက်တာ ဖြစ်နေပေမယ့် အနုပညာကို ချစ်ပြီး အားပေးတဲ့ ပရိသတ်တွေကို ကျေးဇူးတင်တယ်လို့ ပြောပါတယ်။

“ဘာပဲပြောပြော ကိုယ်ဖန်တီးထားတဲ့ အနုပညာတခုကို ပရိသတ်က လက်ခံတယ်ဆိုတော့ ဝမ်းသာပါတယ်။ ပြီးတော့ ဗီလိန်ကာရိုက်တာ ဖြစ်နေတာတောင်မှ အနုပညာကို အနုပညာလို ချစ်ပေးတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်” လို့ မိုက်မိုက်က ပြောပါတယ်။

ဒီကားထဲမှာတော့ အဖြည်မရှိတဲ့ ဗီလိန်ပုံစံမျိုးကို သရုပ်ဆောင်ရတာဖြစ်ပြီး ဇာတ်ဝင်ခန်းတခုမှာလည်း ခင်သဇင် ပါးရိုက်တဲ့ အခန်းမှာ တကယ့်အစစ်ကို လိုချင်တာကြောင့် တကယ်ပါးရိုက်ခံတဲ့အကြောင်း အခုလိုပဲ ပြောပြခဲ့ပါတယ်။

“ပါးရိုက်လိုက်တဲ့ အခန်းဆိုရင် ကျနော်ကိုယ်တိုင် အစ်မ ကျနော့်ကို ရိုက်ပေးပါဦးလို့ ပြောရတာ။ ပါးရိုက်လိုက်တာ မထိရင် ကျနော် ဒီဘက်က အခံရုပ်က မသိတဲ့စိတ်က ရိုက်လိုက်တာ မဟုတ်မှန်း သိနေရင် ခံရတဲ့အိုက်တင်က အစစ်လေးလိုချင်လို့ တော်တော်တော့ အီသွားတယ်။ ဒါကြောင့်လည်း ပရိသတ်လည်း သတိထားမိတဲ့ အခန်းလည်း ဖြစ်သွားပါတယ်။ လုပ်ရတာတန်တယ်လို့ ပြောရမှာပေါ့” လို့ မိုက်မိုက်က ဧရာဝတီကို ပြောပါတယ်။

ခင်သဇင်နဲ့အရင်က ကားရိုက် မဆုံဖူးခဲ့ပေမယ့် ဒီဇာတ်လမ်းတွဲထဲမှာတော့ ၂ ယောက် တွဲဖက်ကာသရုပ်ဆောင်ရတာ ကာရိုက်တာများက Close ဖြစ်ရတာကြောင့် ညှိနှိုင်းပြီးလုပ်ဖြစ်တယ်လို့ ဆိုပါတယ်။

“အစ်မနဲ့က အရင်ကားတွေ မဆုံဖူးဘူး။ လူချင်းပဲ သိတယ်။ ဒီကားကျမှ စဆုံဖူးတာဆိုတော့ ရိုက်ရတာအဆင်ပြေပါတယ်။ ရိုက်ကွင်းပေါ်မှာက Close ဖြစ်တာတွေ ရိုက်ရတာဆိုတော့ ကျနော်တို့ ၂ယောက်က ညှိယူရတာတွေ ရှိတာပေါ့။ သူကလည်း သူဖြစ်ချင်တာကို ပြောတယ်။ ကျနော်ကလည်း ကျနော်လိုချင်တဲ့ပုံစံကို ပြောပြတယ်။ သူ့ကို ခွင့်တောင်းတယ်။ အဲ့လိုမျိုးကျတော့ ဇာတ်ကောင်အတွက် ပိုကြွသွားစေတာပေါ့” လို့ ပြောပါတယ်။

“ကျနော်တို့က သဏ္ဍာန်လုပ် သရုပ်တူအောင် လုပ်ရတာဆိုတော့ ပရိသတ်ကြည့်တဲ့အခါမှာလည်း တကယ့်ဘဝမှာ ဖြစ်နေသလိုမျိုး ရသမျိုးပေးနိုင်အောင် ကျနော်တို့က သရုပ်ဆောင်ရတာဖြစ်တဲ့အတွက် တချို့အခန်းတွေမှာဆို သရုပ်ဆောင်ရတာထက်ပိုတဲ့ သဘာဝကျတဲ့အရာတွေ လိုချင်လို့ သဘာဝကျကျလုပ်ရတာတွေရှိတယ်” လို့ မိုက်မိုက်က ပြောပါတယ်။

ဒီလိုမျိုး ပါးရိုက်ခံရတဲ့ အခန်းတွေ ရိုက်ခဲ့ဖူးပေမယ့် “အချစ်ဖွဲ့လေညင်း” ထဲမှာတော့ အစစ်ဖြစ်သွားခဲ့ပြီး တခြားအိုက်တင်တွေကိုလည်း အစစ်ဖြစ်အောင် ဖန်တီးရတာကို ကြိုက်တယ်လို့ ဆိုပါတယ်။

“ပါးရိုက်ခံရတာက အရှေ့မှာလည်းရှိတယ်။ ဒါပေမဲ့ ဒီကားမှာက အစစ်ဖြစ်သွားတာပေါ့။ တခြားကားတွေမှာလည်း ဒီလိုပါးရိုက်တာ မဟုတ်ဘဲနဲ့ တခြားအိုက်တင်တွေကို တကယ်လိုချင်လို့ တကယ်နာအောင်လုပ်ရတာ ကျနော့်အကျင့်ပေါ့။ ကျနော်က အစစ်လိုချင်တာ ဖြစ်တဲ့အတွက် အစစ် မဟုတ်ရင်တောင် အစစ်နဲ့ ထပ်တူညီမှ ရအောင် ဖန်တီးယူရတာဆိုတော့ နည်းနည်းတော့ ပင်ပန်းတယ်” လို့ မိုက်မိုက်က ပြောပါတယ်။

ဗီလိန် ကာရိုက်တာတွေနဲ့ အတွေ့များတဲ့ မိုက်မိုက်ကတော့ အပြင်မှာ အေးအေးဆေးဆေးနဲ့ ချစ်ဖို့ကောင်းတယ်လို့လည်း ပြောပြခဲ့ပါတယ်။

“တချို့တွေကတော့ သနားကြပါတယ်။ ဇာတ်ကောင် ဟန်စစ်သွေးကို မုန်းနေတဲ့သူတွေကတော့ နည်းတောင် နည်းသေးတယ်ပေါ့။ မျိုးစုံပါပဲ ပြောတာတွေက။ အပြင်က မိုက်မိုက်က အေးဆေးပါပဲ။ ချစ်ဖို့ကောင်းတယ်လေ” လို့ မိုက်မိုက်က ပြောပါတယ်။

“အချစ်ဖွဲ့လေညင်း” ဇာတ်လမ်းတွဲထဲမှာတော့ မိုက်မိုက်က ဟန်စစ်သွေးဆိုတဲ့ ကာရိုက်တာနဲ့သရုပ်ဆောင်ထားပြီး အခုဆိုရင် ဇာတ်လမ်းတွဲ ၁၁ ခု ရိုက်ကူးထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

You may also like these stories:

“The World of the Married” နဲ့ ဘဝပြောင်းလဲလာတဲ့ Han So-hee

အနုပညာအလုပ် မရှိချိန် ဖိနပ် ရောင်းနေတဲ့ စည်သူ(ပလပ်ကျွတ်)

“ဇူလိုင်မှာ ရုပ်ရှင်ရုံတွေ ပြန်ဖွင့်မယ်ဆိုတာ ခန့်မှန်းပြောဆိုနေကြတာပါ”

The post ဗီလိန် ကာရိုက်တာနဲ့ ပရိသတ် အားပေးခံရတဲ့ မိုက်မိုက် appeared first on ဧရာဝတီ.

မိုးရာသီမှာ သီချင်းသစ် ထွက်မယ့် ရွှေမှုံရတီ

$
0
0

သရုပ်ဆောင် ရွှေမှုံရတီကတော့ ဒီနှစ် မိုးတွင်းမှာ “ မိုးစက်များက ပြောသော” ဆိုတဲ့ သီချင်းသစ် တပုဒ် တင်ပေးဖို့ရှိတယ်လို့ သူ့ရဲ့ Facebook live ကနေ တဆင့် ပြောပြထားပါတယ်။

“ဒီနှစ် မိုးတွင်းအတွက် သတင်းကောင်းလေး တခု ရှိတာ သိပြီးကြပြီလား။ မနှစ်က ဒီလိုအချိန်မှာ သီချင်းလေးတပုဒ်ကို ဆိုပြလိုက်တာ အရမ်းပေါက်သွားတယ်”

“ဒီနှစ်ကတော့ သီချင်းလေး တပုဒ် Official ထွက်ဖို့ ရှိပါတယ်။ ၁ နှစ်ကာလ အချိန် စောင့်ပြီးတဲ့အချိန်မှာတော့ သီချင်းလေးကို ထုတ်ပေးတော့မှာဖြစ်ပါတယ်။ “ မိုးစက်များက ပြောသော” သီချင်းကို မှတ်မိနေကြတဲ့လူတွေလည်း ရှိပါတယ်။ ဒီသီချင်းကိုတော့ မိုးရွာတဲ့နေ့မှာ မိတ်ဆက်ပေးမှာ ဖြစ်ပါတယ်”လို့ ရွှေမှုံရတီက ပြောပါတယ်။

“ဘယ်နေ့လဲ ဆိုတာတော့ မပြောပြချင်သေးဘူး။ စဉ်းစားထားတာက သီချင်းထွက်မယ့်နေ့က မိုးရွာမယ့်နေ့ကို ထွက်မယ်။ Date လည်း မကြေညာသေးဘူး။ ဘယ်နေ့လဲ ဆိုတာတော့ မပြောပြချင်သေးဘူး” လို့ ရွှေမှုံရတီက ဆိုထားပါတယ်။

ရွှေမှုံရတီကတော့ မကြာသေးခင်က ပြီးခဲ့တဲ့ မွေးနေ့မှာ မွေးနေ့ ဆုတောင်းပေးကြသူ အားလုံးကို ကျေးဇူးတင်တယ်လို့ဆိုပြီး ရောဂါတွေပြီးသွားရင် အလှူတွေလည်း တူတူပြန်လုပ်မယ်လို့ ဆိုပါတယ်။

“မွေးနေ့မှာဝိုင်းပြီး ဆုတောင်းပေးကြတဲ့ သူအားလုံးကို ကျေးဇူးတင်ပါတယ်။ လက်ဆောင်တွေကို ဓာတ်ပုံ မရိုက်လိုက်ရပေမယ့် ကြိုက်ပါတယ်။ မွေးနေ့တုန်းက We Love တွေ ပို့ပေးတဲ့ ဒူရင်းသီးကိတ်အရမ်းစားလို့ကောင်းပါတယ်။ We Love တွေနဲ့ မွေးနေ့လည်း အစားပြန်လုပ်မယ်။ အလှူတွေလည်း တူတူပြန်လုပ်မယ်။ ရောဂါတွေပြီးလို့ လူစုလို့ရရင်တော့ ပြန်လုပ်မယ်။ Fan တွေ အတွက် Huawei ဖုန်းလေးလည်း မဲဖောက်ပေးမလို့ စဉ်းစားထားတယ်”လို့ ရွှေမှုံရတီက ပြောပါတယ်။

သရုပ်ဆောင် ရွှေမှုံရတီကတော့ အဆိုတော် ရွှေထူးနဲ့ အိမ်ထောင်ကျပြီးတဲ့နောက် “အမှား” ဆိုတဲ့ သီချင်းကို ရွှေထူးနဲ့အတူ သီဆိုခဲ့ပြီး Joox Music App မှာ နံပါတ် (၁) နေရာ ရောက်ရှိခဲ့ပါတယ်။ အဲဒီနောက် ရွှေမှုံရတီ သီဆိုထားတဲ့ “ ချစ်တယ်” ဆိုတဲ့ သီချင်းလည်း ထွက်ရှိခဲ့ပါသေးတယ်။

You may also like these stories:

ဗီလိန် ကာရိုက်တာနဲ့ ပရိသတ် အားပေးခံရတဲ့ မိုက်မိုက်

“The World of the Married” နဲ့ ဘဝပြောင်းလဲလာတဲ့ Han So-hee

“ဇူလိုင်မှာ ရုပ်ရှင်ရုံတွေ ပြန်ဖွင့်မယ်ဆိုတာ ခန့်မှန်းပြောဆိုနေကြတာပါ”

The post မိုးရာသီမှာ သီချင်းသစ် ထွက်မယ့် ရွှေမှုံရတီ appeared first on ဧရာဝတီ.

“ကျောင်းပြန်ဖွင့်ရင် Little Chef လေး ဟင်းချက်တော့မှာ မဟုတ်ဘူး”

$
0
0

အွန်လိုင်းပေါ်မှာ ဟင်းချက်နည်း ဗီဒီယိုဖိုင် အတိုလေးတွေကြောင့် လူအများရဲ့ ချစ်ခင်မှုကို ရရှိနေတဲ့ Little Chef မိုးမြင့်မေသူကတော့ ကျောင်းတွေ ပြန်ဖွင့်ရင် ဟင်းချက်ဖြစ်မှာ မဟုတ်ဘူးလို့ မိခင်ဖြစ်သူ Mrs. Universe ဟန်နီချိုက ဧရာဝတီကို ပြောပါတယ်။

“ကျောင်းပြန်ဖွင့်ရင်တော့ ချက်ဖြစ်မှာ မဟုတ်ဘူး။ ကလေးဆိုတော့ ကျောင်းစာတွေ ရှိတယ်။ ဘာသာစုံပေါ့။ ဥပမာ မြန်မာစာ၊ တရုတ်စာ၊ ကျူရှင်တွေ ရှိတယ်။ ပြီးတော့ သင်္ချာကျူရှင်တွေ ရှိတယ်။ ပြီးတော့ အားကစားပေါ့။ ကလေးဆိုပေမယ့်လည်း သူ့ဖိအားနဲ့သူ ရှိတာဖြစ်တဲ့အတွက်ကြောင့် ကျောင်းဖွင့်ရင်ချက်ဖြစ်တော့မှာ မဟုတ်ပါဘူး” လို့ မိခင်ဖြစ်သူ ဟန်နီချိုက ပြောပါတယ်။

ယခုနှစ် ကျောင်းပြန်ဖွင့်လှစ်ပါက Little Chef မိုးမြင့်မေသူက Grade 3 တက်ရမှာဖြစ်ပြီး အသက် ၈ နှစ်အရွယ်သာ ရှိသေးတယ်လို့ သိရပါတယ်။

အိမ်မှာ မိသားစုဝင်တွေနဲ့အတူ မုန့်လုပ်စားရင်း ဖခင်ဖြစ်သူနဲ့ ချက်ပြုတ် ပြင်ဆင်နေတဲ့အချိန် အမှတ်တရအနေနဲ့ ရိုက်ပေးထားတဲ့ ဗီဒီယိုဖိုင်များကို Tiktok ဗီဒီယိုဖိုင် အတိုလေးတွေ တင်ရာမှ တဆင့် ပြန်လည်မျှဝေသူ များပြားလာပြီး နောက်ပိုင်းမှာ လူသိများလာတာပဲ ဖြစ်ပါတယ်။

“ဟန်နီတို့ မိသားစုတွေ အိမ်မှာ မုန့်လုပ်စားကြတယ်။ မုန့်လက်ကောက် လုပ်တာတို့၊ မုန့်လုံးရေပေါ် လုပ်တာတို့ ဟင်းချက်တယ်ဆိုရင်လည်း သူ့ကို ဆား၊ အချိုမှုန့် ထည့်ခိုင်းတာတို့၊ အရောင်တင်မှုန့် ထည့်ခိုင်းတာတို့ အဲ့လိုမျိုးလေးတွေ ကျမတို့မိသားစုတွေ လုပ်စားရင်းနဲ့ သူနဲ့သူ့အဖေ ဟင်းချက်တာကို အမှတ်တရအနေနဲ့ ရိုက်ထားတာ။ ပြီးတော့ အရမ်းကြီး ဟဲဗီးမဖြစ်တဲ့ ဟင်းတွေကို လက်ဆင့်ကမ်းပြီးသင်ခိုင်းတာပေါ့” လို့ ပြောပါတယ်။

ဆက်လက်ပြီး “သူကမီးဖိုချောင်မှာ ဘာလုပ်လုပ်ကြိုက်တာ ဒီမီးဖိုချောင်ရဲ့ ချင်းခြစ်တာလည်း ကိုယ်တိုင်ခြစ်ချင်တာ၊ ကြက်သွန်ဖြူ ခွှာတာလည်း သူကိုယ်တိုင်ခွှာချင်တာ၊ ဟင်းမွှေတာလည်းသူကိုယ်တိုင်လုပ်တယ်။ သူပျော်လာတာ မီးဖိုချောင်ထဲမှာ ပျော်လာရင်းနဲ့မှ Little Chef ဆိုပြီး Tiktok လေးတွေမှာ ၁ မိနစ် ဗီဒီယိုလေးတွေ တင်ပေးတာ။ တင်ပေးတော့ ကလေးတယောက်အနေနဲ့ မီးဖိုချောင်နဲ့ မအပ်စပ်ဘူးလေ။ ချစ်စရာကောင်းတယ်ဆိုပြီး သူ့ကို ချစ်ပေးကြတာ” လို့ ပြောပါတယ်။

အခုဆိုရင်တော့ Little Chef ချက်ပြုတ်တဲ့ဟင်းလျာ ၁၀ မျိုးရှိပြီဖြစ်ပြီး သူချက်ပြုတ်တဲ့ ဟင်းလျာများကို ပြန်လည် ရောင်းချနေတာဟာလည်း ယုံကြည်မှု တိုးတက်စေရန်အတွက် ရည်ရွယ်ကာ ပြန်လည် ရောင်းချပေးတာဖြစ်တယ်လို့ သိရပါတယ်။

“အခုဆိုရင် သမီးချက်တာ ဟင်း ၁၀ မျိုး ရှိပါပြီ။ သူကတော့ ဒီ ၁၀ မျိုးလုံး ချက်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ သွားနေတာ မဟုတ်ဘူး။ စစချင်း ကျမတို့ မိသားစုစားဖို့ ချက်တာ။ ချက်ရင်းနဲ့ ကောမန့်တွေအောက်မှာ သမီးလေးလက်ရာကို စားချင်လိုက်တာလို့ ပြောတယ်။ အဲဒါ သမီးလေးကို ဖတ်ပြတယ်။ သူက ပိုက်ဆံရှာမယ်ပေါ့”

“သူပိုက်ဆံရှာတယ် ဆိုတဲ့ဟာကို လုပ်ချင်တာဖြစ်တဲ့အတွက်ကြောင့် သမီးချက်ပြီး ရောင်းချင်တယ်တဲ့။ အဲဒါ သူတောင်းဆိုတာနော်။ သူရောင်းမယ် ပြောတာကို ပို့စ်တင်ပေးလိုက်တာ။ မှာတဲ့သူကလည်း မှာတယ်။ ချက်တဲ့သူကလည်း ချက်တယ်” လို့ ဟန်နီချိုက ပြောပါတယ်။

ဒီလိုဝါသနာပါတဲ့အလုပ်ကို လုပ်ခြင်းအားဖြင့် ကလေးတွေအတွက် Youtube ကြည့်တဲ့အချိန်လျော့သွားတာကြောင့် ပံ့ပိုးပေးတာဖြစ်တယ်လို့ သိရပါတယ်။

“ရေရှည်တော့သွားမှာ မဟုတ်ပါဘူး။ သမီးကိုယ်တိုင်လည်း ယုံကြည်မှုတွေ တိုးတက်လာအောင် နံပါတ် (၁) ကိုယ်တိုင် ဟင်းချက်တယ်။ ကလေးဆိုတာက Youtube တို့ ဂိမ်းတို့နဲ့ ပျော်မွေ့နေတဲ့ ကလေး တော်တော်များပါတယ်။ မီးဖိုချောင် ဝင်လာမယ့် ကလေးက တကယ့်ကို ရှားတယ်။ ဒီလို မီးဖိုချောင်မှာ အချိန်ဖြုန်းလိုက်ခြင်းအားဖြင့် Youtube အသုံးပြုတဲ့ အချိန်နည်းသွားမယ်။ အဲဒါကြောင့် သူလုပ်ချင်တဲ့ဟာတွေကိုလုပ်၊ ဝါသနာပါရင်လုပ် ကျမက ပံ့ပိုးပေးတာ” လို့ ဟန်နီချိုက ပြောပါတယ်။

မိခင်ဖြစ်သူ အလှမယ် ဟန်နီချိုနဲ့ သမီး Little Chef မိုးမြင့်မေသူ

သမီးဖြစ်သူမှာ ဝါသနာပါရာ ဟင်းချက်နေတဲ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ Mask ပြိုင်ပွဲမှာလည်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါသေးတယ်။

You may also like these stories:

“ဇူလိုင်မှာ ရုပ်ရှင်ရုံတွေ ပြန်ဖွင့်မယ်ဆိုတာ ခန့်မှန်းပြောဆိုနေကြတာပါ”

“The World of the Married” နဲ့ ဘဝပြောင်းလဲလာတဲ့ Han So-hee

ဗီလိန် ကာရိုက်တာနဲ့ ပရိသတ် အားပေးခံရတဲ့ မိုက်မိုက်

The post “ကျောင်းပြန်ဖွင့်ရင် Little Chef လေး ဟင်းချက်တော့မှာ မဟုတ်ဘူး” appeared first on ဧရာဝတီ.

BlackOut Tuesday မှာ အနုပညာရှင်နဲ့ မီဒီယာတွေ ပူးပေါင်း ဆန္ဒဖော်ထုတ်

$
0
0

Apple Music နဲ့ Spotify တို့အပါအဝင် ဂီတ Streaming ကုမ္ပဏီတွေ၊ နာမည်ကြီး ရုပ်သံကုမ္ပဏီတွေနဲ့ နာမည် ကျော်ကြားသူတွေဟာ George Floyd သတ်ဖြတ်ခံရမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေနဲ့ တသားတည်း ရပ်တည်ကြောင်း ပြသတဲ့အနေနဲ့ ပြီးခဲ့တဲ့ ဇွန်လ ၂ ရက်နေ့မှာ သူတို့ရဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေကို ပိတ်ချတာ၊ အပြောင်းအလဲလုပ်တာတွေကို ပြုလုပ်ခဲ့ကြပါတယ်။

ViacomCBS မီဒီယာကုမ္ပဏီကြီးက မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တွေကို တုံ့ပြန်ဖို့နဲ့ စီးပွားရေးလုပ်ငန်း ထူထောင်ဖို့ကနေ လူ့အသိုက်အဝန်းထူထောင်ဖို့ အပြောင်းအလဲ တရပ်အနေနဲ့ BlackOut Tuesday အစီအစဉ်အဖြစ် ရပ်ဆိုင်းမှုလုပ်ဆောင်မှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

CBS News, MTV နဲ့ Comedy Central တို့အပါအဝင် သူတို့ကုမ္ပဏီပိုင်ဆိုင်တဲ့ ရုပ်သံလိုင်းတွေမှာ အမေရိကန် နိုင်ငံတဝန်း ဆန္ဒပြမှုတွေဖြစ်စေခဲ့တဲ့ ပြီးခဲ့တဲ့ သီတင်းပတ်က ဖြစ်ရပ်ကို ရှုတ်ချတဲ့အနေနဲ့ “I can’t breathe” (ငါ အသက်ရှူလို့မရဘူး) ဆိုတဲ့ စကားကို ၈ မိနစ်နဲ့ ၄၆ စက္ကန့်ကြာ ထုတ်လွှင့်ခဲ့ကြပါတယ်။ အသက် ၄၆ နှစ်အရွယ် Floyd ကို သေဆုံးစေခဲ့မှုအတွက် Minneapolis မြို့က ရဲအရာရှိတဦးကို လူသေစေမှု၊ လူသတ်မှုတို့နဲ့ ပြီးခဲ့တဲ့ သီတင်းပတ်မှာပဲ ဖမ်းဆီးထားပါတယ်။

Rihanna, Katy Perry, Britney Spears နဲ့ Kylie Jenner တို့အပါအဝင် နာမည်ကျော်တွေဟာလည်း Floyd သေဆုံးမှုကို အသိအမှတ်ပြုတဲ့အနေနဲ့ သူတို့ရဲ့ဆိုရှယ်မီဒီယာတွေ အားလုံးကို အမှောင်ချထားခဲ့ပါတယ်။

LeBron James နဲ့ Steph Curry တို့လို NBA စတားတွေဟာလည်း သူတို့ရဲ့ Instagram စာမျက်နှာတွေမှာ အနက်ရောင် ဗလာနတ္ထိ ဓာတ်ပုံံတွေကို တင်ခဲ့ကြပါတယ်။ NBA လိဂ်တရားဝင် စာမျက်နှာမှာလည်း အတူပူးပေါင်း ပါဝင်ကြောင်း စာသားနဲ့အတူ အလားတူ ဓာတ်ပုံတွေကို တင်ခဲ့ပါတယ်။

Streaming ကုမ္ပဏီကြီးဖြစ်တဲ့ Spotify Technology ကတော့ ဇွန်လ ၂ ရက်နေ့ကစလို့ သူတို့ရဲ့ podcasts နဲ့ သီချင်းစုစည်းမှုတွေထဲမှာ ၈ မိနစ်နဲ့ ၄၆ စက္ကန့်ကြာမြင့်တဲ့ အသံတိတ်အစီအစဉ်ကိုထည့်သွင်းခဲ့ပြီး ဆိုရှယ်မီဒီယာ တွေပေါ်မှာ ကြော်ငြာတင်နေမှုကိုလည်း ရပ်ဆိုင်းခဲ့ပါတယ်။

Apple Music ကတော့ လူမည်း အနုပညာရှင်တွေ၊ ဖန်တီးသူတွေနဲ့ အသိုင်းအဝန်းတွေကို ထောက်ခံဖို့ အစီအစဉ်တွေလုပ်ဆောင်ရေး အချိန် တရက်ယူမယ်လို့ ကြေညာခဲ့ပါတယ်။ ဒါဇင်နဲ့ချီတဲ့ အနုပညာရှင်တွေနဲ့ အားကစားအကျော်အမော်တွေကလည်း Floyd ရဲ့ သေဆုံးမှု၊ အမေရိကန်မြို့ တွေအထိပျံ့နှံ့စေခဲ့တဲ့ ဆန္ဒပြမှုတွေကို ဖြစ်ပေါ်စေခဲ့တဲ့ လူမျိုးရေးခွဲခြားမှုတွေအကြောင်း ပြောဆိုခဲ့ကြပါတယ်။

နာမည်ကျော်အသံသွင်းကုမ္ပဏီတွေကလည်း လူမျိုးရေး တန်းတူညီမျှမှု မရှိတာကို တိုက်ဖျက်ဖို့ လူမှုအသိုင်းအဝန်းတွေနဲ့ အလုပ်လုပ်တာ၊ စီးပွားရေးလုပ်ကိုင်တာကို ရပ်ဆိုင်းပြီး ဇွန်လ ၂ ရက်ကို ဂုဏ်ပြုမယ်လို့ ဆိုပါတယ်။

အဆိုတော် Rihanna က “ကျမတို့ပြည်သူတွေ အသတ်ခံရတာ၊ သေဒဏ်ပေးခံရတာတွေကို တနေ့ထက် တနေ့ ကြည့်နေရတာဟာ ကျမနှလုံးသားထဲမှာ လေးလံမှုတွေကို တိုးစေပါတယ်” လို့ Instagram မှာ တင်ခဲ့ပါတယ်။

Ref:Reuters

You may also like these stories:

“ကျောင်းပြန်ဖွင့်ရင် Little Chef လေး ဟင်းချက်တော့မှာ မဟုတ်ဘူး”

မိုးရာသီမှာ သီချင်းသစ် ထွက်မယ့် ရွှေမှုံရတီ

The post BlackOut Tuesday မှာ အနုပညာရှင်နဲ့ မီဒီယာတွေ ပူးပေါင်း ဆန္ဒဖော်ထုတ် appeared first on ဧရာဝတီ.

“Rocky”ရုပ်ရှင်ကြောင့် မျက်ခုံး ဆုံးရှုံးခဲ့တဲ့ စတားလုံး

$
0
0

မင်းသားကြီး စတားလုံးက လက်ဝှေ့အကျော်အမော် Rocky Balboa အဖြစ် သရုပ်ဆောင်ခဲ့ရာမှာ အကျိုးဆက်အဖြစ် မျက်ခုံးဆုံးရှုံးခဲ့ရတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

ကမ္ဘာကျော်မင်းသားကြီး စတားလုံးက ၁၉၇၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ အဲ့ဒီဂန္တဝင်ရုပ်ရှင်ဖန်တီးမှုကြောင်း ဖော်ပြထားတဲ့ မှတ်တမ်းရုပ်ရှင်အသစ်တခုမှာ နောက်ခံအသံ ပြောဆိုထားပြီး လက်ဝှေ့သမားဇာတ်ကောင်းအကြောင်း အသေးစိတ်ကအစ ဖန်တီးဖို့ သူနဲ့ ဒါရိုက်တာ John Avildsen တို့က ပြင်းထန်တဲ့အရာတွေကို လုပ်ဆောင်ခဲ့ကြတယ်လို့ ဝန်ခံထားပါတယ်။

“40 Years of Rocky: The Birth of a Classic” မှတ်တမ်းရုပ်ရှင်ထဲမှာ မင်းသားကြီး စတားလုံးက “Mike Westmore က မိတ်ကပ်ပညာရှင်ပါ။ သူက တော်တော်လေး ထူးခြားတဲ့ စမ်းသပ်မှုတွေကို လုပ်ခဲ့တယ်။ ဒါပေမဲ့ ကျနော့်ရဲ့ ကျန်ရှိတဲ့ ဘဝတလျှောက်လုံး မျက်ခုံး မရှိဘဲ ဖြစ်ခဲ့ရတယ်။ သူက Rocky ဆိုတာ တကယ့်ကိုပဲ လက်သီးအရမ်းသုံးတဲ့လူလို ဖြစ်စေချင်ခဲ့တယ်” လို့ ဆိုပါတယ်။

Rocky ဇာတ်ကောင်ရဲ့ နာမည်ကျော် ခေါင်းဆောင်အတွက် ရယူခဲ့ရပုံအကြောင်းကိုလည်း မင်းသားကြီးက ပြောဆိုခဲ့ ပါတယ်။

သူက “တကယ့်ကိုပဲ စကားအကြီးအကျယ်များခဲ့ရတယ်။ ဘယ်သူ့ကမှ ကျနော့်ကို အဲ့ဒီခေါင်းဆောင်း မဝတ်စေချင်ကြဘူး။ သူတို့က ကျနော့်ကို ခေါင်းဗလာနဲ့ပဲ ဖြစ်စေချင်တာ။ ဖိလစ်ဒါးဖီးယားမှာရှိတဲ့ စတိုးဆိုင် တခုကနေ ကျနော် အဲ့ဒီခေါင်းဆောင်းကို ဝယ်ခဲ့တယ်။ ကျနော် အဲ့ဒီခေါင်းဆောင်းကို ဝတ်ချင်တယ်လို့ ပြောလိုက်တယ်။ ထုတ်လုပ်သူက French Connection ရုပ်ရှင်ထဲမှာ Gene Hackman က အဲ့ဒီလို ခေါင်းဆောင်းကို ဝတ်ထားလို့ မင်းဝတ်လို့ မရဘူးလို့ ပြောတယ်”

“ ကျနော်က ဒါဆို ခေါင်းဆောင်းက လုံး၀ မသုံးရတော့တာလား။ ခေါင်းဆောင်းတွေကို ကန့်သတ်လိုက်တာလား။ ဒါဟာ ဇာတ်ကောင်ကို မြှင့်ပေးတာ ဖြစ်ပြီး အဲ့ဒီခေါင်းဆောင်းကို ကျနော်တို့က သုံးစေချင်တယ်လို့ ပြန်ပြောလိုက်တယ်” လို့ ဆိုပါတယ်။

ကြိုးဝိုင်းအတွင်းက လက်ဝှေ့ထိုးပွဲတွေအတွင်းမှာ ဒါရိုက်တာ Avildsen ရဲ့ ရိုက်ကူးမှုတွေအကြောင်းကိုလည်း သူက ပြောဆိုပါတယ်။ အဲ့ဒီလိုရိုက်ကူးမှုတွေကြောင့် သူဟာ စိတ်ညစ်ညူးခဲ့ရပေမယ့် လာမယ့်လမှာ ထွက်ရှိမယ့် ဒါရိုက်တာ Derek Wayne Johnson ရဲ့ အဲ့ဒီမှတ်တမ်းရုပ်ရှင်ဖန်တီးမှုအတွက် အကူအညီ တစုံတရာ ဖြစ်စေခဲ့တယ်လို့ဆိုပါတယ်။

ဒါရိုက်တာ Avildsen နဲ့ပတ်သက်လို့ မင်းသားကြီး စတားလုံးက “သူဟာ အနောက်မှာ အမြဲတမ်းရှိနေခဲ့တယ်။ အဲ့ဒီရုပ်ရှင် တွေကို ရိုက်ကူးပြီး ကျနော့်ကို သူက ရူးမတတ်ဖြစ်စေခဲ့တယ်။ ကျနော်ကတော့ ရုပ်ရှင်ကို တော်တော်လေးဖြုန်းတီးတာပဲ လို့ အဲ့ဒီအချိန်တုန်းက ထင်ခဲ့တယ်။ ဒါပေမဲ့ အခုကျနော်တို့ ဒီအထိရောက်လာပြီဆိုတော့ သူလုပ်နိုင်ခဲ့ပြီဆိုတာကို သိလို့ ဝမ်းသာရပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

Ref: aceshowbiz

You may also like these stories:

BlackOut Tuesday မှာ အနုပညာရှင်နဲ့ မီဒီယာတွေ ပူးပေါင်း ဆန္ဒဖော်ထုတ်

“ကျောင်းပြန်ဖွင့်ရင် Little Chef လေး ဟင်းချက်တော့မှာ မဟုတ်ဘူး”

မိုးရာသီမှာ သီချင်းသစ် ထွက်မယ့် ရွှေမှုံရတီ

The post “Rocky” ရုပ်ရှင်ကြောင့် မျက်ခုံး ဆုံးရှုံးခဲ့တဲ့ စတားလုံး appeared first on ဧရာဝတီ.

“ကမ္ဘာမြေငြိမ်းချမ်းပါစေ”သီချင်း နားထောင်ပြီး COVID-19 အတွက် လှူဒါန်းနိုင်

$
0
0

အဆိုတော် ထူးအိမ်သင်ရဲ့ နာမည်ကြီး သီချင်းတပုဒ်ဖြစ်တဲ့ “ကမ္ဘာမြေငြိမ်းချမ်းပါစေ” သီချင်းကို Idiots Band မှ Music Arrangement ပြုလုပ်ကာ အဆိုတော် ရေမွန် အပါအဝင် အဆိုတော် ၆ ယောက် ပါဝင် သီဆိုထားပါတယ်။

ဒီသီချင်းကိုတော့ ပရိသတ်များက နားထောင်ပြီး Like၊ Share ပြုလုပ်ရုံဖြင့် ငွေကျပ် ၁၀၀ ကို COVID -19 ကူညီရေးအတွက် လှူဒါန်းပြီးသား ဖြစ်တယ်လို့ အဆိုတော် ရေမွန်က ဧရာဝတီကို ပြောပါတယ်။

“အဓိကကတော့ Tuborg ဘီယာက စစီစဉ်တယ်။ ဦးငှက်ရဲ့ “ကမ္ဘာမြေငြိမ်းချမ်းပါစေ” သီချင်းကို Cover ပြန်လုပ်တာပေါ့။ ကျနော်တို့ Idiots Band က တီးတယ်။ တခြားအနုပညာရှင် ၆ ယောက်ရယ် ကျနော်ရယ် ဆိုတယ်။ တီးတာရယ်၊ Arrangement တွေကတော့ ကျနော်တို့ Idiots Band ကပဲ လုပ်တာပေါ့။ သီချင်းက ထွက်တောင် ထွက်သွားပြီ”

“ကမ္ဘာမြေငြိမ်းချမ်းပါစေ” သီချင်း

“Tuborg Page မှာလည်း ကြည့်လို့ရတယ်။ ကျနော်တို့ အကောင့်မှာလည်း Share ထားတယ်။ အဓိက ရည်ရွယ်ချက်လေးက ဒီဗီဒီယိုလေးကို Facebook ပေါ်မှာ Like တချက်နှိပ်တိုင်း၊ Share တခု လုပ်တိုင်း ၁၀၀ ကျပ်စီ COVID-19 ကူညီရေးအတွက် လှူဒါန်းသွားမှာပါ။ Clean Yangon အဖွဲ့ကိုလှူဒါန်းသွားမှာပါ။ သိန်း ၁၀၀ ကျပ်ပြည့်တဲ့အထိပေါ့” လို့ အဆိုတော် ရေမွန်က ပြောပါတယ်။

ဒီအလှူကိုတော့ ငွေကျပ်သိန်း ၁၀၀ ပြည့်တဲ့အထိ ပြုလုပ်သွားမှာဖြစ်ပြီး Clean Yangon အဖွဲ့ကို လှူဒါန်းသွားမှာဖြစ်ပါတယ်။ သီချင်းကိုတော့ Idiots Band မှ စီစဉ်တီးခတ်ပေးထားပြီး အဆိုတော် ဝေလ၊ သာဒီးလူ၊ ရေမွန်၊ တင်ဇာမော်၊ ချမ်းချမ်း၊ နီနီခင်ဇော် တို့က သီဆိုထားတာ ဖြစ်ပါတယ်။

“ကမ္ဘာမြေငြိမ်းချမ်းပါစေ” သီချင်းကိုတော့ Tuborg Page၊ JOOX နဲ့ အနုပညာရှင်များရဲ့ Page များမှာလည်း ဝင်ရောက်ကြည့်ရှု နားဆင်နိုင်ပါတယ်။

အောင်မြင်ကျော်ကြားပြီးသား သီချင်းကို ပြန်လည် တီးခတ် သီဆိုကြတဲ့အခါ ဘယ်လို စိတ်ဖိစီးမှုတွေ ရှိလဲဆိုတာကိုလည်း ရေမွန်က အခုလို ပြောပြခဲ့ပါတယ်။

“ဖိအားကတော့ နည်းနည်းများတာပေါ့။ ဦးငှက်သီချင်းဆိုတာနဲ့တင် ကြောက်နေပြီ။ အရှေ့မှာ “မဟာဝီရ အို ဗုဒ္ဓ” ကို ဦးငှက်ရဲ့အမှတ်တရပွဲမှာ ဆိုဖူးတယ်။ အဲ့တုန်းကလည်း ကျနော် အဆဲခံရတယ်။ ရေလည် အဆဲခံရတာ။ ဒါကလည်း အမြင်မပွင့်လင်းသေးတဲ့ ခေတ်ဆိုတော့ နားလည်ပါတယ်။ ဒီလိုမျိုးပဲ ဖြစ်တတ်ပါတယ်။ အခုလည်း ဦးငှက်သီချင်းကို လုပ်ရမယ်ဆိုတော့ ကြောက်တော့ ကြောက်တယ် စလုပ်ရမှာ”

“ဒါပေမဲ့ ကိုယ်ကအနုပညာကို တတ်စွမ်းသလောက် အရိုးသားဆုံးလုပ်တဲ့အတွက် ကျနော်ကတော့ လိပ်ပြာလုံတယ်ဗျာ။ အေးဆေးပဲ။ ဝန်လေးနည်းနည်း ပိတာကလွဲလို့ အေးဆေးပဲ လုပ်လိုက်ပါတယ်။ နားထောင်ကောင်းအောင် Music ပေါင်းစုံပေါင်းပြီး ထည့်ထားပါတယ်” လို့ ရေမွန်က ပြောပါတယ်။

ရေမွန်ကတော့ ကိုဗစ်ကာလမှာ “ဆုတောင်း” ဆိုတဲ့သီချင်းတပုဒ်လည်း ထွက်ရှိထားပြီး အခုဆိုရင် သူ့ရဲ့ကိုယ်ပိုင် Game Channel ဖြစ်တဲ့ Idiot Ray ကိုလည်း ပြုလုပ်ထားပါတယ်။ ရေမွန်ကိုယ်တိုင်လည်း ကိုဗစ်ကာလမှာ တတပ်တအား လှူဒါန်းမှုများ၊ လုပ်အားပေးမှုများကို We Love Yangon၊ Clean Yangon တို့မှာ ပါဝင်ကူညီနေတာ တွေ့ရပါတယ်။

You may also like these stories

အမျိုးသမီး တေးသံရှင် ၅ ယောက် သီဆိုမယ့် ဆောင်းဦးလှိုင်ရဲ့ “ဒို့ကမ္ဘာ” သီချင်း

မိုးရာသီမှာ သီချင်းသစ် ထွက်မယ့် ရွှေမှုံရတီ

အဆိုတော် နီတာ ပြောပြတဲ့ ကိုဗစ် အတွေ့အကြုံ

The post “ကမ္ဘာမြေငြိမ်းချမ်းပါစေ”သီချင်း နားထောင်ပြီး COVID-19 အတွက် လှူဒါန်းနိုင် appeared first on ဧရာဝတီ.


“ကလေးတွေရဲ့ ပညာရေးအတွက် ၁ နှစ် စောင့်ကြည့်စေချင်တယ်”

$
0
0

လာမယ့် ဇူလိုင်လအတွင်း အခြေခံပညာ စာသင်ကျောင်းများ ဖွင့်လှစ်ရန်အတွက် အစိုးရရဲ့ ထုတ်ပြန် ကြေညာတဲ့အပေါ် ဒါရိုက်တာ ကိုပေါက်က ကျန်းမာရေး အခြေအနေတွေ မတည်ငြိမ်သေးတဲ့အခြေအနေမှာ ကလေးတွေရဲ့ပညာရေးအတွက် ၁ နှစ် စောင့်ကြည့်သင့်တယ်လို့ ဆိုပါတယ်။

“ဒီနှစ်မှာ ကျန်းမာရေးက အခုလိုပဲ မတည်ငြိမ်သေးဘူးဆိုရင် ကလေးတွေကို ကျောင်းမထားတော့ပါဘူး။ သူတို့လေးတွေရဲ့ကျန်းမာရေးက ကျနော်တို့ လင်မယား နှစ်ယောက်ရဲ့ အသက်ထက် အရေးကြီးပါတယ်။ သူတို့လေးတွေ တခုခုဖြစ်လို့ မရပါဘူး။ ကျောင်း ၁ နှစ် နောက်ကျသွားလို့ ဘာမှ မဖြစ်ပါဘူး”

“သူကအသက် ၁ နှစ် ကြီးသွားမယ်။ သူ ၁၀ နှစ်မှာ သင်ရမယ့်စာကို သူ ၁၁ နှစ်ရောက်မှ သင်ရမယ်ဆိုရင် သူ့ရဲ့မှတ်ဉာဏ်၊ သင်ယူမှုစွမ်းရည်၊ ဦးနှောက်တို့ရဲ့ကြီးထွားဖွံ့ဖြိုးမှုတွေက သူသင်ယူရမယ့် သင်ခန်းစာတွေကို အလွယ်တကူ သင်ယူနိုင်မယ်လို့ ထင်ပါတယ်” လို့ ကိုပေါက်က ပြောပါတယ်။

ကိုပေါက်ကတော့ သူ့ရဲ့ သားတွေ တက်နေတဲ့ ကိုယ်ပိုင်ကျောင်းမှ ကျောင်းများ ပြန်ဖွင့်ပါက ကျောင်းသားဦးရေ လျှော့ပြီးသင်မယ့်အကြောင်း၊ ကျောင်းလခ ပိုကောက်မယ့်အကြောင်း၊ ကျောင်းကားဈေး အရင်ကထက်ပိုတက်မယ့် အကြောင်းများ ဆက်သွယ်လာတာကိုလည်း ပိုကောင်းအောင်လုပ်ရမှာဖြစ်တဲ့အတွက် လက်ခံပေမယ့် ကလေးတွေရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီး ဘယ်လို တာဝန်ယူပေးမှာလဲဆိုတာကို မေးခွန်းထုတ်ခဲ့ပါတယ်။

“ဒါတွေအားလုံးကို ကျနော်တို့လက်ခံတယ်။ New Normal ခေတ်ကို ကျနော်တို့လည်း လိုက်ရမှာပေါ့။ တကမ္ဘာလုံး ဖြစ်နေတာလေ။ ဒါဆို ကျနော်က ကျောင်းတွေဖွင့်ဖို့ ချမှတ်လိုက်တဲ့ နိုင်ငံတော်နဲ့ ပညာရေးဝန်ကြီးဌာနကို တခုလောက်မေးချင်ပါတယ်။ ကျောင်းဖွင့်တဲ့အချိန်မှာ ကျောင်းတက်ကြရမယ့် ကျနော့်သားတွေရဲ့ ကျန်းမာရေးကို ဘယ်သူက တာဝန်ယူပေးကြမှာလဲ”လို့ ကိုပေါက်က ဆိုပါတယ်။

ဆက်လက်ပြီး “ကျနော်တို့၊ ခင်ဗျားတို့ရဲ့ ကလေးတွေကို ဘယ်သူတွေက ရောဂါပိုး မကူးစက်အောင် တာဝန်ယူပေးကြမှာလဲ။ ကျနော် ခင်ဗျားတို့ရဲ့ကလေးတွေ တခုခုဖြစ်သွားခဲ့ရင် ဘယ်လို ဖြေဆည်ကြမှာလဲ။ ကလေးတွေက ကျောင်းဖွင့်ရင် ငြိမ်ငြိမ်နေမယ်ထင်လား။ နေမှာ မဟုတ်ပါဘူး။ ပျော်ပြီး လျှောက်ဆော့နေကြမှာ။ လုံးရယ်ထွေးရယ် ဖက်ရယ်နမ်းရယ် လုပ်ကြမှာပါ။ဆရာမတွေက ထိန်းနိုင်မှာလား။ မထင်ပါဘူး”လို့ ကိုပေါက်က ပြောပါတယ်။

ဒီလိုမျိုး ကျောင်းမထားခြင်းနဲ့ အွန်လိုင်းပေါ်မှ ပညာသင်ကြမယ်ဆိုရင်လည်း တတ်နိုင်တဲ့ မိဘနဲ့ မတတ်နိုင်တဲ့ မိဘတွေကြားမှာ ပြောစရာတွေ ရှိလာနိုင်ပြီး ကျောင်းတွေပိတ်ခဲ့ရင်လည်း ဆရာ၊ ဆရာမတွေရဲ့ လစာနဲ့ အခွန်ကိစ္စများပါ ပြဿနာ တက်လာနိုင်တယ်လို့ ပြောထားပါတယ်။

“ဒါဆို ဘယ်လိုလုပ်ကြည့်ရင် အဆင်ပြေမလဲ စဉ်းစားကြည့်ရအောင်။ ကျောင်းတွေကို ပေးမဖွင့်ဘဲထားပြီး ပညာရေးဝန်ကြီးဌာနကနေ အသံလွှင့်မီဒီယာတွေ၊ အွန်လိုင်းမီဒီယာတွေကနေ သင်ခန်းစာတွေကို သင်ပေးတဲ့ အစီအစဉ်တွေ လုပ်ပေးရင်ရော ဘာဖြစ်မလဲ”

“အနီးကပ် သင်ခန်းစာတွေတောင် မြန်မာ့အသံကနေ သင်ကြားပို့ချနေတာတွေ ရှိနေတာပဲ။ အတန်းလိုက် သင်ခန်းစာတွေကို အချိန်နဲ့မီဒီယာ ခွဲသင်ကြမလား။ စာသင်တဲ့ Application တွေ လုပ်မလား။ Zoom Application နဲ့စ ာသင်မယ်။ Link ချပေးပြီး စာသင်တာကို လုပ်မလား။ အခွန်ကိစ္စတွေ ဘယ်လို လျော့ပေးကြမလဲ။ ဆရာ၊ ဆရာမ လစာကိစ္စတွေ ဘယ်လိုဖြေရှင်းလဲ။ နှစ်ဦးနှစ်ဖက် အဆင်ပြေမယ့် နည်းလမ်းမျိုးပေါ့” လို့ ကိုပေါက်က ပြောပါတယ်။

ကျောင်း ၁ နှစ် အောက်လိုက်တဲ့အထိ ကာကွယ်ဆေး မတွေ့သေးဘူးဆိုရင်တော့ နောက်တမျိုး စဉ်းစားရမှာဖြစ်ပြီး ဆေးတွေ့မယ့်အချိန်ကိုလည်း အကြာကြီး ထိုင်စောင့်နေမှာမျိုးလည်း မဟုတ်ဘဲ ၁ နှစ်လောက် စောင့်ကြည့်စေချင်တဲ့ သဘောပါလို့ ကိုပေါက်က ဆိုပါတယ်။

“၁ နှစ် အောက်လိုက်တဲ့အထိ ကာကွယ်ဆေးက မတွေ့သေးဘူးဆိုရင်တော့ ကျနော်တို့က နောက်တမျိုးစဉ်းစားရမယ်ပေါ့။ HIV တွေ၊ AIDS ရောဂါတွေရဲ့ကူးစက်မှုက အခု COVID လောက် မမြန်ဘူးလေ။ ဆေးတွေ့မယ့် အချိန်အထိ အကြာကြီး ထိုင်စောင့်နေမှာမျိုးလည်း မဟုတ်ဘူးပေါ့။ ကျနော်ကတော့ ၁ နှစ်လောက် စောင့်ကြည့်စေချင်တဲ့သဘောပါ” လို့ ကိုပေါက်က ပြောထားပါတယ်။

ဒါရိုက်တာ ကိုပေါက်ကတော့ ဒီအကြောင်းအရာတွေကို သူ့ရဲ့ လူမှုကွန်ရက် Facebook အကောင့်ကနေ ရေးသားတင်ကာ ပြောပြထားတာ ဖြစ်ပါတယ်။

ယခုနှစ် ကျောင်းတွေ ပြန်ဖွင့်ပါက ကိုပေါက်ရဲ့သားအကြီးက ၆ တန်းတက်ရမှာဖြစ်ပြီး ပညာရေးဝန်ကြီးဌာနမှ ဇူလိုင်လအတွင်း မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများ အားလုံးကို တပြိုင်နက်တည်း မဟုတ်သော်လည်း အဆင့်အလိုက် ဖွင့်လှစ်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

You may also like these stories:

ထိုင်းခရီးသွားလုပ်ငန်းကို ဇူလိုင်လအတွင်း ပြန်စတင်စေချင်

COVID-19 မြန်မာ အပေါ် ဘယ်လောက်အထိ ရိုက်ခတ်မှု ရှိသလဲ

The post “ကလေးတွေရဲ့ ပညာရေးအတွက် ၁ နှစ် စောင့်ကြည့်စေချင်တယ်” appeared first on ဧရာဝတီ.

YouTube မှာ Gold Play Button ရသွားတဲ့ မင်းသား ပတ်စောဂျွန်း

$
0
0

မင်းသား ပတ်စောဂျွန်းက နောက်ထပ် အောင်မြင်မှုတခု စိုက်ထူလိုက်နိုင်ပါပြီ။ ဇွန်လ ၁ ရက်နေ့မှာ မင်းသားရဲ့ တရားဝင် YouTube channel ဖြစ်တဲ့ Record PARK’s ကနေ တိုက်ရိုက် ထုတ်လွှင့်ရင်း Subscriber ၁ သန်း ပြည့်တဲ့အကြောင်းကို ကြေညာခဲ့ပါတယ်။

YouTube channel ကနေ Subscriber ၁ သန်းပြည့်သူတွေအတွက် အထိမ်းအမှတ် ရွှေရောင်တံဆိပ်နဲ့ Gold Play Button ကို ပြသခဲ့ပါတယ်။ ဒါဟာ Subscriber ၁ သန်းပြည့်သွားတဲ့ ပထမဆုံး ကိုရီးယားသရုပ်ဆောင်လည်း ဖြစ်ပါတယ်။ ၁ သန်းပြည့်တဲ့အကြောင်း တိုက်ရိုက်ထုတ်လွှင့်နေတုန်းမှာ ဒီလို အောင်မြင်မှုရအောင် ပံ့ပိုးကူညီပေးခဲ့တဲ့ လုပ်ဖော်ကိုင်ဖက် ဝန်ထမ်းတွေကိုလည်း ကျေးဇူတင်ကြောင်း ပြောပြခဲ့ပါတယ်။

“ကျနော်နဲ့အတူတူ နေ့ရော ညရော ဗီဒီယိုတွေကို အတူတူ တည်းဖြတ်ခဲ့ပေးကြတဲ့ ဝန်ထမ်းတွေကို ကျေးဇူးတင်ပါတယ်။ ကျနော်အများကြီး မလုပ်လိုက်ရပါဘူး။ အားလုံးက ကျနော်ကို ကူညီပေးခဲ့ကြတယ်။ နောက်ပြီး ကျနော့် နေ့စဉ်ဘဝတွေအကြောင်းကို စိတ်ဝင်တစားနဲ့ ကြည့်ရှုပေးခဲ့ကြတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူတင်ပါတယ်” လို့ ပြောပြသွားခဲ့ပါတယ်။

မင်းသား ပတ်စောဂျွန်းဟာ သူ့ရဲ့ တရားဝင် YouTube channel ဖြစ်တဲ့ Record PARK’s ကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လကမှ စတင်ခဲ့တာဖြစ်ပြီး ၁၁ လဆိုတဲ့အချိန်တိုအတွင်း Subscriber တသန်းပြည့် စိုက်ထူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါ့ပြင် YouTube မှာ Gold Play Button ရတဲ့ ပထမဆုံး ကိုရီးယားသရုပ်ဆောင်ဖြစ်ခဲ့လို့ ဂုဏ်ယူမိတယ်လို့ တိုက်ရိုက်ထုတ်လွှင့်နေစဉ်အတွင်း ပြောသွားခဲ့ပါတယ်။ မင်းသားဟာ Webtoon ကို ပြန်လည်အသက်သွင်း ရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းတွဲ “Itaewon Class” မှာ စားသောက်ဆိုင်ပိုင်ရှင် ပတ်ဆယ် ရိုအီဇာတ်ကောင်နဲ့ နိုင်ငံတကာက ပရိသတ်တွေရဲ့ အားပေးမှုကိုပါ ရရှိခဲ့ပါတယ်။

လက်ရှိမှာတော့ မင်းသမီး IU ၊ မင်းသား လီဟွန်ဝူးတို့နဲအတူ “Dream” ဇာတ်ကား ရိုက်ကူးနေပါတယ်။ နိုင်ငံတကာမှာ နှစ်စဉ်ကျင်းပတဲ့ အိမ်ခြေရာမဲ့ ကမ္ဘာ့ဖလားပွဲ Homeless World Cup ဝင်နိုင်ဖို့ ကြိုးစားနေကြတဲ့ ဘောလုံးအသင်းအကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ဒီဇာတ်ကားမှာ မင်းသား ပတ်စောဂျွန်းက ကြေးစားဘောလုံးသမားဟောင်း ယွန်ဟွန်ဒယ်အဖြစ် ပါဝင်သွားမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကောင်အတွက် မင်းသားကိုယ်တိုင် စိတ်လှုပ်ရှားနေပြီး စောင့်မျှော်နေတဲ့ ပရိသတ်တွေအတွက် အကောင်းဆုံး ကြိုးစားရိုက်ကူးသွားမယ်လို့ ဆိုပါတယ်။

Ref: Soompi

You may also like these stories:

“ကလေးတွေရဲ့ ပညာရေးအတွက် ၁ နှစ် စောင့်ကြည့်စေချင်တယ်”

“ကမ္ဘာမြေငြိမ်းချမ်းပါစေ”သီချင်း နားထောင်ပြီး COVID-19 အတွက် လှူဒါန်းနိုင်

“Rocky” ရုပ်ရှင်ကြောင့် မျက်ခုံး ဆုံးရှုံးခဲ့တဲ့ စတားလုံး

The post YouTube မှာ Gold Play Button ရသွားတဲ့ မင်းသား ပတ်စောဂျွန်း appeared first on ဧရာဝတီ.

အရင်ကားမှာ မပါတဲ့ အက်ရှင်ခန်းတွေ ပြန်ပါမယ့် “John Wick: Chapter 4”

$
0
0

“John Wick: Chapter 4” ရုပ်ရှင်ထဲမှာ တတိယရုပ်ရှင်မှာ မသုံးဖြစ်လိုက်တဲ့ အက်ရှင် ဇာတ်ဝင်ခန်းတွေကို မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

ဒါရိုက်တာ Chad Stahelski ရဲ့ အဆိုအရ “John Wick: Parabellum” ရုပ်ရှင်ထဲမှာ ထည့်စရာ နေရာ မရှိတော့လို့ တချို့ဇာတ်ဝင်ခန်းတွေကို ဖြတ်ချလိုက်ရပေမယ့် မင်းသား Keanu Reeves ပြန်လည်သရုပ်ဆောင်ထားတဲ့ စတုတ္ထမြောက်ရုပ်ရှင်မှာ အဲ့ဒီဇာတ်ဝင်ခန်းတွေကို ပြန်လည် အသုံးပြုနိုင်ဆဲဖြစ်တယ်လို့ သိရပါတယ်။

ဒါရိုက်တာ Chad က “၂ ခန်း ရှိပါတယ်။ ထပ်ပြီးသုံးလိုက်ရတာ ၂ ခန်း ရှိပါတယ်။ အခြေခံနေရာမှာ ထားဖို့ ကျနော် ဖယ်ပစ်လိုက်ရတယ်။ ကျနော်တို့ စိတ်ကူးဖန်တီးခဲ့ရတဲ့ အက်ရှင်ဇာတ်ဝင်ခန်း၂ ခန်း ရှိတယ်။ ဒါပေမဲ့ ကျနော်တို့ အဲ့ဒါတွေအတွက် နေရာ မရှိတော့ဘူး။ ဒါကြောင့် ရုပ်ရှင်ထဲကနေ ဖယ်ထုတ်ခဲ့ရတယ်။ ပြီးတော့ ကျနော် ဖယ်လိုက်ရတဲ့ ၉၀ ရာခိုင်နှုန်းလောက်ကိုတော့ John Wick 4 ရုပ်ရှင်အစားသွင်းနိုင်မယ့်နေရာ ရှိမယ်လို့ ကျနော် ယူဆထားပါတယ်”လို့ ဆိုပါတယ်။

အသက် ၅၁ နှစ်အရွယ် ဒါရိုက်တာ Chad က ရုပ်ရှင်နဲ့ ပတ်သက်လို့ ပရိသတ်တွေရဲ့ ပြောဆိုမှုတွေကို အမြဲတမ်း အလေးထားပြီး ပရိသတ်တွေရဲ့ တုံ့ပြန်မှုနဲ့အတူ ပြောင်းလဲမှုတွေ လုပ်ဖို့လည်း လမ်းဖွင့်ထားတယ်လို့ ဆိုပါတယ်။

သူက “အဲ့ဒီလို ပြောတဲ့ ကိစ္စတွေ အားလုံးကို ကျနော် ဖတ်ခဲ့တယ်။ ပရိသတ်တွေက John Wick 4 မှာ ဘာတွေ မြင်ချင်ကြလဲဆိုတာကိုလည်း ကျနော် ဖတ်မယ်။ ဘယ်ဟာတွေက အလုပ်ဖြစ်တယ်။ ဘယ်ဟာတွေက အလုပ်မဖြစ်ဘူး ဆိုတာကိုလည်း ဖတ်မယ်။ John Wick 3 က လမ်းကြောင်း ပျောက်ခဲ့လား။ ကျနော်တို့က နံပါတ် ၄ ကိုဘယ်လို ပြန်ဖန်တီးမှာလဲ။ အဲ့ဒါတွေအားလုံးကို ကျနော် လက်ခံတယ်။ ကျနော် ဖတ်တယ်” လို့ ဆိုပါတယ်။

သူကဆက်ပြီး “ကျနော်က ပရိသတ်တွေ ပြောတာကို နားမထောင်ရင် ရူးမိုက်ရာကျမှာပေါ့။ ကျနော်ဆိုလိုချင်တာက ပရိသတ်တွေ ပြောတာကို တကယ် နားထောင်တာကနေ ကျနော်တို့ လိုချင်အရာကို ဘယ်လိုဖန်တီးမလဲ ဆိုတာကိုပါ။ ဒါပေမဲ့ ပရိသတ်တွေက ကျနော့်ခေါင်းထဲမှာ ဘာတွေ ရှိနေတယ်ဆိုတာကို မသိကြပါဘူး”

“သူတို့က ဇာတ်ညွှန်းလည်း ဖတ်ထားတာမဟုတ်ပါဘူး။ ကျနော်ကတော့ John Wick 4 အတွက် ဇာတ်လမ်း ခေါင်းထဲမှာ ရှိထားပါတယ်” လို့ ဆိုပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် စတုတ္ထမြောက် John Wick ရုပ်ရှင်ရဲ့ ပြသမယ့်ရက်ကို ၂၀၂၂ ခုနှစ်၊ မေလအထိ ရွှေ့ဆိုင်းထားပါတယ်။

Ref: asiaone

You may also like these stories:

“John Wick: Chapter 4” ပြသမယ့် တရားဝင် Release Date ထွက်ရှိလာ

ထွက်ပြီးသား John Wick ရုပ်ရှင်တွေ အပါအဝင် နောက်ဆက်တွဲ ရုပ်ရှင်များ မြင်တွေ့ရဖို့ရှိ

၂၀၂၁ ခုနှစ်မှာ Keanu Reeves ရဲ့ “Matrix 4” နဲ့ “John Wick 4” ရုပ်ရှင်ကို ပြိုင်တူ ပြသမည်

The post အရင်ကားမှာ မပါတဲ့ အက်ရှင်ခန်းတွေ ပြန်ပါမယ့် “John Wick: Chapter 4” appeared first on ဧရာဝတီ.

သင်ဇာဝင့်ကျော်နဲ့အတူ Gym ကစားနေတဲ့ အဆိုတော် မီးနို

$
0
0

COVID-19 ကြောင့် အလုပ်တွေ မလုပ်ရချိန်မှာ Gym ကစားဖြစ်တယ်ဆိုတဲ့ အဆိုတော် မီးနိုက သူကြိုက်တဲ့ မင်းသမီး သင်ဇာဝင့်ကျော်နဲ့ အတူတူ ကစားဖြစ်နေတယ်လို့ ဆိုပါတယ်။

“ကိုဗစ် ကာလမှာတော့ သီချင်းလေးတွေ လုပ်ဖြစ်တယ်။ Music Video လည်း ရိုက်ဖို့လုပ်နေတာတွေ ရှိတယ်။ အခု လောလောဆယ်တော့ ပိုလှအောင် Gym ဆော့ဖြစ်နေတယ်။ မီးနိုက အရင်က Balance မှာ ကစားနေကျ။ နောက်ပိုင်း ကိုဗစ်ကြောင့်ရော တတိယအခွေလေးရော လုပ်နေတော့ Gym ကို မသွားဖြစ်တော့ဘူး”

“မသွားဖြစ်တော့ Membership က ကုန်သွားတယ်။ ကုန်သွားတော့ အခုလိုချိန် ဝင်ငွေလည်းနည်းနေတော့ Gym လည်း ကစားချင်တယ်။ ဘယ်လိုလုပ်ရင် ကောင်းမလဲ မသိဘူး။ Discount တွေဘာတွေ ပေးရင် ကောင်းမယ်ဆိုပြီး မသင်ဇာဝင့်ကျော်ကို ပြောတော့ မသင်ဇာက ပြောပေးတာ။ အဲ့ဒါနဲ့ Balance မှာ ထပ်ကစားဖြစ်တယ်”လို့ မီးနိုက ဧရာဝတီကို ပြောပါတယ်။

ဆက်လက်ပြီး သရုပ်ဆောင် သင်ဇာဝင့်ကျော်က မီးနိုရဲ့ Idol ဖြစ်တယ်လို့လည်း ဆိုပါတယ်။

“မသင်ဇာက မီးနိုရဲ့ Idol လည်း ဖြစ်တယ်။ မီးနိုကြိုက်တဲ့ မင်းသမီးဖြစ်တော့ သူ့ကိုတွေ့တာနဲ့ အရမ်းချစ်တယ်။ လေးလည်း လေးစားတယ်။ မီးနိုသီချင်းထဲမှာ အနှောင်အဖွဲ့ သီချင်းလေးကို သူကြိုက်တယ်လို့ ပြောတယ်။ တတိယအယ်လ်ဘမ် ကိုယ်တိုင်ထုတ်ဖို့ဆိုတာ ခက်ခဲနေတော့ မသင်ဇာကလည်း သူသိတဲ့ သိတွေနဲ့ ဆက်သွယ် ကူညီပေးမယ်လို့ ပြောတယ်”လို့ မီးနိုက ပြောပါတယ်။

သင်ဇာဝင့်ကျော်အပေါ် ပရိသတ်တွေရဲ့ ဝေဖန်မှုတွေ အမျိုးမျိုး ရှိပေမယ့် မီးနိုကတော့ ကိုယ်တိုင် ပေါင်းကြည့်မှ သူ့အကြောင်း သေချာသိရမယ်လို့ ဆိုပါတယ်။

“မသင်ဇာကို လက်တွေ့ပေါင်းကြည့်မှပဲ လူတယောက်အကြောင်း သိတာလေ။ အမြင်နဲ့ပဲ ဝေဖန်ကြတယ်။ အမြင်နဲ့ပဲ ဆုံးဖြတ်ကြတဲ့သူတွေကများတော့ မီးနိုကိုယ်တိုင် မသင်ဇာနဲ့ ပေါင်းကြည့်တော့ သူက တကယ်ကို သေသေသပ်သပ်နဲ့ အနေအထိုင် ပိရိတဲ့ မင်းသမီး တလက်ထဲမှာ ပါတယ်။ သူက ဆုံးဖြတ်ချက် ပြတ်သားတဲ့ထဲမှာလည်း ပါတယ်”

“သူက လူတိုင်းကို နွေးနွေးထွေးထွေး ဆက်ဆံတယ်။ ပေါင်းသင်းလာတဲ့ တောက်လျှောက် ကြုံတွေ့ခဲ့ရတာတွေကို မီးနိုကို သွန်သင်ဆုံးမတယ်။ မကောင်းတာနဲ့ ကောင်းတာကို လမ်းပြပေးတယ်။ တကယ်လည်း စိတ်ထားကောင်းတယ်။ မသင်ဇာကို သဘောကျတဲ့ အချက်လေးဆို သူက နွေးထွေးတတ်တာ၊ တခုခုဆိုရင် တယောက်တည်း မလုပ်ဘူး။ ဘေးကတယောက်ကို လက်တွဲခေါ်ချင်စိတ် ရှိတယ်”

“မသင်ဇာက မာနကြီးတာလည်း မရှိဘူး။ အဲ့ဒါလေးတော့ သဘောကျတယ်။ မီးနိုကို ဆုံးမချင်တာပြောချင်တာရှိရင်လည်း သူငယ်ချင်းတယောက်လို မဟုတ်ဘဲ ညီမလေးတယောက်လို ဆုံးမပါလို့ ပြောထားတယ်။ ညီမလေးတယောက်လိုပဲ သဘောထားတယ်”လို့ မီးနိုက ပြောပါတယ်။

မီးနိုကတော့ Melody World သီချင်းဆိုပြိုင်ပွဲကတဆင့် ဂီတလောကထဲကို ဝင်ရောက်လာခဲ့တာဖြစ်ပြီး Galaxy Star ပြိုင်ပွဲလည်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါသေးတယ်။ မီးနိုရဲ့ “အနှောင်အဖွဲ့” သီချင်းက သူ့ရဲ့ တကယ့် ခံစားချက်အစစ်ကို ရေးထားတာဖြစ်ပြီး ပရိသတ် အားပေးမှုတွေလည်း ရရှိခဲ့ပါတယ်။

You may also like these stories:

ကမ္ဘာ့အကျန်းမာဆုံးလူတွေဟာ Gym သွားလေ့ မရှိကြကြောင်း လေ့လာတွေ့ရှိ

အိမ်မပြန်ဖြစ်ဘဲ ပရဟိတတွေ လုပ်ကိုင်နေတဲ့ ထွန်းကိုကို

The post သင်ဇာဝင့်ကျော်နဲ့အတူ Gym ကစားနေတဲ့ အဆိုတော် မီးနို appeared first on ဧရာဝတီ.

Daejong ရုပ်ရှင်ဆုပေးပွဲမှာ ဆု ၅ ဆု ရခဲ့တဲ့ “Parasite”

$
0
0

အော်စကာဆုရ “Parasite” ရုပ်ရှင်ဟာ ဇွန်လ ၃ ရက်နေ့က ကျင်းပခဲ့တဲ့ အခုနှစ်အတွက် တောင်ကိုရီးယား ရုပ်ရှင်ဂုဏ်ပြုပွဲတပွဲ ဖြစ်တဲ့ Daejong ရုပ်ရှင်ဆုပေးပွဲမှာ အကောင်းဆုံးဇာတ်ကားဆု အပါအဝင် ဆု ၅ ဆု ရရှိခဲ့ပါတယ်။

ဆိုးလ်မြို့အရှေ့ပိုင်းမှာရှိတဲ့ Grand Walkerhill Seoul မှာ တံခါးပိတ် ကျင်းပခဲ့တဲ့ အဲ့ဒီ ဆုပေးပွဲမှာ ဒါရိုက်တာ Bong Joon-ho တို့အဖွဲ့ဟာ “အကောင်းဆုံး ဇာတ်ကားဆု”၊ “အကောင်းဆုံး ဒါရိုက်တာဆု”၊ “အကောင်းဆုံး ဇာတ်ညွှန်းဆု”၊ “အကောင်းဆုံး ဂီတဆု” တို့ကို ရရှိခဲ့ပါတယ်။ မင်းသမီး Lee Jung-eun ကတော့ “အကောင်းဆုံး ဇာတ်ပို့ မင်းသမီးဆု” ကို ရရှိခဲ့ပါတယ်။

ကိုယ်ရေးကိုယ်တာ ကိစ္စကြောင့် ပွဲကို တက်ရောက်နိုင်ခဲ့ခြင်း မရှိခဲ့တဲ့ ဒါရိုက်တာ Bong ကိုယ်စား “Parasite” ရုပ်ရှင် ထုတ်လုပ်သူ Kwak Sin-ae က “သမိုင်းကြောင်းရှည်လျားခဲ့ပြီဖြစ်တဲ့ Daejong ရုပ်ရှင်ဆုပေးပွဲရဲ့ အသိအမှတ်ပြုမှုကို ခံရတာ ဂုဏ်ယူရပါတယ်။ Parasite အနုပညာရှင်တွေ၊ ဝန်ထမ်းတွေနဲ့ ထုတ်လုပ်ရေး အဖွဲ့တွေအားလုံးကို ကျနော်ကျေးဇူးတင်ချင်ပါတယ်။ ကိုရီးယားရုပ်ရှင်ချစ်ပရိသတ်တွေရဲ့ ကောင်းမွန်တဲ့ အားပေးမှုနဲ့ ချစ်ခြင်းမေတ္တာကို ဂုဏ်ပြုပါတယ်” လို့ ဆိုပါတယ်။

“Parasite” ရုပ်ရှင်ဟာ ဆင်းရဲတဲ့ မိသားစုနဲ့ ချမ်းသာတဲ့ကြားက လူတန်းစားမညီမျှမှုအကြောင်း ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဆုပေါင်း ၁၁ ဆုအထိလျာထားခံခဲ့ရပြီးတဲ့နောက် အခုလို ဆု ၅ ဆုအထိ ရရှိခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက ကျင်းပခဲ့တဲ့ အော်စကာဆုပေးပွဲမှာလည်း အကောင်းဆုံး ဇာတ်ကားဆုနဲ့ အကောင်းဆုံး ဒါရိုက်တာဆု အပါအဝင် အော်စကာ ဆု ၄ ဆု ရရှိခဲ့ပါတယ်။

ကိန်းစ်ရုပ်ရှင်ပွဲတော်ရဲ့ အမြင့်ဆုံးဆုဖြစ်တဲ့ Palme d’Or ဆုကနေ စတင်လို့ ပြီးခဲ့တဲ့ နှစ်အတွင်းနိုင်ငံတကာ ရုပ်ရှင်ဆုပေးပွဲတွေကနေ ဆုပေါင်း ၁၅၀ ကျော်အထိ ဆွတ်ခူးရရှိထားပြီး ဖြစ်ပါတယ်။ တောင်ကိုရီးယား တနိုင်ငံတည်းမှာတင် ကြည့်ရှုသူ ၁၀ သန်းကျော်ရှိခဲ့ပြီး ဝင်ငွေကတော့ ဒေါ်လာ ၂၅၇ သန်း ရှိခဲ့ပါတယ်။

ဆုပေးပွဲမှာတော့ မင်းသား လီဗြောင်းဟွန်းက “Ashfall” ရုပ်ရှင်နဲ့ အကောင်းဆုံး မင်းသားဆု၊ “Kim Ji-young: Born 1982” ရုပ်ရှင်နဲ့ မင်းသမီး ဂျောင်ယူမီက အကောင်းဆုံး မင်းသမီးဆုတို့ကို ရရှိခဲ့ပါတယ်။ “Extreme Job” ရုပ်ရှင်ထဲက မင်းသား Jin Seon-kyu က အကောင်းဆုံး ဇာတ်ပို့ဆုကို ရရှိခဲ့ပါတယ်။

အကောင်းဆုံး တက်သစ်စ ဒါရိုက်တာဆုကို “House of Hummingbird” ဒါရိုက်တာ Kim Bora က ရရှိခဲ့ပါတယ်။ “Tune in for Love” ထဲက မင်းသား ဂျောင်ဟယ်အင်းနဲ့ “After My Death” ထဲက မင်းသမီး ဂျောင်ယောဘင်တို့က အကောင်းဆုံးတက်သစ်စမင်းသားနဲ့ မင်းသမီးဆုတွေကို အသီးသီးရရှိခဲ့ပါတယ်။

Grand Bell Awards လို့လူသိများတဲ့ Daejong ရုပ်ရှင်ဆုပေးပွဲကို မူလက ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ ပြုလုပ်ဖို့ စီစဉ်ထားခဲ့ပေမယ့် COVID -19 ကြောင့် ရွှေ့ဆိုင်းခဲ့ရတာ ဖြစ်ပါတယ်။

Ref: Yonhap

You may also like these stories:

ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံးဆုရ “Parasite” ရုပ်ရှင် ကြိုတင်လက်မှတ် ရောင်းအားကောင်းနေ

“Parasite” ရုပ်ရှင်ကို HBO ရဲ့ Limited စီးရီးအဖြစ် ပြန်လည်ဖန်တီးဖို့ ရှိနေ

YouTube မှာ Gold Play Button ရသွားတဲ့ မင်းသား ပတ်စောဂျွန်း

The post Daejong ရုပ်ရှင်ဆုပေးပွဲမှာ ဆု ၅ ဆု ရခဲ့တဲ့ “Parasite” appeared first on ဧရာဝတီ.

Viewing all 7343 articles
Browse latest View live