Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all 7343 articles
Browse latest View live

ရုပ်ရှင်သမိုင်းပြတိုက်မှာ ဓာတ်ပုံပါဝင်ခွင့်ရလို့ စိတ်လှုပ်ရှားနေတဲ့ အေးမြတ်သူ

$
0
0

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးရှိ ရုပ်ရှင်သမိုင်းပြတိုက်မှာ အနုပညာရှင်တယောက်အဖြစ် အသိအမှတ်ပြုခံရတာ စိတ်လှုပ်ရှားမိတယ်လို့ အကယ်ဒမီ အေးမြတ်သူက ပြောပါတယ်။

“မြန်မာ့ရုပ်ရှင်ဟာ နှစ် ၁၀၀ တောင် ပြည့်ပြီ။ ဒီထက်ကောင်းမွန်တဲ့ ဇာတ်ကားကောင်းတွေ ထုတ်ကြဦးမယ်လို့ မျှော်လင့်ပါတယ်။ အခုလို နှစ် ၁၀၀ ပြည့်မှာ ပါဝင်ခွင့်ရလို့ ဝမ်းသာသလို ကိုယ့်ကိုယ်ကိုယ်လည်း ဂုဏ်ယူမိပါတယ်။ ရုပ်ရှင်သမိုင်းပြတိုက်မှာ ကိုယ့်ပုံလေး ချိတ်ထားတော့ ရင်တွေ ခုန်ပြီး စိတ်တွေ လှုပ်ရှားတယ်။ အိပ်မက်ကြီးက ထပ်တူဖြစ်နေတယ်ဆိုတဲ့ ခံစားမှုကို ခံစားရတယ်”

“အဲ့လို ခံစားမှုမျိုးကလည်း ခံစားဖူးသူမှ သိမှာ။ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ရတယ်။ ကိုယ်လျှောက်ခဲ့တဲ့ လမ်းမှာ နှစ် ၁၀၀ ပြည့်တော့ သရုပ်ဆောင် တယောက်ဆိုတာထက် အကယ်ဒမီ မင်းသမီးတယောက်အနေနဲ့ ပါဝင်ခွင့်ရတယ်။ အရမ်းပျော်တယ်”လို့ အေးမြတ်သူက ပြောပါတယ်။

အတွေးတွေ များပြီး အိမ်ထောင်ပြုဖို့ကို တွန့်ဆုတ်လာတယ်ဆိုတဲ့ အေးမြတ်သူက ဒီအသက်အရွယ်မှာ မိုက်ရူးရဲစိတ် မရှိတော့ဘူးလို့ ဆိုပါတယ်။

“အရမ်းတွေးလွန်းလို့လည်း ဒီအသက် ဒီအရွယ်အထိ အခုလို ဖြစ်နေတာပါ။ အတွေးတွေ များလာတဲ့အခါမှာ အိမ်ထောင်ပြုဖို့ကို တွန့်ဆုတ်လာတယ်။ ဒီအသက်အရွယ်မှာ မိုက်ရူးရဲစိတ် မရှိတော့ဘူး။ ဖြစ်ချင်တာဖြစ်ဆိုတာ မရှိတော့ဘူး။ အဘက်ဘက်ကို အများကြီးတွေးရတာကြောင့်လည်း ပါမယ် ထင်တယ်”

“နောက်နှစ်ဆို ကိုယ်က အသက် ၃၅ နှစ်ဖြစ်နေပြီလေ။ မင်္ဂလာပွဲတွေကလည်း ဒီနှစ်မှာ မဆောင်ဖြစ်တဲ့သူတွေက နောက်နှစ်ကို အကုန်လုံးရွှေ့သွားပြီလေ။ ကိုယ်က အခုမှ စမှာဆိုတော့ အားလုံးထက် အလျှော့ပေးလိုက်တာပါ။ ကိုယ့်အသက် ကိုယ့်အရွယ်ကလည်း အချစ်ကို ရူးမိုက်ရမယ့် အရွယ် မဟုတ်ဘူးလေ” လို့ အေးမြတ်သူက ဆိုပါတယ်။

အခုချိန်မှာ ရင့်ကျက်လာပြီဆိုတဲ့ အေးမြတ်သူက မေတ္တာထားပေးတဲ့ ပရိသတ်ကိုလည်း ကျေးဇူးတင်ကြောင်း ဆိုပါတယ်။

“အရမ်းချစ်လို့ လက်ထပ်တယ် ဆိုတာမျိုးဟာ အေးမြတ်သူတို့အရွယ်မှာ ဖြစ်လို့ မရလောက်တော့ဘူးထင်တယ်။ ပရိသတ်တွေ မြန်မြန်နီးစပ်ပြီး အကောင်အထည်ပေါ်အောင် ဝိုင်းဆုတောင်းပေးကြပါဦး။ အေးမြတ်သူကို မေတ္တာပေးနေသူ အားလုံးကို ကျေးဇူးတင်ပါတယ်”

“အားလုံးရဲ့ မေတ္တာတွေကြောင့် အေးမြတ်သူ ရင့်ကျက်လာတယ်။ လိမ္မာလာတယ်။ အေးမြတ်သူမျှော်လင့်တဲ့ ဘဝတခုမှာ နေနေရတာက အများပြည်သူအားလုံးရဲ့ အပြုံးတချက် စကားတလုံး ပိုက်ဆံတကျပ်ကနေစပြီး ဖြစ်တာပါ။ အဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်။ ပရိသတ်တွေ စီးပွားတက်ဖို့ အမြဲ ဆုတောင်းပေးပါတယ်”လို့ အေးမြတ်သူက ပြောပါတယ်။

အေးမြတ်သူဟာ အနုပညာအလုပ်ကို အသက် ၁၉ နှစ်အရွယ်ကတည်းက စတင်လုပ်ကိုင်ခဲ့ပြီး အခုချိန်ထိ ရုပ်ရှင်ဇာတ်ကားတွေ၊ ဗီဒီယို ဇာတ်ကားတွေ၊ တီဗီကြော်ငြာပေါင်း များစွာ ရိုက်ကူးခဲ့ပါတယ်။ လက်ရှိမှာလည်း အကယ်ဒမီ အေးမြတ်သူအဖြစ် ပရိသတ် အားပေးမှုရရှိထားတဲ့ သရုပ်ဆောင် တဦး ဖြစ်ပါတယ်။

You may also like these stories:

ငွေကြေးပြဿနာတွေကြောင့် ဇိမ်ခံအိမ်ကို ပေါင်လိုက်ရတဲ့ Stephen Chow

ထရမ့် စုဝေးပွဲကို TikTok သုံးသူတွေနဲ့ K-pop ပရိသတ်တွေ အယောင်ဆောင် စာရင်းပေး

တောင်ကိုရီးယားနိုင်ငံရဲ့ ၂၅ ကြိမ်မြောက် Chunsa ရုပ်ရှင်ထူးချွန်ဆုပေးပွဲ

The post ရုပ်ရှင်သမိုင်းပြတိုက်မှာ ဓာတ်ပုံပါဝင်ခွင့်ရလို့ စိတ်လှုပ်ရှားနေတဲ့ အေးမြတ်သူ appeared first on ဧရာဝတီ.


အနုပညာရှင်လက်သစ်များကို တန်ဖိုးထားပြီး အားပေးကြဖို့ လွှမ်းပိုင်ပြော

$
0
0

အဆိုတော် လွှမ်းပိုင်ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းက ထွက်ရှိခဲ့တဲ့ အဆိုတော် Shine ရဲ့ အဖေနဲ့ ပတ်သက်ပြီး ရေးသားထားတဲ့ “၁၉၉၀” သီချင်းကို နားထောင်ပြီး ချီးကျူးစကားဆိုထားပါတယ်။

“Shine ဟာ ကျနော်သိထားတဲ့ လက်ရှိလူငယ် အနုပညာရှင်တွေထဲမှာ ပါရမီ အပြည့်ရှိတဲ့ လူငယ်တယောက်ပါ။ ပြည်တွင်း Artist တွေထဲမှာ Different One Music လို့ သူပြောသလိုပဲ တကယ်ကို ကွဲပြားခြားနားပြီး ကျနော် ကြိုက်နှစ်သက်ရတဲ့ Artist တယောက်ပါ” လို့ လွှမ်းပိုင်က ပြောပါတယ်။

သီချင်းရေးတဲ့ တေးရေးဆရာ တော်တော်များကို သိပြီး အချစ်သီချင်းများ၊ အပျော်သီချင်းများ ရေးရတာလွယ်ပေမယ့် မိဘ၊ သူငယ်ချင်း သံယောဇဉ်ကို ဖော်ကျူးတဲ့ သီချင်းများကိုတော့ တဖက်လူရဲ့ ရင်ထဲရောက်အောင် ရေးနိုင်ဖို့က မလွယ်ဘူးလို့ ဆိုပါတယ်။

“သီချင်းရေးတဲ့ တေးရေး တော်တော်များများ သိပါတယ်။ အချစ်သီချင်း ရေးရတာ၊ အပျော်သီချင်း ရေးရတာ လွယ်ပေမယ့် မိဘ၊ သူငယ်ချင်းအစရှိတဲ့ သံယောဇဉ်ကို ဖော်ကျူးတဲ့ သီချင်းတွေ ရေးတဲ့အခါ တော်ရုံတန်ရုံနဲ့ တဖက်လူ ရင်ထဲရောက် အောင်ရေးဖို့ မလွယ်သလို တေးရေးသူကလည်း တကယ်ရင်ထဲက ခံစားချက်အပြည့်နဲ့ ရေးမှရတာမျိုး ဖြစ်ပါတယ်” လို့ လွှမ်းပိုင်က ပြောပါတယ်။

“ဒါပေမဲ့ ဒီသီချင်းကိုတော့ Shine က လုံးဝ နားထောင်သူ ရင်ထဲရောက်အောင် ရေးနိုင်ရုံမက တေးသံစဉ်ကလည်း အများထင်သလို ဆွေးနေတဲ့သံစဉ်မျိုး မဟုတ်ဘဲ ဆွေးသွားအောင် ဖန်တီးနိုင်တဲ့ သူ့အနုပညာကတော့ တော်တော်ကြမ်းလွန်းလို့ ဒီစာနဲ့ ကျနော် ဂုဏ်ပြုချင်ပါတယ်ဗျာ”လို့ လွှမ်းပိုင်က ဆိုထားပါတယ်။

အဆိုတော် ရှိုင်း (ဓာတ်ပုံ – SHINE’s Facebook)

အဆိုတော် ရှိုင်းကတော့ “၁၉၉၀ “ ဆိုတဲ့သီချင်းကို ကိုယ်တိုင်ရေးသား သီဆိုထားတာဖြစ်ပြီး ဖခင်ဖြစ်သူရဲ့ လူငယ်ဘဝအကြောင်းနဲ့ သူဖြတ်သန်းရောက်ရှိနေတဲ့ လူငယ်ဘဝအကြောင်းကို ရေးသားထားတာပဲ ဖြစ်ပါတယ်။

“ကျနော်တို့နိုင်ငံမှာ ဒီလိုတော်တဲ့ အနုပညာရှင်လက်သစ်တွေကို မီဒီယာများ၊ ပရိသတ်များအနေနဲ့ များစွာ Support လုပ်ပေးဖို့ လိုပါတယ်။ အားပေးပါ။ တန်ဖိုးထားပါ။ ဒါတကယ့်ကို အနုပညာရှင်အစစ်ပါ”လို့ လွှမ်းပိုင်က ပြောပါတယ်။

ရှိုင်းကတော့ “Now & Ever “ ရုပ်ရှင်ဇာတ်ကားရဲ့ ဇာတ်ဝင်တေးတပုဒ်ဖြစ်တဲ့ “လူယောင်ဆောင်” သီချင်းကိုလည်း ပရိသတ်များ ကြိုက်နှစ်သက်ခဲ့ကြပြီး တကိုယ်တော်အခွေ “Perfector” လည်း ထွက်ရှိထားပါတယ်။

You may also like these stories:

ဘင်ဂျမင်ဆုမ်းရဲ့ သီချင်းအသစ်ကို ချီးကျူးလိုက်တဲ့ ဖြူဖြူကျော်သိန်း

Limit မလုပ်ရတဲ့ ဂိမ်းတွေကို ကြိုက်တဲ့ အဆိုတော် လွှမ်းပိုင်

The post အနုပညာရှင်လက်သစ်များကို တန်ဖိုးထားပြီး အားပေးကြဖို့ လွှမ်းပိုင်ပြော appeared first on ဧရာဝတီ.

COVID -19 ကြောင့် ရွှေကမ္ဘာလုံးဆုပေးပွဲကို ရွှေ့ဆိုင်း

$
0
0

မကြာသေးခင်တုန်းက အော်စကာဆုပေးပွဲကို ၂ လလောက် နောက်ဆုတ်လိုက်တယ်လို့ ကြေညာခဲ့ပြီးနောက် ရုပ်ရှင်နဲ့ ရုပ်သံဆိုင်ရာ ကမ္ဘာကျော် ဆုပေးပွဲဖြစ်တဲ့ ရွှေကမ္ဘာလုံးဆုပေးပွဲကို ရွှေ့ဆိုင်းလိုက်တယ်လို့ ဇွန်လ ၂၂ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

ဟောလိဝုဒ်ရဲ့ ဆုပေးပွဲရာသီကို စတင်ဖွင့်လှစ်မယ့် ရွှေကမ္ဘာလုံး ဆုပေးပွဲကို ပုံမှန် ဇန်နဝါရီလ ပထမဆုံးတနင်္ဂနွေနေ့မှာ ပြုလုပ်လာခဲ့ရာကနေ အခုတော့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှ ကျင်းပတော့မှာ ဖြစ်တယ်လို့ ဆုချီးမြှင့်ရေးအဖွဲ့ဖြစ်တဲ့ ဟောလိဝုဒ် နိုင်ငံခြားမီဒီယာအသင်း (HFPA ) က ပြောဆိုခဲ့ပါတယ်။

ရုပ်ရှင်လုပ်ငန်းရဲ့ အမြင့်ဆုံး ဂုဏ်ပြုဆုပေးပွဲဖြစ်တဲ့ အော်စကာဆုပေးပွဲကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကနေ ဧပြီလ ၂၅ ရက်နေ့အထိ ရွှေ့ဆိုင်းလိုက်ပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လလယ်လောက်ကစလို့ ကမ္ဘာတဝန်းမှာ ရှိတဲ့ ရုပ်ရှင်ရုံတွေကို ပိတ်လိုက်ရတဲ့အပြင် ရိုက်ကူးရေး လုပ်ငန်းတွေလည်း ရပ်နားလိုက်ရတာကြောင့် ရုပ်ရှင်ထုတ်လုပ်သူတွေအနေနဲ့ သူတို့ရဲ့ ဇာတ်ကားတွေကို အပြီးသတ်နိုင်ဖို့ အော်စကာဆုပေးပွဲကို ရွှေ့ဆိုင်းလိုက်ရတာဖြစ်တဲ့အကြောင်း ရုပ်ရှင်အနုပညာနဲ့ သိပ္ပံံအကယ်ဒမီ အဖွဲ့က ဆိုပါတယ်။

HFPA အဖွဲ့ကတော့ ရွှေကမ္ဘာလုံးဆု ဆန်ခါတင်စာရင်း ထုတ်ပြန်မယ့်ရက်နဲ့ ဆုရွေးချယ်မယ့် အချက်အလက် အသေးစိတ်ကိုလည်း မကြာခင် သီတင်းပတ်တွေအတွင်းမှာ ကြေညာပေးမယ်လို့ ဆိုပါတယ်။

Beverly Hills မှာ ပြုလုပ်မယ့် ရွှေကမ္ဘာလုံးဆုပေးပွဲကို ဟာသပညာရှင်တွေဖြစ်တဲ့ Tina Fey နဲ့ Amy Poehler တို့က အစီအစဉ် တင်ဆက်သူအဖြစ် ဆောင်ရွက်ကြမှာဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံရဲ့ Bafta ပွဲလိုမျိုး တခြားဆုပေးပွဲတွေကိုလည်း ၂၀၂၁ ခုနှစ်အတွင်း ကျင်းပမယ့် အော်စကာဆုပေးပွဲနဲ့ ကပ်ပြီး ကျင်းပဖို့ ပြောင်းလဲ စီစဉ်ထားပါတယ်။

လော့စ်အင်ဂျလိစ် ဒေသမှာ ရိုက်ကူးမယ့် ဟောလိဝုဒ် ရုပ်ရှင်နဲ့ ရုပ်သံအစီအစဉ်တွေကို လူအချင်းချင်း ခပ်ခွာခွာနေရေးနဲ့ မကြာခဏ စစ်ဆေးမှုလုပ်ဆောင်ရေးဆိုင်ရာ အသေးစိတ် ညွှန်ကြားချက်တွေနဲ့အတူ လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်ကစလို့ လုပ်ငန်းတွေ ပြန်စခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံမှာရှိတဲ့ အဓိက ရုပ်ရှင်လုပ်ငန်း ၃ ခုကတော့ လူအချင်းချင်း ခပ်ခွာခွာနေရေး စည်းမျဉ်းတွေနဲ့ ရုပ်ရှင်လာကြည့်သူတိုင်း နှာခေါင်းစည်း ဝတ်ဆင်လာရေး သတ်မှတ်ချက်တွေနဲ့ လာမယ့် ဇူလိုင်လ ၁၀ ရက်နေ့ ပြန်ဖွင့်မယ်လို့ ဆိုပါတယ်။

Ref: asiaone

You may also like these stories:

ရွှေကမ္ဘာလုံးဆုပေးပွဲကို ဒေါ်လာ ၅ သန်းတန် စိန်လည်ဆွဲဝတ်ပြီး ပွဲတက်ခဲ့တဲ့ လေဒီဂါဂါ

COVID-19 ကြောင့် ကိန်းစ်ရုပ်ရှင်ပွဲတော်ကို ဇွန်လကုန်အထိ ရွှေ့ဆိုင်းထား

The post COVID -19 ကြောင့် ရွှေကမ္ဘာလုံးဆုပေးပွဲကို ရွှေ့ဆိုင်း appeared first on ဧရာဝတီ.

ဘရက်ပစ်နဲ့ လမ်းခွဲခဲ့တဲ့ အကြောင်းရင်းကို ထုတ်ပြောလာတဲ့ ဂျိုလီ

$
0
0

မင်းသမီး အန်ဂျလီနာဂျိုလီက ခင်ပွန်းဟောင်း ဘရက်ပစ်နဲ့ လမ်းခွဲလိုက်တဲ့အကြောင်းရင်းကို အခုလို ဖွင့်ဟ ပြောဆိုခဲ့ပါတယ်။ ကလေး ၆ ဦးနဲ့ ဂျိုလီ သူ့ရဲ့ ကိုယ်စိတ် နှလုံး ကျန်းမာ၊ ချမ်းသာရေးကြောင့် မင်းသားနဲ့ အိမ်ထောင်ရေးကို အဆုံးသတ်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်တဲ့အကြောင်း ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့ပါတယ်။

သူ့ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ ဂျိုလီက “ကျမ မိသားစုရဲ့ ကျမ်းမာ၊ ချမ်းသာရေးကြောင့် လမ်းခွဲခဲ့တာပါ။ ဒါဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပါ။ သူတို့တွေ စိတ်သက်သာရရစေဖို့ပဲ ကျမ ဆက်ပြီး အာရုံစိုက်မှာပါ” လို့ ဆိုပါတယ်။

အသက် ၄၅ နှစ်အရွယ် မင်းသမီးက သူ့ရဲ့ အိမ်ထောင်ရေး အကွဲအပြဲ ဇာတ်လမ်းနဲ့ ပတ်သက်လို့ အချိန်ကာလတခုအထိ နှုတ်ဆိတ်နေခဲ့ပေမယ့် အခုတော့ တကယ့်ဖြစ်နေတဲ့ အရာတွေထဲမှာ လိမ်ညာမှုတွေတော်တော်များများရှိနေတယ်လို့ ဝန်ခံခဲ့ပါတယ်။

“တချို့က ကျမ နှုတ်ဆိတ်နေတာကို အခွင့်ကောင်းယူကြတယ်။ ပြီးတော့ ကလေးတွေက မီဒီယာတွေမှာ သူတို့တွေနဲ့ ပတ်သက်တဲ့ အဲ့ဒီ အလိမ်အညာတွေကို မြင်တွေ့ခဲ့ကြတယ်။ ဒါပေမဲ့ ကျမကတော့ သူတို့ရဲ့ တကယ့် အမှန်တရားနဲ့ စိတ်ကို သိစေဖို့ ပြောထားတယ်။ ပြောရရင်တော့ သူတို့လေးတွေက တကယ့်ကို ရဲစွမ်းသတ္တိရှိပြီး တော်တော်လေး ကြံ့ခိုင်တဲ့ လူငယ်လေး ၆ ယောက်ပါ” လို့ ဂျိုလီက ဆိုပါတယ်။

ကလေးတွေထဲက တချို့ကို မွေးစားဖြစ်ခဲ့တဲ့အကြောင်းနဲ့ သူတို့နဲ့အတူ ဘဝခရီးလမ်း ဖြတ်သန်းရတာ ဘယ်လောက် စိတ်လှုပ်ရှားဖို့ကောင်းလဲဆိုတာကိုလည်း ဂျိုလီက ပြောဆိုခဲ့ပါတယ်။

Vogue မဂ္ဂဇင်းရဲ့ အိန္ဒိယ Edition ကို ပြောကြားရာမှာ မင်းသမီးက “မိသားစုတခု ဖြစ်လာဖို့အတွက် တယောက်ချင်းစီမှာ လှပတဲ့ ပုံစံလေးတွေ ရှိပါတယ်။ အရေးကြီးတာဘာလဲဆိုတော့ အားလုံးကို ပွင့်ပွင့်လင်းလင်းရှိပြီး မျှဝေဖို့ပါပဲ။ မွေးစားတယ်ဆိုတာနဲ့ မိဘမဲ့ဆိုတာ ကျမတို့ အိမ်မှာတော့ အပြုသဘောဆောင်တဲ့ စကားလုံးတွေပါ”

“ကျမရဲ့ မွေးသားထားတဲ့ ကလေးတွေရှေ့မှာ ကိုယ်ဝန်ဆောင်တယ်ဆိုတဲ့အကြောင်း ကျမ မပြောပါဘူး။ ဒါပေမဲ့ သူတို့ကို ရှာဖွေခဲ့တဲ့အကြောင်း ချစ်မေတ္တာတွေ အသေးစိတ် အချက်အလက်တွေကိုတော့ ကျမ ပြောဖြစ်ပါတယ်” လို့ ဆိုပါတယ်။

ဆက်ပြီး သူက “မွေးစားထားတဲ့ ကလေးတွေ အားလုံးက ရှင်တို့ ကြုံနေရတဲ့ ကမ္ဘာကြီးရဲ့ လှပဆန်းကြယ်မှုတွေကနေပဲ လာတာပါ။ သူတို့တွေက ထူးခြားပြီး ပြည့်ဝတဲ့ တခြားလူမျိုးနဲ့ နိုင်ငံခြားမြေကနေ လာတာဖြစ်မယ်။ သူတို့တွေအတွက်ကတော့ သူတို့တွေ ဘယ်ကလာသလဲဆိုတာကို ဘယ်တော့မှ မမေ့ပျောက်သင့်တဲ့အရာပါ”

“ရှင်တို့ဆီမှာ မရှိတဲ့ အချက်တွေ သူတို့ဆီမှာ ရှိပါတယ်။ သူတို့အတွက် ဂုဏ်ယူပါ။ သူတို့ဆီကနေ သင်ယူပါ။ သူတို့နဲ့ မျှဝေရတာ တော်တော်လေးကို ထူးခြားပါတယ်။သူတို့က ကျမ ကမ္ဘာထဲကို ဝင်လာတာ မဟုတ်ပါဘူး။ ကျမတို့က သူတို့ တယောက်ချင်းစီရဲ့ ကမ္ဘာထဲကို ဝင်သွားတာပါ” လို့ ဖြေကြားခဲ့ပါတယ်။

Ref: asiaone

You may also like these stories:

COVID -19 ကြောင့် ရွှေကမ္ဘာလုံးဆုပေးပွဲကို ရွှေ့ဆိုင်း

အနုပညာရှင်လက်သစ်များကို တန်ဖိုးထားပြီး အားပေးကြဖို့ လွှမ်းပိုင်ပြော

ရုပ်ရှင်သမိုင်းပြတိုက်မှာ ဓာတ်ပုံပါဝင်ခွင့်ရလို့ စိတ်လှုပ်ရှားနေတဲ့ အေးမြတ်သူ

The post ဘရက်ပစ်နဲ့ လမ်းခွဲခဲ့တဲ့ အကြောင်းရင်းကို ထုတ်ပြောလာတဲ့ ဂျိုလီ appeared first on ဧရာဝတီ.

ရုပ်သံအစီအစဉ်မှာ တန်ဖိုးကြီးအိမ်ကို ပြခဲ့တဲ့ မင်းသား ယူအာအင်း

$
0
0

MBC ရုပ်သံကနေ ထုတ်လွှင့်နေတဲ့ “I Live Alone” အစီအစဉ်မှာ မင်းသား ယူအာအင်း (Yoo Ah-in) ပထမဆုံးအကြိမ် ပါဝင်လာပါတယ်။ ဒေါ်လာ ၅ သန်းနီးပါး တန်ဖိုးရှိတဲ့ သူနေထိုင်ရာ အိမ်ကြီးကို ဇွန်လ ၁၉ ရက်က အစီအစဉ်မှာ ပြသလိုက်တာပါ။

ရုပ်သံအစီအစဉ်တွေမှာ မြင်ရခဲတဲ့ ယူအာအင်းကို “I Live Alone” အစီအစဉ်မှာ ပထမဆုံးအကြိမ် ပါဝင်မယ်ဆိုကတည်းက စိတ်ဝင်စားနေကြပြီး မီဒီယာတွေကလည်း အပြိုင်အဆိုင် ဖော်ပြခဲ့ကြပါတယ်။ ဒါကြောင့်လည်း ကျော်ကြားသူတွေရဲ့ နေ့စဉ်ဘဝ ဖြတ်သန်းပုံတွေကို ရိုက်ကူးပြသထားတဲ့ “I Live Alone” အစီအစဉ်ရဲ့ ယူအာအင်း အပိုင်းဟာ ကြည့်ရှုနှုန်း မြင့်တက်ခဲ့ပါတယ်။

အဓိက စိတ်ဝင်စားခဲ့ကြတဲ့ သူ့ရဲ့ ဆိုဒ်လွန် အိပ်ရာကြီးနဲ့ မြင်ရလေ့ မရှိတဲ့ မျက်မှန်အထူကြီး တပ်ထားတဲ့ ပုံရိပ်တွေကြောင့် အစီအစဉ် တင်ဆက်သူတွေပါ အံ့သြခဲ့ရပါတယ်။ “ကျနော်က မျက်စိအမြင် သိပ်မကောင်းဘူး။ တပ်ထားတဲ့မျက်မှန်ဆို ပုံမှန်ထက် ၃ ဆ ပိုပါးအောင် လုပ်ထားရတာ” လို့ ယူအာအင်းက ပြောပြခဲ့ပါတယ်။

“ကျနော် အရင်က မန်နေဂျာနဲ့အတူတူ ဒယ်ဂူမှာ နေခဲ့တာပါ။ နောက်အရွယ်ရောက်တော့ ကိုယ့်ဘာသာ တယောက်တည်းပဲ နေဖြစ်ခဲ့တယ်။ နှစ်တိုင်းနီးပါး တအိမ်ပြီးတအိမ် ပြောင်းခဲ့တာ ၁၀ ကြိမ်လောက် ရှိတယ်။ ဒီအိမ်မှာနေတာကတော့ ၅ နှစ်လောက် ရှိပြီ” လို့ ယူအာအင်းက သူ့အကြောင်းကို ပြောပြခဲ့ပါတယ်။

အစီအစဉ်မှာ နောက်ထပ် အံ့သြမှင်သက်စရာကတော့ တန်ဖိုးကြီးပစ္စည်းတွေနဲ့ မွမ်းမံထားတဲ့ ၃ ထပ် အိမ်ကြီးရဲ့ အခန်းတွင်း အပြင်အဆင်တွေနဲ့ နောက်ဆုံးပေါ် ခေတ်မီ မီးဖိုးချောင်နဲ့ ထမင်းစားခန်း၊ မှန်နံရံတွေနဲ့ ဝိုင်ခန်း၊ ပထမထပ်က ဥယျာဉ် အငယ်စားလေးက တကယ့်ကို ခမ်းနားလွန်းပါတယ်။

“အိမ်အလှဆင်တဲ့ ဒီဇိုင်းကတော့ တသတ်မတ်တည်း မရှိဘူး။ အမျိုးစုံ စုနေတာ။ ကျနော်ကြိုက်တာလေးတွေကို တခုချင်းစီ ပြင်ထားတာပါ” လို့ သူ့အိမ် အပြင်အဆင်နဲ့ ပတ်သက်ပြီး ယူအာအင်းက ပြောပြခဲ့ပါတယ်။

ဒါ့အပြင် အိမ်ခန်းတွေထဲမှာ မင်းသား ကြိုက်နှစ်သက်တဲ့ အနုပညာ လက်ရာတွေနဲ့ အလှဆင်ထားတာက တကယ့်ကို ပြခန်း အသေးစားလေး ပုံစံအတိုင်းပါပဲ။ ဒုတိယထပ်မှာ သူကြိုက်နှစ်သက်ရာ အနုပညာခန်းနဲ့ အချစ်တော် ကြောင်တွေအတွက် ရေချိုးခန်း ထားရှိပေးထားပြီး တတိယထပ်မှာတော့ အိပ်ခန်း၊ ရေချိုခန်းနဲ့ အဝတ်ဗီရိုတွေ ရှိပါတယ်။

“ကျနော် ကြောင်တွေ မမွေးခင်တုန်းက ဘယ်သူ့ကိုမှ တရင်းတနှီး မနေဖူးဘူး။ ကိုယ့်အတွက်ပဲ ကိုယ်ကြည့်တတ်တယ်။ တဖက်သားကိုလည်း နားလည်ပေးရမှာ၊ အားနာတာမျိုးတွေ မရှိခဲ့ဘူး။ အခုတော့ ကျနော် ဂရုစိုက်ပေးတတ်လာတယ်” လို့ ယူအာအင်းက ဆိုပါတယ်။

ဒါ့အပြင် မင်းသား ယူအာအင်းက နေ့စဉ်လုပ်နေကျ ကိုယ်လက်လေ့ကျင့်ခန်း အကြောင်းတွေ မျှဝေပေးခဲ့တဲ့အပြင် ကိုယ်တိုင်တယောက်တည်း ညစာချက်ပြုတ် ပြင်ဆင်တာတွေပါ မြင်တွေ့ခဲ့ကြမှာပါ။ နောက်ထပ် လာမယ့် “I Live Alone” အပိုင်းသစ်ကိုတော့ ဇွန်လ ၂၆ ရက်မှာ ပြသပေးသွားမှာ ဖြစ်ပါတယ်။

Ref: Soompi

You may also like these stories:

ရုပ်ရှင်သမိုင်းပြတိုက်မှာ ဓာတ်ပုံပါဝင်ခွင့်ရလို့ စိတ်လှုပ်ရှားနေတဲ့ အေးမြတ်သူ

COVID -19 ကြောင့် ရွှေကမ္ဘာလုံးဆုပေးပွဲကို ရွှေ့ဆိုင်း

အနုပညာရှင်လက်သစ်များကို တန်ဖိုးထားပြီး အားပေးကြဖို့ လွှမ်းပိုင်ပြော

The post ရုပ်သံအစီအစဉ်မှာ တန်ဖိုးကြီးအိမ်ကို ပြခဲ့တဲ့ မင်းသား ယူအာအင်း appeared first on ဧရာဝတီ.

လက်လှမ်းမှီသလောက် ဈေးရောင်းတာကို အပြစ်မမြင်စေချင်တဲ့ ရဲလေးမ

$
0
0

အနုပညာအလုပ်များ နည်းပါးလာပြီးတဲ့ နောက်ပိုင်းမှာ စားဝတ်နေရေး အခက်အခဲကြောင့် မုန့်ဟင်းခါးဆိုင်အပြင် နောက်ထပ် စီးပွားရေးပါ လုပ်ကိုင်မယ်လို့ ဇာတ်ပို့ သရုပ်ဆောင် ရဲလေးမက ဆိုပါတယ်။ ဒီလို ရောင်းချတာကို အပြစ်မမြင်ကြဖို့လည်း ရဲလေးမက အခုလို ပြောပါတယ်။

“အခု ကိုဗစ်ဖြစ်နေတော့ ဆိုင်ကိုတော့ နားလည်သလောက်လေး ကာကွယ်တဲ့ အနေနဲ့ လုပ်ထားပြီး နေ့လယ်ဘက်မှာပဲ ဖွင့်ပါတယ်။ ကျနော့် အစ်ကိုက ဆေးရုံပြန်တက်နေရတော့ မနက်ပိုင်းကို ဆိုင်ဖွင့်ချင်တာ၊ မဖွင့်ဖြစ်သေးဘူး။ ကျနော့်ဆိုင်ကို မနက်ရော နေ့ခင်းရော ဖွင့်မယ်။ နောက်ထပ်လည်း ရန်ကုန်မှာ ရောင်းလေ့ မရှိတာလေးတွေလည်း ရောင်းမယ်”

“ကျနော်တို့ အနုပညာရှင်တွေဆိုတာ တခြားနေရာတွေမှာ အလုပ်သွားလုပ်ဖို့ အဆင်မပြေတဲ့ အပိုင်းတွေ ရှိတယ်။ ကျနော်တို့ လက်လှမ်းမှီသလောက် ဈေးလေး ရောင်းကြတယ်။ လက်လှမ်း မှီသလောက် ဈေးတွေ ရောင်းနေတာကို တမျိုး မမြင်ပါနဲ့။ အနုပညာရှင်ဆိုတာ အနုပညာလုပ်ရမှ ပျော်တာ။ ဒီလို ဈေးတွေ ရောင်းကြတာလည်း မဖြစ်လို့သာ လုပ်နေရတာပါ” လို့ ရဲလေးမက ပြောပါတယ်။

အခုလို ကျပ်တည်းတဲ့ အချိန်ကာလမှာ ရှိတဲ့ ရွှေကို ရောင်းစားလိုက်ရပြီး အနုပညာ ပြန်လုပ်ခွင့်ရရင် အဆင်ပြေသွားမှာပါလို့ ရဲလေးမက ဆိုပါတယ်။

“အနုပညာ ပြန်လုပ်ခွင့်ရရင်လည်း လုပ်ချင်မှသာ လုပ်ကြမှာပါ။ လတ်တလော ဝမ်းရေး၊ မိသားစု ရှိကြသေးလို့ တဖက်က ဝင်ငွေလေးရအောင် လုပ်ကြတာကိုတော့ နားလည်ပေးကြပါလို့ ပြောချင်တယ်။ ကျနော်တို့ ရိုက်ကူးရေးတွေလည်း ပြန်စပါစေလို့ ဆုတောင်းပါတယ်။ ကျနော်တို့ မရိုက်ရလည်း တခြားသူတွေက ဒါလေး မှီစားနေရတာ ရှိတယ်။ တော်တော်များများ စီးပွားရေး အဆင်မပြေကြဘူး”

“ကျနော်တို့က မုန့်ဟင်းခါးလေး ရောင်းလိုက်တော့ ဒုက္ခတော့ မဖြစ်သွားဘူး။ ကျပ်ကျပ်တည်းတည်းတော့ ဖြစ်သွားတယ်။ စုဆောင်းထားတဲ့ ရွှေလေးတွေတော့ ရောင်းစားရတာပေါ့”လို့ ရဲလေးမက ပြောပါတယ်။

ရဲလေးမကတော့ သူ့ရဲ့ အခက်အခဲတွေကို မျှဝေခံစားပေးတဲ့ ပရိသတ်တွေက သူ့ကို ကူညီပေးကြသလို ပရိသတ်ကိုလည်း အပူမကူးစေချင်ဘူးလို့ ဆိုပါတယ်။

“ကျနော့် အစ်မ အိမ်ဘေးလေးမှာ အဖီလေးချပြီး နေရလို့ အဆင်ပြေသွားပါတယ်။ ကိုဗစ်ကာလမှာ ကျနော်တို့လည်း တော်တော်လေးကို ဒုက္ခရောက်သွားတာပါ။ ကျနော့် သတင်းလေးတွေ တက်လာရင် ကျနော် ဖြစ်နေတဲ့ သောကလေးတွေ မျှဝေပြီးခံစားပေးကြတယ်။ တချို့လည်း ကူညီပါတယ်။ ကိုယ့်ကိုချစ်လို့ ပရိသတ်ပေးတဲ့ လက်ဆောင်တွေ ရရှိထားပါတယ်။ ငိုပြတိုင်း ရတယ်ဆိုပြီး မဟုတ်ပါဘူး”

“ကျနော့်ကို အထင်လွဲကောင်း ရှိလိမ့်မယ်။ ကျနော့် အခက်အခဲကို မတင်ပြပါဘူး။ ကိုယ့်ကို ချစ်တဲ့သူတွေလည်း အပူမကူးစေချင်ဘူး။ ကျနော်တို့ အနုပညာရှင်က ပရိသတ်က သဒ္ဓါလို့ကျွေး သေဆေးတောင် စားရတယ်။ သဒ္ဓါကြေးပဲ စားချင်ပါတယ်။ နောက်ပိုင်း အင်တာဗျူးတွေတောင် မဖြေချင်ပါဘူး။ ချေတာလည်း မဟုတ်ပါဘူး။ အထင်လွဲမှာ ကြောက်လို့ပါ”လို့ ရဲလေးမက ပြောပါတယ်။

ဆက်လက်ပြီး ရဲလေးမက အခုလို အခက်အခဲတွေကို ပြောပြတဲ့အပေါ် ပရိသတ်ကို အထင်မလွဲစေချင်ဘဲ မလိမ်ညာဘဲ အရှိကို အရှိအတိုင်း ပြောပြတာဖြစ်တယ်လို့ ဆိုပါတယ်။

“ကျနော့် အခက်အခဲလေးတွေ ပြောပြတယ်ဆိုတာက အရှိရှိတိုင်းပဲ ပြောချင်တယ်။ လိမ်ညာပြီးမှ မပြောချင်ဘူး။ အဲ့ဒါကြောင့် ကျနော့်ကို အထင်မလွဲစေချင်ဘူး။ ကျနော်ပူလို့ လိုက်ပူပြီး ချစ်ပေးကြတဲ့ ပရိသတ်ကိုလည်း ဘုရားနဲ့ တကိုင်းတည်း ထားပါတယ်။ ကျနော့် ပရိသတ်တွေအတွက်လည်း နိုင်သလောက် လှူပေးပါတယ်။ ကျနော့်ကို အထင်လွဲတဲ့ အတွေးတွေလည်း မတွေးပါနဲ့”

“မီဒီယာနဲ့ဆိုလည်း ကျနော်တို့က ပေါင်းကူးတံတား ဖြစ်တယ်။ ကျနော်တို့ ဘာလုပ်ကိုင်နေတယ်ဆိုတာ ချပြချင်တာက လွဲလို့ အပူမကူးစေချင်ပါဘူး။ တခါတလေတော့ ပြောနေတာတွေကို စိတ်မကောင်းရင် ငိုမိတယ်”လို့ ရဲလေးမက ပြောပါတယ်။

ရဲလေးမကတော့ ဒေါ်ထားအဖွဲ့မှ ဇာတ်ပို့ ဇာတ်ရံ သရုပ်ဆောင် တဦးဖြစ်ပါတယ်။ မိန်းမလျာ ဇာတ်ရုပ်တွေမှာ အတွေ့ရများတဲ့ ရဲလေးမကို ဟာသ သရုပ်ဆောင်အဖြစ် လူသိများပါတယ်။ ဗီဒီယိုကားတွေမှာ ပါဝင် သရုပ်ဆောင်တဲ့ ရဲလေးမက ဗီဒီယိုကားတွေ အရိုက်ပါးသွားချိန်မှာ မုန့်ဟင်းခါး ရောင်းခဲ့ပြီး ပရိသတ်တွေ အားပေးခဲ့ကြပါတယ်။

You may also like these stories:

ရုပ်သံအစီအစဉ်မှာ တန်ဖိုးကြီးအိမ်ကို ပြခဲ့တဲ့ မင်းသား ယူအာအင်း

ဘရက်ပစ်နဲ့ လမ်းခွဲခဲ့တဲ့ အကြောင်းရင်းကို ထုတ်ပြောလာတဲ့ ဂျိုလီ

COVID -19 ကြောင့် ရွှေကမ္ဘာလုံးဆုပေးပွဲကို ရွှေ့ဆိုင်း

The post လက်လှမ်းမှီသလောက် ဈေးရောင်းတာကို အပြစ်မမြင်စေချင်တဲ့ ရဲလေးမ appeared first on ဧရာဝတီ.

“ရိုက်ကူးရေးတွေ ပြန်စမယ် ကြားတာ ထီပေါက်သလိုပါပဲ”လို့ သူဇာပွင့် ပြော

$
0
0

COVID-19 ကပ်ရောဂါကြောင့် ရိုက်ကူးရေးတွေ နားထားရပေမယ့် ရိုက်ကူးရေးများ မကြာခင် ပြန်စတင်တော့မှာ ကြားရတာ ထီပေါက်သလို အရမ်းပျော်မိတယ်လို့ ဇာတ်ပို့ သရုပ်ဆောင် သူဇာပွင့်က ဆိုပါတယ်။

“အခုက ကားရိုက်တွေ နားတော့ ဝင်ငွေ မရှိတော့ ထွက်ငွေတွေလည်း ပိုသိလာတယ်။ ဇာတ်ကားတွေ လကုန်ရင် ပြန်ရိုက်မယ်ကြားတာ သိန်းတသောင်း ထီပေါက်သလိုပဲ။ အရမ်းပျော်တယ်။ အနုပညာကို ရူးသွပ်တဲ့သူ တယောက်ဆိုတော့ ပြန်လုပ်ရမှာကို အရမ်းပျော်တယ်။ ကိုဗစ်ကာလ မတိုင်ခင်မှာ ရိုက်ထားတဲ့ကားတွေ ရိုက်ဖို့ ကျန်သေးတာတွေ ရှိတယ်”လို့ သူဇာပွင့်က ပြောပါတယ်။

ကိုဗစ်ကာလ ရိုက်ကူးရေးတွေ မရှိတဲ့အချိန်မှာ ဝမ်းရေးအတွက် တခြားစီးပွားရေးလုပ်ငန်းတွေကို လုပ်ဖြစ်တဲ့အကြောင်းကိုလည်း အခုလို ဆိုပါတယ်။

“ကိုဗစ်ကာလမှာ အလုပ်တွေ အကုန်ရပ်သွားတယ်။ စီးပွားရေးလုပ်နေကြတဲ့ ဥပမာ – ဆိုင်လိုဟာမျိုးတွေက အလုပ်တွေ ပြန်လုပ်လို့ ရပေမယ့် အနုပညာလုပ်ငန်းက လူစုလူဝေးနဲ့ လုပ်ရတာဆိုတော့ အခုချိန်မှာ ရိုက်ကူးရေးတွေ လုပ်ဖို့က အဆင်မပြေကြသေးဘူးလေ။ ကိုဗစ်ကာလမှာ ဖုန်းဘေလ်လေး ရောင်းတယ်”

“နောက် Wave money လေး လုပ်ကြည့် တယ်။ အခု ပရိဘောဂ ရောင်းတဲ့ အစ်မက ညီမလေး ရောင်းချင်ရင် ယူရောင်းဆိုတာနဲ့ အခုတော့ ရောင်းကြည့်နေတယ်။ ဈေးရောင်းတဲ့ဆီ ရောက်လာပါပြီပေါ့။ ဝင်ငွေ မရှိတော့ တကျပ် ဝင်လည်း တကျပ်ဆိုပြီး လုပ်တာပါ။ အမေက အင်္ကျီလည်း ချုပ်တယ်။ မြိတ်ငါးပိလည်း ရောင်းတယ်။ အရင်က ကားရိုက်နေရရင် တော်သေးတယ်။ ဝင်ငွေရသေးတယ်”လို့ သူဇာပွင့်က ဆိုပါတယ်။

လက်ရှိမှာ အနုပညာသမားအချို့ အွန်လိုင်းမှာ ဈေးရောင်းနေကြတာကို ဝေဖန်နေကြတဲ့အပေါ်လည်း သူဇာပွင့်က အခုလိုပဲ ပြောပါတယ်။

“လူတယောက်မှာ စိတ်က အဓိကပဲ။ စိတ်ကျသွားရင် ဘာမှလုပ်လို့ မရဘူး။ အနုပညာသမား ဆိုတာ ကိုယ့်စိတ်ကို ကိုယ်ခိုင်းနေရတဲ့ သူတယောက်က စိတ်ကျလို့ အဆင်မပြေဘူးလေ။ အဲ့တော့ အလုပ်ဆိုတာမျိုးရှိနေတော့ စိတ်ကျ မသွားတာကြောင့် စီးပွားရေး လုပ်ကိုင်နေကြတာပါ။ အခုချိန်မှာ ဈေးရောင်းနေကြတာကို ပြောကြတယ်။ နင်တို့တွေက တော်တော်မွဲနေကြပြီလား ပြောတယ်”

“နင်တို့ အနုပညာရှင်ပဲ ဈေးရောင်းစား၊ ငါတို့ မရောင်းစားတော့ဘူးပေါ့ ပြောကြတယ်။ ကျမတို့ ရောင်းတာ ချစ်လို့ လာကြည့်ရင်လည်း ကြည့်မယ်။ ဝယ်ချင်လည်း ဝယ်မယ်။ မဝယ်ချင်လည်း မဝယ်ဘူး။ လူတိုင်းက သူ့မိတ်နဲ့ သူလေ။ အဲ့တော့ သမာအာဇီဝ လုပ်တဲ့သူ အကုန်လုံးက တန်ဖိုးရှိပါတယ်”

“တယောက်နဲ့ တယောက် အမြင် စောင်းမနေတာ ပိုကောင်းမယ်လို့ ထင်ပါတယ်။ သူရောင်းရင် သူ့အားပေးမယ်။ ကိုယ်ရောင်းရင် ကိုယ့်အားပေးမယ်။ အကုန်လုံး Sharing လုပ်တာ ပိုကောင်းပါမယ်”လို့ သူဇာပွင့်က ပြောပါတယ်။

သူဇာပွင့်ကိုတော့ ဇာတ်ပို့ ဇာတ်ရံ သရုပ်ဆောင်အနေနဲ့ ပရိသတ်တွေ အားပေးခဲ့ကြတာ ဖြစ်ပါတယ်။ ဗီဒီယို ဇာတ်ကားများစွာမှာ ခပ်စွာစွာ အမျိုးသမီး တဦးရဲ့ ကာရိုက်တာနဲ့ သူဇာပွင့်ကို ပရိသတ်တွေက သတိထား အားပေးခဲ့ကြတာ ဖြစ်ပါတယ်။

You may also like these stories:

လက်လှမ်းမှီသလောက် ဈေးရောင်းတာကို အပြစ်မမြင်စေချင်တဲ့ ရဲလေးမ

အနုပညာရှင်လက်သစ်များကို တန်ဖိုးထားပြီး အားပေးကြဖို့ လွှမ်းပိုင်ပြော

ရုပ်ရှင်သမိုင်းပြတိုက်မှာ ဓာတ်ပုံပါဝင်ခွင့်ရလို့ စိတ်လှုပ်ရှားနေတဲ့ အေးမြတ်သူ

The post “ရိုက်ကူးရေးတွေ ပြန်စမယ် ကြားတာ ထီပေါက်သလိုပါပဲ”လို့ သူဇာပွင့် ပြော appeared first on ဧရာဝတီ.

“The Flash” ရုပ်ရှင်မှာ လင်းနို့လူသားအဖြစ် မင်းသား Michael Keaton သရုပ်ဆောင်ဖို့ရှိ

$
0
0

မင်းသား Michael Keaton ဟာ “The Flash” ရုပ်ရှင်အသစ်မှာ လင်းနို့လူသားအဖြစ် ပြန်လည် သရုပ်ဆောင်ဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။ အသက် ၆၈ နှစ်အရွယ် မင်းသား Michael ဟာ Bruce Wayne (လင်းနို့လူသား) အဖြစ် သရုပ်ဆောင်ခဲ့ဖူးသူဖြစ်ပြီး ၁၉၈၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “Batman” ရုပ်ရှင်နဲ့ ၁၉၉၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “Batman Returns” ရုပ်ရှင်မှာ ပါဝင်ခဲ့ပါတယ်။

နှစ်ပေါင်း ၃၀ လောက်ကြာခဲ့ပြီးတဲ့နောက် DCEU ရဲ့ ရုပ်ရှင်အသစ်ဖြစ်တဲ့ “The Flash” ရုပ်ရှင်မှာ လင်းနို့လူသားအဖြစ် ပြန်လည် ပါဝင်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

TheWrap မီဒီယာရဲ့အဆိုအရ မင်းသားနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေဟာ ကနဦးအဆင့်မှာပဲ ရှိနေသေးပြီး သေချာပေါက် သရုပ်ဆောင်မယ်ဆိုတဲ့ သဘောတူညီချက် မရသေးဘူးလို့ သိရပါတယ်။ အဲ့ဒီ မီဒီယာရဲ့ အဆိုအရ အလွန်လျင်မြန်တဲ့ စူပါဟီးရိုးအဖြစ် မင်းသား Ezra Miller သရုပ်ဆောင်မယ့် ရုပ်ရှင်ထဲက လင်းနို့လူသား ဇာတ်ကောင် ပါဝင်ရမယ့် အခန်းကဏ္ဍ အသေးစိတ်ကိုလည်း မသိရသေးပါဘူး။

“The Flash” ရုပ်ရှင် ဇာတ်လမ်းအကြောင်းအရာကတော့ DC Comics. တွေရဲ့ မူရင်းအကြောင်းအရာ တခုဖြစ်တဲ့ စကြာဝဠာမျိုးစုံ အယူအဆကို ပရိသတ်တွေထံ မိတ်ဆက်မယ်လို့ သိရပါတယ်။

The Batman ရုပ်ရှင်အသစ်မှာ မင်းသား Robert Pattinson သရုပ်ဆောင်မယ့် Caped Crusader (လင်းနို့လူသား) ဇာတ်ကောင် ပုံဖော်မှုနဲ့ အခု မင်းသား Michael ပါဝင်လာမယ့် လင်းနို့လူသား ဇာတ်ကောင်တို့ကြား ဘယ်လို ချိတ်ဆက်မယ်ဆိုတာကိုတော့ ပရိသတ်တွေက အထူးစိတ်ဝင်စားနေကြပါတယ်။

လင်းနို့လူသားအဖြစ် ရုပ်ရှင် ၂ ကားမှာ ပါဝင်ခဲ့ပြီးတဲ့နောက် မင်းသား Michael ဟာ တတိယမြောက် ရုပ်ရှင်မှာ ပါဝင်ဖို့ ကနဦးမှာ ပြင်ဆင်ခဲ့ပေမယ့် ဒါရိုက်တာ Tim Burton ကို ဖယ်ရှားခဲ့ပြီးတဲ့နောက် မင်းသားရဲ့ နေရာမှာ မင်းသား Joel Schumacher နဲ့ အစားထိုးခဲ့တဲ့အတွက် အဆင်မပြေ ဖြစ်ခဲ့ရပါတယ်။

၁၉၉၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Batman Returns ရုပ်ရှင်မှာ လင်းနို့လူသားအဖြစ် မင်းသား Val Kilmer သရုပ်ဆောင်ခဲ့ပြီးနောက် အဲ့ဒီ ကမ္ဘာကျော် ဇာတ်ကောင်နေရာကို ၁၉၉၇ ခုနှစ်ရဲ့ “Batman and Robin” ရုပ်ရှင်မှာတော့ မင်းသား George Clooney က လက်လွှဲ တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။

Ref: asiaone

You may also like these stories:

“ရိုက်ကူးရေးတွေ ပြန်စမယ် ကြားတာ ထီပေါက်သလိုပါပဲ”လို့ သူဇာပွင့် ပြော

လက်လှမ်းမှီသလောက် ဈေးရောင်းတာကို အပြစ်မမြင်စေချင်တဲ့ ရဲလေးမ

ရုပ်သံအစီအစဉ်မှာ တန်ဖိုးကြီးအိမ်ကို ပြခဲ့တဲ့ မင်းသား ယူအာအင်း

The post “The Flash” ရုပ်ရှင်မှာ လင်းနို့လူသားအဖြစ် မင်းသား Michael Keaton သရုပ်ဆောင်ဖို့ရှိ appeared first on ဧရာဝတီ.


တက္ကစီမောင်းတာ ၁ နှစ်ကျော်ပြီဖြစ်တဲ့ လူကြမ်းသရုပ်ဆောင် အောင်တိုး

$
0
0

လူကြမ်းသရုပ်ဆောင်တဦးဖြစ်တဲ့ သရုပ်ဆောင် အောင်တိုးကတော့ ကားရိုက် မရှိတဲ့ အချိန်များမှာ တက္ကစီဆွဲနေတာ ၁ နှစ်ကျော်ပြီလို့ သိရပါတယ်။

“ကားကတော့ သိပ်ဆွဲမကောင်းပါဘူး။ ရုပ်ရှင်ရုံတို့၊ ဘုရားတို့၊ ပန်းခြံတို့ မဖွင့်မချင်းကတော့ ဆွဲမကောင်းပါဘူး။ ပုံမှန်ကတော့ ၈ ထောင်၊ ၁ သောင်းကတော့ ရနေတာပဲ။ ရနေတယ် ဆိုတာကလည်း ကိုယ့်အစ်မက အုံနာကြေး မတောင်းထားတဲ့အတွက်၊ မပေးရသေးတဲ့အတွက် ကိုယ်တွေကို လုပ်စားဖို့ပေးထားလေးဆိုတော့ ရသလောက်ကတော့ အဆင်ပြေပါတယ်။ ကားလေး မောင်းတတ်သေးတော့ အသက်ရှုချောင်တာပေါ့”လို့ အောင်တိုးက ပြောပါတယ်။

လတ်တလောမှာတော့ ရုပ်ရှင်ရုံများ ၊ ပန်းခြံများ ဘုရားများပိတ်ထားတဲ့အချိန် ဖြစ်တာကြောင့် တက္ကစီဆွဲမကောင်းပေမယ့် တက္ကစီက အစ်မဖြစ်သူရဲ့ကားဖြစ်တာကြောင့် အဆင်ပြေနေသေးတယ်လို့ ဆိုပါတယ်။

“ဈေးကတော့ သွားနေကျ ဘယ်လောက်ရှိလဲ သွားနေကျထက် လျှော့ပြီးပြောလည်း လျှော့ယူရတာပဲ။ သွားနေကျအတိုင်း ပေးလည်း ယူရတာပဲ။ ကိုယ်မှ ဈေးမပြောတတ်တာ။ တက္ကစီဆွဲတာ တနှစ်လောက်ရှိပြီ။ ကားရိုက်ရှိရင် ကားရိုက်တယ်။ မရှိရင် တက္ကစီ ဆွဲတယ်” လို့ အောင်တိုးက ပြောပါတယ်။

တက်စီ လာစီးကြတဲ့သူတွေထဲမှာ တချို့သော သူများက ကိုယ်ချင်းစာကြပြီး တချို့သူများက ငတ်ကုန်ကြပြီလို့ ပြောတဲ့အခါမျိုးမှာ စိတ်မကောင်းဖြစ်ရတယ်လို့ ဆိုပါတယ်။

“လာစီးကြတဲ့သူတွေဆီကတော့ ရုပ်ရှင်လောက ပျက်သုဉ်းသွားတဲ့အကြောင်းလေးတွေ ၁၀ ဦးတက်ရင် ၃ ဦးလောက်က သူတို့အသိလေးတွေနဲ့ မေးကြတာပေါ့။ ခေတ်မကောင်းလို့ လုပ်စားကြရတာကိုလည်း ကိုယ်ချင်းစာတယ်။ တချို့ကျတော့လည်း ကားပေါ်တက်လိုက်တာနဲ့ စကားဆက်စပ်မိသွားရင် နှိမ်ချင်တယ်။ သွားပြီနော် အစ်ကိုတို့ ရုပ်ရှင်လောကကြီးက စုတ်ပြတ်သတ်သွားပြီ။ ငတ်ကုန်ပြီဆိုပြီး ဒဲ့ပြောတာ စိတ်ထဲမကောင်းဘူး” လို့ အောင်တိုးက ပြောပါတယ်။

ဆက်လက်ပြီး “လောကမှာ ခြေတွေလက်တွေ အကောင်းအတိုင်းရှိနေရင် လုပ်စားလို့ရတာပဲ။ ငတ်သွားတယ်ဆိုတာမှ မရှိတာ။ ကျနော်တို့ မြန်မာနိုင်ငံမှာဗျာ။ ထမင်းငတ်သေတဲ့ မသာ ကြားဖူးသလား။ မကြားဖူးဘူး။ လမ်းဘေးမှာ ဒုက္ခရောက်လို့ နေစရာ မရှိတဲ့သူတောင်မှပဲ ပရဟိတအဖွဲ့တွေက ကုသိုလ်တွေယူပြီး လိုက်လှူပေးနေတာပဲ။ အရူးကအစ ထမင်းမငတ်စေရဘူး”

“ကြိုက်တဲ့အလုပ် လုပ်စားလို့ရတယ်။ ခြေတွေလက်တွေ အကောင်းကြီး ရှိသေးတာ။ တချို့ကျတော့ ငတ်ကုန်ပါပြီတို့ ဘာတို့ဆိုပြီး သက်သက်ကြီးကို နှိမ်ချင်တာ။ အဲ့လိုလူမျိုးကျတော့ ကားပေါ်မှာသိပ်ပြီးတော့ မဖြေချင်တော့ဘူး။ သူတို့ကိုရှင်းပြလို့လည်း နားလည်မှာ မဟုတ်ဘူးလေ။ မရှင်းပြချင်တော့ဘူး” လို့ အောင်တိုးက ပြောပါတယ်။

ဒီလို စိတ်ညစ်စရာတွေလည်း ရှိသလို တချို့ငှားစီးတဲ့သူတွေထဲမှာ လူကြမ်းသရုပ်ဆောင် အောင်တိုးမောင်းတဲ့ကားကို စီးဖူးပြီဆိုပြီး ပျော်နေကြတဲ့သူတွေလည်း ရှိတာဟာ တန်ပြန် လေးစားမှုပဲလို့ ဆိုပါတယ်။

“ပျော်စရာလေးတွေလည်း ရှိပါတယ်။ ဘဝမှာ လူကြမ်းသရုပ်ဆောင် ကိုအောင်တိုးကြီး မောင်းတဲ့ကားကို စီးဖူးပြီလို့ပြောပြီး ဆင်းသွားတဲ့သူတွေ အများကြီးပဲ။ တခါတလေ အဝေးပြေးကွင်းတွေ အော်ဒါပါသွားလို့ရှိရင် နယ်ကလူတွေ များတယ်။ သူတို့ကျတော့ ဒီလူကြီး မောင်းတဲ့ကားကို စီးခွင့်ရတယ်။ မြင်ရခဲဖို့ နေနေသာသာ ကားစီးခွင့်ရတယ်ဆိုပြီး ဝမ်းသာကြတဲ့သူတွေလည်း ရှိတယ်။ လူတွေက သိပ်ချစ်ဖို့ကောင်းတာ တန်ပြန်လေးစားမှုလေးတွေပေါ့” လို့ အောင်တိုးက ပြောပါတယ်။

လူကြမ်းသရုပ်ဆောင် အောင်တိုးကတော့ ယခင်က ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားများစွာမှာ လူကြမ်းအနေနဲ့ ပါဝင် သရုပ်ဆောင်ခဲ့ပြီး ကိုလူချောအဖွဲ့ဝင်တဦးလည်း ဖြစ်ပါတယ်။

You may also like these stories:

“The Flash” ရုပ်ရှင်မှာ လင်းနို့လူသားအဖြစ် မင်းသား Michael Keaton သရုပ်ဆောင်ဖို့ရှိ

“ရိုက်ကူးရေးတွေ ပြန်စမယ် ကြားတာ ထီပေါက်သလိုပါပဲ”လို့ သူဇာပွင့် ပြော

လက်လှမ်းမှီသလောက် ဈေးရောင်းတာကို အပြစ်မမြင်စေချင်တဲ့ ရဲလေးမ

The post တက္ကစီမောင်းတာ ၁ နှစ်ကျော်ပြီဖြစ်တဲ့ လူကြမ်းသရုပ်ဆောင် အောင်တိုး appeared first on ဧရာဝတီ.

ထီး၊ ဖိနပ်ချုပ်ပြီး မိဘကို ရှာကျွေးနေတဲ့ ဟာသသရုပ်ဆောင် ပါကျဲ

$
0
0

ဇာတ်ပို့၊ ဇာတ်ရံများ အလုပ်အကိုင် ရှားပါးသွားချိန်မှာ မိသားစု စားဝတ်နေရေးအတွက် ထီး၊ ဖိနပ်ပြင်တဲ့ အလုပ်ကို လုပ်ကိုင်နေတဲ့ ဟာသသရုပ်ဆောင် ပါကျဲဟာ သူ့ကို Lucky Palace ထုတ်လုပ်ရေးမှ တိုက်ခန်း ငှားပေးထားတဲ့အတွက် ဝမ်းသာတယ်လို့ ဆိုပါတယ်။

“ဘာအလုပ်မှ လုပ်လို့ မရလို့ ကျနော်လည်း ထီးတို့၊ ဖိနပ်တို့ ချုပ်တဲ့ အလုပ်ကို အစ်ကိုနဲ့ လုပ်နေတယ်။ အဆင်ပြေလားဆိုတော့ မပြေပါဘူး။ စားဖို့ပဲ ရှာတာပါ။ အခု အဆင့်အတန်းတွေ မြင့်ကုန်ပြီ။ ကျနော့်ကို Lucky Palace ထုတ်လုပ်ရေးက ဦးတင်အောင်ရဲ့ သမီးက တိုက်ခန်းကို တနှစ်စာ စာချုပ် ချုပ်ပေးတယ်။ တလ ၁ သိန်းခွဲနဲ့ တနှစ်စာ လာငှားပေးထားတယ်”

“ကျနော် ဆင်းရဲမှန်း သိတယ်။ ကျနော့် မိဘကို လုပ်ကျွေးနေမှန်းသိလို့ စာနာစိတ်နဲ့ လာငှားပေးတာဝမ်းသာတယ်။ အခု တိုက်နဲ့ နေရတာ အမေကြီးကလည်း စိတ်တွေ ချမ်းသာနေတယ်။ အမေက အသက် ၈၈ နှစ်ရှိပြီ။ သူစိတ်ချမ်းသာအောင်ပဲ လုပ်ပေးနေတယ်”လို့ ပါကျဲက ပြောပါတယ်။

အခုလို COVID-19 ကပ်ရောဂါ ဖြစ်ပွားနေချိန်မှာ ခက်ခဲတဲ့ ဇာတ်ပို့၊ ဇာတ်ရံများကို ရုပ်ရှင်အစည်းအရုံးနဲ့ တတ်နိုင်သူများက လှူပေးနေတဲ့အတွက်လည်း ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။

“ကျနော်တို့ကို ရုပ်ရှင်အစည်းအရုံးက အခုလို ဆန်တွေ၊ ဆီတွေ လှူတော့ တော်တော် အဆင်ပြေတာပါ။ ကျနော်တို့ ဘဝတွေကို လှပအောင် ကူညီပေးကြတဲ့ အလှူရှင်တွေ ကျန်းမာ ချမ်းသာကြပါစေ။ လာမယ့် ဘေးတွေလည်း ဝေးပါစေ။ ၁၁ မီးတွေလည်း ငြိမ်းပါစေ။ ငွေရေးကြေးရေးတွေလည်း အဆင်ပြေကြပါစေ”

“ဦးကျော်သူတို့၊ ထွန်းကိုကိုတို့ လာလှူကြသလို ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ကျနော်တို့ကို ၂ သောင်း ထောက်ပံ့တယ်။ နောက် CB ဘဏ်တို့ လှူပေးကြတယ်။ ကျနော်တို့ ဘဝကို လှပအောင် ဆင်ပေးလိုက်တဲ့ အဖွဲ့တွေကို ကျေးဇူးတင်ပါတယ်”လို့ ပါကျဲက ပြောပါတယ်။

ဆက်လက်ပြီး “ပရိသတ်တွေကလည်း ကျနော်တို့ ကျေးဇူးရှင်ပါ။ နောက် Channel လိုင်းတွေက လာရိုက်လို့ ကျနော်တို့ ဖြတ်သန်းနေရတာတွေ သိကုန်တာ။ အဲ့အတွက် ကျနော်က မရှက်ပါဘူး။ လှူဒါန်းပေးကြတဲ့သူ အကုန်လုံး ကျေးဇူးတင်ပါတယ်”လို့ ပါကျဲက ဆိုပါတယ်။

လှူဒါန်းသူများ ပေးတဲ့ ဆန်၊ ဆီတွေကိုလည်း အဆင်မပြေတဲ့သူများအား ပါကျဲရဲ့ မိခင်က ပြန်လှူဒါန်းပေးတယ်လို့လည်း သိရပါတယ်။

“အခု ရတဲ့ ဆန်၊ ဆီတွေလည်း အိမ်ရောက်ပြီဆိုတာနဲ့ အမေက အဆင်မပြေတဲ့သူတွေကို ပြန်ပေးကမ်းတယ်။ အမေပေးချင်တဲ့ စိတ်ရှိရင် ပေးလှူလိုက်တယ်။ ရှိရင် ပြန်ဝယ်လို့ ရတယ်။ လှူခိုင်းတယ်။ ကျနော်တို့ကို လှူတဲ့သူတွေလည်း ၂ ခါ ကုသိုလ်ရတယ်။ အမေက ပြန်လှူပေးတော့ သူတို့ ၂ ခါ ကုသိုလ်ရတာပေါ့”လို့ ဆိုပါတယ်။

မိဘကို ရှာကျွေးနေတဲ့ ပါကျဲကတော့ မိဘကို ဘယ်တော့မှ မစော်ကားမိအောင် နေကြဖို့လည်း အခုလို ပြောပါတယ်။

“မိဘကို ရှာကျွေးတဲ့သူက ဘယ်တော့မှ မဆင်းရဲဘူး။ ကိုဗစ်နဲ့လည်း မတွေ့ဘူး။ ဘာအန္တရာယ်မှ မတွေ့စေရဘူး။ မကျွေးရင်နေ၊ မပေးရင်နေ၊ မိဘကို မစော်ကားပါနဲ့။ မိဘကို ဂါရဝ ထားပါ။ အိပ်ရင် ဦး ၃ ကြိမ်တော့ ချပါ။ လိုအင်ဆန္ဒတွေ ပြည့်ပါလိမ့်မယ်။ မိဘကိုချစ်တဲ့ သားသမီးတယောက်က ဒုက္ခ မတွေ့ဘူး။ လူ့ဘဝက ဘာမှ မမြဲဘူး။ ကျနော့်ကို လှူတာ ယူတယ်”

“ကျနော့် မိဘကို ကျွေးတယ်။ တဖက်ကနေလည်း ပြန်လှူပေးတယ်။ ကျနော့်ထက် ငယ်တဲ့သူတွေကို ပြောချင်တာ မိဘဆိုတာ ကျနော်တို့ရဲ့ ပဲ့ကိုင်ရှင်ပါ။ ဘယ်တော့မှ မစော်ကားပါနဲ့။ မိဘဟာ လက်ရှိဘုရားပါ။ မိဘနှစ်ပါးကို စော်ကားရင် ဘုရားကို စော်ကားတာနဲ့ အတူတူပဲ။ ကံငါးပါး ထိုက်မယ်”

“အမေသည် ဘာကြီးပဲ ဖြစ်နေပါစေ အမေက အမေပါပဲ။ အဖေက ဘာကြီးပဲ ဖြစ်နေပါစေ။ အဖေက အဖေပါပဲ။ မိဘ တယောက်ကို သားသမီး ၅ ယောက်က မကျွေးနိုင်ကြတော့ဘူး။ အဲ့တာ ဘာသာရေးကိုင်းရှိုင်းတာနဲ့ စာမဖတ်ကြတာလည်း ပါတယ်။ စာဖတ်ကြပါ။ ကိုယ်ချင်းစာပါ”လို့ ပါကျဲက ပြောပါတယ်။

သရုပ်ဆောင် ပါကျဲကတော့ တချိန်က ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ကားတွေမှာ ဟာသ သရုပ်ဆောင်အနေနဲ့ ပါဝင်ခဲ့ပြီး လက်ရှိမှာတော့ ထီး၊ ဖိနပ်ချုပ်တဲ့ အလုပ်ကို လုပ်ကိုင်နေပါတယ်။

You may also like these stories:

တက္ကစီမောင်းတာ ၁ နှစ်ကျော်ပြီဖြစ်တဲ့ လူကြမ်းသရုပ်ဆောင် အောင်တိုး

“ရိုက်ကူးရေးတွေ ပြန်စမယ် ကြားတာ ထီပေါက်သလိုပါပဲ”လို့ သူဇာပွင့် ပြော

လက်လှမ်းမှီသလောက် ဈေးရောင်းတာကို အပြစ်မမြင်စေချင်တဲ့ ရဲလေးမ

The post ထီး၊ ဖိနပ်ချုပ်ပြီး မိဘကို ရှာကျွေးနေတဲ့ ဟာသသရုပ်ဆောင် ပါကျဲ appeared first on ဧရာဝတီ.

ငွေကြေးအလိမ်ခံရလို့ မရူးရုံတမယ် ဖြစ်ခဲ့တဲ့ ဇာတ်ပို့သရုပ်ဆောင် ဘိုမ

$
0
0

ဇာတ်ပို့ သရုပ်ဆောင်တဦးဖြစ်တဲ့ သရုပ်ဆောင် ဘိုမကတော့ ရှိတဲ့ ငွေကြေးနဲ့ မြေကွက် နေရာတခုကို ဝယ်ယူခဲ့ရာမှာ အလိမ်ခံခဲ့ရတဲ့အတွက် မရူးရုံတမယ် ဖြစ်ခဲ့ရတယ်လို့ ဧရာဝတီကို ပြောပါတယ်။

“မတွေ့တာကြာပြီဆိုတာက ကျမ အပြင်စီးပွားရေးလေး လုပ်နေတယ်။ ဒါပေမဲ့ အခုတော့ မလုပ်နိုင်တော့ပါဘူး။ အလိမ်ခံရလို့ ကုန်သွားပြီ။ ကုန်သွားတော့ ဒီလောကထဲ ပြန်လည်လာတာပါ။ ကျမတို့ကိုသိပ်ပြီးတော့လည်း မခေါ်ရိုက်ဖြစ်တာလည်း ပါမှာပေါ့။ အဲဒါနဲ့ပဲ အပြင်စီးပွားရေး လုပ်ဖြစ်တာပေါ့” လို့ ဘိုမက ပြောပါတယ်။

ဆက်လက်ပြီး “အလိမ်ခံရတယ်ဆိုတာလည်း သူငယ်ချင်းအရင်းတွေပါပဲ။ ပိုက်ဆံလေး ခဏလှည့်ပါတို့ နောက်ပြီးတော့ မြေကွက်လေးတခု ဝယ်လိုက်တယ်။ အဲဒီဝယ်လိုက်တဲ့ မြေကွက်က သူငယ်ချင်းကရောင်းတာ ကျမအပါအဝင်ဆိုရင် ၅ ယောက်လား ၆ ယောက်လား မသိဘူး ဖြစ်သွားတာ။ အဲဒါအမှုဖြစ်တယ်။ ကျမလည်း မလိုက်တော့ဘူး။ အဆုံးခံလိုက်တယ်။ လိုက်လို့လည်းရမှာလည်း မဟုတ်တော့ဘူး”

“ရှေ့နေငှားခတွေ ဘာတွေလည်း ထပ်အကုန်မခံနိုင်တော့ဘူး။ မရူးရုံတမယ်ပဲ ရှိစုမဲ့စုလေးတွေ ကုန်ရော။ အိမ်ပိုင်လေးများရမလားလို့ နောက်ဆုံးတော့လည်း အိမ်ငှားဘဝပါပဲ” လို့ ဘိုမက ပြောပါတယ်။

မြေကွက်တခုကို လူများစွာကိုရောင်းချတဲ့ထဲမှာ တယောက်အပါအဝင်အဖြစ် ဝယ်ခဲ့မိရာမှ ရှိစုမဲ့စုများကုန်သွားခဲ့တာဖြစ်ပြီး ရှေ့နေငှားခများလည်း မတတ်နိုင်တဲ့အတွက် ဆက်လက် မလုပ်ဖြစ်ခဲ့ဘူးလို့ သိရပါတယ်။

လတ်တလောမှာတော့ အလုပ် မရှိဘဲ ထိုင်စားနေရပြီး ဈေးရောင်းဖို့အတွက်လည်း အရင်းအနှီး မရှိတာကြောင့် မရောင်းဖြစ်ဘူးလို့ သိရပါတယ်။

“ဘာမှတော့မလုပ်ဘူး။ လောလောဆယ်အိမ်မှာ ထိုင်စား၊ ဈေးရောင်းဖို့က အရင်းအနှီး မရှိဘူးလေ။ မပြည့်စုံသေးဘူး။ အဲ့တော့ အရင်းအနှီး စုလိုက်ဦးမယ်။ တနိုင်လေးတော့ လုပ်တယ်။ ငပိချက်လေးတွေ ငါးကို မန်ကျည်းမှည့်နဲ့ အချဉ် ဆီပြန်လေး၊ ဝက်ပုန်းရည် အဲ့လိုလေးမှာရင် ချက်ပြီး သွားပို့ပေးတယ်” လို့ ဘိုမက ပြောပါတယ်။

ကိုယ်တိုင်လည်း ရုန်းကန်နေရတာဖြစ်တဲ့အတွက် ဘဝတူ အဆင်မပြေတဲ့သူများကိုတော့ အားမပေးဖြစ်ပေမယ့် နီးစပ်ရာ မပြေလည်တဲ့ လူကြမ်း သရုပ်ဆောင်တချို့ကိုတော့ အထောက်အပံ့ရတဲ့ ပစ္စည်းများကို ခွဲဝေပေးဖြစ်တယ်လို့ သိရပါတယ်။

“ကိုယ့်ကိုယ်ကိုယ်တိုင် မနည်းနေထိုင်ရတာဆိုတော့ သူများတွေကို အားပေးချင်ပေမယ့် ကိုယ်တိုင်ကိုက အားမရှိတဲ့အတွက် သိပ်ပြီးတော့ အားမပေးဖြစ်ဘူးပေါ့။ ဒါပေမဲ့ ကျမတို့ နေတဲ့ နေရာဘက်မှာ တချို့လူကြမ်းလေးတွေ ရှိတယ်။ အဆင်မပြေတဲ့ လူကြမ်းတွေ ရှိတယ်။ သူတို့တွေကို အစည်းအရုံးက ရတဲ့ တနိုင်လေးကိုခွဲပြီး ပြန်လှူပေးတယ်” လို့ ဘိုမက ပြောပါတယ်။

ရုပ်ရှင်အစည်းအရုံးမှ လှူဒါန်းတဲ့ ထောက်ပံ့ပစ္စည်းများကြောင့်လည်း စားဝတ်နေရေးအတွက် များစွာ အထောက်အပံ့ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဘိုမကတော့ အနုပညာအလုပ်အနေနဲ့ ဇာတ်လမ်းတွဲတချို့မှာ ပါဝင်သရုပ်ဆောင်ထားပြီး ရုပ်ရှင်ကားကြီးတွေက အဆက်အသွယ်များရှိမှသာ ခေါ်ရိုက်ရတာဖြစ်တဲ့အတွက် မရိုက်ဖြစ်ဘူးလို့ သိရပါတယ်။

You may also like these stories:

ထီး၊ ဖိနပ်ချုပ်ပြီး မိဘကို ရှာကျွေးနေတဲ့ ဟာသသရုပ်ဆောင် ပါကျဲ

တက္ကစီမောင်းတာ ၁ နှစ်ကျော်ပြီဖြစ်တဲ့ လူကြမ်းသရုပ်ဆောင် အောင်တိုး

ဘရာဇီးမှာ ကိုဗစ်ကြောင့် သေဆုံးသူ ၅ သောင်း ကျော်ပြီ

The post ငွေကြေးအလိမ်ခံရလို့ မရူးရုံတမယ် ဖြစ်ခဲ့တဲ့ ဇာတ်ပို့သရုပ်ဆောင် ဘိုမ appeared first on ဧရာဝတီ.

ကိုရီးယားဒရာမာ “Hotel del Luna” ကို အမေရိကန်ရုပ်သံစီးရီးအဖြစ် ပြန်ဖန်တီးမည်

$
0
0

ပြီးခဲ့တဲ့နှစ်တုန်းက ပြသခဲ့ပြီး အထူးအောင်မြင်ခဲ့တဲ့ ကိုရီးယားဒရာမာ “Hotel Del Luna” ကို အမေရိကန် ရုပ်သံစီးရီးအဖြစ် ပြန်လည် ဖန်တီးတော့မယ်လို့ သိရပါတယ်။

မူရင်းဒရာမာကို ထုတ်လုပ်ခဲ့တဲ့ Studio Dragon ဟာ မကြာသေးခင်တုန်းက အမေရိကန်နိုင်ငံမှာ ရုံးခွဲတခု ဖွင့်လှစ်ခဲ့ပြီး အခုလိုမျိုး အမေရိကန်စီးရီးအဖြစ် ဖန်တီးဖို့ Skydance TV နဲ့ပူးပေါင်းလိုက်တဲ့အကြောင်း ဇွန်လ ၂၄ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ Skydance TV ဆိုတာကတော့ “Terminator: Dark Fate”၊ “6 Underground” နဲ့ “Mission: Impossible – Fallout” တို့လို ကမ္ဘာကျော်ရုပ်ရှင်တွေကို ထုတ်လုပ်ခဲ့တဲ့ ကုမ္ပဏီဖြစ်ပါတယ်။

ဇာတ်ညွှန်းရေးသားထားတဲ့ စီးရီးအတွက် အမေရိကန်ထုတ်လုပ်ရေး ကုမ္ပဏီတခုနဲ့အတူ ကိုရီးယား စတူဒီယိုတခုက အတူတူ ပါဝင်ခွင့်ရတာ ဒါဟာပထမဆုံးအကြိမ် ဖြစ်ပါတယ်။

“Altered Carbon” ဆိုတဲ့ Netflix စီးရီး ထုတ်လုပ်သူတဦးဖြစ်တဲ့ Alison Schapker က အခုပြန်လည် ဖန်တီးမယ့် စီးရီးကို ထုတ်လုပ်မှာဖြစ်တယ်လို့ သိရပါတယ်။ Skydance TV ဥက္ကဋ္ဌ Bill Bost က “Alison ၊ Studio Dragon တို့နဲ့အတူ ကမ္ဘာတဝန်းက ပရိသတ်တွေအတွက် ဇာတ်လမ်းတပုဒ်ကို ပူးပေါင်းဆောင်ရွက်ရတာ ပျော်ရွှင်မိပါတယ်” လို့ဆိုပါတယ်။

“Hotel Del Luna” စီးရီးကတော့ ဇိမ်ခံဟိုတယ်မန်နေဂျာတဦးနဲ့ သူ့ရဲ့ သူဌေးဖြစ်သူတို့ ကြားက ဆန်းကြယ်တဲ့ အချစ်ဇာတ်လမ်းတပုဒ်ကို ဖန်တီးထားတာ ဖြစ်ပါတယ်။ မူရင်းကိုရီးယား ဒရာမာကတော့ အဆိုတော်၊ မင်းသမီး IU က အဓိကသရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာ ပြသခဲ့တဲ့ tvN ဒရာမာတွေထဲမှာတော့ လူကြည့်နှုန်း အမြင့်ဆုံးဖြစ်ခဲ့ပါတယ်။

Studio Dragon ရဲ့ ကမ္ဘာလုံးဆိုင်ရာ ဌာနခွဲအကြီးအကဲ Park Hyun က “Hotel Del Luna” ဟာ ဒေသတွင်း ဇာတ်လမ်းတွေကို ကမ္ဘာ့ပရိသတ်အကြိုက် ပြသပြီးတော့ ကိုရီးယားဇာတ်လမ်းရဲ့ နာမည်ကျော်ကြားမှုကို ထပ်မံမြှင့်တင်ပေးနိုင်လိမ့်လို့ ယုံကြည်ပါတယ်” လို့ ဆိုပါတယ်။

Ref: thejakartapost

You may also like these stories:

မကြာခင် ထွက်ရှိလာတော့မယ့် “The Boys” တီဗွီစီးရီး Season 2 မှ ပုံရိပ်များ ထွက်ပေါ်

Netflix မှာ လာမယ့် ၃ နှစ်အတွင်း ကိုရီးယားဒရာမာ ၄၀ ကျော် ပြသဖို့ရှိနေ

လာမယ့်နှစ်မှာ ကြည့်ရှုရတော့မယ့် လီဗြောင်ဟွန်းရဲ့ ဒရာမာအသစ် “Here”

The post ကိုရီးယားဒရာမာ “Hotel del Luna” ကို အမေရိကန်ရုပ်သံစီးရီးအဖြစ် ပြန်ဖန်တီးမည် appeared first on ဧရာဝတီ.

ကျော်ကျော်နန္ဒကို သီချင်းရောင်းခဲ့တဲ့အကြောင်း ပြောပြတဲ့ တွံတေးစိုးအောင်

$
0
0

မြန်မာသံစဉ် သီချင်းများနဲ့ ပရိသတ် အားပေးမှု ရရှိခဲ့တဲ့ တွံတေးစိုးအောင်ကတော့ သူ့ရဲ့ ကိုယ်ပိုင်သံစဉ် သီချင်းတပုဒ်ကို ကျော်ကျော်နန္ဒထံ ပြန်ရောင်းချတာနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

“ကျော်ကျော်နန္ဒဆိုတာလည်း ကျနော်တို့နဲ့ တွံတေး တမြို့တည်းသားဆိုတော့ သီချင်းလေးကို လိုချင်ပါတယ်ဆိုပြီး ခွင့်တောင်းတယ်။ သီချင်းက သူတို့ဘက် ဆိုလို့ရမယ့် မြန်မာသံစစ်စစ် မဟုတ်ဘူး။ ကပြား DJ လေးနဲ့ သုံးလို့ရမယ့် သီချင်းတွေ ရွေးတော့ “ချစ်မိပြီ ဆရာမလေး” သီချင်းကို ရွေးလိုက်တယ်။ အခု လောလောဆယ်ကတော့ အဲဒီတပုဒ်ပဲ ယူသေးတယ်။ နောက်ထပ် ၂ ပုဒ် လျာထားတယ်”

“ကျနော်က ပေးတယ်ဆိုတာကလည်း ထည့်သုံးလို့ရမှာကို ပေးတာ။ မပေးဘူးဆိုလည်း တမြို့တည်းသား ရင်းနှီးနေကြတာလေ။ တွံ့တေးစိုးအောင် နာမည်ကြီးကတည်းက အားပေး ရင်းနှီးနေကြတော့ သူက ရောင်းဖို့ ပြောတော့ စဉ်းတော့ စဉ်းစားတာပေါ့။ သူများတွေကို သီချင်းရောင်းပေးပြီး သူ့ကျ မရောင်းပေးဘူးဖြစ်မှာစိုးလို့ ရောင်းပေးလိုက်ပါတယ်”လို့ တွံတေးစိုးအောင်က ပြောပါတယ်။

အဲ့လို သီချင်းရောင်းလိုက်တဲ့အပေါ် ပရိသတ်တွေက သီချင်းပျက်မှာ စိုးတာကြောင့် မေတ္တာ၊ စေတနာနဲ့ စိုးရိမ်ပေးကြလို့ ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။

“တေးရေးဆိုတော့ လာဝယ်ရင် ရောင်းကြမှာပဲ။ သူလည်း အဆင်ပြေအောင် ဆိုမှာပါ။ သူဆိုကြည့်လို့ အဆင်ပြေရင်တော့ ထုတ်မှာပေါ့။ ပရိသတ်က သီချင်းပျက်မှာ စိုးတာ မေတ္တာ စေတနာနဲ့ပါ။ အဲ့စေတနာကို ကျေးဇူးလည်း တင်ပါတယ်။ လေးလည်း လေးစားပါတယ်”လို့ တွံတေးစိုးအောင်က ပြောပါတယ်။

လိုင်းချင်း မတူတဲ့သူကို ရောင်းတာကြောင့် အနုပညာသမားမှန်ရင်တော့ ဝေဖန်ခံရမှာပဲလို့ တွံတေးစိုးအောင်က ဆိုပါတယ်။

“တွံတေးစိုးအောင်ကို ချစ်တဲ့ ပရိသတ်တွေကတော့ လိုင်းချင်းမတူတဲ့ လိုင်းကို ရောင်းတာ မကြိုက်ကြဘူး။ အနုပညာသမားတွေကတော့ ဝေဖန်ခံရမှာပါ။ ကျနော် မှားတာတွေ ရှိမယ်။ မှန်တာလည်း ရှိမယ်။ ပရိသတ်တွေက ပြောပြတော့ မှားတာ၊ မှန်တာကို ပြန်ချင့်ချိန်တာပေါ့။ သူတို့ ဝေဖန်တာကလည်း ကျနော်တို့ အနုပညာကို ကြိုက်လို့ ဝေဖန်တဲ့အတွက် ကျေးဇူးတင်ပါတယ်”

“မှားသွားတာရှိရင်လည်း ပရိသတ်က ကျနော့်ကို ခွင့်လွှတ်ပေးပါ။ သူ့အသံလေး နားထာင်ကြည့်လိုက်ပါတယ်။ သူ့အသံမူရင်းက ဆိုရင် ရလောက်မယ်လို့ ထင်ပါတယ်။ ကျနော့်သီချင်း ပျက်သွားမယ်လို့တော့ စိုးရိမ်စိတ် မဖြစ်ပါဘူး။ ကျနော့်သီချင်းကိုပဲ နည်းနည်းပဲ မြူးမှာပါ။ ဒီ Timining နဲ့ပဲ သွားမှာဆိုတော့ သိပ်တော့ မပျက်စီးလောက်ဘူး ထင်ပါတယ်”လို့ တွံတေးစိုးအောင်က ပြောပါတယ်။

အခုလို သီချင်းရောင်းတာဟာ ငွေကြေး အခက်အခဲကြောင့် မဟုတ်ဘူးလို့လည်း တွံတေးစိုးအောင်က ဆိုပါတယ်။

“ကျနော် အခုလို သီချင်းရောင်းလိုက်တာက ငွေကြေးခက်ခဲလို့ မဟုတ်ပါဘူး။ သီချင်းတပုဒ်က ဘယ်လောက် အခက်အခဲကို ဖြေရှင်းနိုင်မှာမှ မဟုတ်တာ။ အနုပညာရှင်တွေက သူ့ဟာနဲ့သူ အဆင်ပြေကြပါတယ်။ ငွေကြေး အခက်အခဲ သိပ်မဖြစ်ကြဘူး။ အနုပညာသမားတွေ ဈေးတွေရောင်းကြတာလည်း စီးပွားရေး အဆင်မပြေလို့ ရောင်းတာ မဟုတ်ပါဘူး”

“ကိုဗစ်က ကမ္ဘာတဝှမ်းလုံး ဖြစ်တယ်။ အလုပ်က ဘယ်လုပ်ငန်းရှင်မဆို နားနေရတော့ ကျနော်တို့ ရုပ်ရှင်၊ ဂီတလုပ်တဲ့သူတွေ၊ ဇာတ်သဘင်တွေ အကုန်နားရတယ်။ အဲဒီတော့ ဒီရောဂါက ဘယ်ထိသွားမှန်းမသိတော့ လက်ထဲ ကိုင်ထားတဲ့ ပိုက်ဆံတွေက ကုန်မှာပေါ့။ အဲဒါတွေ မကုန်အောင် တချို့ ဈေးရောင်း၊ ရင်းနှီးထားကြတဲ့ သဘောနဲ့ ရောင်းကြတာပါ”

“အနုပညာသမားတွေက မရှိဘူးဆိုရင်တောင် လက်ထဲ သိန်း ၃၀၀၊ ၄၀၀ လောက်တော့ ရှိကြပါတယ်။ ကျနော်တို့လည်း မိုးကျမှ နားတယ်။ ကျနော်တို့တောင် နှစ် ၂၀ လောက် လူတောင် ၃၀၀၊ ၄၀၀ လောက်ရတာ။ အခုခေတ် ပေါ်ဦးပေါ်ပြားအသစ်ဆို ၄၀၀၀ ၊ ၅၀၀၀ မက ရတဲ့သူတွေလည်း ရှိတယ်။ အဲတော့ ရောဂါအခြေအနေကြောင့် လုပ်ငန်းတွေ ရပ်တော့ စိုးရိမ်ပူပန်မှု ရှိကြတာပါ။ ဒီသီချင်းရောင်းတာ ငွေရေးကြေးရေး အဆင်မပြေလို့ မဟုတ်ပါဘူး”လို့ တွံတေးစိုးအောင်က ပြောပါတယ်။

အဆိုတော် တွံတေးစိုးအောင်ကတော့ ဂီတသက်တမ်း ၂၅ နှစ်ရှိပြီဖြစ်ပြီး တေးစီးရီးပေါင်း ၁၁၀ ကျော် ထွက်ရှိထားတဲ့ မြန်မာသံ အဆိုတော်တဦး ဖြစ်ပါတယ်။

You may also like these stories:

အနုပညာလောကမှာ ဂုဏ်သိက္ခာရှိရှိနဲ့ ရပ်တည်ချင်သူ အလှမယ် စဝ်ယွန်းဝတီဦး

The post ကျော်ကျော်နန္ဒကို သီချင်းရောင်းခဲ့တဲ့အကြောင်း ပြောပြတဲ့ တွံတေးစိုးအောင် appeared first on ဧရာဝတီ.

“အနုပညာအလုပ်က အသက်ကြီးရင် အာမခံချက် မရှိဘူး”

$
0
0

အနုပညာအလုပ်တခုပဲ လုပ်တတ်ပြီး အနုပညာအလုပ်တွေ ရပ်သွားတဲ့အခါ အခက်အခဲတွေ ရှိနေခဲ့တဲ့ သရုပ်ဆောင် ညီဂျော်က အနုပညာအလုပ်ဆိုတာ အသက်ကြီးလာတဲ့အခါမျိုးမှာ အာမခံချက် မရှိဘူးလို့ ဧရာဝတီကို ပြောပါတယ်။

“အခုလို ကိုဗစ်ကြီးကို ဖြတ်ကျော်ပြီး ရတဲ့အလုပ် လုပ်ကြတာကိုလည်း အားပေးပါတယ်။ ဒီလိုရပ်တည်မှလည်း ရမှာ။ နောက်ပြီး အနုပညာဆိုတာက ကျနော်တို့သိထားတာ ကျနော်တို့လို အသက်ကြီးလာရင် ပိုဆိုးတာပေါ့နော်။ အာမခံချက် မရှိဘူး။ ရတဲ့အလုပ်လေးနဲ့ စားဝတ်နေရေးအတွက် ရပ်တည်တာကို အားပေးပါတယ်”

“ကိုဗစ်ကြီးပြီးလို့ အနုပညာကို လုပ်မယ်ဆိုရင်လည်း အမြဲတမ်း စားဝတ်နေရေးအတွက် သတိလေး ထားပြီးတော့ ကိုဗစ်တုန်းက ငါတို့ဘယ်လို ရပ်တည်တယ်။ အဲဒီအတွက် အလုပ်ကို တခုတည်း မလုပ်ဘဲနဲ့ စားဝတ်နေရေးအတွက် အလုပ်ကို ကြံဆထားဖို့ လိုပါတယ်” လို့ ညီဂျော်က ပြောပါတယ်။

အနုပညာအလုပ်တခုပဲ လုပ်တဲ့အတွက် အနုပညာအလုပ်များ ရပ်သွားတဲ့အချိန်မှာ လှည့်ပတ်နေထိုင်ရင်း အခုဆိုရင် ၃ လကျော်ခဲ့ပြီဖြစ်တဲ့အတွက် အခက်အခဲ ရှိလာခဲ့တယ်လို့ ဆိုပါတယ်။

“ကျနော်တို့က ဒီအနုပညာတခုပဲ လုပ်တော့ ဒီအနုပညာ ရပ်သွားတော့ အခက်အခဲ ရှိတာပေါ့လေ။ ဒီလိုပဲ လှည့်ပတ်နေရင်းနဲ့ ၃ လကျော် ရှိလာခဲ့တာပေါ့။ သားကလည်း သင်္ဘောလိုက်နေရင်း ပြန်နားတာ တော်တော်ကြာသွားတော့ အခက်အခဲ ရှိတာပေါ့” လို့ ညီဂျော်က ပြောပါတယ်။

ဆက်လက်ပြီး “ရုပ်ရှင်လောကက အများနဲ့ဆက်ဆံရတဲ့ အလုပ်ဖြစ်တော့ ကိုဗစ်ဆိုတာကလည်း အများတောထဲ မသွားရဘူး ဆိုတော့ ရုပ်ရှင်လောကသား အကုန်လုံး အခက်အခဲ ဖြစ်ရတာပေါ့။ ကိုယ်တွေတင်ပဲလား ဆိုတော့လည်း မဟုတ်ဘူး။ စီးပွားရေးအားလုံးလည်း ကျပ်တည်းတယ်။ အများနဲ့အတူရင်စည်းပြီး ခံရမှာပေါ့။ မကြာခင်မှာလည်း ကိုဗစ်ကြီးကို ဖြတ်ကျော်နိုင်တဲ့ အဆင့် ရောက်လာမှာပါ” လို့ ပြောပါတယ်။

ကိုဗစ်ကာလအတွင်း အဆိုးထဲက အကောင်းဆိုရင်တော့ ရှိတဲ့အလုပ်တွေကို ရှာကြံ လုပ်ကိုင်ရင်း ကြိုးစားရပ်တည်လာတာကို အားပေးတယ်လို့ ဆိုပါတယ်။

ဖခင်ဖြစ်သူ ဦးစီးလုပ်ကိုင်ခဲ့တဲ့ “ဂျော်လီဆွေနဲ့ သားများ” ရုပ်ရှင်ထုတ်လုပ်ရေးကိုလည်း ဗီဒီယိုလောကလုံးဝ မပျက်ခင် ၂၀၁၅ ခုနှစ်မှာပဲ ရပ်နားခဲ့ရတယ်လို့ သိရပါတယ်။

အစ်ကိုဖြစ်သူ သရုပ်ဆောင် ထူးသာကတော့ “Oscar” ရုပ်ရှင်သင်တန်းကျောင်းကို တွဲဖက်ပြီး သင်ကြားပေးလျက်ရှိတယ်လို့ သိရပါတယ်။

You may also like these stories:

ငွေကြေးအလိမ်ခံရလို့ မရူးရုံတမယ် ဖြစ်ခဲ့တဲ့ ဇာတ်ပို့သရုပ်ဆောင် ဘိုမ

ထီး၊ ဖိနပ်ချုပ်ပြီး မိဘကို ရှာကျွေးနေတဲ့ ဟာသသရုပ်ဆောင် ပါကျဲ

တက္ကစီမောင်းတာ ၁ နှစ်ကျော်ပြီဖြစ်တဲ့ လူကြမ်းသရုပ်ဆောင် အောင်တိုး

The post “အနုပညာအလုပ်က အသက်ကြီးရင် အာမခံချက် မရှိဘူး” appeared first on ဧရာဝတီ.

မုဒိမ်းမှုနဲ့ ထောင်ဒဏ် နှစ် ၉၀ ကျနိုင်ဖွယ်ရှိတဲ့ အပြာမင်းသား Ron Jeremy

$
0
0

အမေရိကန်အပြာမင်းသား Ron Jeremy ဟာ အမျိုးသမီး ၃ ဦးအား မုဒိမ်းကျင့်ခဲ့ပြီး နောက်ထပ် အမျိုးသမီး တဦးကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ရင်ဆိုင်နေရတယ်လို့ လော့စ်အင်ဂျိလိစ် အစိုးရရှေ့တွေက ဇွန်လ ၂၃ ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။

အပြာရုပ်ရှင်ကားပေါင်း ၁၇၀၀ ကျော်မှာ သရုပ်ဆောင်ခဲ့တဲ့ ကမ္ဘာ့နာမည်ကျော် အပြာမင်းသား Jeremy ဟာ အကြမ်းဖက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရတာကြောင့် မကြာသေးခင် နှစ်တွေအတွင်းမှာ အပြာရုပ်ရှင်လုပ်ငန်းကနေ တားမြစ်ခြင်း ခံထားရပါတယ်။

သူဟာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်ကစလို့ ဟောလိဝုဒ် အနောက်ခြမ်းမှာ ဖြစ်ခဲ့တဲ့ သီခြား ဖြစ်ရပ် ၄ ခုအတွက် တရားစွဲဆိုခံထားရတာလည်း ဖြစ်ပါတယ်။ ဖြစ်ရပ် ၃ ခုကတော့ ၂၀၁၇ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အတွင်း တူညီတဲ့ ဘားတခုအတွင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ၂၀၁၄ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ မုဒိမ်းမှု စွဲချက်ကတော့ လော့စ်အင်ဂျလိစ်က အိမ်တအိမ်မှာ ဖြစ်ပွားခဲ့တာပါ။

Jeremy ရဲ့ရှေ့နေကတော့ အခုစွဲချက်တွေဟာ ထင်မှတ်မထားခဲ့တာတွေ ဖြစ်ပြီး စွပ်စွဲချက်တွေ အားလုံးကို ငြင်းဆိုသွားခဲ့ပါတယ်။ ရှေ့နေ Stuart Goldfarb က “နှစ်ပေါင်းများစွာကြာ Ron ဟာ အမျိုးသမီး ၄၀၀၀ ကျော်နဲ့ ဆက်ဆံခဲ့ဖူးတာတွေ ရှိတာကြောင့် သူဟာ မုဒိမ်းကောင်လို့ စွပ်စွဲခံရတာပါ။ ကျနော် ပြောချင်တာက အမျိုးသမီးတွေက သူ့ကို အပိုင်ကြံကြတာပါ” လို့ ဆိုပါတယ်။

၂၀၁၇ ခုနှစ်မှာ #MeToo လှုပ်ရှားမှု စတင်ခဲ့ချိန်ကစလို့ အနုပညာလုပ်ငန်းထဲက တချို့ပုဂ္ဂိုလ်တွေဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ တရားစွဲဆိုခံခဲ့ရပါတယ်။ မင်းသား Jeremy ကို စွပ်စွဲခဲ့သူတွေဟာ အသက် ၂၅ နှစ်ကနေ ၄၆ နှစ်အတွင်းရှိသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ သူ့အပေါ် စွဲဆိုထားတဲ့ ၂၀၁၆ ခုနှစ်တုန်းက သီးခြားအမှုမှာတော့ သက်သေ မပြည့်စုံလို့ဆိုပြီး ပယ်ချခံခဲ့ရပါတယ်။

တကယ်လို့သာ စွဲဆိုထားတဲ့ အမှုတွေမှာ ပြစ်မှုထင်ရှားကြောင်း တွေ့ရှိတယ်ဆိုရင်တော့ အသက် ၆၇ နှစ်အရွယ် မင်းသားဟာ ထောင်ဒဏ် နှစ် ၉၀ အထိ ကျခံရနိုင်ချေရှိပါတယ်။ မင်းသားဟာ Deep Throat II ၊ John Wayne Bobbitt Uncut စတဲ့ အပြာရုပ်ရှင်တွေနဲ့ နာမည်ကျော်ခဲ့သူလည်း ဖြစ်ပါတယ်။

လောလောဆယ်တော့ သူ့ဟာ လက်ထိပ်ခတ် ဖမ်းဆီးခံထားရပြီး ဒေါ်လာ ၆ ဒဿမ ၆ သန်းနဲ့ သူ့ကို အာမခံပေးမယ့် ကိစ္စကိုလည်း ဇွန်လ ၂၆ ရက်အထိ ရွှေ့ဆိုင်းခံထားရပါတယ်။ သူ့လိုပဲ လိင်ပိုင်းဆိုင်ရာ မတော်မတရားမှုတွေနဲ့ တရားစွဲခံရသူ ဟောလိဝုဒ် နာမည်ကျော်ထုတ်လုပ်သူ Harvey Weinstein ဟာလည်း နယူးယောက်မှာ မုဒိမ်းမှု တခုနဲ့ လော့စ်အင်ဂျလိစ်မြို့မှာ အမျိုးသမီး ၃ ဦးကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်ခဲ့တာကြောင့် ထောင်ဒဏ် ၂၃ နှစ် ပြစ်ဒဏ်ချမှတ်ခံထားရပါတယ်။

Ref: thejakartapost

You may also like these stories:

“The Flash” ရုပ်ရှင်မှာ လင်းနို့လူသားအဖြစ် မင်းသား Michael Keaton သရုပ်ဆောင်ဖို့ရှိ

ဘရက်ပစ်နဲ့ လမ်းခွဲခဲ့တဲ့ အကြောင်းရင်းကို ထုတ်ပြောလာတဲ့ ဂျိုလီ

ငွေကြေးပြဿနာတွေကြောင့် ဇိမ်ခံအိမ်ကို ပေါင်လိုက်ရတဲ့ Stephen Chow

The post မုဒိမ်းမှုနဲ့ ထောင်ဒဏ် နှစ် ၉၀ ကျနိုင်ဖွယ်ရှိတဲ့ အပြာမင်းသား Ron Jeremy appeared first on ဧရာဝတီ.


ဒီနှစ်ထဲ တကိုယ်တော်အခွေသစ် ထွက်ဖို့ရှိတဲ့ အဆိုတော် X-box

$
0
0

လူငယ်ပရိသတ်များရဲ့ အားပေးမှု ရရှိထားရတဲ့ အဆိုတော် X-box က COVID-19 ဖြစ်ပွားနေချိန် အိမ်ထဲမှာပဲ တတိယမြောက်အခွေအတွက် ပြင်ဆင်နေတယ်လို့ ဧရာဝတီကို ပြောပါတယ်။

“ကျနော် မတ်လကနေ အခုချိန်ထိ အလုပ်တွေ လက်မခံသေးဘူး။ အသစ်ထွက်မယ့် အခွေအတွက် သီချင်းတွေ ဖန်တီးနေပါတယ်။ ကျနော့် အခွေအတွက် ပြင်ဆင်နေတယ်။ အခုချိန်မှာတော့ သီချင်းတွေ တပုဒ်ပြီး တပုဒ် ကြိုက်တာတွေရော မကြိုက်တာတွေရော ခဏခဏ ပြန်နားထောင်တယ်။ ပြီးတာတွေလည်း မကြိုက်ရင်ပြန်ပြောင်းနေတယ်။ အိမ်ထဲမှာပဲ အလုပ်ရှုပ် နေပါတယ်” လို့ အဆိုတော် X-box က ဧရာဝတီကို ပြောပါတယ်။

ဆက်လက်ပြီး “သီချင်းတွေကလည်း အရင်နှစ်တွေကနဲ့ မတူတဲ့ နှစ်တွေ ရောက်လာပြီ။ ၂၀၁၆ မှာ ပထမဆုံး တခွေထွက်တယ်။ ၂၀၁၈ မှာ နောက်တခွေ ထွက်တယ်။ အခု၂၀၂၀ မှာ တတိယမြောက်ခွေဆိုတော့ အခက်အခဲတွေ အများကြီး ရှိပါတယ်”လို့ အဆိုတော် X-box က ပြောပါတယ်။

မကြာခင်ထွက်ရှိမယ့် အခွေထဲမှာတော့ လူငယ်အကြိုက်တွေပဲ ပါမယ်လို့ဆိုပြီး အသက်အရွယ်ပြောင်းလဲလာတဲ့ ပေါ်မူတည်ပြီး သီချင်းတွေ ဖန်တီးထားတယ်လို့ ဆိုပါတယ်။

“အတွေ့အကြုံတွေ ပေါင်းထားတဲ့ အခွေလို့လည်း ပြောရမယ်။ လူငယ်ကြိုက်ပုံစံတွေ ပါမယ်။ လူကြီးကြိုက်ရယ်လို့ မလုပ်တတ်သေးဘူး။ ကျနော်က လူကြီး မဖြစ်သေးဘူး။ ကျနော့် အသက်အရွယ်နဲ့ပြောင်းလဲလာတာနဲ့အမျှ သီချင်းတွေကလည်း ပြောင်းလဲလာမှာပါ။ ရလာတဲ့ အတွေးအခေါ်သစ်တွေ ပေါင်းထားတဲ့ အခွေလို့လည်း ပြောရမယ်။ ကျနော့် အခွေအတွက် ရင်ခုန်နေပါတယ်။ ဘယ်တော့ ထွက်မလဲဆိုရင် သေချာတာတော့ ဒီနှစ်ထဲထွက်မှာပါ”လို့ X-box က ပြောပါတယ်။

အခွေမထွက်ခင်မှာ COVID -19 ဖြစ်လာတဲ့အတွက် အခွေထွက်ဖို့ ပြင်ဆင်ထားတာ၊ မှန်းတာတွေ အကုန်ပျက်စီးကုန်တယ်လို့ X-box က ဆိုပါတယ်။

“ကျနော့် သီချင်းခွေက ၂ ခွေလို ဖြစ်သွားတာပေါ့။ တခွေက တတိယမြောက် တကိုယ်တော်၊ နောက်တခုက အခွေတွေ မဟုတ်တော့ဘဲ JOOX Application ကနေ နားထောင်နိုင်မယ့် ကျနော် ကြိုက်တဲ့ အဆိုတော်တွေနဲ့ ပရိသတ်အတွက် ဖန်တီးမှု နောက်ထပ် အသစ်တမျိုးပေးတဲ့ ပုံစံမျိုးပေါ့။ ကျနော်တို့ ဖန်တီးပြီးတော့မှ တကမ္ဘာလုံးမှာ ကိုဗစ်ဖြစ်တော့ စိတ်လည်း မကောင်းဘူး။ စိတ်မကောင်းတာထက် မှန်းတာတွေ ပျက်စီးကုန်တာပေါ့”

“ဒါပေမဲ့ ကျနော်တို့ အပြင်မထွက်ဘဲ အိမ်မှာပဲ သီချင်းတွေ လုပ်တော့ သီချင်းကောင်းတွေ ပိုထွက်လာတာပေါ့။ ကျနော် အခွေထွက်ဖို့ စိုးရိမ်ပူပန်မှုတော့ မရှိပါဘူး။ အခက်အခဲဆိုတာ ဖြေရှင်းလို့ရမယ့် နည်းလမ်းတော့ရှိမှာပဲ။ တခုခုတော့ ရှိလာမယ်။ ကြောက်နေရင် လက်ရှိလုပ်ရမယ့် သီချင်းတွေ သိုးကုန်မှာပေါ့။ အတတ်နိုင်ဆုံးတော့ ၂၀၂၀ မှာ တော့ ထွက်ဖြစ်အောင် ကြိုးစားမှာပါ”လို့ X-box က ပြောပါတယ်။

မေလ ၂၀ ရက်နေ့က အသက် ၂၈ နှစ်ပြည့်ခဲ့တဲ့ X-Box က အသက်တနှစ်ကြီးလာတာနဲ့အမျှ မိသားစုကို ပိုချစ်လာတယ်လို့ ဆိုပါတယ်။

“ဆိုရှယ်မီဒီယာသာ မရှိရင် ကျနော်တို့ ချစ်တဲ့ ပရိသတ်တွေနဲ့ ဆုံတွေ့ရမှာ မဟုတ်ဘူး။ ဒီနှစ် မွေးနေ့က အခုလို ရောဂါတွေဖြစ်တော့ အမှတ်တရလည်း ဖြစ်ခဲ့တယ်။ နောက်နှစ်အတွက် အားပိုယူလို့ ရသွားတာပေါ့။ ပရိသတ်တွေ တနှစ်လောက် ပိုက်ဆံ မကုန်တော့ဘူးပေါ့။ ဒီနှစ်တော့ မွေးနေ့မှာတော့ ပွဲလုပ်မယ်။ အလှူအတန်းတွေ လုပ်မယ်”

“အသက်တနှစ် ကြီးလာတာနဲ့အမျှ မိသားစုကို ပိုချစ်လာတယ်။ ကျနော့်မိသားစုနဲ့ ကျနော် ကလေးလိုပဲနေချင်တယ်။ ကျနော် လူကြီးတော့ ဖြစ်သွားမယ်။ ကျနော့် မိသားစုမှာတော့ ကလေးလိုပဲ နေချင်တယ်။ ကိုယ့်ချစ်တဲ့သူတွေကို ဘဝထဲက မထွက်သွားစေချင်ဘူးပေါ့။ ကျနော့် မိသားစုကိုပဲ အချိန်တွေ ပေးပြီးချစ်ချင်တယ်”လို့ X-box က ပြောပါတယ်။

You may also like these stories:

“အိမ်ထောင် မကျသေးတဲ့ လူပျိုပါ”လို့ ပြောတဲ့ အဆိုတော် X-Box

The post ဒီနှစ်ထဲ တကိုယ်တော်အခွေသစ် ထွက်ဖို့ရှိတဲ့ အဆိုတော် X-box appeared first on ဧရာဝတီ.

အနုပညာသက် ၆၀ ကျော်ပေမယ့် အကယ်ဒမီ မရသေးတဲ့ ဒေါ်စန်းစန်းဝင်း

$
0
0

အသက် ၁၄ နှစ် အရွယ်ကတည်းက အနုပညာလောကထဲကို ရောက်ခဲ့ပြီး အနုပညာသက်တမ်း ၆၀ ကျော်သွားပြီ ဖြစ်ပေမယ့် အကယ်ဒမီ မရရှိခဲ့တဲ့အကြောင်းကို ဝါရင့်သရုပ်ဆောင် ဒေါ်စန်းစန်းဝင်းက အခုလို ပြောပြခဲ့ပါတယ်။

“ကံလည်းပါတယ်၊ ပေါင်းသင်းဆက်ဆံရေးလည်း ပါတယ်။ အကပ်လည်း လိုတယ်။ နောက်ပြီးတော့ အကြောင်းအမျိုးမျိုးတွေတော့ ရှိတာပေါ့လေ။ အမေက မဟုတ်ရင် မခံဘူး။ ဒဲ့ပြောတယ်။ မှန်တယ်ထင်ရင် လူရှေ့မရှောင် ၊ သူရှေ့မရှောင် ပြောတတ်တယ်။ အဲ့တော့ အမေက စင်ပေါ်တက်ပြီးတော့ ခံစားချက်တွေ ပေါက်တတ်ကရတွေပြောမှာပဲ။ ဒီမိန်းမကြီးဆိုပြီး ကြောက်ပြီးမပေးတာတွေလည်း ရှိတယ်လေ” လို့ ဒေါ်စန်းစန်းဝင်းက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် အကယ်ဒမီပေးပွဲမှာတော့ “သမ္မတကြီးထံပေးစာ” ရုပ်ရှင်ဇာတ်ကားမှာ ဆန်ခါတင်စာရင်းဝင်ခဲ့ပေမယ့် အကယ်ဒမီနဲ့ လွဲချော်ခဲ့ပါတယ်။

“သမ္မတကြီးထံပေးစာမှာ ဆန်ခါတင်ထဲမှာ ပါပါတယ်။ အဲ့တုန်းက အမေကိုယ်တိုင်လည်း အကယ်ဒမီဘုတ်အဖွဲ့ထဲမှာ ပါတယ်။ အဲ့တော့ အမေ့အခန်းတွေ အမေ အမှတ်ပေးလို့ မရဘူး။ ဒါပေမဲ့ အမေ မပါပါရစေနဲ့လို့ပြောတော့ ဦးဇင်ဝိုင်းက ပါပါ။ မဆိုင်ပါဘူး ရပါတယ်၊ ကျန်တဲ့သူတွေ ရွေးမှာပေါ့ဆိုပြီး ပြောတယ်။ ဒါပေမဲ့ အမေရွေးထားတဲ့သူတော့ မပါဘူး” လို့ ဒေါ်စန်းစန်းဝင်းက ပြောပါတယ်။

ကိုယ်တိုင်လည်း အကယ်ဒမီဘုတ်အဖွဲ့မှာ ပါဝင်ခဲ့ပေမယ့် ဒီနှစ်မှာတော့ စိတ်သဘောထားခြင်း မတိုက်ဆိုင်တာကြောင့် မပါဝင်ဖြစ်ခဲ့ဘူးလို့ သိရပါတယ်။

“မနှစ်က ပါတယ်။ ဒီနှစ်တော့ မပါတော့ဘူး။ ခေါ်လည်း မလိုက်တော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်စိတ်ကကိုယ့်စိတ် သူတို့စိတ်က သူတို့စိတ်လေ စိတ်ချင်း ပေါင်းစပ်လို့ရတဲ့သူက လူ ၈၀ မှာ ၁၀ ယောက်လို့ ပေါင်းလို့ရပြီး ကျန်တဲ့သူနဲ့က ပေါင်းလို့ရချင်မှရတာ ကိုယ်ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေလေ”

“တကယ့်ကို အနုပညာနဲ့ ပတ်သက်ပြီးတော့ ၁ ခန်း၊ ၂ ခန်း ရသရွေ့လေးကို ပီပြင်အောင် သရုပ်ဆောင်နိုင်သွားခဲ့တဲ့ မျက်လုံး၊ အသက်ရှူ၊ တံထွေးမြို၊ ရင်ထဲကခံစားချက် အဲဒီလိုနဲ့ အကြမ်းဖြစ်ဖြစ် အရမ်းဖြစ်ဖြစ်၊ အနုဖြစ်ဖြစ်၊ အခန်းနည်းလည်း ဇာတ်ပို့ဖြစ်ဖြစ်၊ လူရွှင်တော်ပဲဖြစ်ဖြစ် ပေးစေချင်တယ်။ ဒါမှလည်း လောင်းရိပ်မမိတော့ဘဲ ပွင့်လန်းလာမှာပါ” လို့ ဒေါ်စန်းစန်းဝင်းက ပြောပါတယ်။

အသက် ၇၃ နှစ်ရှိပြီဖြစ်တဲ့ ဒေါ်စန်းစန်းဝင်းကတော့ ဆီးချိုရောဂါရှိပေမယ့် အစားအသောက်အနေအထိုင်ကို ဆင်ခြင်ပြီး ရုပ်ရှင်ရိုက်ရမယ်ဆိုရင် ကျန်းမာရေးကောင်းပြီး နုပျိုသွားတယ်လို့ ဆိုပါတယ်။

“အမေက အခုကျန်းမာရေး ဘယ်လောက် မကောင်းနေနေ ရုပ်ရှင်ရိုက်မယ်ဆိုရင် ဘယ်ကနေ အသက်ကဝင်တာလဲ မသိဘူး။ ၁၆ နှစ်၊ ၁၄ နှစ်လို အသက်က ရှင်သန်သွားတာ။ အဲဒါ အမေ့ရဲ့ Talent ပဲလေ။ ပြီးတော့မှ ဟစိဟစိနဲ့ ပြန်ပြီးနေမကောင်းဖြစ်ရင်ဖြစ်မယ် အဲ့လိုမျိုး”

“ ခေါ်ရင်တော့ ရိုက်မှာပေါ့။ မခေါ်ရင်တော့ မရိုက်ရဘူး။ ဘယ်အခန်းကပဲပါပါ မပီပြင်ဘူးဆိုတာ မရှိရဘူး။ ကျရာနေရာက အပီပြင်ဆုံးသရုပ်ဆောင် ရိုက်ကူးမှာပါ” လို့ ဒေါ်စန်းစန်းဝင်းက ပြောပါတယ်။

ဒေါ်စန်းစန်းဝင်းကတော့ အသက် ၁၄ နှစ်မှစတင်ပြီး ယခု အသက် ၇၃ နှစ်အထိ ရုပ်ရှင်များအပြင် MRTV-4 ဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်သရုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

You may also like these stories:

အရင်ခေတ်က ရုပ်ရှင် အမှတ်တရတွေအကြောင်း ပြောပြတဲ့ ထွန်းထွန်းဝင်း

မြေးဖြစ်သူကို ပညာရေး အဓိက လုပ်စေချင်တဲ့ ဒေါ်နွဲ့နွဲ့စမ်း

The post အနုပညာသက် ၆၀ ကျော်ပေမယ့် အကယ်ဒမီ မရသေးတဲ့ ဒေါ်စန်းစန်းဝင်း appeared first on ဧရာဝတီ.

“အသက်ကြီးလာလို့ တခြားအလုပ်လုပ်ဖို့ မစဉ်းစားတော့ဘူး”လို့ မလုံးတင် ပြော

$
0
0

ဇာတ်ပို့သရုပ်ဆောင် မလုံးတင်က အသက်ကြီးလာပြီဖြစ်တဲ့အတွက် သရုပ်ဆောင်အပြင် တခြားအလုပ်လုပ်ဖို့ မစဉ်းစားတော့ဘူးလို့ ပြောပါတယ်။

“ကျမကတော့ ကိုဗစ်ဖြစ်လို့ အခက်အခဲ ဖြစ်တယ်ဆိုတာမျိုး သိပ်ပြောစရာ မရှိဘူး။ နဂိုကလည်း ဒီတိုင်းပဲ။ ကလေးတွေကလည်း ပုံမှန် လစာတွေ ရှိတယ်။ လစာနည်းတာကတော့ သူ့ကံနဲ့ သူပေါ့။ လုံးဝဝင်ငွေ မရှိဘူးဆိုတာမျိုးတော့ မရှိဘူး။ လကုန်ရင် ပုံမှန်လေး လစာ ရတယ်။ လစာထဲကနေ တလစာ အဆင်ပြေအောင် စားတယ် သုံးတယ်။ အပိုအလျှံတော့ မရှိဘူးပေါ့။ ကျမတို့ ပုံမှန်ဝင်ငွေ ရှိတယ်”

“၁ သိန်းရရင် ၁ သိန်းနဲ့ တန်အောင် စားတယ်။ တချို့က ဘယ်လိုမှ ရှာလို့ မရတဲ့အခါ တော်တော်အခက်အခဲတွေ ဖြစ်ကြပါတယ်။ ကျမ ဘာစီးပွားရေးမှ မလုပ်ဘူး။ အိမ်ကလူတွေကလည်း အလုပ်နဲ့ဆိုတော့ ကျမကို မကူညီနိုင်ဘူး။ အလုပ်သမား ခေါ်ရင်လည်း အနည်းဆုံး ၁ သိန်း ရှိတယ်။ အဲ့တော့ ကျမလည်း အသက်ကြီးလာတော့ လုပ်ဖို့ မစဉ်းစားတော့ဘူး”လို့ မလုံးတင်က ပြောပါတယ်။

အခုလို COVID-19 ကပ်ရောဂါ ဖြစ်ပွားနေချိန်မှာ ခက်ခဲတဲ့ ဇာတ်ပို့၊ ဇာတ်ရံများကို ရုပ်ရှင်အစည်းအရုံးနဲ့ တတ်နိုင်သူများက လှူပေးနေတဲ့အတွက်လည်း ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။

“ကျမတို့ကို ရုပ်ရှင်အစည်းအရုံးက အခုလို ဆန်တွေ၊ ဆီတွေ လှူတော့ တော်တော် အဆင်ပြေတာပါ။ အတိုင်းထက် အလွန်ဝမ်းသာမိပါတယ်။ ကိုယ့်အနုပညာသမားတွေကို ပံ့ပိုးကူညီပေးနေတဲ့သူတွေကို ကျေးဇူးလည်းတင်တယ်။ ဆုလည်း တောင်းပေးပါတယ်။ သူတို့တွေ စီးပွားရေးအဆင်ပြေမှ မကြာမကြာ ကူညီပေးနိုင်မှာလေ။ ကိုယ်တွေမှာက လုပ်ရတဲ့ အလုပ်အကိုင်တွေက အဆင်မပြေတဲ့အခါကျတော့ ဇာတ်ပို့၊ ဇာတ်ရံတွေကို ဒီလိုလှူပေးကြလို့ အရမ်းဝမ်းသာရပါတယ် ”လို့ မလုံးတင်က ပြောပါတယ်။

ကိုဗစ်ကာလမှာ အနုပညာရှင်အချို့ ဈေးရောင်းကြတဲ့အပေါ်ကိုလည်း မလုံးတင်က သူ့အမြင်ကို အခုလိုပဲ ပြောပါတယ်။

“အနုပညာရှင်တွေက အပြင်အလုပ်တွေလည်း မလုပ်တတ်ကြတဲ့အခါ ကိုယ်တတ်စွမ်းသလောက်လေးနဲ့ စီးပွားရှာနေကြတာပေါ့။ အနုပညာသမားတွေက မိသားစု စီးပွားရေးဆိုတာ မရှိတော့ ဝင်ငွေဆိုတာလုံးဝမရှိဘူး။ အဲ့လို မရှိတော့ ခက်ခဲတာပေါ့။ ဒီချိန်ကာလမှာ ကားရိုက်ဆိုတာ စဉ်းစားလို့ မရဘူးလေ။ သူတို့လည်း သူတို့ တတ်ကျွမ်းတာလေးနဲ့ မိသားစု စားဝတ်နေရေး ပြေလည်အောင် အလုပ်လေး ရှိတယ်ဆိုတာကို လုပ်ကြတာပါ ”လို့ မလုံးတင်က ဆိုပါတယ်။

သရုပ်ဆောင် မလုံးတင်ကတော့ ယခင်ကတည်းက ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ကားပေါင်းများစွာမှာ ဇာတ်ပို့၊ ဇာတ်ရံ တဦး အနေနဲ့ ပါဝင် သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။

You may also like these stories:

“ဗီဒီယိုဈေးကွက် ပျက်လို့ ဇာတ်ပို့၊ ဇာတ်ရံတွေ ဒုက္ခရောက်နေကြတယ်”

ဇာတ်ပို့၊ ဇာတ်ရံတွေ ရတဲ့ငွေက နည်းပါးတာကြောင့် ငွေစုဖို့ မလွယ်ကြောင်း ခင်လှိုင် ပြော

The post “အသက်ကြီးလာလို့ တခြားအလုပ်လုပ်ဖို့ မစဉ်းစားတော့ဘူး”လို့ မလုံးတင် ပြော appeared first on ဧရာဝတီ.

ကမ္ဘာ့အခက်ခဲဆုံး ခရီးကြမ်း ပြိုင်ပွဲကို Amazon Prime မှ ပြသမည်

$
0
0

ကမ္ဘာကျော် စွန့်စားသွားလာသူ Bear Grylls က တောအထပ်ထပ်၊ တောင်အသွယ်သွယ် ဖြတ်သန်းပြီး ပင်ပန်းနွမ်းနယ်မှုနဲ့ နာကျင်မှုတွေကို ရင်ဆိုင်ရမယ့် ကမ္ဘာ့အခက်ခဲဆုံး ခရီးကြမ်းပြိုင်ပွဲ “World’s Toughest Race: Eco-Challenge Fiji” မှာ ပါဝင်ယှဉ်ပြိုင်ကြသူတွေရဲ့ ဆုံးဖြတ်ချက်ကြောင့် မျက်ရည်လည်မိတယ်လို့ ပြောဆိုခဲ့ပါတယ်။

Grylls ကိုယ်တိုင် စီစဉ်တင်ဆက်မှာဖြစ်ပြီး အပိုင်း ၁၀ ပိုင်း ပါဝင်မယ့် အဲ့ဒီ အစီအစဉ်မှာ ကမ္ဘာ့နိုင်ငံပေါင်း ၃၀ ကျော်မှ အဖွဲ့ ၆၆ ဖွဲ့က ပါဝင်ယှဉ်ပြိုင်ထားပြီး Amazon Prime Video ကနေ သြဂုတ်လ ၁၄ ရက်နေ့မှာ စတင်ထုတ်လွှင့်ပြသမှာ ဖြစ်တယ်လို့ ဇွန်လ၂၄ ရက်နေ့က ကြေညာခဲ့ပါတယ်။

ရိုက်ကူးရေးကိုတော့ COVID-19 ကပ်ရောဂါ မဖြစ်ခင် ပြီးခဲ့တဲ့ ဆောင်းဦးကာလတုန်းက ရိုက်ကူးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ယှဉ်ပြိုင်သူပေါင်း ၃၃၀ ပါဝင်တဲ့ အဲ့ဒီ မရပ်မနားပြိုင်ပွဲကို ၁၁ ရက် ကြာ ပြုလုပ်ခဲ့ပြီး ခရီးအရှည် ကီလိုမီတာ ၆၆၀ ကျော်မှာ ပြေးလွှားယှဉ်ပြိုင်ခဲ့ကြရတာ ဖြစ်ပါတယ်။ ပြင်ဆင်မှုတွေအတွက် အချိန်နဲ့ ခွန်အားတွေ အများကြီး သုံးခဲ့ကြပေမယ့် ပြိုင်ပွဲဝင်သူတွေဟာ ခရီးဆုံးအထိ ယှဉ်ပြိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

Grylls က “တချိန်တည်းမှာပဲ သူတို့နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ ဒါဟာ အနိုင်ရရှိမှုဆိုတဲ့ အကြောင်း တခုတည်း မဟုတ်ပါဘူး။ ကျနော် အမြဲတမ်း မြင်တွေ့နေခဲ့ရတဲ့ စံချိန်ယူ နာရီနဲ့အတူ လေ့လာရေး ခရီးထွက်ပြီး၊ ပြီးမြောက်အောင် ဆောင်ရွက်ရတာဟာ ကြီးမားတဲ့ အောင်မြင်မှုပဲ ဖြစ်ပါတယ်။ ကျနော်ဟာ အဲ့ဒီလူတွေ ကြိုးပမ်းလုပ်ဆောင်ခဲ့ကြတာကို အကြိမ်များစွာ မြင်တွေ့မိပြီး မျက်ရည်ကျခဲ့ရပါတယ်” လို့ ဆိုပါတယ်။

Grylls ဟာ Man Vs Wild လိုမျိုး Survival စီးရီးမှာ သရုပ်ဆောင်ပါဝင်ခဲ့တဲ့ စွန့်စားသွားလာသူတဦးလည်း ဖြစ်ပါတယ်။

အခုအဖွဲ့ထဲမှာ ပထမဆုံး အာဖရိကနွယ်ဖွား အမေရိကန်အဖွဲ့တခုအပါအဝင် လူမျိုးစုံပါဝင်တဲ့ ပထမဆုံး အစီအစဉ် တခုလည်း ဖြစ်တယ်လို့ Grylls က မှတ်ချက်ပြုပါတယ်။ အရင်တုန်းက အယ်လ်ဇိုင်းမား ရောဂါ ခံစားခဲ့ရသူ Eco-Challenge ယှဉ်ပြိုင်သူဟောင်း Mark Macy နဲ့ သူ့ရဲ့သား Travis တို့ ပါဝင်တဲ့ အခြား အမေရိကန်အဖွဲ့တခုလည်း ယှဉ်ပြိုင်သူတွေထဲမှာ ပါဝင်တာကို တွေ့ရပါတယ်။

Grylls က “ဖခင်ရဲ့ ဆန္ဒအတိုင်း သားဖြစ်သူနဲ့အတူ ယှဉ်ပြိုင်ရတာဟာ သူတို့အတွက်တော့ စိတ်လှုပ်ရှားဖွယ် ခရီးလမ်း တခုဖြစ်ခဲ့ပါတယ်” လို့ ဆိုပါတယ်။

Ref: CNA

You may also like these stories:

ကိုဗစ်ကြောင့် ဘောလိဝုဒ်ကားတွေမှာ အကနဲ့ အနမ်း ဇာတ်ဝင်ခန်းတွေ ခွင့်မပြုတော့

အရင်ကားမှာ မပါတဲ့ အက်ရှင်ခန်းတွေ ပြန်ပါမယ့် “John Wick: Chapter 4”

The post ကမ္ဘာ့အခက်ခဲဆုံး ခရီးကြမ်း ပြိုင်ပွဲကို Amazon Prime မှ ပြသမည် appeared first on ဧရာဝတီ.

နာမည်ကျော် ကိုရီးယားမင်းသား ၃ ဦးရဲ့ ဒရာမာအသစ်များ အောင်မြင်မှု မရ

$
0
0

တောင်ကိုရီးယားနိုင်ငံမှ နာမည်ကျော်မင်းသား ၃ ယောက်ဟာ စစ်မှုထမ်းတာဝန်တွေကို ထမ်းဆောင်ခဲ့ပြီးနောက် ပြန်လည် ရိုက်ကူးခဲ့ကြတဲ့ ဒရာမာ ဇာတ်လမ်းတွဲတွေကို ပြည်တွင်းမှာရော၊ နိုင်ငံရပ်ခြားဒေသတွေမှာရှိတဲ့ ပရိသတ်တွေက အထူးမျှော်လင့် စောင့်စားခဲ့ကြပါတယ်။

ဒါပေမဲ့ အဲ့ဒီဒရာမာ အသစ်တွေဟာ ခန့်မှန်းထားသလောက် အခြေအနေ မကောင်းခဲ့တဲ့အပြင် နိုင်ငံရပ်ခြားအထိ အောင်မြင်ခဲ့တဲ့ အဲ့ဒီစတားတွေဟာ သူတို့ရဲ့ ဒရာမာ အောင်မြင်မှုကို မြှင့်တင်ပေးနိုင်ခဲ့ခြင်း မရှိပါဘူး။

၂၀၀၉ ခုနှစ်မှာ “Boys Over Flowers” ဒရာမာနဲ့ စတင် နာမည်ကျော်ကြားလာခဲ့တဲ့ မင်းသား လီမင်ဟိုဟာ SBS ရဲ့ “The King: Eternal Monarch” ဒရာမာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့နှစ် ဧပြီလတုန်းက ၂ နှစ်ကြာ စစ်မှုထမ်းပြီးခဲ့တဲ့နောက် ပထမဆုံး ပြန်လည် ရိုက်ကူးတဲ့ ဒရာမာဇာတ်လမ်းတွဲလည်း ဖြစ်ပါတယ်။

သူဟာ အချိန်ကာလ တံခါးကို ဖြတ်သန်းပြီး သူ့ဘဝနဲ့ သက်ဆိုင်တဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ရမယ့် ကိုရီးယားဧကရာဇ် လီဂွန်းရဲ့နေရာကနေ သရုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ မင်းသမီး ကင်ဂိုအွန်းနဲ့ နာမည်ကျော် စာရေးဆရာမ ကင်အွန်းဆော့တို့ ပါဝင်ကြတဲ့ အဲ့ဒီစီးရီးဟာ ထင်သလောက် အောင်မြင်မှု မရခဲ့ပါဘူး။ လူကြည့်နှုန်းဟာ ၇ ရာခိုင်နှုန်းပဲရှိပြီး ခန့်မှန်းထားတာထက် လျော့နည်းခဲ့ပါတယ်။

ဇွန်လ ၁၂ ရက်နေ့မှာ ထုတ်လွှင့်ခဲ့တဲ့ နောက်ဆုံး ဇာတ်သိမ်းပိုင်းရောက်မှသာ ၈ ဒဿမ ၁ ရာခိုင်နှုန်းကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကလည်း နာမည်ကျော် မင်းသား Kim Soo-hyun ဟာ ၃ နှစ်အတွင်း ပထမဆုံး ဒရာမာအဖြစ် “It’s Okay to Not Be Okay” နဲ့ အနုပညာလောကထဲ ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။ လူမှုစောင့်ရှောက်ရေး လုပ်သားနဲ့ ဝတ္ထုရေးဆရာမ တယောက်တို့ကြားက အချစ်ဇာတ်လမ်းကို ပုံဖော်ထားတာ ဖြစ်ပါတယ်။

ကိုရီးယားအနုပညာလောကမှာ နာမည်အကြီးဆုံး သရုပ်ဆောင် တယောက်လို့ သတ်မှတ်ထားကြတဲ့ မင်းသားဟာ ၂၀၁၇ ခုနှစ်မှာ ရုံဝင်ငွေနည်းခဲ့ရတဲ့ “Real” ရုပ်ရှင်နောက်ပိုင်း စစ်မှုထမ်းဖို့ အနုပညာလောကကနေ ခေတ္တစွန့်ခွာခဲ့ရသူ ဖြစ်ပါတယ်။

သူပါဝင်ထားတဲ့ ဒရာမာအသစ်ရဲ့ ပထမဆုံး သီတင်းပတ်ကုန် ရလဒ်တွေကတော့ ထင်ထားတာထက်ကို ပိုမိုဆိုးရွားခဲ့ပြီး လူကြည့်နှုန်းဟာ ၆ ဒဿမ ၁ နဲ့ ၄ ဒဿမ ၇ ရာခိုင်နှုန်းအထိ ကျဆင်းနေခဲ့တာကို တွေ့ရပါတယ်။ မင်းသားအနေနဲ့ ဧည့်သည် သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့တဲ့ “Hotel del Luna” နဲ့ “Crash Landing On You” ဒရာမာတွေကတော့ လူကြည့်နှုန်း မြင့်မားခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် ဧပြီလမှာပဲ စစ်မှုထမ်းတာဝန်တွေကို ပြီးဆုံးခဲ့တဲ့ မင်းသား Ji Chang-wook ကလည်း သူ့ရဲ့ ဒရာမာအသစ်ရဲ့ လူကြည့်နှုန်း နည်းပါးမှုနဲ့ ရင်ဆိုင်နေရပါတယ်။ tvN ကနေ ထုတ်လွှင့်ခဲ့တဲ့ သူ့ရဲ့ စီးရီးအသစ် “Melting Me Softly” ဟာလည်း အပိုင်း ၁၆ ပိုင်းလုံးမှာ လူကြည့်နှုန်း ၁ ရာခိုင်နှုန်းကနေ ၂ ရာခိုင်နှုန်းလောက်အထိပဲ ရှိခဲ့တာကို တွေ့ရပါတယ်။

မင်းသားဟာ SBS ကနေ ဇွန်လ ၁၉ ရက်နေ့ကစလို့ ထုတ်လွှင့်ခဲ့တဲ့ “Backstreet Rookies” ဆိုတဲ့ အချစ်ဟာသ ဒရာမာနဲ့ တကျော့ ပြန်လာခဲ့ပါတယ်။ ကုန်စုံဆိုင် မန်နေဂျာနဲ့ အချိန်ပိုင်း အလုပ်သမားတဦးတို့ရဲ့ အချစ်ဇာတ်လမ်း ဖြစ်ပြီး အဲ့ဒီစီးရီးထဲမှာ လိင်ပိုင်းဆိုင်ရာ အသားပေးပြကွက်တွေနဲ့ စာသားတွေကြောင့် အငြင်းပွားဖွယ် ဖြစ်ခဲ့ရပါတယ်။ ပထမဆုံးအပိုင်းမှာတင် လူကြည့်နှုန်းဟာ ၆ ဒဿမ ၃ ရာခိုင်နှုန်းပဲ ရှိခဲ့တာ တွေ့ရပါတယ်။

Ref:Yonhap

You may also like these stories:

ကိုရီးယားဒရာမာ “Hotel del Luna” ကို အမေရိကန်ရုပ်သံစီးရီးအဖြစ် ပြန်ဖန်တီးမည်

ရုပ်သံအစီအစဉ်မှာ တန်ဖိုးကြီးအိမ်ကို ပြခဲ့တဲ့ မင်းသား ယူအာအင်း

ကမ္ဘာ့အခက်ခဲဆုံး ခရီးကြမ်း ပြိုင်ပွဲကို Amazon Prime မှ ပြသမည်

The post နာမည်ကျော် ကိုရီးယားမင်းသား ၃ ဦးရဲ့ ဒရာမာအသစ်များ အောင်မြင်မှု မရ appeared first on ဧရာဝတီ.

Viewing all 7343 articles
Browse latest View live